Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် လွတ်ပြီး နေအိမ်ပြန်ရောက် သတင်းခေါင်းစဉ်တုနဲ့ သတင်းမှား ဖြန့်ဝေ

စစ်ကောင်စီ က မတရား ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်ကို ပြန်လွတ်ပြီး နေအိမ်သို့ ပြန်ရောက်နေပြီလို့ ခေတ်သစ်သတင်းဌာနက အတည်ပြု ကြေညာခဲ့တယ်ဆိုတဲ့ ဗွီဒီယိုပုံစံနဲ့သတင်းတစ်ပုဒ် လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံခဲ့ပါတယ်။ သတင်း‌ခေါင်းစဉ်တုအသုံးပြုပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်သတင်းကို ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “ အမေစုနဲ့သမ္မတကြီးလွတ်ပြီးနေအိမ်ပြန်ရောက်နေပြီလို့ ခေတ်သစ်အတည်ပြုကြေညာ”လို့ရေးသားပြီး “ Thearith Ñøçh ” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊နဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၄ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်မှာ စစ်ကောင်စီက မတရား ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်ကို ပြန်လွတ်ပြီး နေအိမ်ပြန်ရောက်နေပြီဆိုတဲ့ […]

Continue Reading

Fact Check: သမ္မတဘိုင်ဒန်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာလွှဲပေးမယ်လို့ တောင်းပန်တဲ့သတင်းတု

အမေရိကန်သမ္မတဘိုင်ဒန်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာလွှဲပေးမယ်လို့ တောင်းပန်စာပို့ တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။ “ဘိုင်ဒန်ကိုမအလတောင်းပန်စာပို့။အာဏာလွှဲဖို့၁၀၀%သေချာသွားပြီ”လို့ ရေးသားပြီး ဖေ့စ်ဘွတ်စာမျက်နှာတစ်ခု က ဗွီဒီယိုတစ်ခုကို အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၂၀၀ ကျော်ရှိပါ တယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့ အတွေးအမြင်ပို့စ်တစ်ခုကို ပြန်လည်ဖတ်ကြား နေခြင်း ဖြစ်တယ်။ နိုင်ငံသားအကျဉ်းသားတွေလွှတ်ပေးဖို့အပါအဝင် မြန်မာအ‌ရေး လုံခြုံရေးကောင်စီ ဆုံးဖြတ် ချက်အပြီးမှာ သမ္မတ ဂျိုးဘိုင်ဒန်က မြန်မာတော်လှန်‌ရေးအဖွဲ့တွေကို ထောက်ပံ့ကူညီရေးပါဝင်တဲ့ ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားကာကွယ်ရေး အက်ဥပဒေ(NDAA)ကို လက်မှတ်ထိုးလိုက်တဲ့အ‌ပေါ် တိုက်ဆိုင်မှုမဟုတ်ကြောင်း ဒီဆောင်းပါမှာ ရေးသားထားတာဖြစ်ပါတယ်။ ဖေ့စ်ဘွတ်အသုံးပြုသူတစ်ဦးရဲ့ […]

Continue Reading

Fact Check: အောင်ဆန်းစုကြည်ကွယ်လွန် သတင်းခေါင်းစဉ်တုနဲ့ သတင်းမှား ဖြန့်ဝေ

ဒေါ်အောင်ဆန်းစုကြည်သေတာကို ပြည်သူတွေ ဆူကုန်မှာစိုးလို့ စစ်တပ်ကထုတ်မပြောခဲ့ပေမဲ့ Khit Thit သတင်းဌာနက ည ၆ နာရီ မှာ သဂြိုလ်လိုက်တယ်လို့ပြောမှသိရတယ်လို့ဆို ဗွီဒီယို သတင်းတစ်ပုဒ် လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံခဲ့ပါတယ်။ သတင်းတုဖြန့်ချိမှုဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သူမကိုထောက်ခံသူတွေက အမေစု၊ အမေလို့ တင်စားခေါ်ဝေါ် သုံးစွဲကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်ဆိုပြီး ဒီဇင်ဘာ ၈ ရက်နေ့မှာလည်း  သတင်းအတုတွေ ပျံနှံခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ထပ်မံဖြန့်ဝေလာတာဖြစ်ပါတယ်။ “ပြည်သူဆူကုန်မှာစိုးလို့အမေသေတာအခုမှသိရတယ် ၆နာရီတိတိမှာသဂြိုလ်လိုက်ပြီတဲ့။”လို့ရေးသားပြီး“B BO”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထား ပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အဓိကကျတဲ့ စကားလုံးအသုံးပြုရှာဖွေရာမှာ ၄ မိနစ်ကျော်ရှည်လျားတဲ့ […]

Continue Reading

Fact Check: စစ်ကိုင်းတိုင်းကို KIA တို့ အများဆုံး မီးရှို့နေဆိုတဲ့ ဝါဒဖြန့်သတင်းမှား

စစ်ကိုင်းတိုင်းကို KIA တို့ အများဆုံး မီးရှို့ဖျက်ဆီးနေတဲ့အကြောင်းအရင်းများစွာထဲ  ထင်ရှားတဲ့အကြောင်းအရင်း တွေလို့ဆိုပြီး ပို့စ်တစ်ခုဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျှက်ရှိပါတယ်။ ဝါဒဖြန့်သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ပျံ့နှံ့လျှက်ရှိတဲ့ ဗွီဒီယိုထဲမှာ စစ်ကိုင်းတိုင်းကို KIA တို့ အများဆုံး မီးရှို့ဖျက်ဆီးနေတဲ့အကြောင်းအရင်းများစွာထဲ  ထင်ရှားတဲ့အကြောင်းအရင်း ၅ ချက်ဆိုပြီးတော့ ထုတ်နှုတ်ဖော်ပြထားပြီး အဓိကအားဖြင့်တော့ ကချင်လူမျိုးတွေ မဟုတ်ဘဲ ဗမာလူမျိုးတွေဖြစ်နေတာကြောင့် ဗမာရွာတွေကို မီးရှိုနေ့ရခြင်းဖြစ်တယ်လို့ ဖော်ပြပါတယ်။ အောက်ပါပို့စ်ကတော့ ဒီပြောဆိုချက်ပါတဲ့ ဗွီဒီယိုကို ဖြန့်ဝေနေပုံကို တွေ့ရှိရတဲ့ screenshot  ဖြစ်ပါတယ်။ “ဘာကြောင့် စစ်ကိုင်းတိုင်းကို KIA တို့ အများဆုံး မီးရှို့နေတာလဲ? အကြောင်းရင်းများစွာရှိပါတယ် 2 min စာ video လေးကို အစဆုံးနားထောင်ကြည့်လိုက်ပါ အဖြေပေါ်ပါလိမ့်မယ်”လို့ ရေးသားပြီး “Ko Hla Shwe” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  […]

Continue Reading

Fact Check: နိုင်ငံတကာဖိအားကြောင့် အာဏာလွှဲလိုက်ပြီလို့ NUG ကိုယ်တိုင်ပဲ ထုတ်ပြန်ဆိုတဲ့ သတင်းတု

နိုင်ငံတကာဖိအားတွေမခံနိုင်တော့လို့ စစ်တပ်က အာဏာလွှဲလိုက်ပြီး NUG ကိုယ်တိုင်ပဲ ထုတ်ပြန်လိုက် တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ယနေ့ဖြန့်ဝေလာပါတယ်။ သတင်းတုဖြစ်ပါတယ်။ “December 24, တနိုင်ငံလုံအောင်ပွဲခံလို့ရပြီ”လို့ ရေးသားပြီး “TepPon News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ “ညနေပိုင်းထူးရှယ်သတင်း နိုင်ငံတကာဖိအားမခံနိုင်လို့ အခုပဲအာဏာလွှဲလိုက်ပြီတဲ့ NUG ကိုယ်တိုင်အခုပဲထုတ်ပြန်”စသည်ဖြင့်လည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်သေဓာတ်ပုံက စာသားမှာလည်း ရေးသားထားပြီး NUG သမ္မတ ဓာတ်ပုံနှင့်အတူတကွက်ဖော်ပြထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “နိုင်ငံတကာဖိအားတွေမခံနိုင်တော့လို့ အာဏာလွှဲလိုက်ပြီး NUG ကိုယ်တိုင်အခုပဲထုတ်ပြန်”လို့ ဗွီဒီယို ဖိုင်ထဲမှာရေးသထားပေမဲ့ ဗွီဒီယိုဖိုင်တစ်ခုလုံးမှာ ဒီအကြောင်းအရာတစ်စုံတရာမပါဝင်ပါဘူး။ ဗွီဒီယိုတစ်ခုလုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်၊ပျူစောထီးတွေအကြား နိုင်ငံတဝှမ်းတိုက်ပွဲဖြစ်ပွားမှုတွေ သတင်းတွေ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပြီး NLD ကို အာဏာပြန်ပေးဖို့ တရုတ်သမ္မတတောင်းဆိုတဲ့ သတင်းတုသတင်းမှား

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပြီး NLD ကို အာဏာပြန်လွှဲပေးဖို့ တရုတ်သမ္မတ တောင်းဆိုလိုက်တယ်လို့ ရေးသားထားတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။ ဗွီဒီယိုပုံစံနဲ့ဖြန့်ဝေနေတဲ့ ဒီပို့စ်မှာ “အမေစုကိုလွှတ်ပြီး NLD ကိုအာဏာပြန်လွှဲပေးရန် တရုတ်သမ္မတ တောင်းဆို”လို့ လည်း ပို့စ်စာသားမှာရေးသားထားသလို ဒီယိုအစမှာလည်း တရုတ်သမ္မတ “အမေစုကိုလွှတ်ပြီး NLD ကိုအာဏာ ပြန်လွှဲပေးဖို့ တရုတ်သမ္မတ တောင်းဆို” စသည့်ဖြင့်ရေးသားထားပါတယ်။ ထို့အပြင် “NUG ကိုတရားဝင်အစိုးရ တင်မြှောက်ပွဲ မနက် ၉ နာရီမှာ အာဆီယံလုပ်မယ်လို့ကြေညာ”လို့လည်းရေးသား ထားပါတယ်။ “Thearith Ñøçh”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဇင်ဘာ ၁၉ ရက်မှာ အောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  […]

Continue Reading

Fact Check: R2P အရ ကုလတပ် တစ်သောင်း မြန်မာနိုင်ငံကိုလာမယ်ဆိုတဲ့ သတင်းတုသတင်းမှား

R2P အစီအစဉ်အရ ကုလသမဂ္ဂ(United Nations-UN) တပ်တစ်သောင်း မြန်မာနိုင်ငံကိုလာမယ်လို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။ “R2p UNတပ် 1သောင်း မြန်မာပြည်ရောက်လာမည်။ အသိပေးကြေညာချက်ထုတ်ပြီ။”လို့ ရေးသားပြီး “Zoul-168” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း  ၁၀၀၀ ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် အထက်ပါ Screenshot ကိုကြည့်မယ်ဆိုရင် ဒေါက်တာဇော်ဝေစိုးရဲ့ ဓာတ်ပုံနဲ့အတူ နိုင်ငံသားတွေကို အကာအကွယ်ပေးရန်တာဝန်ရှိမှု(Responsibility to Protect- R2P)အစီအစဉ်အရ UN တပ်တစ်သောင်း မြန်မာနိုင်ငံကိုလာမယ်လို့ ကြေညာတယ်လို့ဆိုထားပေမဲ့ ၈ မိနစ်ကျော်ရှည်တဲ့ ဒီဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းတစ်စုံတရာ မပါဝင်ပါဘူး။ ဒေါက်တာဇော်ဝေစိုးကပြောကြားခဲ့ခြင်းလည်းမရှိပါဘူး။ အခြားသော […]

Continue Reading

Fact Check: NLD ပါတီ ဖျက်သိမ်းပြီလို့ နကစ ကြေညာလိုက်တယ်ဆိုတဲ့သတင်းမှား

NLD ပါတီ ဖျက်သိမ်းပြီလို့ နကစ ကြေညာလိုက်တယ်လို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။ ဗွီဒီယိုပုံစံနဲ့ဖြန့်ဝေနေတဲ့ ဒီပို့စ်မှာ“NLD ပါတီ ဖျက်သိမ်းပြီလို့ နကစ ကြေညာ”လို့ ရေးသားထားသလို ဗွီဒီယိုအစမှာပြတဲ့ ဓာတ်ပုံစာသားထဲမှာတော့ “(၁၉)ရက်နေ့ NLD ပါတီ ဖျက်သိမ်းကြောင်း ကြေညာ မအလ အထူးယုတ်မာပြီ” စသည်ဖြင့်ရေးသားထားပါတယ်။  “TepPon News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဇင်ဘာ ၁၉ ရက်က မျှဝေထားတာကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီပို့စ်ကို ကြည့်ရှု့မှုပေါင်း ၂ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် NLD ပါတီ ဖျက်သိမ်းပြီလို့ ကြေညာမရှိပါဘူး။ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေပြီး […]

Continue Reading

Fact Check: NDAA ကို ဂျိုးဘိုင်ဒန်လက်မှတ်ထိုးပြီးတဲ့အတွက် ဟောင်ဇာလက်နက်ကြီး တွေ NUG လက်ခံရရှိဆိုတဲ့ သတင်းမှား

အမေရိကန်က အမျိုးသားလုံခြုံရေးဉပဒေကို ဂျိုးဘိုင်ဒန်က အတည်ပြုလိုက်ပြီးနောက် အမေရိကန်ဆီက မြေပြင်ပစ် ဟောင်ဇာ(Howitzer)အမြောက်ကြီးတွေကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က လက်ခံ ရရှိခဲ့တယ်ဆိုပြီး တော့ဖြန့်ဝေထားတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ သတင်းမှားတစ်ခု သာဖြစ်ပါတယ်။ “NDAA သမ္မတ ဘိုင်ဒန်လက်မှတ်ရေးထိုးပြီးနောက် NUG လက်နက်ကြီးတွေ လက်ခံနေပြီ”လို့ရေးသားပြီး “Tsx mar 07”ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုစာသားထဲမှာလည်း ၁၇ ရက်နေ့က ဒီလိုလက်မှတ်ရေးထိုးပြီးနောက် လက်နက်အကူအညီရရှိခဲ့တာလို့ဖော်ပြပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ တော်လှန်ရေးကိုထောက်ခံတဲ့ ဘုန်းကြီးတစ်ပါးရဲ့ အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) အပေါ် အတွေးအမြင်ကို ဆွေးနွေးနေခြင်းသာဖြစ်ပါတယ်။ ဒီဆွေးနွေးမှုမှာလည်း လက်နက်တွေထောက်ပံ့နေပြီ၊ လက်ခံရရှိပြီဆိုတဲ့ ပြောဆိုချက်မပါပါဘူး။ အမေရိကန်ရဲ့ အမျိုးသားကာကွယ်ရေး […]

Continue Reading

Fact Check: မင်းအောင်လှိုင်ကို ICC က ဆင့်ခေါ်ပြီဆိုတဲ့ သတင်းတု

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)က ဆင့်ခေါ်ပြီလို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် စစ်တပ်က အကြမ်းဖက်ကျူးလွန်မှုတွေအတွက် တရားစွဲဆိုဖို့ ပြီးခဲ့တဲ့နှစ်တွေ အတွင်းကတည်း နိုင်ငံတကာအသိုင်းအဝိုင်းက ကြိုးပမ်းမှုဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် ပိုမိုအားကောင်းလာနေတာတွေ့ရပါတယ်။ အထူးသဖြင့် ဖြုတ်ချခံ အရပ်သားအစိုးရကို ဆက်ခံတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကိုယ်တိုင်က ICC မှာ စစ်ခေါင်းဆောင်တွေကို စွဲချက်တင်နိုင်ဖို့ ကြိုးပမ်းလာနေတာပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ  “မင်းအောင်လှိုင်ကို iccက ဆင့်ခေါ့်ပြီ”လို့ ရေးသားပြီး “Zoul-168” အမည်နဲ့ ဖေ့စ်ဘွတ်စာ မျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ Thumbnail ဓာတ်ပုံထဲမှာလည်း ” (၁၆)ရက်နေ့ ICC ကဆင့်ခေါ်ပြီ မင်းအောင်လှိုင်အတွက် ပြေးလမ်းမရှိပြီ” စသည်ဖြင့်လည်းရေးသားထား ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ […]

Continue Reading