Fact Check: မြိုင် PDF က ကလေးတွေကို ခြိမ်းခြောက်ဆန္ဒပြခိုင်းတဲ့ ဓာတ်ပုံလား- မဟုတ်ပါ

မြိုင် PDF တွေက ကလေးသူငယ်တွေကို လက်နက်နဲ့ ခြိမ်းခြောက်ပြီး ဆန္ဒပြခိုင်းတဲ့ ဓာတ်ပုံအဖြစ် ဖေ့စ်ဘွတ် အသုံးပြုသူတွေ အတော်များများက ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ တကယ်တော့ ဓာတ်ပုံဟာ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ ထုတ်ပြန်ခဲ့တဲ့ PDF အစောင့်အရှောက်နဲ့ ဆန္ဒပြပွဲ ဓာတ်ပုံသာဖြစ်တာတွေ့ရပါတယ်။ “***နစက အစိုးရ မြင်နိုင် ကြားနိုင် သိနိုင်ပါစေ*** မြိုင်အကြမ်းဖက်PDFမှ ကလေးသူငယ်များအား လက်နက်ဖြင့်ခြိမ်းခြောက်၍ ဆန္ဒပြခိုင်းကြောင်းသိရ”စသည်ဖြင့်ရေးသားပြီး “–”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ရေးသားမျှဝေထားတာတွေ့ရပါတယ်။ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီး ရှာဖွေရာမှာ ဒီဓာတ်ပုံဟာ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ် ကော်မတီ ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေထဲက ဓာတ်ပုံတစ်ပုံကို အသုံးပြုပြီး လိုသလို ပြန်လည်ရေးသားမျှဝေနေ တာတွေ့ရပါတယ်။ “Basic […]

Continue Reading

Fact Check: စစ်တပ်ဆန့်ကျင်ရေးဗီနိုင်းချိတ်လို့ အပစ်ခံရတဲ့ လူငယ်တစ်ဦးပုံကို အင်းလျားမှာပြန်ဖြုတ်စဉ်ဗုံးပေါက်ကွဲသေတဲ့PDF လို့ သတင်းမှားဖြန့်ဝေ

အင်းလျားမှာဗုံးထောင်တာ စစ်တပ်က ကင်းပုန်းနဲ့မိလို့ ကိုယ်ထောင်တဲ့ ဗုံးကို ပြန်ဖြုတ်ခိုင်းရာမှာ ဗုံးကွဲပြီး သေဆုံးတဲ့ PDF ဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူတွေ အတော်များများ ဖြန့်ဝေလျှက်ရှိပါတယ်။  တကယ်တော့ ဓာတ်ပုံဟာ စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြဗီနိုင်းချိတ်ဆွဲမှုကြောင့် စစ်တပ်ကပစ်ခတ်လိုက်တဲ့ ကျည်ဆံထိမှန်ခဲ့တဲ့ ဗကသကျောင်းသားတစ်ဦးဖြစ်တယ်လို့ မီဒီယာတွေမှာဖော်ပြပါတယ်။ “အင်းလျားမှာ ဗုံးထောင်နေတဲ့PDFအကြမ်းဖက်ကောင် ရွှေဘ ကင်းပုန်းနဲ့မိ ကိုယ်ထောင်တဲ့ဗုံးကို ပြန်ဖြုတ်ခိုင်းတော့ ကွဲပြီး​ေT နားအေး မှိုင်းဝေ”စသည်ဖြင့်ရေးသားပြီး “Yadanar Maung” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ ဓာတ်ပုံနှင့်အတူ ရေးသားမျှဝေထားတာတွေ့ရပါတယ်။ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီး ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က ဆန္ဒပြလူငယ်တစ်ဦး […]

Continue Reading

Fact Check: သရုပ်ဆောင် ပိုင်တံခွန်နဲ့ အိန္ဒြာကျော်ဇင် လွတ်မြောက်လာတဲ့ ကောလာဟလပျံ့နှံ့

သရုပ်ဆောင်ပိုင်တံခွန်နဲ့အိန္ဒြာကျော်ဇင်တို့ ဖေဖော်ဝါရီ ၁၂ ရက်မှာလွတ်မြောက်လာပြီဆိုပြီးတော့ အတည်မပြု နိုင်တဲ့သတင်းဟာ ဖေ့စ်ဘွတ်အသုံးပြုသူများ အကြားပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ ဒီသတင်းဟာ လက်ရှိ အချိန်အထိ အတည်မပြုနိုင်သေးကြောင်း သူတို့နှစ်ဦးရဲ့ ဆွေမျိုးသားချင်းတွေက ရှင်းလင်းထားပါတယ်။ “ပြည်ထောင်စုနေ့အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်တွင် သရုပ်ဆောင် ပိုင်တံခွန် နှင့် အိန္ဒြာကျော်ဇင်တို့ ပြန်လည်လွတ်မြောက်လာတယ်လို့ အကျဉ်းထောင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရပါတယ်။ ထိုသတင်းနှင့်ပတ်သက်ပြီး The Burmese Post အနေဖြင့် ထပ်မံအတည်ပြုဖို့ ကြိုးစားနေပါတယ်။ ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက ​ေတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းသား (၈၁၄) ယောက် ပြန်လွှတ်ပေးခဲ့ပြီး အင်းစိန်အကျဉ်းထောင်က အကျဉ်းသား (၈၄)ဦး လွတ်မြောက်ခဲ့ပါတယ်။ #TheBurmesePost”စသည်ဖြင့် “The Burmese Post”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ရေးသားမျှဝေခဲ့ရာမှာ ပြန်လည်မျှဝေမှုပေါင်း ၁ ထောင်ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – Fb […]

Continue Reading

Fact Check: အရာတော်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားတဲ့ ကဲဘားရွာ စစ်တပ်ကမီးရှို့မှု ဗွီဒီယိုကို အသုံးပြုပြီး သတင်းမှားဖြန့်ဝေ

အရာတော်မြို့နယ် ကဲဘားကျေးရွာကို PDF တွေ မီးရှို့နေတယ်ဆိုတဲ့ ဗွီဒီယိုတစ်ခုဟာဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ခဲ့ပါတယ်။ တကယ်တော့ ဒီဗွီယိုဟာ မူလက စစ်တပ်က ကဲဘားရွာကို မီးရှို့မှုအကြောင်း အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးဖေ့စ်ဘွတ် စာမျက်နှာမှာဖော်ပြထားတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။ “မနေ့က အရာတော်မြို့နယ် ကဲဘာရွာ မီးလောင်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် PDFအကြမ်းဖက်တွေ တော်တော်လူစိတ်မရှိ အောက်တန်းကျတယ်လို့ပဲပြောရမယ် တပ်က အကြမ်းဖက်PDFတွေ ကဲဘာရွာထဲခိုအောင်းနေတဲ့သတင်းရလို့ ဝင်ရောက်စစ်ဆေးချိန် ဘုန်ကြီးကျောင်းနဲ့ စာသင်ကျောင်းကနေ လက်လုပ်သေနက်တွေ ဖောက်ခွဲရေးပစ္စည်းတွေကို သိမ်းမိလိုက်တယ် အကြမ်းဖက်PDFတွေကတော့ တပ်၀င်လာပြီဆိုတာနဲ့ ထွက်ပြေးသွားကြတယ် တပ်ကလဲ သူစစ်ဆေးစရာရှိတာတွေ စစ်ဆေးပြီး ပြန်ထွက်သွားတယ် ဇာတ်လမ်းက ဒီအချိန်မှစတာ တပ်ကထွက်သွားချိန် ရွာထဲကို PDFအကြမ်းဖက်တွေ ပြန်၀င်လာပြီး ရွာခံတွေက သူတို့သတင်းကိုပေးလို့ တပ်ကလာတာဆိုပြီး တစ်ရွာလုံးကို မီးလောင်တိုက်သွင်းလိုက်တော့တာပဲ”စသည်ဖြင့်ရေးသားပြီး “ကော်ဖီတစ်ခွက်ရဲ့ ဒိုင်ယာရီ”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ရေးသားမျှဝေထားတာတွေ့ရပါတယ်။ […]

Continue Reading

Fact Check: အာဏာပြန်လွှဲပြီ၊ ဒါရိုက်တာဝိုင်းသေဆုံး၊ရန်ကုန်တရားရုံးချုပ်ဗုံးပေါက်ကွဲ စတဲ့ သတင်းတုများစွာနဲ့ Truenewsu ဝက်ဘ်ဆိုဒ်

မင်းအောင်လှိုင်မရှိတုန်း ဒုဗိုလ်ချုပ်ကြီးစိုးဝင်း တရားဝင်လက်မှတ်ထိုးပြီး အာဏာပြန်လွှဲလိုက်ပြီ ဆိုပြီးတော့  ဖေဖော်ဝါရီ ၈ ရက်ကဖေ့စ်ဘွတ်မှာ မျှဝေခဲ့တဲ့အကြောင်းအရာဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့မှု အားကောင်း ခဲ့ပါတယ်။ဒီသတင်းဟာ သတင်းတုတစ်ခုသာဖြစ်ပါတယ်။  “Truenewsu”အမည်နဲ့ဝက်ဘ်ဆိုဒ်က “MWDမှာအခုကြေငြာလိုက်ပြီ”လို့လည်းရေးသားထားသလို “မင်းအောင်လှိုင်မရှိတုန်း ဒုဗိုလ်ချုပ်ကြီးစိုးဝင်း တရားဝင် လက်မှတ်ထိုးပြီဟေ့ အာဏာပြန်ရပြီဗျို့ ” လို့ရေးသားထားတဲ့ ဓာတ်ပုံလည်းပါဝင်ပါတယ်။ တူညီတဲ့မျှဝေမှုတွေဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် စစ်တပ်ပိုင်မြဝတီသတင်း ဌာနက ဒီလိုကြေညာခဲ့ခြင်းမရှိပါဘူး။ ဒီလင်ခ့်မှာကြည့်ပါ။  “Truenewsu” အမည်နဲ့ ဒီဝက်ဘ်ဆိုဒ်မှာတွေ့ရတဲ့  အကြောင်းအရာတွေကို လေ့လာကြည့်ရာမှာ အင်တာနက်ကနေ လူစိတ်ဝင်စားစေမယ့် သတင်းခေါင်းစဉ်တုတွေပေးပြီး ဗွီဒီယိုတစ်ခုကို ကြည့်ရှု့သူအရေ အတွက်ပေါ်မူတည်စီးပွားရှာနေတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တာတွေ့ရပါတယ်။ ဗွီဒီယိုပါအသံဖိုင်ထဲမှာတော့ လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့တဲ့ သတင်းနဲ့ အကြောင်းအရာတွေကို […]

Continue Reading

Fact Check:  ဟိုဖိတ်ရွာမှာ KNPP နဲ့ PDF က အမျိုးသမီးတစ်ဦးကို မျက်လုံးဖောက် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းမှား

 လွိုင်ကော် ဟိုဖိတ်ကျေးရွာမှာ KNPP နဲ့ PDF က အမျိုးသမီးတစ်ဦးကို မျက်လုံးဖောက်သတ်ဖြတ်ခဲ့တယ်ဆိုပြီး ဓာတ်ပုံ ၃ ပုံကို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိတာတွေ့ရပါတယ်။  သို့သော် ဒီမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီလုပ်ရပ်ဟာ သူတို့နဲ့ မသက်ဆိုင်ကြောင်း ငြင်းဆိုထားတာ တွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ “KNPP, PDF ၏  War Crime (စစ်ရာဇဝတ်မှု) ကျူးလွန်ခြင်း”လို့ ခေါင်းစဉ်တပ် ရေးသားထားပါတယ်။ “KNPP+PDF အဖွဲ့တွေဟာ လွိင်ကော်မြိုနယ်၊ ဂေါ်ရခါးရွာမှာ ခိုအောင်းနေရာကနေ တပ်မတော်ရဲ့ တိုက်ခိုက်မှုကြောင့်  ဟိုဖိတ်ရွာသို ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ထပ်မံလိုက်လံတိုက်ခိုက်ရာမှာ လူနေအဆောက်အဦ၊ ပြည်သူပိုင်အဆောက်အဦနဲ့ ဘာသာရေး အဆောက်အဦ များတွင် ပစ်ကျင်း၊ ပစ်ကုတ်များတူးပြီး ခံစစ်ပြင်ဆင်တပ်စွဲခြင်းနှင့် ရပ်ကွက်များ အတွင်း ဆက်သွယ်ရေး မြောင်းများ၊ သဲအိတ် ဘန်ကာများ၊ […]

Continue Reading

Fact Check: ၂၀၁၉ ခုနှစ်အတွင်းက TNLA ဆီကသိမ်းဆည်းရမိတဲ့လက်နက်တွေကို ကျူးကျော်အိမ်တွေရှင်းလင်းမှုကရတဲ့လက်နက်အဖြစ်ပြန်လည်မျှဝေ

ရန်ကုန်မှာ ကျူးကျော်တွေကို ဖျက်သိမ်းပြီးနောက်တွေ့ရတဲ့ လက်နက်တွေလို့ဆိုထားတဲ့ ပို့စ်တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ သို့သော် ဓာတ်ပုံတွေဟာ ၂၀၁၈ ခုနှစ်က တအောင်လွတ်မြောက်ရေးတပ်မတော်(TNLA)ဆီနေ စစ်တပ်က သိမ်းဆည်းရမိတဲ့လက်နက်တွေအဖြစ် အင်တာနက်မှာပျံ့နှံဖူးပြီး ကျူးကျော်တွေဖယ်ရှားရှင်းလင်းစဉ်မှာ လက်နက်အမြောက်အများတွေ့ရတယ်ဆိုတဲ့အထောက်အထားလည်းမတွေ့ရပါဘူး။ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုက ရေးသားချက်အချို့ကို ကောက်နုတ်ဖော်ပြရင် အောက်ပါ အတိုင်းဖြစ်ပါတယ်။  “မြို့ အနှံ့က ကျူးတွေ ကို စီမံချက်ချပြီး အဆောတလျင် ဖျက်ပစ်လိုက်တဲ့ အခါမှာတော့ လှိုင်သာယာ ကျူးနဲ့ ဘုရင်နောင် တံတား အောင်ဇေယျ တံတားအောက်ဖက်က ကျူးအိမ်တွေမှာ…… ဒလ ဘက် သံလျှင် ဘက် ရွှေပြည်သာ ဘက်တွေမှာ အား ပါး ပါးးးးပက်ပက်စက်စက်ကြီး ပါပဲ ဗျာ.! သေတ္တာတွေ နဲ့ ဆာလာအိပ် အထုပ်တွေ အပြင် […]

Continue Reading

Fact Check: ဒီဓာတ်ပုံက မင်းကင်းမှာPDF စခန်းအားမီးရှို့ဖျက်ဆီးမှုလား-မဟုတ်ပါ

မင်းကင်းမှာ PDF စခန်းတစ်ခု မီးရှို့ဖျက်ဆီးမှုဆိုပြီးတော့ ဓာတ်ပုံ ၃ ပုံနှင့်အတူ မျှဝေထားရာမှာ ဒီပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံ ၃ ပုံမှာ အဝေးမှာ မီးလောင်နေတဲ့ မြင်ကွင်း၊ လူ ၃ ယောက်မှောက်လျှက်သားဖမ်းဆီးထားပုံနဲ့ လက်လုပ်သေနတ်အနည်းငယ်ကို စီတန်းရိုက်ထားတဲ့ ဓာတ်ပုံတွေပါဝင်ပါတယ်။  သို့သော် မီးလောင်နေတဲ့ဓာတ်ပုံဟာ မင်းကင်းမြို့နယ် ဘင်ကျေးရွာ မီးရှို့ခံရမှုက ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုကို အောက်ပါအတိုင်းတွေ့ရပါတယ်။ “ဖေဖော်ဝါရီ ၂၊ ၂၀၂၂။ အင်အား၃၀၀ကျော်ရှိသော မင်းကင်းpdf စခန်းတဲတွေကို တပ်တော်မှတိုက်ခိုက်ပီး PDF၃၅ဦးကိုဖမ်းဆီးမိသွား PDFအမျိုးသား၃ဦးနားထင် စနိုက်ပါမှန်သေဆုံး စခန်းအားမီးရှိုဖျက်ဆီးခဲ့ #စွန်ရဲ ”လို့ “အစိမ်းရောင် ချစ်သူ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၄၀၀ ကျော်ရှိပါတယ်။ တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ […]

Continue Reading

Fact Check: ဓမ္မစေတီခေါင်းလောင်းပေါ်လာပြန်ပြီလား-မဟုတ်ပါ

ဓမ္မစေတီခေါင်းလောင်းကြီး ပြန်ပေါ်လာပြီဖြစ်လို့ ပြန်လည်ဖော်ယူတော့မယ်ဆိုပြီးတော့ ဓာတ်ပုံ ၁ပုံနဲ့အတူ ရေးသားထားတဲ့ ပိုစ့်တစ်ခုဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ ပုံထဲမှာ သောင်တူးစက်ပါဝင်တဲ့ ကူးတို့ဇက်သင်္ဘောတစ်စီးလို့ ယူဆရတဲ့ မြင်ကွင်းပါဝင်ပြီး ဒီလိုပြန်လည်တူးဖော်နိုင်ရေး အလှူငွေထည့်ဝင်ကြဖို့နဲ့ ဒီသတင်းကို ကိုယ့်မိတ်ဆွေတွေဆီမျှဝေကြဖို့လည်း လည်းတိုက်တွန်းထားပါတယ်။ သို့သော် ဓာတ်ပုံနဲ့ အကြောင်းအရာဟာ ၂၀၁၄ ခုနှစ်အတွင်းက ရေပန်းစားခဲ့တဲ့အကြောင်းအရာကို ပြန်လည် ကူးယူဖော်ပြနေခြင်းဖြစ်တာတွေ့ရပါတယ်။ “ဒေါပုံချောင်းထဲ၌ အင်္ဂလိပ်မင်းလက်ထက်က တိုင်းတပါးရန်ကြောင့် ရေထဲမှာပင် ကွယ်ပျောက်နေသော ကမ္ဘာ့အကြီးဆုံး ဂင်းနစ်စံချန်တင် ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးမှာ ပြာသိုလပြည့်ကျော် ၄ ရက် ညနေ သုံးနာရီမှာ ပြန်လည်ပေါ်လာပြီ ဖြစ်ပါကြောင်း သတင်းကောင်းပို့အပ်ပါသည်။ အများကြည်ညိုနိုင်ရန် ပြန်လည်ဆယ်ယူမည်ဖြစ်ကာ အလေးချိန်မှာ ကြီးမားသောကြောင့် ဆစ်ဒနီမှ စက်များဖြင့် ဆည်ယူနိုင်ရေး ရန်ပုံငွေများ ကောက်ခံပါမည်။ ငွေ လက်ခံဌာနများကိုဖြင့် […]

Continue Reading

Fact Check: မုံရွာနည်းပညာတက္ကသိုလ်ကျောင်းသားတွေရဲ့ တပ်မတော်ထောက်ခံပွဲ ဆိုတဲ့ သတင်းတုသတင်းမှားဖြန့်ဝေ

မုံရွာနည်းပညာတက္ကသိုလ်မှကျောင်းသား၊ကျောင်းသူတွေရဲ့ တပ်မတော်ထောက်ခံပွဲလို့ရေးသားပြီး ဦးထုတ် အဖြူ ဆောင်းထားတဲ့လူငယ်အများအပြား စီတန်းလှည့်လည်နေတဲ့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။  တကယ်တော့ ဓာတ်ပုံဟာ ၂၀၂၁ ခုနှစ်က စစ်တပ်က အာဏာသိမ်းဆန္ဒပြပွဲတစ်ခုက ဓာတ်ပုံဖြစ်ပါတယ်။ “မုံရွာနည်းပညာတက္ကသိုလ်မှကျောင်းသား/ကျောင်းသူများ တပ်မတော်ထောက်ခံပွဲတွင်ပဲဝင်ဆင်နွဲ ပညာတတ်တွေပဲ တပ်မတော်ထောက်ခံတယ် နီးပေါတေသိဘို့”လို့  တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link ဓာတ်ပုံထဲမှာ “နည်းပညာတက္ကသိုလ် (မုံရွာ) ကျောင်းသားကျောင်းသူဟောင်းများ”လို့ရေးသားထား တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံကို ရှာဖွေကြည့်ရာမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်ကတည်းက အွန်လိုင်းမှာပျံ့နှံ့လျက်ရှိတာ အောက်ပါအတိုင်းတွေ့ရပါတယ်။ “Kay Thi Win”အမည်နဲ့ […]

Continue Reading