ဂျပန်ဝန်ကြီးချုပ် မြန်မာနိုင်ငံလာခဲ့သလား-မဟုတ်ပါ

ဂျပန်ဝန်ကြီးချုပ် မြန်မာနိုင်ငံလာပြီး ဒေါ်လာသန်း ၄၁၀ ပေးခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ခုလူမှုကွန်ယက်သုံးစွဲသူတွေ အကြားမှာပျံ့နှံ့ခဲ့ပါတယ်။ “ကျေးဇူးသိတတ်လှတဲ့ ဂျပန်”စသည်ဖြင့်ခေါင်းစဉ်တပ်ထားပြီး ဂျပန်ဝန်ကြီးချုပ်မြန်မာနိုင်ငံကိုရောက်လာခဲ့ပြီး ကိုဗစ်ကြောင့်ဖြစ်ပေါ်တဲ့စီးပွားရေးကျဆင်းမှုကို ကုစားနိုင်ဖို့ အစိုးကို ဒေါ်လာ သန်း ၄၁၀ ပေးသွားပါတယ် (ချေးတာမဟုတ်ပါ) ဆိုပြီးတော့ ဂျပန်ဝန်ကြီးချုပ်ပုံနှင့်တကွ ရေးသားမျှဝေထားတာအောက်ပါအတိုင်းတွေ့ရ ပါတယ်။ Fb link Archive link အလားတူ ပို့စ်ကို ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တကယ်တော့ ဒီအချက်အလက်တွေဟာ ထင်ယောင်ထင်မှားဖြစ်စေပြီး မှားယွင်းနေတာတွေ့ရပါတယ်။  ယခုနှစ်အတွင်း မြန်မာနိုင်ငံကို ဂျပန်ဝန်ကြီးချုပ် လာရောက်ခဲ့ခြင်းမရှိပါဘူး။ ြသဂုတ် ၂၄ ရက်ကနေ ၂၅ ရက်အထိ မြန်မာနိုင်ငံကို လာရောက်ခဲ့တာဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဖြစ်တာတွေ့ရပါတယ်။ နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံတဲ့ သတင်းကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။  […]

Continue Reading

COVID-19 ကူးစက်ခံရတဲ့ ၂ လသားကလေးငယ် ဆုံးပြီဆိုတဲ့ သတင်းမှားဖြန့်

တကျော့ပြန် COVID-19 ဟာ ကူးစက်ပျံ့နှံ့မှုနဲ့အတူ လူအများစိုးရိမ်ပူပန်မှုဖြစ်ပေါ်လျက်ရှိပါတယ်။ ဒီလိုအခြေအနေမှာ “Myanmar Movies”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “ရက်စက်လွန်းလှတယ် COVID-19 ရယ် အပြစ်မဲ့တဲ့ ကလေးလေးကိုတောင် မညှာတာဘူး မနေ့ကမှvedioလေးတက်လာလို့ မြန်မြန်သက်သာဖို့ ဆုတောင်းပေးနေတာ ရက်စက်လိုက်တာ covid 19 ရယ်”ဆိုတဲ့ စာသားနဲ့အတူ ကလေးငယ်တစ်ယောက်ရဲ့ နာရေးဓာတ်ပုံတွေနဲ့အတူ အောက်ပါအတိုင်းမျှဝေထားရာမှာ ၂ ရက်အတွင်း ပြန်လည်မျှဝေသူ ၅ ထောင် ကျော်ရှိခဲ့ပါတယ်။  Fb link Archive link အလားတူ ပို့စ်မျိုးကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ြသဂုတ် ၃၁ရက်နေ့ ည ၈ နာရီသတင်းထုတ်ပြန်ချက်အထိ ြသဂုတ် ၁၆ ရက်က စတင်ခဲ့တဲ့ တကျော့ပြန် ပြည်တွင်းကူးစက်မှုမှာ COVID-19 ရောဂါကြောင့် […]

Continue Reading

COVID-19 ကာကွယ်ရေးပစ္စည်းတွေသယ်လာတဲ့ယာဉ်ကို AA ခိုက်တယ်ဆိုတဲ့သတင်းတု

ကိုဗစ်ကာကွယ်ရေးပစ္စည်းနဲ့ တိုက်ပွဲရှောင်ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်နိုင်ရေး အတွက် လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်နေသည့် တပ်အား AA အဖွဲ့မှ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ခု ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ “ပလက်ဝဒေသသို့ ကိုဗစ်ကာကွယ်ရေးပစ္စည်းများပို့ဆောင်နိုင်ရေးအတွက် လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်နေသည့် တပ်စစ်ကြောင်းတစ်ခုအား AA မှ ဝင်တိုက်”ခေါင်းစဉ်နဲ့သတင်းရေးသားဟန်နဲ့ ဖော်ပြထားတဲ့ ပလက်ဝနှင့် ဆမီးမြို့သို့ ဆက်သွယ်ထားသည့် လမ်းမပေါ်ရှိ ရက်ဒိန်ကျေးရွာအနီးမှာ တိုက်ခိုက်ခံရတာဖြစ်တယ် လို့ ဒေသခံတွေကပြောတယ်ဆိုပြီးတော့ ရေးသားထားပြီး ဒီသတင်းကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာ အသီးသီးမျှဝေခဲ့ကြတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ပထမဆုံး တပ်မတော်နဲ့ ပတ်သက်တဲ့ သတင်းတွေ ထုတ်ပြန်လေ့ရှိတဲ့ တပ်မတော်သတင်းအမှန်ပြန်ကြား ရေးစာမျက်နှာ ဒီလိုသတင်းထုတ်ပြန်ချက်မျိုးမတွေ့ရှိရပါဘူး။ အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်တွေမှာလည်း ဒီလိုသတင်းမျိုးမတွေ့ရှိရပါဘူး။ ဒီသတင်းဟာ ဓာတ်ပုံအဟောင်း တစ်ပုံကို အသုံးပြုပြီး ပြန်လည်သတင်းတု ဖန်တီးထားခြင်းဖြစ်တာ တွေ့ရပါတယ်။ ဒီဓာတ်ပုံကို […]

Continue Reading

COVID-19 ဗီဇပြောင်းဗိုင်းရပ်စ်က ကြောက်စရာမလိုဘူးဆိုတာ မှန်သလား

D614G ကိုဗစ် သန္ဓေပြောင်းပိုးဟာ ကူးစက်တာမြန်ပေမဲ့ ကြောက်စရာမလိုဘူးဆိုတဲ့ ရေးသားချက်က လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ ဒီပို့စ်ကို “Kyaw Kyaw Sai”အမည်နဲ့ဖေစ့်ဘွတ်အသုံးပြုသူကနေ ြသဂုတ် ၂၃ ရက်မှာ စတင်ဖြန့်ဝေခဲ့တာ တွေ့ရပြီး ဒီနေရာ၊ဒီနေရာတွေက ပြန်လည်မျှဝေခဲ့ကြရာမှာ လူမှုကွန်ယက်အသုံးပြုသူထောင်ချီပြီး ပြန်လည် မျှဝေခဲ့ကြတာ တွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက်  Kyaw Kyaw Sai အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဒီလိုရေးသားရာမှာ Channel News Asia သတင်းဌာနက ြသဂုတ် ၁၈ ရက်ကရေးသားခဲ့သော “Infectious COVID-19 mutation may be ‘a good thing’, says Paul Tambyah”သတင်းကို ကိုးကားရေးသားထားတာတွေ့ရပါတယ်။ Google မှာ “Infectious […]

Continue Reading

သဲကုန်းက COVID-19 စစ်ဖို့ နှာခေါင်းတို့ဖက်နမူနာယူခဲ့တဲ့ကလေးပုံကို မြောက်ဦးက ၂ လသမီးအရွယ်ကလေးအဖြစ်သတင်းမှားဖြန့်

သဲကုန်းမြို့က COVID-19 စစ်ဖို့ နှားခေါင်းတို့ဖက်နမူနာယူခဲ့တဲ့ ကလေးငယ်တစ်ဦးပုံကိုရခိုင်ပြည်နယ်မြောက်ဦးက COVID-19 အတည်ပြုလူနာ ၂လသမီးအရွယ်ကလေးအဖြစ် လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့ လျက်ရှိပါတယ်။ ရခိုင်ပြည်နယ်မြောက်ဦးက COVID-19 အတည်ပြုလူနာ ၂လအရွယ်သမီး ကျန်းမာရေးကောင်းမွန်တယ်လို့ ဆေးရုံအုပ်ကြီးကပြောပါတယ်စသည်ဖြင့်ေရးသားထားတဲ့သတင်းကို 7day အမည်နဲ့ဝက်ဘ်ဆိုဒ်တစ်ခုက မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ Fb link Archive link ဒီသတင်းကို ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် သဲကုန်းမြို့နယ် ကျန်းမာရေးလှုပ်ရှားမှုတွေနဲ့ ဆေးရုံရဲ့ ဆောင်ရွက်ချက်တွေကို ဖော်ပြနေတဲ့ “သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံ”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရခိုင်ပြည်နယ်မြောက်ဦးက COVID-19 အတည်ပြုလူနာ ၂လအရွယ်သမီးအဖြစ်ဖော်ပြနေတဲ့ ဒီကလေးငယ်ရဲ့ပုံကို တင်ထားတာတွေ့ရပါတယ်။   “25-8-2020 (၁၃) ကြိမ်မြောက်မှာကံကောင်းနိုင်ပါ့မလား ယနေ့စစ်တွေ ပြန်(၁) ဦးအပါအဝင် စုစုပေါင်း(၁၃) ကို ကိုဗစ်နမူနာရယူလိုက်ပါပြီ မနက်ဖြန်ပို့ပါမည်”စသည်ဖြင့်ရေးသားပြီး ြသဂုတ် ၂၅ […]

Continue Reading

တစ်နိုင်ငံလုံးရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များဆိုင်ထိုင်ခွင့်ပိတ်သိမ်းလိုက်ပြီ ဆိုတဲ့အချက်အလက်မှား

တစ်နိုင်ငံလုံးရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များဆိုင်ထိုင်ခွင့်ပိတ်သိမ်းလိုက်ပြီဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ “Mg Nge”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “တစ်နိုင်ငံလုံးရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်ခွင့်ပိတ်သိမ်းလိုက်ပြီ(အများသိအောင်ရှယ်ပေးကြပါဦးနော်)”ဆိုပြီး ြသဂုတ် ၂၆ ရက်က အောက်ပါအတိုင်း မျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေသူ ၁ သောင်း ၇ ကျော်ရှိခဲ့ပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် သမ္မတရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးအပါအဝင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ  ဒီလို ညွှန်ကြားချက်မျိုး ထုတ်ပြန်ထားခြင်းမရှိတာတွေ့ရပါတယ်။ Google မှာ “စားသောက်ဆိုင်များ ပိတ်သိမ်းဖို့ ညွှန်ကြား”၊ “စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပိတ်သိမ်း”စတဲ့ အဓိကျကတဲ့ စကားလုံးတွေ အသုံးပြုရှာဖွေရှာလည်း ဒီပို့စ်မှာ ပြောထားသလို သတင်းမျိုး တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နဲ့ ဆေးဆိုင်တွေကို […]

Continue Reading

COVID-19 ရောဂါပိုးဖြန့်ကြဖို့ AA တိုက်တွန်းတယ်ဆိုတဲ့ သတင်းတု

COVID-19 ရောဂါပိုးဖြန့်ကြဖို့ ရခိုင်လက်နက်ကိုင်အဖွဲ့(AA)စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်က ရခိုင်လူမျိုးတွေကို တိုက်တွန်းတယ်တဲ့ညွှန်ကြားချက်ဆိုတဲ့ ပို့စ်တစ်ခုလူမှုကွန်ယက် သုံးစွဲသူတွေ အကြားမှာပျံ့နှံ့ခဲ့ပါတယ်။ “အဲ့တာကြီးသာအမှန်ဆိုရင်”စသည်ဖြင့်ရေးသားပြီး “MarLar Aung”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက အောက်ပါ အတိုင်း မျှဝေထားပါတယ်။ ဒီထုတ်ပြန်ချက် ဓာတ်ပုံပို့စ်မှာ COVID-19 ရောဂါကို အသုံးပြုပြီး ရခိုင်နိုင်ငံကို တည်ဆောက်ဖို့နဲ့ ပိုးတွေ့ရှိရတဲ့ ရခိုင်တွေဟာ အဓိကကျတဲ့ ရန်ကုန်နဲ့ မန္တလေးကို ရောဂါပျံ့ပွားအောင်လုပ်ပြီး အစိုးရပြိုလဲအောင်လုပ်ကြဖို့ဆိုပြီးရေးသားထားကာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဆိုပြီးတော့ လက်မှတ်ရေး ထိုးထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ပထမဆုံး ရခိုင်လက်နက်ကိုင်တပ်ဖွဲ့က သူတို့ရဲ့ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်နေတဲ့ https://www.arakanarmy.net/news ကို proxy server တစ်ခုအသုံးပြုပြီး ဝင်ရောက်ရှာဖွေရာမှာ ဒီလိုမျိုး သတင်းထုတ်ပြန်ချက် ခြိမ်းခြောက်ရေးသားချက်မျိုး ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ မတွေ့ရှိရပါဘူး။  ရခိုင်ပြည်နယ်မှာ COVID-19 […]

Continue Reading

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပါစေသီချင်းဆိုနေကြတာလား-မဟုတ်ပါ

မြန်မာစကားမတတ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပါစေသီချင်းဆိုနေကြတယ်ဆိုပြီး နိုင်ငံခြားက လုံခြုံရေးတပ်ဖွဲ့တစ်ခုက သီချင်းဆိုနေဟန် ဗွီဒီယိုပို့စ်တစ်ခုကို ပျံ့နှံ့လျက်ရှိပါတယ်။ ဒီဗွီဒိုယိုဖိုင်ကို “Pway Li” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “အမေအောင်ဆန်းစုကြည် သမ္မတဖြစ်ပါစေတဲ့ ကို့ဘာသာစကားမဟုက်ပေမဲ့ အမေ့ကိုဂုဏ်ပြုသီဆိုထားတာလေးနားထောင်ကြည့်ပါဗျာ အမေအောင်ဆန်း စုကြည် သမ္မတဖြစ်ပါစေတဲ့ကို့ဘာသာစကားမဟုက်ပေမဲ့ အမေ့ကိုဂုဏ်ပြုသီဆိုထား တာလေးနားထောင် ကြည့်ပါဗျာ”ဆိုပြီး အောက်ပါအတိုင်းမျှဝေထားရာမှာ ၂ ရက်အတွင်း ဒီဗွီဒီယိုကို ပြန်လည် မျှဝေသူပေါင်း ၃ သောင်း ၈ ထောင်ကျော်ရှိပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုကို ဗွီဒီယိုကနေ ဓာတ်ပုံအဖြစ်ပြောင်းပေးနိုင်တဲ့ Invid ဆိုတဲ့ ဆော့ဖ်ဝဲလ်အသုံးပြုပြီး ခွဲခြမ်း စိတ်ဖြာ ကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ရလာတဲ့ပုံတွေထဲက ပထမဆုံးပုံကို Yandex မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာအောက်ပါအတိုင်းတွေ့ရပါတယ်။ အွန်လိုင်းမှာ ၂၀၁၇ ခုနှစ်လောက်ကတည်းက […]

Continue Reading

တရုတ်နိုင်ငံဟီချီမြို့ကလေယာဉ်ကွင်းကို ချင်းပြည်နယ် ဖလန်းမြို့က လေယာဉ်ကွင်း အဖြစ် မျှဝေနေ

ချင်းပြည်နယ်မှာ ဖလမ်းမြို့မှာ မြန်မာနိုင်ငံအတွက် အနောက်ဘက်အကျဆုံးလေယာဉ်ကွင်းကို ယခုအစိုးရ လက်ထက်မှာ ဆောက်လုပ်လျက်ရှိပြီး ယခုနှစ်အတွင်းဖွင့်လှစ်နိုင်ဖို့ဆောင်ရွက်လျက်ရှိတာ တွေ့ရပါတယ်။  ဒီလိုအခြေအနေမျိုးမှာ  တောင်တန်းတွေပေါ်မှာ ဆောက်လုပ်ထားတဲ့ လေယာဉ်ကွင်းတစ်ခုကို ချင်းပြည်နယ် ဖလမ်းက လေယာဉ်ကွင်းအဖြစ်မျှဝေလျက်ရှိပြီး လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပြီး ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေနေခဲ့ကြတာတွေ့ရပါတယ်။ ဒီလိုပဲ ဝက်ဘ်ဆိုဒ်တွေမှာ ချင်းပြည်နယ် ဖလမ်းလေယာဉ်ကွင်းအဖြစ် ဒီလင့်ခ် ဒီလင့်ခ်တွေမှာ ဖော်ပြခဲ့တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီပို့စ်တွေမှာပါတဲ့ တောင်တန်းတစ်ခုပေါ်က လေယာဉ်ကွင်းကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုပြီး ရလာတဲ့ ရလာဒ်ထဲကမှ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်ကြား ရလာဒ်တွေကို ရှာဖွေကြည့်ရာမှာအောက်ပါအတိုင်း တွေ့ရပါတယ်။ ဒီပုံကို တရုတ်ဘာသာနဲ့ရေးသားထားတဲ့ kknews.cc အမည်နဲ့ဝက်ဘ်ဆိုဒ်မှာ ၂၀၁၆ ဒီဇင်ဘာလ ၆ ရက်က အစောဆုံးအသုံးပြုခဲ့တာတွေ့ရပြီး တရုတ်နိုင်ငံ […]

Continue Reading

တောင်သာက ဂုဏ်ထူး ၅ ဘာသာနဲ့အောင်မြင်ခဲ့သူရဲ့ နာမည် အချက်အလက်မှားဖြန့်

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို ြသဂုတ် ၉ ရက်မှာ ယခုနှစ် အွန်လိုင်းကနေ ပထမဆုံးအကြိမ်ထုတ်ပြန်ခဲ့ရာမှာ လူထုအကြားမှာ ဆယ်တန်းအောင်စာရင်းနဲ့ ပတ်သက်ပြီး ပိုမိုစိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ တစ်နှစ်ဖြစ်ခဲ့သလို သတင်းမှားဖြန့်ဝေမှုတွေလည်းရှိခဲ့ပါတယ်။  “Htet Lwin Aung”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက တက္ကသိုလ်ဝင်တန်းအောင်စာရင်းမှာ သူဟာ ဂုဏ်ထူး ၅ ဘာသာပဲပါတဲ့အတွက် မိဘတွေကို တောင်းပန်ကြောင်း အောက်ပါအတိုင်းရေးသားမျှဝေထားရာမှာ ဒီပို့စ်ကို လူမှု ကွန်ယက်အသုံးပြုသူ ၁ သောင်း ၃ ထောင်ကျော်က ပြန်လည်မျှဝေခဲ့ကြပြီး မှတ်ချက်ပေးသူ ၁ သောင်း ၈  ကျော်လည်းရှိခဲ့ပါတယ်။ အမှန်တကယ်တော့ အောင်စာရင်းမှာ ခုံအမှတ် မသဘ ၂၀ နဲ့ ဝင်ရောက်ဖြေဆိုပြီး ဂုဏ်ထူး ၅ ဘာသာနဲ့ အောင်မြင်ခဲ့သူဟာ မောင်ထက်လွင်အောင် မဟုတ်တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် […]

Continue Reading