ဂျက်ကီချမ်းနဲ့ ဂျက်လီက ဗုဒ္ဓပုံတော်ပါတဲ့ ဓာတ်ပုံကိုကိုင်ပြီး ဓာတ်ပုံရိုက်ထား တာလား

“ဝိုးးးးစိတ်ချမ်သာစရာကောင်းလိုက်တာ ကြည်နူးရပါတယ်”ဆိုပြီးတော့ “ပြည်တွင်းပြည်ပ-သတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ “H Poat”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက ၂၀၁၆ ခုနှစ် မတ် ၂၀ ရက်က “May Yee Aung”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူ မျှဝေခဲ့တဲ့ “ဗုဒ္ဓဘာသာဖြစ်ကုန်ကြပြီ”ဆိုတဲ့ ပို့စ်တစ်ခုကို မျှဝေထားတာတွေ့ရပါတယ်။ ဒီပို့စ်မှာ ကမ္ဘာ့ စီးပွားရေး၊လူမှုရေး၊ နိုင်ငံရေးနဲ့ ထင်ရှားနာမည်ကြီးသူတွေ ဗုဒ္ဓဘာသာပြောင်းကုန်တဲ့အကြောင်း ရေးသားထားပြီး အိုင်းစတိုင်းပြောခဲ့တဲ့ ကမ္ဘာမှာ ဗုဒ္ဓဘာသာ တစ်ခုပဲ ကျန်ခဲ့မယ်လို့ပြောတဲ့အကြောင်း ရေးသားထားသလို မင်းသားဂျက်ကီချမ်းနဲ့ ဂျက်လီက အခမ်းအနားတစ်ခုမှာ ဗုဒ္ဓပုံတော်ကို ကိုင်ပြီးတော့ ဓာတ်ပုံရိုက်ခံနေတဲ့ပုံလည်းပါဝင်ပါတယ်။ Link Link Archive link Archive link ဒီပို့စ်ကို လက်ရှိအချိန်အထိလည်း မျှဝေနေတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Goolge မှာ မျှဝေထားတဲ့ပုံကို ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ ၂၀၀၇ ခုနှစ်၊ဇွန် ၁၄ ရက်က ဟန်ဒီယန် […]

Continue Reading

ဆယ်တန်းအောင်စာရင်း 2-7-2020 ထွက်မယ်ဆိုတာမဟုတ်ပါ

COVID-19 ကပ်ရောဂါကြောင့် ဒီနှစ်တက္ကသိုလ်အပါအဝင် အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ရေး မရေရာမှုတွေရှိခဲ့သလို စာမေးပွဲအောင်စာရင်ထွက်ရက် မရေရာမှုတွေ ရှိခဲ့ပါတယ်။ “10 တန်းအောင်စာရင်း 2-7-2020 ထွက်ပါမည် အများသိအောင်shareလိုက်ပါ”ဆိုပြီး “သတင်း စုံ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကမျှဝေထားပါတယ်။ မေ ၁၅ ရက်မျှဝေထားတဲ့ ဒီသတင်းကို လူမှုကွန်ယက်သုံးစွဲသူ  ၄ သောင်းကျော်က ပြန်လည်မျှဝေခဲ့ပြီးဖြစ်သလို လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာ လူမှုကွန်ယက်သုံးစွဲသူ  ၈ ထောင်ကျော် ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဇွန် ၁၂ ရက်က ပညာရေးဝန်ကြီးဌာနရဲ့ ၄ နှစ်မြောက် ၁ နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းစဉ်များ နဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို သြဂုတ်လထဲမှာ ထုတ်ပြန် ကြေညာသွားမယ်နိုင်ဖို့ […]

Continue Reading

အမေစုရဲ့ ၇၅ နှစ်မြှောက်မွေးနေ့ အလှူအဖြစ် ဖုန်းဘေလ်တစ်ယောက်ကို 5000 စီပေးမယ်ဆိုတာမဟုတ်ပါ

အမေစုရဲ့ ၇၅ နှစ်မြှောက်မွေးနေ့  အလှူအဖြစ် ဖုန်းဘေလ်တစ်ယောက်ကို  5000 စီပေးမယ်ဆိုပြီး ဖေ့စ်ဘွတ် ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူတွေအကြားမှာ ပျံ့နှံလျက်ရှိ တာတွေ့ရပါတယ်။  “န ဒီ”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက “အမေစုရဲ့ ၇၅ နှစ်မြှောက်မွေးနေ့  အလှူ…. ယနေ့(19.6.2020)နေ့ တွင်ကျရောက်သော အမေစု ရဲ့75နှစ်ပြည့်မွေးနေ့ကိုဂုဏ်ပြုသောအားဖြင့်  ဖုန်းဘေလ်တစ်ယောက်ကို  5000 စီ လက်ဆောင်ပေးသွားပါမယ်ရှင် ဒီပို့စ်အောက်မှာ ဖုန်းဘေလ်လွှဲရမယ့် ဖုန်းနံပါတ်ရေးခဲ့ပါ ပို့စ်ကိုအနည်းဆုံး ဂရုသုံးခုကို share ရှယ်ပေးပါ လွှဲရမယ့်ဖုန်းနံပါတ်ကို အတိအကျရေးပါနော် ဖုန်းမှားပြီးရောက်မှာစိုးလို့ပါ ဂရုထဲဝင်ထားမှပေးပါမယ် ဂရုကိုဝင်ထားပေးပါ်”စသည်ဖြင့်ရေးသားပြီး “ထီပေါက်လို့  လှူမယ်”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားပါတယ်။ ဒီပို့စ်ဟာ မျှဝေပြီး ၂၃ နာရီအတွင်းမှာ လူ တစ်သောင်းကျော်က ပြန်လည်မျှဝေခဲ့ကြပြီး မှတ်ချက် ၅ ထောင်ကျော်ရေးသားခဲ့ကြတာတွေ့ရပါတယ်။ လူတွေက […]

Continue Reading

သေနတ်ကျည်ထံမှန်လို့ ခြေထောက်ဖြတ်လိုက်ရတဲ့သူတစ်ဉီးကို AA အမျိုးသမီးစစ်သည် အဖြစ် လှည့်စားထားတဲ့ သတင်း

အသက်ငယ်ပိုင်းနဲ့ ခြေတစ်ဖက်ပြက်နေတဲ့အမျိုးသမီးခုတင်ပေါ်ထိုင်နေတဲ့ပုံတစ်ခုကို “AA အဖွဲ့၏ မထောက်ပံ့မှု ကြောင့် ခြေတစ်ဖက်တည်းဖြင့် မိသားစုဝမ်းရေး ဖြေရှင်းရတော့မည့် AA အမျိုးသမီးစစ်သည် မမိုးမိုးနွယ်”ဆိုပြီးတော့ ခေါင်းစဉ်တပ်ပြီး “Emerald Zin”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားတာတွေ့ရပါတယ်။  မမိုးမိုးနွယ်ရဲ့ မိဘအမည်နဲ့မျိုးရိုးနဲ့ နေရပ်လိပ်စာတွေကိုလည်းဖော်ပြထားပြီး အသက် (၁၆)နှစ်အရွယ်မှာ AA အမာခံများရဲ့စည်းရုံးမှုကြောင့် AA စစ်သင်တန်းကျောင်းမှာ စစ်သင်တန်းတက်ကာ စစ်တိုက်ရန် ပြန်လည် စေလွတ်ခြင်းခံခဲ့ရတယ်လို့လည်းရေးသားတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဒီပို့စ်မှာပါတဲ့ ပထမဆုံးပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါ တယ်။  ဇူလိုင် ၁၂ ရက်က bnionline ကဖော်ပြခဲ့တဲ့ “ခြေတစ်ဖက်တည်းဖြင့် မိသားစုဝမ်းရေး ဖြေရှင်းရတော့မည့် မမိုးမိုးနွယ်”ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဒီပုံကို သုံးစွဲဖော်ပြထားပါတယ်။အသက် ၁၇ နှစ်အရွယ် […]

Continue Reading

ကိုရိုနာကပ်ရောဂါနဲ့ပတ်သက်ပြီး မိုင်းဖုန်းဆရာတော်ကြီးမိန့်ကြားတယ်ဆိုတဲ့ သတင်းတု

“ရှေ့ဆက်ဖြစ်လာမယ့် ကိုရိုနာ ကပ်ရောဂါအကြောင်း မိန့်ကြားလိုက်တဲ့မိုင်းဖုန်းဆရာတော်”ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းတစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ဒီခေါင်းစဉ်နဲ့မျှဝေထားတဲ့သတင်းမှာ “ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ဟာ လူဉီးရေ သန်း ၁၀၀ အထိကူးစက်ခံရမယ်၊ ၂၀၂၀ နဲ့ ၂၀၂၁. ခုနှစ်တွေဟာအဆိုးရွားဆုံးနှစ်တွေဖြစ်မယ်၊ စီးပွားပျက်ကပ်တွေလည်းဖြစ်မယ်၊၂၀၂၂ မှ အကောင်း ဘက်ပြန်ရောက်မယ်၊ ဘင်္ဂလားဒေရှ့်တစ်နိူင်ငံလုံးနီးပါး ကူးစက်မှုဖြစ်ပြီး သေဆုံးမှု့အများဆုံးဖြစ်ကာ အလောင်း များတောင်လိုပုံမယ်၊ ဘူတန်နိုင်ငံက ကပ်ရောဂါသိပ်မခံစားရဘူး၊  ကပ်ရောဂါဟာ တရုတ်မှာစပြီး တရုတ်မှာ အကြီးအကျယ်ပြန့် အဆုံးသတ်သွားမယ်၊ မြန်မာပြည်မှာတော့ ဘုရား တရား မြဲတဲ့ ဒေသတွေဟာ ကပ်ရောဂါမ ှကင်းဝေးမယ်၊ ကပ်ရောဂါဖြစ်နေတဲ့ဒေသမှာ အကောင်းဆုံး ကာကွယ်ဆေးက ဘုရား တရား သံဃာကို နေ့တိုင်းရှိခိုး ရွတ်ဆိုနေခြင်းပဲ”စသည်ဖြင့် ရေးသားထားပါတယ်။ Fb link Archive link ဒီသတင်းကို […]

Continue Reading

သရုပ်ဆောင်စမိုင်းရဲ့မွေးနေ့ကံစမ်းမဲစာရင်းမှာပါဖို့ ဖေ့စ်ဘွတ်အုပ်စု ၅ ခုမှာ ပို့စ်ကို မျှဝေစရာ မလိုပါ

သရုပ်ဆောင် စမိုင်းက မွေးနေ့မှာ အွန်လိုင်းကနေပြီး ငွေကျပ်(၃၆)သိန်းဖိုး ကံစမ်းမဲဖောက်ပေးမှာဖြစ်လို့ ဂရု ၅ ခုရှဲပြီး ဖုန်းနံပါတ်ရေးခဲ့ပါဆိုတဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့နေ တာတွေ့ရပါတယ်။  “May Yati”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက “မွေးနေ့မှာ အွန်လိုင်းကနေပြီး ငွေကျပ်(၃၆)သိန်းဖိုး ကံစမ်းမဲ ဖောက်ပေးမယ်ဆိုတဲ့ စမိုင်း ဂရု၅ခုရှဲပြီး ဖုန်းနံပါတ်ရေးခဲ့ပါ”စသည်ဖြင့်ရေးသားပြီး “ဖုန်းဖြင့် ငွေလက်ခံမည့် သူများစာရင်း”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားပါတယ်။  Fb link Archive link သရုပ်ဆောင်စမိုင်းဟာ သူမမွေးနေ့ပါတီမှာ အွန်လိုင်းကနေပြီးတော့ မဲဖောက်ပေးမယ့်အစီအစဉ်ရှိ တာတွေ့ ရပါတယ်။ သို့သော်လည်း အခုလို့ ပို့စ်ကို ဖေ့စ်ဘွတ်အုပ်စု ၅ ခုမှာ မျှဝေခိုင်းပြီး ဖုန်းနံပါတ်ရေးခိုင်းသလားကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် သရုပ်ဆောင်စမိုင်းရဲ့ တရားဝင်စာမျက်နှာဖြစ်တဲ့ “စမိုင္းလ္ Smile”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ […]

Continue Reading

ရန်ကုန်ဆေးရုံကြီးမှာ အမျိုးသားများ ကိုယ်ဝန်ဆောင်နိုင်ရန် စမ်းသပ်မှုအောင်မြင်ဆိုတဲ့ သတင်းတု

ရန်ကုန်ဆေးရုံကြီးမှာ အမျိုးသားများ ကိုယ်ဝန်ဆောင် နိုင်ရန် စမ်းသပ်မှု အောင်မြင်တယ်ဆိုပြီး အမျိုးသားတစ်ဦး သာမန်ထက်ဗိုက်ဖောင်းနေတဲ့ ပုံနဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။ “မြန်မာနိုင်ငံရန်ကုန်မြို့ရှိ ကုတင် ၁၀၀၀ အထူးကုဆေးရုံကြီးတွင် ဇွန်လ ၁ရက်နေ့က အမျိုးသားများကိုယ်ဝန် ဆောင် ခြင်းကို စမ်းသပ်ခဲ့ရာ အောင်မြင်မှုရှိခဲ့သည်ဟု ဒေါက်တာဦးကိုကိုဝင်းမှ ပြာကြားသွားသည်”ဆိုပြီးတော့ အောက်ပါအတိုင်း မျှဝေထားတဲ့ ပို့စ်မှာရေးသားထားတာတွေ့ရပါတယ်။ Fb link Archive link ရန်ကုန်ဆေးရုံကြီးမှာ အမျိုးသားတွေ ကိုယ်ဝန်ဆောင်ဖို့ စမ်းသပ်မှုရှိခဲ့သလား။ ဓာတ်ပုံထဲက ဗိုက်ပူနေတဲ့သူတွေ က ကိုယ်ဝန်ဆောင်ထားတာလား။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း အမျိုးသားတွေ ကိုယ်ဝန်ဆောင်ဖို့ စမ်းသပ်မှု အောင်မြင်တယ်ဆိုတဲ့ ပို့စ်မျိုးမတွေ့ရှိရပါဘူး။ မြန်မာနိုင်ငံက အထင်ကရ သတင်းမီဒီယာကြီးတွေမှာ ဒီလိုသတင်းမျိုးတစ်စုံတစ်ရာဖော်ပြထားတာ မတွေ့ရှိ ပါဘူး။ […]

Continue Reading

မြန်မာနိုင်ငံမှာ ဗုဒ္ဓခြေတော်ရာအဖြစ်မျှဝေနေတဲ့ ဟာနုမာန်ခြေရာ

ဗုဒ္ဓရဲ့ ခြေရာတော် အစစ်ဆိုပြီးတော့ ခြေတော်ရာကြီးတစ်ခုကို လူတွေက ထိုင်ကန်တော့နေဟန် ပို့စ်တစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ “ဗုဒ္ဓရဲ့ ခြေရာတော် အစစ်ပလိုရာ ဆုတောင်းပြီး ရှဲပါ ကိုယ်တွေ့ပါသူများတွေလဲ ဖူးရအောင် ရှဲပေးကြနော်ဗုဒ္ဓရဲ့ ခြေရာတော် အစစ်ပါလိုရာ ဆုတောင်းပြီး ရှဲပါ ကိုယ်တွေ့ပါသူများတွေလဲ ဖူးရအောင် ရှဲပေးကြနော်”ဆိုပြီးတော့ mmrepublic.com ကရေးသားထားတဲ့ ပို့စ်ကို ပြန်လည်မျှဝေနေကြတာဖြစ်ပါတယ်။ Link Archive link ဗုဒ္ဓခြေတော်ရာတွေထဲမှာ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်မှာရှိတဲ့ ရွှေစက်တော်ဟာ နာမည်ကြီးပါတယ်။ တကယ်ပဲ ဒီခြေတော်ရာဟာ ဗုဒ္ဓခြေတော်ရာလားဆိုတာ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် Goolge မှာ မျှဝေထားတဲ့ပုံကို ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ ၂၀၁၃ ခုနှစ်လောက်ကတည်း အင်တာနက်မှာ ဒီပုံဟာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ဒီပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေအရ ဒီခြေတော်ရာဟာ ဗုဒ္ဓခြေတော်ရာထက် ထိုင်းနိုင်ငံက […]

Continue Reading

ထီပေါက်လို့ လှူချင်လို့ပါဆိုပြီး ဖေ့စ်ဘွတ်သုံးစွဲသူတွေကို ညာနေတဲ့ ဖေ့စ်ဘွတ်အုပ်စု

“Sein Lwin”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက “ဂရု Join ထားနော် ရတဲ့သူတွေရကုန်ပီး… မရသေးသူများ ဖုန်းနံပတ်ရေးခဲ့ပါ ဂရု မJoin ထားရင် မရပါဘူးစာအမဲလေးကိုနှိပ်ပြီး Join Group ကိုနှိပ်ဖုန်းနံပါတ်ရေးခဲ့ပါ ခုနေငွေဆက်တိုက်လွှဲပေးနေပါတယ်”စသည်ဖြင့်ရေးသားပြီး “ထီပေါက်ပြီဟေ့ ဂရုအပ်ထား လှူချင်လို့”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုကို လူတွေက ပါဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။  Fb link Archive link ဒီပို့စ်မှာ မျှဝေထားတဲ့ လင့်ခ်နှစ်ခုကို နှိပ်လိုက်တဲ့အခါမှာ ““ထီပေါက်ပြီဟေ့ ဂရုအပ်ထား လှူချင်လို့”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုနဲ့ အခြားဖေ့စ်ဘွတ်အုပ်စုဖြစ်တဲ့ “ဖုန်းဖြင့် ငွေလက်ခံမည့် သူများစာရင်း”ဆိုတဲ့ ဖေ့စ်ဘွတ်အုပ်စုကိုရောက်သွားပါတယ်။ Fb link Fb link အချက်အလက်စိစစ်ချက် ဒီလို ပိုက်ဆံလွှဲပေးမယ်လို့ ပျံ့နှံ့နေတဲ့ ပို့စ်အောက်မှာ ဖုန်းနံပါတ်တွေကို ဖေ့စ်ဘွတ်သုံးစွဲသူတွေ ချန်ထားခဲ့ တာတွေ့ရပါတယ်။ အဲဒီဖုန်းနံပါတ်တွေထဲက […]

Continue Reading