Fact Check: တောင်ငူလေတပ်ထဲကို SU-30 SME အစီးရေ ၃၀ ကျော်ဆင်းတဲ့ပုံလား-မဟုတ်ပါ

​တောင်ငူလေတပ်ထဲကို ရုရှားလုပ် SU-30 တိုက်လေယာဉ်အစီးရေ ၃၀ ကျော်ဆင်းလာတဲ့ပုံဆိုပြီးတော့ ဓာတ်ပုံ တစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူ အတော်များများက မျှဝေခဲ့တာတွေ့ရပါတယ်။ ဓာတ်ပုံထဲမှာ အပြာရောင်လွှမ်းမိုး တဲ့ တိုက်လေယာဉ် အတော်များများ တန်းစီရပ်ထားတဲ့ မြင်ကွင်းပါတယ်။ သို့သော်လည်း ဓာတ်ပုံဟာ ရုရှားနိုင်ငံထဲက မြင်ကွင်းတစ်ခုသာဖြစ်တာတွေ့ရပါတယ်။ “တပခ. လေတပ်ထဲကို…ည.၉နာရီကတဲ.ဆင်လာတဲ့ SU-30 SME. လေယာဉ်အုပ်စု..အစီး..၃၀.ကျော်နေပြီ အစီးရေ..၅၀ ဆင်းမယ်တဲ့ရုရှားက..ပို့လာတဲ့ လေယာဉ်တွေ 18-1-22 Sittway Thitsar ….ကရင်ပြည်နယ် MinThwe #crd”လို့ရေးသားပြီး “စစ်ပြန် ကို မြင့်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတာတွေ့ရပါတယ်။ တပခ ဆိုတာကတော့ တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အတိုခေါက်ခေါ်ဆိုတာဖြစ်ပါတယ်။ တူညီတဲ့ရေးသားဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link […]

Continue Reading

Fact Check: အာဏာဖိဆန်တဲ့ ဗိုလ်ချုပ်ဦးဆောင်တဲ့ PDFတွေက စစ်စခန်းကို တိုက်ခိုက်လို့ သတင်းတုဖြန့်

အာဏာဖိဆန်တဲ့ ဗိုလ်မှူးချုပ်တစ်ယောက်ဦးဆောင်တဲ့ PDF အထူးကွန်မန်ဒိုတပ်တွေက စစ်စခန်းကို ဝင်ရောက် တိုက်ခိုက်သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေဆိုပြီးတော့ ဓာတ်ပုံ ၁၂ ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူရာဂဏန်း က ပြန်လည်မျှဝေခဲ့ကြတာတွေ့ရပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေဟာ စစ်အာဏာသိမ်းဆန့်ကျင်တဲ့ တပ်ဖွဲ့တွေက အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက် ခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းတွေဖြစ်တာမှန်ပေမဲ့ အာဏာဖိဆန်ရေး ဗိုလ်မှူးချုပ်တစ်ယောက်ဦးဆောင်တဲ့ တိုက်ခိုက်မှု ဆိုတဲ့ အထောက်အထားမတွေ့ရပါတယ်။ “CDMဗိုလ်မှူးချုပ်သူရအောင်ဝင်းထွန်း(တိုင်းစစ်ဌာနချုပ်-ဗျူဟာမှူး)ဦးစီးသောVIP PDFအထူးကွန်မန်ဒိုတပ်များနှင့် ဒေသခံPDFများမှစစ်ကောင်စီတပ်စခန်းများအားဝင်ရောက်တိုက်ခိုက်ပြီးနောက်သိမ်းဆည်းရမိသောလက်နက်ခဲယမ်းများနှင့်ပစ္စည်းမျိုးစုံဖြစ်ပါသည်။”လို့ရေးသားပြီး ကောင်းကင်ထက်က ကြယ်တစ်ပွင့်အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက မျှဝေထားရာမှာ ပြန်လည်မျှဝေမှုပေါင်း ၂၀၀ ကျော်ရှိပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ပထမဆုံးအနေနဲ့ အဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ ဗိုလ်မှူးချုပ် […]

Continue Reading

Fact Check: ထန်တလန်မီးရှို့ခံရမှုမြင်ကွင်းကို လွိုင်ကော်မြို့ကမြင်ကွင်းအဖြစ်ပျံ့နှံ့

ကယားပြည်နယ်မှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တဲ့ သတင်းတွေနဲ့အတူ လွိုင်ကော်မြို့အခြေအနေဆိုပြီး ဝေဟင်ကရိုက်ထားတဲ့ မီးဆွဲလောင်ပြီး မီးခိုးတန်းထွက်နေတဲ့ မြို့ပြမြင်ကွင်းကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင် ဂဏန်းက ဖေ့စ်ဘွတ်မှာမျှဝေခဲ့တာတွေ့ရပါတယ်။ ဒီဓာတ်ပုံမြင်ကွင်းနဲ့အတူ ကလေးငယ်ကို ချီပွေ့လျှက် သစ်ပင်ကို အကာအကွယ်ယူနေတဲ့ အမျိုးသမီး၊ သက်ကြီးရွယ်အိုတစ်ယောက်ကို ပျောက်ကျား ဝတ်စုံဝတ်လူ ငယ်တစ်ယောက်က ထမ်းပိုးလာဟန် ဓာတ်ပုံ ၂ ပုံလည်း ပြန်လည်မျှဝေလျှက်ရှိပါတယ်။  သို့သော်လည်း ဓာတ်ပုံ ၃ ပုံထဲက မီးလောင်နေတဲ့မြင်ကွင်းဓာတ်ပုံဟာ အောက်တိုဘာလထဲမှာ ထန်တလန်မြို့ မီးရှို့ခံရမှုဖြစ်စဉ်က ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ “ဒါက Loikaw မြို့ မင်းတို့မြို့မဟုတ်ဘူး ကျော်သွားနော😭 #kayahstate💔”လို့ရေးသားပြီး “Khun Oo Reh”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်မျှဝေမှုပေါင်း ၁၈၀၀ ရှိပါတယ်။ အလားတူမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading

Fact Check: တမူးပြည်သူ့ကာကွယ်ရေးတပ်က မိုင်းခွဲတိုက်ခိုက်မှုဖြစ်စဉ်ကို အသုံးပြုပြီး သတင်းမှားဖြန့်

တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က အရပ်ဝတ်နဲ့ ရဲတွေလိုက်ပါတဲ့ ကားတစ်စီးကို မိုင်းခွဲတိုက်ခိုက်မှု ဖြစ်စဉ်ဟာ ဖေ့စ်ဘွတ်မှာပျံ့နှံ့မှု အားကောင်းခဲ့ပြီးနောက် ဒီဓာတ်ပုံတွေကို အသုံးပြုပြီး သတင်းမှားဖြန့်ဝေလျှက် ရှိတာတွေ့ရပါတယ်။  “စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပိုင်း အာရှလမ်းမပေါ်တွင်ရဲတပ်ဖွဲ့ အယောင်ဆောင် အကြမ်းဖက် PDF အဖွဲ့ အားမြန်မာတပ်မတော် ကွန်မန်ဒို ၃ဦးမှ့ လက်ရဖမ်းဆီးရရှိ့ ၄ဦးသေဆုံး၍ ၁၀ဦး အရှင်ဖမ်းမိ”လို့ရေးသားပြီး “Kyaw Thiha”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီဖေ့စ်ဘွတ်အသုံးပြုသူကနေ ထပ်ပြီးတော့ အခြားသော ဖေ့စ်ဘွတ်အုပ်စုတွေမှာ မျှဝေထားတာကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဓာတ်ပုံတွေဟာ စစ်ကိုင်းတိုင်း၊ တမူးမြို့ကနေ ကလေးမြို့သို့ ထွက်ခွာလာတဲ့အရပ်ဝတ်ရဲတွေ စီးနင်းလာတဲ့ ကားတစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရမှုအပြီးဓာတ်ပုံတွေဖြစ်ပါတယ်။  Khit Thit […]

Continue Reading

Fact Check: ဒရုန်းကနေ သေနတ်ပစ်တဲ့ဗွီဒီယိုက ၂၀၁၅ ခုနှစ်က အမေရိကန်က ဖြစ်စဉ်သာဖြစ်

မြန်မာနိုင်ငံမှာ ဒရုန်းကိုသေနတ်တပ်ပြီး ပစ်ခတ်စမ်းသပ်အောင်မြင်မှုဆိုတဲ့ ဗွီဒီယိုတစ်ခု ယနေ့ ဖေ့စ်ဘွတ်မှာ ပျံ့နှံမှုအားကောင်းလာပြီး ဖေ့စ်ဘွတ်အသုံးပြုတွေအကြားမှာနားလည်မှုလွဲစေနိုင်တာတွေ့ရပါ တယ်။  ဗွီဒီယိုထဲမှာ ဒရုန်းယာဉ်တစ်စင်းဟာ တောတွင်းတစ်နေရာမှာ ရှေ့တိုးနောက် ဆုတ်အနိမ့်အမြင့်နဲ့ သေနတ်ကို တစ်ချက်ချင်းပစ်ခတ်ပြတဲ့ မြင်ကွင်းပါဝင်ပြီး မှတ်ချက်ပေးသူအများအပြားကလည်း ဒီလိုအောင်မြင်မှုအတွက် ချီးကျူးခဲ့ကြပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ ၂၀၁၅ ခုနှစ်အတွင်းကတည်း အင်တာနက်မှာပျံ့နှံ့ခဲ့ဖူးပါတယ်။ “Drone နဲ့ ပစ်ခက် စမ်းသပ်မှု့ အောင်မြင် တော်လိုက်တဲ့ အမေ့သားတွေ “လို့ရေးသားပြီး “Kõ Ĝýî”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၇၀၀ ကျော်ရှိပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် Youtubeမှာအဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး ဗွီဒီယိုကို ရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ […]

Continue Reading

Fact Check: ဒီဓာတ်ပုံက NUG ရဲ့ ကိုယ်ပျောက်နည်းပညာသုံး ဒရုန်းလား-မဟုတ်ပါ

တမူးမြို့သို့ လေ့လာရေးရောက်ရှိလာတဲ့ NUG နည်းပညာသုံးကိုယ်ပျောက်ဒရုန်းတစ်စင်းပုံဆိုပြီးတော့ အနီရောင် ဒရုန်းတစ်စင်းဓာတ်ပုံဟာ ပျံ့နှံ့မှုအားကောင်းခဲ့ပြီး ဖေ့စ်ဘွတ်အသုံးပြုတွေအကြားမှာ နားလည်မှုလွဲစေနိုင် တာတွေ့ရပါ တယ်။ တကယ်တော့ ဓာတ်ပုံဟာ လွန်ခဲ့တဲ့ ၂ လကစပြီး တရုတ်ကုမ္ပဏီတစ်ခုက ဈေးကွက်မှာရောင်းချနေတဲ့ စိုက်ပျိုး ရေးလုပ်ငန်းသုံး ဒရုန်းမော်ဒယ်တစ်မျိုးရဲ့ ဓာတ်ပုံဖြစ်ပါတယ်။ “ယနေ့ တမူးမြို့ တမူးခရိုင် အတွင်း လေ့လာရေး ဖြစ်ရောက်ရှိလာတဲ့ ပြည်သူ များ အားကိုးတဲ  NUG technology နည်းပညာ ကိုယ်ပျောက် drone၊…..မိုင်၁၂၀ ထိ ရောက်ရှိ နိုင်ပြီး ၊ ၄၈ နာရီ ထိသုံးပြုနိုင် တဲ နောက်ဆုံးပေါ် drone”လို့ရေးသားပြီး ” Demo Michelle Zora “အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဇန်နဝါရီ ၉ ရက် အောက်ပါအတိုင်းမျှဝေထားရာမှာ […]

Continue Reading

Fact Check: ဒီဓာတ်ပုံက ရှမ်းတောင်ရှမ်းမြောက်ဆက်လမ်းပုံလား-မဟုတ်ပါ

ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာတောတောင်တွေအကြားဖောက်ထားတဲ့ ရင်သပ်ရှူ့မောဖွယ်လမ်းပိုင်းဓာတ်ပုံပါဝင်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းဆက်လမ်းအကြောင်းရေးသားထားတဲ့ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်မှာပျံ့နှံ့မှု အားကောင်းခဲ့ပြီးနောက် ဖေ့စ်ဘွတ်အသုံးပြုတွေအကြားမှာ နားလည်မှုလွဲစေနိုင် တာတွေ့ရပါတယ်။ တကယ်တော့ ဓာတ်ပုံဟာ တရုတ်ပြည်နယ် ဂျောင်ကျကျ(Zhangjiajie)အမျိုးသားဉယျာဉ်က ဓာတ်ပုံဖြစ်ပါတယ်။ “ရှမ်းတောင်ရှမ်းမြောက်ဆက်တဲ့လမ်း..”လို့စချီလျှက်ဒီပို့စ်မှာ ရှမ်းပြည်နယ်တောင်ပိုင်းက တောင်ကြီးကနေ မြောက်ပိုင်း နောင်ချိုကို ရပ်စောင်လမ်းကြောကနေသွားလို့ရတဲ့အကြောင်းနဲ့ ဆောင်ရန်၊ရှောင်ရန်လေးတွေကို ခရီးသွားဘူးသူတစ်ဦးက ပြန်လည်မျှဝေမှုပုံစံရေးသားထားပါတယ်။ “Nyar Kae Shin”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူ မျှဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ အခြားသော တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် တောင်ကြီး-ရပ်စောက်-နောင်ချိုလမ်းပိုင်းနဲ့ပတ်သက်ပြီး ရေးသားထားတဲ့ အကြောင်းအရာဟာပါ အချက် အလက်တွေက မှန်ကန်မှုရှိမရှိ Fact Crescendo အနေနဲ့အတည်ပြုနိုင်ခြင်းမရှိပါဘူး။ ဓာတ်ပုံကလွဲပြီး ဒီလမ်းပိုင်းအကြောင်းရေးသားထားတဲ့ထပ်တူညီတဲ့ပို့စ်ကို ၂၀၁၆ […]

Continue Reading

Fact Check: စစ်တပ်က ပိတ်ပင်ထားတဲ့ မြန်မာမီဒီယာ ၄ ခု လူကုန်ကူးပြီး စီးပွားရှာနေ တယ်လို့ ဝါဒဖြန့်

 မြန်မာမီဒီယာ ၄ ခုဟာ လူကုန်ကူးပြီး စီးပွားရေးရှာနေတယ်လို့ ပြောဆိုချက်တွေပါဝင် ဗွီဒီယိုပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ် မှာပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ ၂၄ မိနစ် ၂၃ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ “ပြည်ပအထောက်အပံ့ခံ သတင်းဌာန များအား လေ့လာခြင်း”လို့ခေါင်းစဉ်တပ်ထားပြီး ဗွီဒီယိုမှာ အာဏာသိမ်းစစ်တပ်ရဲ့ သတင်း တင်ဆက်မှုပိတ်ပင်ခြင်းခံရတဲ့ မြန်မာမီဒီယာ ၄ ခုဟာ ထိုင်းနိုင်ငံမှာ လူကုန်ကူးရင်း စီးပွားရှာနေတယ် ဆိုတဲ့ ပြောဆိုချက်တွေ အဓိကပါဝင်ပြီ “ရောင်နီ”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇန်နဝါရီ ၂ ရက်က တင်ထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူ့သူပေါင်း ၅ သောင်းဝန်း ကျင်ရှိပါတယ်။ ဒီဗွီဒီယိုရဲ့ ၅မိနစ် ၄၅ စက္ကန့်ကနေ ၆ မိနစ်နဲ့ ၁၅ စက္ကန့်ကြားမှာ “အဓိကတွေ့ရတာတော့ ကျွန်တော်တို့ဘာတွေ တွေ့ရလဲဆိုတော့ မြန်မာနောင်း၊ ဧရာဝတီ၊မဇ္ဈိမရယ်၊ခေတ်သစ်မီဒီယာရယ်၊ မြန်မာနောင်းရယ်၊ […]

Continue Reading

Fact Check: ၂၀၁၆ ခုနှစ်ကဓာတ်ပုံကို ဒေါက်တာဇော်ဝေစိုး အီတလီရောက်နေပုံ အဖြစ်မျှဝေ

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး အီတလီနိုင်ငံမှာ ဇိမ်ခံနေပုံအဖြစ် ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ ၂၀၁၆ ခုနှစ်အတွင်းက ဓာတ်ပုံတစ်ပုံဖြစ်တာတွေ့ရပါတယ်။   “ခင်ဗျားတို့ကသာ ၊ တောထဲမှာ တိုက်ရင်းသေ၊ သေရင်းတိုက်နေကြတာပါ၊ ဇော်ဝေစိုးကတော့ အီတလီရဲ့ အကောင်းဆုံးဆိုတဲ့ စားသောက်ဆိုင်တွေမှာ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့ပြီး အေးအေးလူလူ အနားယာနေလေရဲ့ ၊ တစ်ပတ်တစ်ခါ အွန်လိုင်းပေါ်တက် အေးအေးဆေးဆေး ဆွပေးနေယုံဘဲလေ NUG၊ နောက်ခြောက်လထိ သူတို့ မအောင်မြင်လဲ အေးဆေးပဲလေ ဇော်ဝေစိုးက၊ အ သူတွေခံကြပေါ့၊ ရည်မွန်လဲ အရက်သမားဖြစ်ပြီး ဘဝသာဆုံးသွားမယ် တော်လှန်ရေး တော့အောင်မြင်ဖို့ လမ်းစရယ် မရှိတော့ပါလေ၊ #DGF21NewsKOP1”လို့ရေးသားပြီး “ဝဏ္ဏ”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက ဇန်နဝါရီ ၃ ရက်က မျှဝေ ssထားတာရာမှာ […]

Continue Reading

Fact Check: ဒီရဟတ်ယာဉ်နဲ့ပစ်ခတ်မှုဗွီဒီယိုဟာ ၂၀၁၉ခုနှစ်ကတည်းက tiktok မှာ ပျံ့နှံ့လျက်ရှိပါတယ်

မြန်မာစစ်တပ်က လေယာဉ်နဲ့ပစ်ခတ်မှုဗွီဒီယိုဖိုင်ဆိုပြီးတော့ တောင်ကုန်းတစ်ခုကို ရဟတ်ယာဉ်နဲ့ ပစ်ခတ်နေတဲ့ ဗွီဒီယိုကို ဖေ့စ်ဘွတ်မှာ ကြိမ်ဖန်များစွာမျှဝေလျှက်ရှိပါတယ်။ ၅၉ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ တောင်ကုန်း တစ်ခုကို ရဟတ်ယာဉ်တစ်စီးပေါ်ကနေ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတဲ့ မြင်ကွင်းပါဝင်ပါတယ်။   သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ RFA Burmese မှာလည်း ဒီဇင်ဘာ ၂၈ ရက်က  အင်တာဗျူးတစ်ခုမှာ လေးကေ့ကော်က ဖြစ်စဉ်ဆိုပြီးတော့ ဒီဗွီဒီယိုရုပ်ကတ်ကိုအသုံးပြု ဖော်ပြခဲ့ တာတွေ့ရပါတယ်။ သို့သော် ဗွီဒီယိုဟာ ၂၀၁၉ ခုနှစ်ကတည်းက ပျံ့နှံ့လျက်ရှိတာတွေ့ရပြီး မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့အထောက် အထားမတွေ့ရပါဘူး။ “ဇော်မိုက်မိုက်ခက်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက“ယနေ့ လေးကေ့ကော် ဖြစ်သည်”လို့ ရေးသားထားပြီး ဒီဇင်ဘာ ၂၅ ရက်က အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  ထို့အတူ […]

Continue Reading