Fact Check: ၂၀၁၃ ခုနှစ်က ထိုင်းနိုင်ငံမဲဆူရင်း ဒုက္ခသည်စခန်း မီးလောင်ပုံကို ပေါက်မီးလောင်မှုအဖြစ်ဖော်ပြနေတဲ့ ဗွီဒီယို

ဇွန် ၁၅ ရက်နေ့က ပေါက်မြို့နယ် ကင်းမရွာအား စစ်တပ်ကမီးရှို့ခဲ့တဲ့ ဗွီဒီယိုလို့ရေးသားပြီးတော့ မြေစိုက်တဲအိမ် အချို့ မီးလောင်နေတဲ့ မြင်ကွင်းကို ရိုက်ကူးထားတဲ့ ဗွီဒီယိုတစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်း များစွာကဖြန့်ဝေလျှက်ရှိပါတယ်။  သို့သော် ဒီဗွီဒီယိုဟာ ထိုင်းနိုင်ငံမှာ ဒုက္ခသည်စခန်းမီးလောင်မှုဖြစ်စဉ်က ဗွီဒီယိုဖြစ်ပြီး ၂၀၁၃ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။  “ယနေ့(၁၅.၆.၂၁)နေ့တွင် ပေါက်မြို့နယ်ကင်းမရွာအား အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့များက မီးရှို့ခဲ့ရာ တစ်ရွာလုံးပြာကျ ခဲ့သည့် video။ Copy by Ko thu”စသည်ဖြင့် ရေးသားပြီး“Zayar Hlwanbo”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထား ပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက်  Google မှာ အဓိကကျတဲ့ […]

Continue Reading

Fact Check: လွိုင်ကော်က တပ်ရင်း ၅၄ ကို တိုက်ခိုက်သိမ်းပိုက်တယ်ဆိုတဲ့ သတင်းတုသတင်းမှား

လွိုင်ကော် တပ်ရင်း ၅၄ တစ်ရင်းလုံးကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)သိမ်းပိုက်လိုက်ပြီးနောက် သိမ်းဆည်းရမိတဲ့ လက်နက်တွေဓာတ်ပုံ ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ဖြန့်ဝေလျှက်ရှိပါတယ်။  သို့သော် ဒီသတင်းဟာ မှားယွင်းပါတယ်။ ဓာတ်ပုံတွေဟာလည်း ၂၀၁၅ ခုနှစ် ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံတွေဖြစ်တာတွေလည်း တွေ့ရပါတယ်။  “သောင်းလှိုင်သားရေ ခများသားသမီးတေတော့ PDF တွေကို တပ်ရင်းလိုက်လှူကုန်ပြီ 😎😁😁 ယနေ့လွိုင်ကော် တပ်ရင်း ၅၄ တစ်ရင်းလုံး သိမ်း”လို့ ရေးသားပြီး“Moe Sandar Aung”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ​ကယားပြည်နယ်မှာ ပြည်သူ့လက်နက်ကိုင်တပ်ဖွဲ့နဲ့ တပ်မတော်ရဲ့ ထိတွေ့မှုသတင်းတွေကို ဖော်ပြနေတဲ့ Karenni People […]

Continue Reading

Fact Check: ၂၀၁၆ ခုနှစ်က နေပြည်တော်အေလာလေဆိပ်အနီးမှာ လေယာဉ်ပျက်စဉ်က ဗွီဒီယိုကို ပြင်ဉီးလွင်မှာ ယနေ့ လေယာဉ်ပျက်ကျမှုအဖြစ်မျှဝေ

ပြင်ဦးလွင်မှာ ယနေ့လေယာဉ်ပျက်ကျမှုအဖြစ် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ မြင်ကွင်းတွေပါဝင်တဲ့ ဗွီဒီယိုတစ်ခုကိုဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက မျှဝေလျက်ရှိပါတယ်။ ဗွီဒီယိုမှာ ကယ်ဆယ်ရေး ဝတ်စုံဝတ်အရပ်သားအချို့နဲ့ စစ်သားတွေက အလောင်းတွေကို သယ်ဆောင်လာတဲ့မြင်ကွင်းပုံတွေပါဝင်ပါတယ်။ သို့သော် ဒီဗွီဒီယိုဟာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က စစ်လေယာဉ်တစ်စီး နေပြည်တော် လေဆိပ်က အတက်မှာပျက်ကျမှုဖြစ်စဉ်ကဖြစ်တာရပါတယ်။  “ပြင်ဦးလွင်အနီးလေယဥ်ပျက်ကျတဲ့ ရုပ်သံဖိုင် June 10”စသည်ဖြင့် ရေးသားပြီး“Nyi Naing”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဒီဗွီဒီယိုကို အောက်ပါအတိုင်း မျှဝေထားရာမှာ နာရီပိုင်းအတွင်း ပြန်လည်မျှဝေသူ ၆ ထောင်ကျော်ရှိပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ The Hakar Post မီဒီယာကလည်း ဒီဗွီဒီယိုဖိုင်ကို ဇွန်လ ၁၀ ရက် ပြင်ဦးလွင်အနီး စစ်တပ်လေယာဉ်ပျက်ကျတဲ့ ဗွီဒီယိုဖိုင်လို့ရေးသားမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb […]

Continue Reading

Fact Check: အလှမယ်ထားထက်ထက်ကို တိုက်ခိုက်တဲ့ သတင်းတု RFM ဖြန့်ဝေ

လက်နက်ကိုင်တစ်ဖြစ်လဲ အလှမယ်ထားထက်ထက် မုဒိန်းကျင့်ခံရပြီး အဖမ်းခံထားရတယ်လို့ ရေးသားပြီး  လူမှုကွန်ယက်မှာ ဖြန့်ဝေလျှက်ရှိပါတယ်။  သို့သော် ဒီသတင်းဟာ မှားယွင်းပါတယ်။ အလှမယ် ထားထက်ထက်က မီဒီယာတစ်ခုကို သူဖြေဆိုထားတဲ့ အင်တာဗျူးကို ပုံမှားရိုက်ဖြန့်ထားခြင်းဖြစ်ပြီး သူ့အနေနဲ့ဘေးကင်းလုံခြုံတယ်လို့ လူမှု ကွန်ယက်က တစ်ဆင့် အသိပေးထားပြီးဖြစ်ပါတယ်။  “သူပုန်ကို ကယ်တင်ရှင်ဆိုပြီး အားကိုးတဲ့ ထားထားထက်တို့ သူရဲကောင်းအဖွဲ့ ဘာတွေဖြစ်ကုန်ပြီလဲ? ဒါ့ကြောင့်ပြောတာ၊ပျက်စီးချိန်တန်ရင် အတွေးမှားတယ် လို့။ဖင်ပိတ်ငြင်းကြအုံးလေ။ထို့အတူ အပြောကြီး ဟိတ်ဟန်ကောင်းတဲ့ CRPG NUG GZ PDF CDM စတဲ့ အရေခြုံတွေကို ယုံမိရင်လည်း ဘာဖြစ်မလဲ? စဉ်းစားကြ အရမ်းမလုပ်နဲ့။”စသည်ဖြင့် ရေးသားပြီး“U Dham Mika”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားပါတယ်။ ဒီလိုမျှဝေထားတဲ့ screenshot ဓာတ်ပုံတစ်ခုထဲမှာဆိုရင် ထားထက်ထက် မုဒိန်းကျင့်ခံရကြောင်း မိခင်ဖြစ်သူကို ငိုယိုပြောနေတယ်လို့ ပါဝင်ပါတယ်။ […]

Continue Reading

Fact Check: ၂၀၁၈ ခုနှစ်က KIA က ပြန်လွှတ်ပေးခဲ့တဲ့ တပ်မတော်သား ၃ ဦးကို လက်ရှိအဖြစ်အပျက်သဖွယ် ပြန်လည်မျှဝေ

ကချင်လက်နက်ကိုင်အဖွဲ့(KIA)က စစ်သား ၃ ယောက်ကို ပြန်လွှတ်ပေးလိုက်တယ်လို့ရေးသားပြီး ဓာတ်ပုံ ၃ ပုံနှင့်အတူ ဖေ့စ်ဘွတ် အသုံးပြုသူထောင်ပေါင်းများစွာပြန်လည်မျှဝေလျှက်ရှိပါတယ်။  သို့သော် ဓာတ်ပုံတွေဟာ ၂၀၁၈ ခုနှစ်အတွင်းက KIA က ပြန်လွှတ်ပေးလိုက်တဲ့ စစ်သားသုံးယောက်ရဲ့ ဓာတ်ပုံ ဖြစ်တာတွေ့ရပါတယ်။  “Soe Thiha”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူ မျှဝေထားတဲ့ စာသားတဲ့ ကောက်နှုတ်ချက်အချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ “KIA ဘက်က ဖမ်းမိထားတဲ့  စကစစစ်သား ၃ ယောက်ကို  သတ်မပစ်တဲ့အပြင် လမ်းစရိတ် ၅၀၀၀၀ စီ ပေးပြီး ပြန်လွှတ်ပေးလိုက်တယ် ဘယ်လောက် လူသားဆန်လဲ”စသည်ဖြင့် စအချီ ရေးသားပြီး မျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၅ထောင် ၆ ရာကျော်ရှိပါတယ်။ အလားတူ ရေးသားမျှ ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ […]

Continue Reading

Fact Check: ကာမိုင်းမြို့ထဲကို KIA ဝင်သိမ်းပိုက်တဲ့ဓာတ်ပုံလား-မဟုတ်ပါ

ကာမိုင်းမြို့ထဲကို ကချင်လက်နက်ကိုင်အဖွဲ့(KIA)က ဝင်ရောက်သိမ်းပိုက်တယ်ဆိုပြီးတော့ စစ်ဝတ်စုံနဲ့ စစ်သား တွေပါဝင်တဲ့ ဓာတ်ပုံ ၂ ပုံကို လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။  သို့သော် ဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့နှစ်များအတွင်း အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရသလို ကာမိုင်းမြို့မှာ ရိုက်ကူထားတဲ့ပုံမဟုတ်တာတွေ့ရပါတယ်။  “မြို့သိမ်းတယ်ဆိုတာ ဒါကိုခေါ်တယ်ဗျာ〰️ ကားမိုင်းမြို ကို ပြည်သူ့တပ်မတော် KIA မှ ဝင်ရောက်နေရာယူပြီးသကာလ….. #တရားသောစစ်ပွဲအောင်မြင်ပါစေ_ပြည်သူ့တပ်မတော်KIA”လို့ ရေးသားပြီး“Mi Soe”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူ က မျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၃ ထောင် ၅ ရာကျော်ရှိပါတယ်။ အလားတူ ရေးသားမျှ ဝေမှုတွေ ကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  […]

Continue Reading

Fact Check: ၂၀၁၇ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်ကတိမ်းရှောင်ခဲ့ရသူတွေကို ယနေ့ ကျုံပျော်က ထွက်ပြေးတိမ်းရှောင်ရသူတွေအဖြစ်မျှဝေ

ကျုံပျော်က ထွက်ပြေးတိမ်းရှောင်ရတဲ့ပြည်သူတွေဆိုပြီး ကွင်းပြင်တစ်ခုကို ဖြတ်သန်းလျက် အထုပ်ကိုယ်စီနဲ စီတန်းလမ်းလျှောက်သွားနေကြတဲ့ ဓာတ်ပုံကို လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေ လျှက်ရှိပါတယ်။  ဇွန် ၅ ရက်က ကျုံပျော်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ ဒေသခံတွေအကြား အပြန်အလှန်ပစ် ခတ်ခဲ့ရာ ကနေ ဒေသခံလက်နက်ကိုင်တွေထဲက အတော်များများသေဆုံးခဲ့ရပြီး ထွက်ပြေးတိမ်းရှောင်ရတာတွေလည်းရှိလာပါ တယ်။ သို့သော် ကျုံပျော်က ထွက်ပြေးသူတွေအဖြစ်မျှဝေနေတဲ့ဓာတ်ပုံဟာ ၂၀၁၇ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိပြီး ရခိုင်ပြည်နယ်အတွင်းက ထွက်ပြေးတိမ်းရှောင်ရသူတွေဖြစ်ပါတယ်။  “Where’s peace?ကျုံပျော်ပြည်သူတွေရေ မင်းတို့ဘယ်ပြေးမှာလဲငါတို့မသိပေမယ် ခိုနားရာနေရာတွေ့ပါစေကွာ ဘေးကြုံရင်တော့ပြေးခုန်ရမှာပဲလေနော ဒါနဲ့ဧရာ၀တီကိုပဲ sပစ်တင်နေတဲ့သူ ဒါလေးမြင်တော့ကြေနပ် လောက်ပီပေါ့”စသည်ဖြင့် ရေးသားပြီး“Saw Black”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၃ ထောင် ၅ ရာကျော်ရှိပါတယ်။  မူရင်းလင်ခ့် – Fb […]

Continue Reading

Fact Check: မြိတ်ရဲစခန်းနှုတ်ထွက်လိုက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေအဖြစ် မျှဝေနေတဲ့ သတင်းမှား

မြိတ်မြို့မှာရဲစခန်းတစ်ခုလုံး နှုတ်ထွက်တယ်လို့ရေးသားပြီး ရဲအရာရှိနဲ့ ရဲတပ်သားအချို့ပုံများနှင့်အတူ ရေးသားမျှဝေထားတဲ့ပို့စ်ကို  လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။  သို့သော် ဒီသတင်းဟာ မှားယွင်းသလို ဓာတ်ပုံတွေဟာလည်း မတ်လကတည်းက အင်တာနက်မှာပျံ့နှံ့ လျက်ရှိပြီး အခြားသော ရဲစခန်းတွေက စစ်အုပ်ချုပ်ရေးကို ဖိဆန်မှုလုပ်ခဲ့တဲ့ ရဲအရာရှိနဲ့ ရဲတပ်သားအချို့ရဲ့ ပုံဖြစ်ပါတယ်။  “မြိတ် ရဲစခန်းတခုလုံး  တာဝန်မှ နှုတ်ထွက်.👮 အမြင်မှန်ရသူများ အသက်ရှည်၏”လို့ ရေးသားပြီး“KoKo Naing”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာ ပြန်လည်မျှဝေတဲ့အကြိမ်ပေါင်း ၅ ထောင် ၉ ရာ ကျော်ရှိပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် အခြားလွတ်လပ်သော သတင်းအဓိကလုပ်ကိုင်နေတဲ့ သတင်းမီဒီယာတွေမှာ […]

Continue Reading

Fact Check: ၂၀၁၉ ခုနှစ်က Line Walker ရိုက်ကူးရေးပုံရိပ်ကို ဆူးလေမှာ ပစ်ခတ် မှုဖြစ်ပုံအဖြစ်မျှဝေနေ

ဆူးလေမှာ ပစ်ခတ်မှုဖြစ်ပွားတယ်လို့ရေးသားပြီး ကားတွေတိမ်းမှောက်လျှက် လမ်းမထက်မှာ ဖရိုဖရဲ ဖြစ်နေတဲ့ ဓာတ်ပုံ ၄ ပုံကို  လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံတွေမှာ ရန်ကုန်မြို့လယ် ဆူးလေလမ်းမှာ အဖြူရောင်ကား တစ်စီး လမ်းမထက်မှာ တိမ်းမှောက်နေပုံ၊ အမည်းရောင်ကား တစ်စီး လမ်းဘေး ပလက်ဖောင်းမှာ ပက်လက်လန်နေပုံတွေနဲ့အတူ လမ်းမထက်မှာ ဖရိုဖရဲဖြစ်နေတဲ့ပုံ၊ လူတွေဝိုင်းအုံကြည့်နေတဲ့ပုံတွေပါဝင်ပါတယ်။  သို့သော် ဒီသတင်းဟာ မှားယွင်းပါတယ်။ ဓာတ်ပုံတွေဟာ Line Walker 2 အမည်ရ ဇာတ်ကားရဲ့ ဇာတ်လမ်း ရိုက်ကူးရေးက ပုံတွေဖြစ်ပါတယ်။  “01-06-2021 ယနေ့ နေ့လည် 12:00 လောက်က ဆူးလေ မြို့ထဲ ပစ်ခတ်မှုဖြစ်ပွား”လို့ ရေးသားပြီး“Søe Min”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ၂၄ နာရီအတွင်း ပြန်လည်မျှဝေတဲ့အကြိမ်ပေါင်း ၉၇၀ […]

Continue Reading

Fact Check: မန္တလေးဆန္ဒပြခေါင်းဆောင် ကိုတေဇာဆန်း ပစ်သတ်ခံရလို့ သတင်းတု သတင်းမှားဖြန့်

မန္တလေးဆန္ဒပြခေါင်းဆောင်ကိုတေဇာဆန်းကို ဖမ်းဆီးပြီး သေနတ်နဲ့ပစ်သတ်တယ်လို့ ရေးသားပြီး ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိပါတယ်။ တကယ်တော့ ဒီသတင်းဟာ မှားယွင်းပါတယ်။  “အခုလေးတင်ဖြစ်သွားတာ ကိုတေဇဆန်း ကောင်းရာ ဘဝ ရောက်ပါစေဗျာ”လို့ ရေးသားပြီး ကိုတေဇာဆန်းကို ဖမ်းဆီးပြီး ပစ်သတ်လိုက်တယ်လို့လည်း “News218Media”အမည်နဲ့ ဘလော့စာမျက်နှာက မျှဝေထားပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် မေ ၂၉ ရက်က ကိုတေဇာဆန်းကိုဖမ်းဆီးပြီး ပစ်သတ်ခံရတယ်လို့ ရေးသားထားပေမဲ့ မန္တလေးက သပိတ် စစ်ကြောင်းဦးဆောင်သူ ကိုတေဇာဆန်းဟာ သူ့ရဲ့ဖေ့စ်ဘွတ်မှာ မေ ၃၀ ရက်အထိ မန္တလေးမှာ ပုံမှန်သပိတ်စစ်ကြောင်းတွေ ထွက်နေဆဲဖြစ်ကြောင်း သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ […]

Continue Reading