Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့် ပြန်လွတ်လာပြီဆိုတဲ့ သတင်းမှား

နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့သမတကြီးဦးဝင်းမြင့်တို့ကို ဖေဖော်ဝါရီလ ၉ ရက်နေ့က ပြန်လွတ်မြောက်လာပြီလို့ဆိုတဲ့ ဗွီဒီယို ပုံစံနဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့ အားကောင်း ခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “ဖေဖော်ဝါရီလ ၉ ရက် ၊ ညနေ ၉နာရီ သမ္မတဦးဝင်းမြင့်နဲ့ဒေါ်စုလွှတ်ရလာပြီ ၊ပျော်လွန်းလို့မျက်ရည်တေညင်ကျမိတယ်“လို့ စသည် ဖြင့် ရေးသားကာ “NGV”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link|  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၂၅ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ ဗွီဒီယိုဖိုင် အဖွင့်မှာပါတဲ့ “ဖေဖော်ဝါရီလ ၉ ရက်နေ့၊ ညနေ ၉ နာရီ၊ သမ္မတဦးဝင်းမြင့်နဲ့ဒေါ်စုလွှတ်ရလာပြီ”ဆိုတဲ့ အကြောင်းအရာ […]

Continue Reading

Fact Check: AAတပ်ချုပ်ကို NUG စစ်ဦးစီးချုပ် ခန့်အပ်ဆိုတဲ့သတင်းမှား

 AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို NUG ကစစ်ဦးစီးချုပ်အဖြစ်ခန့်အပ်လိုက်တယ်ဆိုတဲ့ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တစ်ခုဟာ ထင်ယောင်ထင်မှားဖြစ်ဖွယ် သတင်းတု ဖြန့်ချိ နေခြင်းဖြစ်ပါတယ်။  “AAတပ်ချုပ်ကို NUG စစ်ဦးစီးချုပ် ခန့်အပ်”(မူရင်းအရေးအသား)လို့ ရေးသားပြီး “Man Media” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက က ဖေဖော်ဝါရီ ၁၁ ရက်က အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင် ၁၀၀၀ ကျော်၊ ကြည့်ရှူ့မှုပေါင်း ၃ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ယူကျူ့ရဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲမှာ ရခိုင့်တပ်တော်(Arakan Amy)ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဓာတ်ပုံနဲ့အတူ“AAတပ်ချုပ်ကို NUG စစ်ဦးစီးချုပ် ခန့်အပ်”စသည်ဖြင့်ရေးသားထားပေမဲ့ ဗွီဒီယိုထဲက […]

Continue Reading

Fact Check: နေပြည်တော်ကို PDF ကသိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းမှား

စစ်ကောင်စီရဲ့ အဓိက အုပ်ချုပ်ရေးနေရာဖြစ်တဲ့ နေပြည်တော်ကို ပြည်သူ့ ကာကွယ်ရေးတွေကသိမ်းပိုက်လိုက်ပြီး ရေ၊မီးဖြတ်တောက်ပစ်လိုက်တယ်လို့ဆိုတဲ့ ဗွီဒီယို ပုံစံနဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့ အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “အကုန်သိသတင်းဌာန၏ဖေဖော်ဝါရီလ ၉ ရက်နေ့၊နံနက်ခင်းသတင်း”၊ “နေပြည်တော်ကိုသိမ်းပိုက်လိုက်ပြီ မအလနဲ့အာဏာရူးအုပ်စုကိုPDFတပ်များမှရေ၊မီး အကုန်ဖြတ်တောက် ပစ်လိုက်ပြီ“လို့ စသည် ဖြင့် ရေးသားကာ “Man Media”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link|  Archive link  အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ယူကျူ့ချန်နယ်ရဲ့  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၇ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ ဗွီဒီယိုဖိုင် အဖွင့်မှာထဲမှာပါဝင်တဲ့ “ နေပြည်တော်ကို သိမ်းပိုက်လိုက်ပြီ မအလနဲ့အာဏာရူးအုပ်စုကိုPDFတပ်များမှ ရေ၊မီးအကုန်ဖြတ်တောက် ပစ်လိုက်ပြီ”ဆိုတဲ့ […]

Continue Reading

Fact Check: ဗြိတိန်နဲ့ EU က NUGကို စစ်ရေးအကူညီပေးလိုက်ပြီဆိုတဲ့ သတင်း ခေါင်းစဉ်တု

ဗြိတိန်နဲ့ EU က NUG ကို စစ်ရေးအကူညီပေးလိုက်ပြီဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ ဖြန့်ချိ ထားတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ ဗွီဒီယိုပါအကြောင်းအရာဟာ မြန်မာစစ်တပ်ကို ICC နဲ့ ICJ မှာတရားစွဲဆိုမှုမှာပါဝင်ထောက်ခံရေးအတွက် EU နိုင်ငံတွေကို အရပ်ဘက် အဖွဲ့အစည်း ၆၀ ကျော်က တောင်းဆိုမှုသတင်းသာဖြစ်ပါတယ်။ “Ukနဲ့ EU NUGကို စစ်ရေးအကူညီပေးပြီ”လို့ ရေးသားထားသလို “ဒေါ်လာ ၅ သန်းတန် ဂျက်ဖိုက်တာ NUG စစ်ရေးအတွက်ပေးလိုက်ပြီ”လို့ဗွီဒီယိုထဲမှာရေးသားလျှက်“Man Media” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာ ဖေဖော်ဝါရီ ၉ ရက်က အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၁ သိန်း ၄ သောင်းကျော်ရှိပါတယ်။  မူရင်းလင်ခ့် – FB link |  Archive […]

Continue Reading

Fact Check: PDF တွေ မုံရွာမြို့ကို သိမ်းပိုက်လိုက်ပြီး တိုက်လေယာဉ် ၂ စီးပစ်ချခံရဆိုတဲ့ သတင်းမှား

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှာ PDF တွေ မုံရွာမြို့ကို သိမ်းပိုက်လိုက်ပြီး စစ်တပ်တိုက်လေယာဉ် ၂ စီး ကို တပြိုင်နက်ထဲ ပစ်ချနိုင်ခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားဖြန့်ဝေလျက်ရှိတာဟာ သတင်းတုဖြစ်ပါတယ်။ ဗွီဒီယိုပုံစံနဲ့ ဖြန့်ချိနေတဲ့ ဒီပို့စ်မှာ  “၅/၂/၂၀၂၃ ထူးပြီ မုံရွာမြို့သိမ်းတိုက်ပွဲ PDF တွေ အဝင်ကြမ်းကုန်ပြီ တပြိုင်နက်စစ်တိုက်ယာဉ် ၂ စီးပစ်ချခံရ”လို့ ဗွီဒီယိုထဲမှာ ရေးသားထားပါတယ်။ “KAKA Drama” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဒီဗွီဒီယိုကို အောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ယူကျူ့ရဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ၉ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုပါမှာပါတဲ့အကြောင်းအရာဟာ ဖေဖော်ဝါရီ […]

Continue Reading

Fact Check: NLD ကိုအာဏာပြန်အပ်မယ်လို့မစ္စတာဆာဆာကာဝါကို မင်းအောင်လှိုင် ကတိပေးဆိုတဲ့ သတင်းတု

NLD ကိုအာဏာပြန်ပေးမယ်လို့ မစ္စတာဆာဆာကာဝါကို  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကတိပေး လိုက်တယ်လို့ဆိုပြီး ယူကျူ့အကောင့်တစ်ခုက မျှဝေထားတာဟာ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်ပါတယ်။ “NLD ကိုအာဏာပြန်အပ်မယ်လို့မစ္စတာဆာဆာကာဝါကိုမင်းအောင်လှိုင်ဂတိပေး”လို့ ရေးသားပြီး “Daily News Myanmar” အမည်နဲ့ ‌ယူကျူ့အကောင့်ကမျှဝေထားတာကို‌ အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီဗွီဒီယိုကို ယူကျူ့မှာ ဝင်ရောက်ကြည့်ရှူ့မှုပေါင်း ၅၀၀၀ ဝန်းကျင်ရှိပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link   အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ ခေတ်သစ်သတင်းဌာနက ဇန်နဝါရီ ၁၆ ရက်မှာဖော်ပြခဲ့တဲ့ “မင်းအောင်လှိုင် ဘက်တော်သား နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ နဲ့ ထိုင်းဝန်ကြီးချုပ် တွေ့ဆုံမှု စစ်အာဏာရှင် တော်လှန်နေတဲ့ မြန်မာပြည်သူတွေဆီ အန္တရာယ်တွေ ဆောင်ယူလာနေသလား”ဆိုတဲ့ သတင်းဆောင်းပါးဖော်ပြချက်ကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်ပါတယ်။  မူရင်းလင်ခ့် – Khit Thit Media […]

Continue Reading

Fact Check: PDF ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုများ စုစည်းမှုဆိုတဲ့ဗွီဒီယိုသတင်းမှား

NUG၊PDF တို့ရဲ့ အကြမ်းဖက်လှုံ့ဆော်မှုတွေနဲ့ အကြမ်းဖက်သတ်ဖြတ်နှိပ်စက်မှုတွေကို စုစည်းထားတဲ့ဗွီဒီယိုဆိုပြီး ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေကြားပျံ့နှံ့တာ Fact Crescendo Myanmar အနေနဲ့ တွေ့ရပါတယ်။ “လိုင်းပေါ်တွင်ပျံ့နှံ့ခဲ့သော အကြမ်းဖက် NUG, PDF တို့၏ အကြမ်းဖက်လှုံ့ဆော်မှုများနှင့် အကြမ်းဖက် သတ်ဖြတ်နှိပ်စက်မှုများအား စုစည်းထားသည့် Video file ဖြစ်ပါတယ်…. နှလုံးခိုင်သောသူမှသာ ကြည့်ပါ ကြည့်ရဲသူများလည်း အစဆုံးကြည့်ပေးပါ… အကြမ်းဖက်သမားတွေရဲ့ အောက်တန်းကျ မိုက်ရိုင်းလွန်းတဲ့ လုပ်ရပ်တွေကို ပြည်သူလူထုတစ်ရပ်လုံးမှ ဝိုင်းဝန်းဆန့်ကျင်ကြရန် လိုနေပြီဖြစ်ပါတယ်.”လို့ ရေးသားပြီး “Today News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  ဒီဗွီဒီယိုပါအကြောင်းအရာတွေဟာ မှန်တဝက်မှားတဝက်ရောနှောထားခြင်းဖြစ်ပါတယ်။ အချက်အလက်စိစစ်ချက် (၃ […]

Continue Reading

Fact Check: ဒဂုံမြို့သစ် နှစ် ၆၀ မြေဂရမ်များ စာချုပ်ဖျက်သိမ်းဆိုတဲ့ နားလည်မှုလွဲ စေနိုင်တဲ့သတင်း

မြန်မာစစ်တပ်ဟာ အာဏာသိမ်း ၂ နှစ်တာကာလအတွင်း ဉပဒေနဲမညီတဲ့ ကျူးကျော်သူတွေဆိုတဲ့ အကြောင်းပြချက်နဲ့ အထူးသဖြင့် ရန်ကုန်၊မန္တလေးက အိမ်ပေါင်းများစွာ ဖျက်ဆီးပစ်ခဲ့တာတွေရှိနေချိန်မှာ ဒဂုံမြို့သစ်က နှစ် ၆၀ နဲ့ငှားထားတဲ့ မြေဂရမ်တွေကို စာချုပ်ဖျက်သိမ်းလိုက်တယ်တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ရာမှာ နားလည်မှုလွဲ စေနိုင်တာတွေ့ရပါတယ်။ Yangon Petrol ကုမ္ပဏီပိုင်မြေ အချို့ ပြန်လည်သိမ်းဆည်းတဲ့ သတင်းကို မျှဝေနေခြင်းဖြစ်ပါတယ်။  “တစ်နိုင်ငံလုံး ပွက်လောရိုက်သွားတဲ့ စစ်ကောင်စီထုတ်ပြန်ချက် ဒဂုံမြို့သစ် နှစ် ၆၀ ဂရမ်မြေများ စာချုပ်ဖျက် သိမ်းလိုက်ပီဆိုတဲ့ စစ်ကောင်စီရဲ့ ကြေညာချက်”(မူရင်းအရေးအသား)လို့ ရေးသားပြီး ဗွီဒီယိုတစ်ခုကို မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၂၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် NLD […]

Continue Reading

Fact Check: မြန်မာနိုင်ငံကို R2P ဝင်ဖို့အတည်ပြုဆိုတဲ့ သတင်းမှား

မြန်မာပြည်သူတွေကို ကုလသမဂ္ဂအနေနဲ့ စစ်‌ရေးအရအကာအကွယ်ပေးဖို့(R2P) အတည်ပြုလိုက်ပြီလို့ဆိုတဲ့ ဗွီဒီယို ပုံစံနဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့အကြား ယခုရက်ပိုင်းပျံ့နှံ့မှု့ အားကောင်းခဲ့ပါတယ်။ သတင်းမှားသာဖြစ်ပါတယ်။  ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်တစ်ခုမှာ “R2Pဝင်မယ့်ကိစ္စ US ဗိုလ်ချုပ်ကြီး ဒေါ်မီမီဝင်းဘတ် အတည်ပြုပြီ”လို့ စသည် ဖြင့် ရေးသားပြီး“90MO TV”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားပါတယ်။  အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုတွေကို  ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  “90MO TV”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကပဲ အခြား‌‌သောဗွီဒီယိုတစ်ခုမှာတော့ ကုလသမဂ္ဂမှာနိုင်ငံ‌ပေါင်း ၉၀ ကျော်က မြန်မာနိုင်ငံကို R2P ဝင်ဖို့အတွက် အတည်ပြုလိုက်ပြီလို့ရေးသားထားပါသေးတယ်။ အချက်အလက်စိစစ်ချက် မြန်မာပြည်သူတွေဟာ မြန်မာစစ်တပ်ရဲ့ လူသားတွေအ‌ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုလိုမျိုးကို အရေးယူနိုင်ဖို့အတွက် ကုလသမဂ္ဂက R2P မျိုးအစီအစဉ်တွေ၊ No […]

Continue Reading

Fact Check: NLD ပါတီနဲ့ ပတ်သက်တဲ့ တရုတ်ရဲ့ပြောကြားချက်ဆိုတဲ့ သတင်းတု

NLD ပါတီကို ထုတ်ပယ်ခြင်းမပြုဖို့ တောင်းဆိုမှုကို မလိုက်နာရင် အဆိုးဆုံးတွေ ရင်ဆိုင်ရမယ်လို့ တရုတ် သတိပေးလို့ ဆိုလိုထားတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတု ဖြစ်ပါတယ်။ ဗွီဒီယိုပုံစံနဲ့ ဖြန့်ဝေနေတဲ့ ဒီပို့စ်မှာ “တောင်းဆိုမှုကို မလိုက်နာရင် အဆိုးဆုံးတွေ ရင်ဆိုင်ရမည်ဟု ပြက်းထန် သတိပေးပြီ”လို့ ရေးသားပြီး “NLD ကို ထုတ်ပယ်မှု တရုတ်ကို ထိပါးစော်ကားခြင်းဟု သတ်မှတ်ပြီ”လို့လည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါ အကြောင်းအရာဟာ Burma News Network က ဇန်နဝါရီ ၂၆ ရက်ကဖော်ပြခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ […]

Continue Reading