Fact Check: ထင်ယောင်ထင်မှားဖြစ်စေတဲ့ သတင်းတုတွေ ဖြန့်ဝေနေတဲ့ Newpowermedia

Newpowermedia အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ ထင်ယောင်ထင်မှားဖြစ်စေတဲ့ ရေးသားဖြန့် ဝေမှုတွေပြုလုပ်ကာ ပျံ့နှံ့မှု အားကောင်းလာတာကို Fact Crescendo Myanmar က သတိပြုမိပါတယ်။ Newpowermedia အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ “အစိုးရသစ်အဖွဲ့နဲ့ ဌာန ဆိုင်ရာတွေ ထဲမှာ စစ်သား ဟောင်းတွေကို ဦးစားပေးဖယ်ရှားသွားမယ်လို့ ဒေါက်တာဇော်မြင့်မောင်ပြော”လို့ခေါင်းစဉ်တပ်လျှက် သတင်း တစ်ခုကို ဇန်နဝါရီ ၁၁ ရက်က ရေးသားမျှဝေခဲ့ရာမှာ နာရီအနည်းငယ်အတွင်း ပြန်လည်မျှဝေသူ ရာဂဏန်းဝန်းကျင်ရှိခဲ့ပါတယ်။ သို့သော်လည်း ဒီသတင်းမှာ ဒေါက်တာဇော်မြင့်မောင်က ဘယ်အချိန်၊ ဘယ်နေရာမှာ ပြောကြားသလဲဆိုတဲ့ ပြောကြားချက်မျိုးအပါအဝင် သတင်းတစ်ပုဒ်မှာ ရှိအပ်တဲ့ အင်္ဂါရပ်တွေမပါဝင်တာကိုလည်း Fact Crescendo Myanmar က သတိပြုမိပါတယ်။ အခြားသောသတင်းဌာနတွေမှာလည်း ဒီလို အလားတူသတင်း ဖော်ပြချက် မျိုးမတွေ့ရှိရပါဘူး။  လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်တစ်ခုကိုအောက်ပါ အတိုင်းတွေ့ရ […]

Continue Reading

Fact Check: “သူခိုး”အမည်နဲ့ ဝတ္ထုစာအုပ်အတွက် ဦးသိန်းထွန်းဦးက တရားစွဲ မယ်ဆိုတာမဟုတ်ပါ

ရွေးကောက်ပွဲကာလအတွင်းက ထင်ယောင်ထင်မှားဖြစ်စေတဲ့ အချက်အလက်တွေနဲ့ သတင်းတုသတင်းမှားတွေ ဖန်တီးမျှဝေခဲ့ကြရာမှာ အချို့သောအကြောင်းအရာတွေကို ရွေးကောက်ပွဲအပြီးမှာ အချိန်ကာလနဲ့ ကိုက်ညီအောင် ရေးသားပြီး ထပ်မံမျှဝေနေတာတွေ့ရပါတယ်။ ဒီအထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီ(USDP)က ဦးသိန်းထွန်းဦးက ဟာသဝတ္ထုစာရေးဆရာ အကြည်တော် ကို သူရေးတဲ့ဝတ္ထုအတွက် တရားစွဲမယ်ဆိုတဲ့ ပို့စ်တစ်ခုလည်းပါဝင်ပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ NLD ပါတီကို အပြတ်အသတ်ရှုံးနိမ့်ရခြင်းမှာ အဓိက အကြောင်းအရင်းဟာ အကြည်တော်ရဲ့ “သူခိုး”အမည်နဲ့ စာအုပ်ကြောင့်ဖြစ်တယ်လို့ သုံးသပ်ရရှိလို့ ဦးသိန်းထွန်းဦးက တရားစွဲ ဆိုသွားမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။ သို့သော်လည်း ဒီလိုရေးသားမျှဝေနေတာဟာ သတင်းတုသတင်းမှားတစ်ခုဖြစ်တာကို Fact Crescendo Myanmar တွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ အရေးအသားတွေပါဝင်တဲ့ ပို့စ်ကို အောက်ပါ အတိုင်း တွေ့ရပါတယ်။ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။ “#အကြည်တော်ဘက်လှည့်သွားပြန်ပြီ မိမိတို့ပြည်ခိုင်ဖြိုးပါတီ NLD […]

Continue Reading

Fact Check: ဝက်လက်ရွေးကော်က ၂၀၂၀မဲလက်မှတ်တွေကို ၂၀၁၅မဲလက်မှတ်တွေနဲရောပြီး ဖျတ်ဆီးလိုက်တယ်ဆိုတဲ့ သတင်းအမှား

ယခုရက်ပိုင်းအတွင်းမှာ မဲစာရင်းနဲ့ မဲစာရွက်အထောက်အထားတွေ မီးရှို့ဖျက်ဆီးတဲ့ ပို့စ်တွေ လူမှုကွန်ယက်မှာ မျှဝေမှုအားကောင်းနေတာတွေ့ရပါတယ်။ ယင်းတို့အထဲမှာ  စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ၂၀၁၅ရွေးကောက်ပွဲက မဲလက်မှတ်တွေနဲ့ စာရွက်စာတမ်းတွေကို ထိန်းသိမ်းဖို့နေရာအခတ်ခဲရှိတာကြောင့် ဇန်နဝါရီလ ၆ ရက်နေ့က မီးရှို့ဖျတ်ဆီးရာမှာ ၂၀၂၀ရွေးကောက်ပွဲက မဲလက်မှတ်တွေနဲ့ စာရွက်စာတမ်းတွေကို ရောပြီး ဖျက်ဆီးလိုက်တယ် ဆိုတဲ့ ပို့စ်ဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ ဒီပို့စ်မှာ”***ရွှေမြင်သာအမှိုက်ကျင်း ကတောက်ခေါက်သံ***စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် **ဝက်လက်မြို့** 6-1-2021 နေလည် ဆယ့်တစ်နာရီ ကျော်မှာ ရွေးကောက်ပွဲ ကော်မရှင်မှ ၂၀၁၅ရွေးကောက်ပွဲ မဲလက်မှတ်များ မီးရှော့ဖျတ်စီးရာတွင် မဲလက်မှတ်များထည့်ထားသော ပီနံအိပ် ၃၂၇ အိပ်ထဲမှ ၂၀၂၀ ရေးထိုးထားသော ချိတ်ပိတ်ထားသည့် ပီနံအိပ် ၂၈ အိပ်ပါဝင်နေပါသည်။ အသည်းကြားကမဲတစ်ပြားပေါင်းများ စွာထည့်ထားတဲ့ ဒီအိတ်ကြီးတွေက သူဟာသူ […]

Continue Reading

Fact Check: ကရင်တွေ စစ်တပ်ကို ထောက်ခံနေပုံလား-မဟုတ်ပါ

ကရင်အလံ၊ကရင်ဘာသာနဲ့ရေးသားထားတဲ့ စာတမ်းဓာတ်ပုံတစ်ချို့နှင့် ကရင်တွေက စစ်တပ်ထောက်ခံ ပွဲလုပ်နေတယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံတွေဟာ ကရင်ပြည်နယ် ဖာပွန်ခရိုင် လူသောမြို့နယ်မှာ  တပ်စခန်းများ ပြန်လည် ရုပ်သိမ်းပေးရေးအတွက် ဒေသခံတွေ ဆန္ဒပြနေပုံဖြစ်တာ Fact Crescendo Myanmar က သတိပြုမိပါတယ်။ လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုချက်နဲ့ အရေးအသားတွေပါဝင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။  “NLDတွေ အထုပ်ပြင်ထားတော့ကွာ  ရွှေကရင် တွေကလဲ စစ်တပ်ကို ထောက်ခံကုန်ပြီး ဟေ့ ကုလားတပ်စိတ်နီပိန်းတွေ ပြေးလမ်းရှာထားကွ”လို့ရေးသားပြီး “ဖိုးသွန်းငယ်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် တပ်စခန်းများ ပြန်လည်ရုပ်သိမ်းပေးဖို့နဲ့ စစ်တပ်က လမ်းဖောက်လုပ်တာရပ်ဆိုင်းဖို့အတွက် ဖာပွန်ခရိုင် လူသောမြို့က ဒေသခံတွေ ဒီဇင်ဘာလ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် မဲသမာမှုလုပ်တာကို နိုင်ငံတကာမီဒီယာတွေက ဖော်ပြသလား- မဟုတ်ပါ

၂၀၂၀ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲမသမာမှုလုပ်ရပ်တွေကို နိုင်ငံတကာမီဒီယာတွေက ဖော်ပြနေပြီဆိုပြီး လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “၂၆ . ၁၂ . ၂၀၂၀ ရက်နေ့၊ ၀၈ နာရီ ယနေ့ည နိုင်ငံတကာသတင်းမှာ မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲ မဲ မသမာမှု သတင်း # # # # # ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲခိုးမှုသတင်းဟာ ယနေ့ညမှာ မြန်မာမှ ကမ္ဘာသို့ ပျံ့နှံ့ရောက်ရှိကြောင်းပါတဲ့…”လို့ ရေးသားထားပြီး မြန်မာ့ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ နိုင်ငံတကာမီဒီယာတွေမှာ ဖော်ပြခဲ့တာကို Screenshotရိုက်ကာ ပို့စ်တင်ထားတာကိုတွေ့ရပါတယ်။မူရင်းပို့စ်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ဒီပို့စ်ပါအကြောင်းအရာကိုပဲ ဒီနေရာ ဒီနေရာနဲ့ ဒီနေရာမှာ ပြန်လည်ကူးယူမျှဝေနေတာ တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီပို့စ်မှာပါတဲ့ […]

Continue Reading

Fact Check: ရွေးကောက်ပွဲနိုင်ခဲ့တဲ့ ကိုယ်စားလှယ် ၂၀၀ ဝန်းကျင် NLD ပါတီက နှုတ်ထွက်မယ်လို့ သတင်းမှားဖြန့်

NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ် ၂၀၀ ဝန်းကျင်ဟာ ပါတီကနေ နှုတ်ထွက်တော့မှာဖြစ်တဲ့အတွက် လာမည့်ကာလတွေမှာ NLD အနေနဲ့ အစိုးရဖွဲ့နိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောဆိုထုတ်လွှင့်ချက်တွေပါတဲ့ ဗွီဒီယိုတစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက မျှဝေထားပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ဒီ live ဗွီဒီယိုမှာ ဒီဇင်ဘာ၃၁ ရက်ညမှာ အစိုးရသက်တမ်းကုန်မှာလို့ ပြောထားသလို ဒီဇင်ဘာ ၃၁ ည ၁၂ နာရီကျော်တာနဲ့ တပ်မတော်က တာဝန်လွဲယူမယ်လို့လည်းပြောကြားထားပါတယ်။ အနိုင်ရတဲ့ NLD ပါတီအနေနဲ့လည်း အမတ် ၂၀၀ ဝန်းကျင်ကလည်း ပါတီကနေ နှုတ်ထွက်မှာဖြစ်တဲ့ အတွက် အစိုးရဖွဲ့နိုင်မှာ မဟုတ်ဘူးလို့ အဓိကအားဖြင့် ပြောဆိုမျှနေထားတာလည်း တွေ့ရပါတယ်။  လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုချက်နဲ့ အရေးအသားတွေပါဝင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီဇင်ဘာ […]

Continue Reading

Fact Check: ဉပုသ်စောင့်၊ အလှူလုပ်ဖို့ ဘုန်းကြီးကျောင်းသွားရင် ထောက်ခံချက်ရမှ သွားရမယ်လို့ သတင်းမှားဖြန့်ဝေ

ဗုဒ္ဓဘာသာဝင်တွေ ဉပုသ်စောင့်၊အလှူပေးနဲ့ အခြားဝေယျဝစ္စဆောင်ရွက်လိုပါက ရပ်ကွက်ရုံးနဲ့ ဗလီဆရာများ ထောက်ခံချက်ရမှ ခွင့်ပြုတော့မယ်လို့ လူမှုကွန်ယက်မှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဖြန့်ဝေတဲ့ပို့စ်မှာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဉီးအောင်ကိုပုံနှင့်တကွ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများသို့ ဗုဒ္ဓဘာသာဝင်များသွားရောက် ဉပုသ်စောင့်၊အလှူပေးနဲ့ အခြားဝေယျဝစ္စ ဆောင်ရွက်လိုပါက ရပ်ကွက်ရုံး သို့မဟုတ် ဗလီဆရာများ သို့မဟုတ် ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့များထံမှ ထောက်ခံချက်ယူပြီးမှ သွားခွင့်ပြုတော့မည်ဟု သာသနာရေးဝန်ကြီးဌာနမှ အမိန့်ထုတ်ပြန်တော့မယ်လို့ ရေးသားထားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အခုလိုရေးသားမျှဝေနေတာနဲ့ပတ်သက်ပြီး သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းကို Fact Crescendo Myanmar ကို ဆက်သွယ်အတည်ပြုရာမှာ အောက်ပါ အတိုင်းပြောပါတယ်။ “မဟုတ်ပါဘူး။ သတင်းမှားပါ။ […]

Continue Reading

Fact Check: NLD ကတိုင်းရင်းသားနက်ကိုင်တွေနဲ့ပေါင်းပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမယ်လို့ သတင်းမှားဖြန့်ဝေ

NLD ပါတီကတာဝန်ရှိသူတွေဟာ တိုင်းရင်းသားနက်ကိုင်တွေနဲ့ပေါင်းပြီး တပ်မတော်ကို တိုက်ထုတ်ပြီး မြို့တွေကို သိမ်းဖို့ ပြင်ဆင်နေတယ်လို့ လူမှုကွန်ယက်မှာ အသုံးပြုသူ ထောင်ဂဏန်းက မျှဝေနေတာတွေ့ရပါတယ်။ ဖြန့်ဝေတဲ့ပို့စ်မှာ ဒီလိုလုပ်ဖို့အတွက် NLD ပါတီ ဒုတိယ ဥက္ကဌ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဇော်မြင့်မောင် ဟာ ” ဝ ” စစ်ရေး တာဝန်ခံ၊ ပလောင်သူပုန်အဖွဲ့မှ တာဖုန်းကျော် ၊ KIA မှ စစ်ရေးတာဝန်ခံ၊ ကိုးကန့် နယ်မြေ တာဝန်ခံတို့ တွေ့ဆုံ ဆွေးနွေး ပြီးတယ်လို့လည်း ရေးသားထားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီတဲ့ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ ” တပ်မတော်သားများ ဂရုစိုက်ကြပါ “ ======================== […]

Continue Reading

Fact Check: ၂၀၁၆ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် OIC အတွင်းရေးမှူး တွေ့ဆုံသည့်ပုံကို အသုံးပြုပြီး သတင်းမှားဖြန့်ဝေ

ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာပြည်နယ်ပေးဖို့သဘောတူနေစဉ်ပုံလို့ရေးသားပြီး ဓာတ်ပုံတစ်ပုံကို လူမှုကွန်ယက်အသုံးပြုသူများအကြား မျှဝေနေတာတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အစ္စလာမ်နဲ့သက်ဆိုင်တဲ့ ဝတ်စုံဝတ်ဆင်ထားတဲ့အမျိုးသားတစ်ဦး တွေ့ဆုံဆွေးနွေး နေပုံနှင့်အတူ ရိုဟင်ဂျာပြည်နယ်ပေးရေးသဘောတူခဲ့တယ်လို့ ရေးသားမျှဝေနေတာဖြစ်ပါတယ်။ ဒီဓာတ်ပုံဟာ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၆ ခုနှစ် စက်တင်ဘာက ၂၀ ရက်က ကုသမဂ္ဂအထွေထွေ ညီလာခံသွား တက်ရောက်စဉ်မှာ ညီလာခံပြင်ပ တွေ့ဆုံမှုအနေနဲ့ အစ္စလာမ္မစ်နိုင်ငံများပူးပေါင်းရေးအဖွဲ့(OIC-Organization for Islamic Cooperation)အတွင်းအရေးမှူးချုပ် Iyad bin Ameen Madaniနဲ့ တွေ့ဆုံမှုပုံဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ သို့သော်လည်း ဒီတွေ့ဆုံမှုမှာ ရိုဟင်ဂျာပြည်နယ် ပေးဖို့ဆွေးနွေးခဲ့တယ် ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူး။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်းမှုလွဲမှားစေတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။  ဒီနေရာမှာလည်း မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link […]

Continue Reading

Fact Check: UEC ဉက္ကဌ၊အဖွဲ့ဝင်တို့နှင်ပတ်သက်သော ဝါဒဖြန့် သတင်းတု သတင်းမှားဆက်တိုက်ဖြန့်ဝေနေ

နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲအပြီးကတည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)တာဝန်ရှိသူတွေ မဲခိုးတယ်လို့ ဝန်ခံတယ်၊ နုတ်ထွက်တယ်ဆိုတဲ့  ပို့စ်တွေကို လူမှုကွန်ယက်မှာ မကြာခဏမျှဝေနေတာ တွေ့ ရပါ တယ်။ အဓိကအားဖြင့် ရွေးကောက်ပွဲမှာ မဲခိုးခဲ့ကြောင်း UEC နဲ့ NLD ပါတီတာဝန်ရှိသူတွေ ဝန်ခံ၊ UEC ဖျက်သိမ်းလိုက်ပြီ၊ အဖွဲ့ဝင်တွေနုတ်ထွက်ကုန်ပြီ၊ NLD ခေါင်းဆောင်တွေ မဲခိုးမှုနဲ့ ထောင်ကျတော့မယ်၊ ထွက်ပြေးဖို့ ပြင်နေပြီး စတဲ့ အကြောင်း အရာတွေကို ထပ်ဖန်တလဲလဲ အုပ်စုဖွဲ့ မျှဝေနေကြတာကို Fact Crescendo Myanmar က သတိပြု မိပါတယ်။ တကယ်တော့ ဒီအချက်အလက်တွေဟာ မှန်ကန်မှုမရှိဘဲ လူမှုကွန်ယက် အသုံးပြုသူတွေကို ရှုတ်ထွေး ဝေဝါးသွားစေတာတွေ့ရပါတယ်။ ဒီဇင်ဘာ ၂၅ ရက်(ခရစ္စမတ်နေ့)ရုံးပိတ်ရက်မှာလည်း အခုလို သတင်းတုသတင်းမှားဖြန့်ဝေတဲ့ […]

Continue Reading