Fact Check: လော့စ်အိန်ဂျလိမြို့က တောမီးလောင်မှုမှာ ပြာပုံထဲကနေ အကောင်းတိုင်း ကျန်ရစ်ခဲ့တဲ့ အိမ်တလုံးလား

အမေရိကန်နိုင်ငံ ကယ်လဖိုးနီးယာပြည်နယ် လော့စ်အိန်ဂျလိ(Los Angeles)မြို့က တောမီးလောင်မှုမှာ ပြာပုံထဲကနေ အကောင်းတိုင်း ကျန်ရစ်ခဲ့တဲ့ အိမ်တလုံးလို့ ဆိုပြီး ဓာတ်ပုံတပုံ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ တကယ်တော့ AI အသုံးပြုပြီး ဖန်တီးထားတဲ့ ဓာတ်ပုံတွေသာဖြစ်တယ်။ ဒီလိုအဖြစ်အပျက် လော့စ်အိန်ဂျလိ မီးလောင်မှုမှာရှိခဲ့တယ်ဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး။ အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဓာတ်ပုံနဲ့ ပို့စ်ပါစာသားကောက် နုတ်ချက်ဖြစ်ပါတယ်။ အလားတူတဲ့ ပြောဆိုချက်တွေနဲ့ ဒီဓာတ်ပုံကို ဖြန့်ဝေထားတာ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “အတိတ်ကံကောင်းခဲ့လို့ ယခုကောင်းပါသည် ကံကံ၏အကျိုးပဲ အမေရိကားမှာ တစ်လုံးတည်း ကျန်ခဲ့တဲ့ အိမ်တဲ့” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံကို […]

Continue Reading

Fact Check: ဟောလိဝုဒ် ဆိုင်းဘုတ် မီးလောင်နေတဲ့ ပုံဟာ တကယ်လား-မဟုတ်ပါ

အမေရိကန်နိုင်ငံ ကယ်လဖိုးနီးယာပြည်နယ် လောစ်အိန်ဂျလိ(Los Angeles)မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က စတင်ပြီး  နေရာ ၆ ခုထက်မနည်းမှာ တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်နေပြီး ဒီမြို့က ရုပ်ရှင်မင်းသားမင်းသမီးတွေ နေထိုင်ရာ နေရာတွေ၊ ရပ်ကွက်တွေမှာ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့ရပါတယ်။ ဒီလိုအခြေအအနေမှာ ကမ္ဘာကျော် ရုပ်ရှင်ရိုက်ကူးရေ စတူဒီယိုတွေတည်ရှိရာ ဟောလိဝု(Hollywood)ဆိုင်းဘုတ်အနီးမှာပါ မီးလောင်နေတဲ့ ဓာတ်ပုံတွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ တကယ်တော့ AI အသုံးပြုပြီး ဖန်တီးထားတဲ့ ဓာတ်ပုံတွေသာဖြစ်ပြီး ဒီဆိုင်းဘုတ်တည်ရှိတဲ့ နေရာဟာ လက်ရှိအချိန်အထိ မီးလောင်ကျွမ်းတဲ့ အထဲမှာပါဝင်ခြင်းမရှိသေးပါဘူး။ အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ Hollywood ဆိုင်းဘုတ် မီးလောင်ကျွမ်းနေ တယ်ဆိုတဲ့ ဓာတ်ပုံနဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတဲ့ ပြောဆိုချက်တွေနဲ့ ဒီဓာတ်ပုံကို ဖြန့်ဝေထားတာ ဒီနေရာ၊ ဒီနေရာနဲ့ […]

Continue Reading

Fact Check: သံတွဲလေဆိပ်ရှေ့မှာ AA တပ်ဖွဲ့ဝင်တွေ မှတ်တမ်းဓာတ်ပုံလား-မဟုတ်ပါ

သံတွဲလေဆိပ်ရှေ့မှာ AA တပ်ဖွဲ့ဝင်တွေကို ရိုက်ကူးထားတဲ့ မှတ်တမ်းဓာတ်ပုံလို့ဆိုထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံတပုံဖြစ်တာ တွေ့ရတယ်။ အောက်ကတော့ ပျံ့နှံ့နေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံဖြစ်တယ်။ တူညီတဲ့ရေးသား မျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “သာလီစွနဲ့ 🦅ဂါရဝပါ သံတွဲလေဆိပ်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံတွေကို ပုံရှာနည်း၊ အဓိကကျတဲ့ စကားလုံးအသုံးပြုရှာဖွေနည်းအသုံးပြုရှာဖွေရာမှာ ဓာတ်ပုံဟောင်းတွေ ကို အသုံးပြုပြီး ပြန်လည်ဖန်တီးထားတာတွေ့ရပါတယ်။ ဓာတ်ပုံရဲ့ နောက်ခံကို  သတင်းဌာနတွေက ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ အသုံးပြုခဲ့တာတွေ့ရပါတယ်။ (ဒီလင့်ခ်မှာကြည့်ပါ) ဒီအပြင် အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်တွေ အလံကိုင်ပြီး မှတ်တမ်းရိုက်ထားတဲ့ ဓာတ်ပုံဟာ မတ် ၈ […]

Continue Reading

Fact Check: ဘောလုံးသမား ရော်နယ်ဒို ဘုန်းကြီးဝတ်ဆိုတဲ့ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံ

ကမ္ဘာကျော်ဘောလုံးသမား ခရစ္စတီရာနို ရော်နယ်ဒိုဟာ မွတ်ဆလင်ဘာသာကနေ ဗုဒ္ဓဘာသာကို ကူးပြောင်းပြီး ဘုန်းကြီးအပြီးဝတ်တော့မယ်လို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ရော်နယ်ဒို ခေါင်းတုံးတုန်းပြီး သင်္ကန်းရုံထားတဲ့ ဓာတ်ပုံနဲ့အတူ အေးချမ်းလှတဲ့ ထေရဝါဒသာသနာလို့ သိလိုက် ရလို့ မြန်မာနိုင်ငံမှာပဲ တသက်လုံးနေတော့မယ်လို့ ရော်နယ်ဒိုက ပြောကြောင်းလည်း ဖြန့်ဝေနေတဲ့ ပို့စ်မှာ ရေးသားထားပါတယ်။ ဒီလိုဖြန့်ဝေထားတဲ့ ပို့စ်တခုရဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။ ပျံ့နှံ့မှုအားကောင်းနေတဲ့ တူညီတဲ့ရေး သားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ကမ္ဘာကျော်ဘောလုံးသမား ခရစ္စတီရာနို ရော်နယ်ဒိုဟာ ဗုဒ္ဓဘာသာကို ကူးပြောင်းတယ်ဆိုတဲ့ အထောက်အ ထားမတွေ့ရချိန်မှာ သူဟာ ကတ်သလစ် ခရစ်ယာန်ကို ယုံကြည်သက်ဝင်ပြီး ဘုရားကျောင်းကို […]

Continue Reading

Fact Check: ရန်ကုန်ကဈေးဝယ်စင်တာမှာ စမတ်နာရီ ဝယ်နေပုံလား-မဟုတ်ပါ

ရန်ကုန်ကဈေးဝယ်စင်တာတခုမှာ MASAHIRO စမတ်နာရီကိုတိုးဝှေ့ဝယ်ယူရင်း မူးလဲကျခဲ့ရတယ်လို့ဆိုပြီး ဓာတ်ပုံအချို့နဲ့အတူ ဖေ့စ်ဘွတ်မှာ ကြော်ငြာရောင်းချနေတာတွေ့ရပါတယ်။ တကယ်တော့ ဓာတ်ပုံတွေဟာ ဗီယက်နမ် နိုင်ငံကဖြစ်ပြီး မတူညီတဲ့အဖြစ်အပျက်တွေက ဓာတ်ပုံတွေကိုအသုံးပြုပြီး လိမ်လည်လှည့်စား ထားခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့ဓာတ်ပုံနဲ့ စာသားကတော့  ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုပါစာသား ကောက်နုတ်ချက် ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ပထမဆုံး အဆောက်အဦးတခုထဲမှာ MASAHIRO စာတန်းပါဆိုင်တခုရှေ့မှာ တန်းစီနေတဲ့ လူအုပ်စုပါ ဓာတ်ပုံဟာ ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံဖြစ်တယ်။ ဓာတ်ပုံဟာ  ၂၀၂၀ ခုနှစ် ဧပြီ ၂၈ ရက်မှာ ဒိန်းမတ်အခြေစိုက် လက်ဝတ်ရတနာလုပ်ငန်းစု Pandora က ၁၅ ခုမြောက်ဆိုင်ခွဲအဖြစ် […]

Continue Reading

Fact Check: ရခိုင်ငွေ ၂၀ တန်က မြန်မာကျပ် ၂၀၀၀၀ နဲ့ ညီမျှသလား – မဟုတ်ပါ

စစ်ကောင်စီထုတ် မြန်မာကျပ်ငွေ ၂၀၀၀၀ နဲ့ ညီမျှတဲ့ ရခိုင်ငွေ ၂၀ တန်လို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျှက်ရှိပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။ တရုတ်ပိုက်ဆံ ၂၀ တန်ကို ပြုပြင်ပြောင်းလဲထားခြင်း ဖြစ်တယ်။ ရက္ခိုင့်တပ်တော်(Arakan Army)က ကိုယ်ပိုင်ငွေကြေးထုတ်တယ်ဆိုတဲ့ အထောက်အထား လည်းမရှိပါဘူး။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “ရခိုင်ငွေ 20 နှင့် ဗမာငွေ 20000 တန် ငွေဈေး” မူရင်းလင်ခ့် – Fb link | Archive link ဒီစာမျက်နှာကပဲ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဓာတ်ပုံနဲ့ ရခိုင်ငွေ အကြွေ ၅၀၀ တန်နဲ့ ၃၀၀ တန်လို့ဆိုထားတဲ့ ဓာတ်ပုံတွေကိုလည်း ဖော်ပြခဲ့ပါသေးတယ်။ ဒီလင့်ခ်မှာကြည့်ပါ။  အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check:  ရန်ကုန်မြို့တော်မဏ္ဍပ်စာသားကိုပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံ

ရန်ကုန်မြို့တော်မဏ္ဍပ်မှာ “မဟာသင်္ကြန်”အစား”မသာသင်္ကြန်”လို့ “ဟ”နဲ့ “သ”နဲ့ စာလုံးမှားရေးထားတယ် ဆိုပြီး ဓာတ်ပုံတစ်ပုံဟာ ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ အများအပြားက ဒီဓာတ်ပုံဟာ သရော်ထားတဲ့ ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံတစ်ပုံအဖြစ် နားလည်ကြပေမဲ့ အချို့အတွက်နားလည်မှုလွဲစေ နိုင်တာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် မူလဓာတ်ပုံကို ဘီဘီစီမြန်မာပိုင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ သင်္ကြန်အကြိုနေ့တင်ကထားတာတွေ့ရပါတယ်။ စာသားကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ “သင်္ကြန်အကြိုနေ့ ညနေပိုင်းမှာ ရန်ကုန်မြို့မြို့တော်ခန်းမရှေ့ နဲ့ ပြည်သူ့ရင်ပြင်က မြင်ကွင်းတွေကိုတွေ့ရတာပါ။ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မုံရွာ လိုမြို့ကြီးတွေမှာ ရေကစားသူ နည်းပါးခဲ့တဲ့ သင်္ကြန်အကြိုနေ့မှာ အများစုကတော့ လုံခြုံရေးစိုးရိမ်လို့ ရေမကစားကြတာလည်းရှိပါတယ်။ ဒါ့အပြင် […]

Continue Reading

၂၀၁၅ ခုနှစ်က ရုရှားကာကွယ်ရေးဌာနက “ပါရီအတွက်”လို့ ရေးသား ချက်ကို “KIA သို့”အဖြစ်ပြောင်းလဲထားတဲ့ဓာတ်ပုံ

အောက်တိုဘာ ၂၄ ရက်က ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)တည်ထောင်မှု ၆၂ နှစ်ပြည့်အကြို တေးဂီတပွဲတစ်ခု ကို မြန်မာစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ၆၀ ဦးထက်မနည်းသေဆုံးခဲ့ရပြီး နောက်ထပ် ၁၀၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်အပြီးမှာ သတင်းတုသတင်းမှားတွေလည်း ပျံ့နှံ့ခဲ့ပြီး အဲဒီထဲမှာ လေယာဉ်မှာ ချိတ်ဆွဲထားတဲ့ ဗုံးတစ်လုံးမှာ “KIA သို့”လို့ရေးသားထားတဲ့ ဓာတ်ပုံတစ်ပုံလည်း အပါအဝင်ဖြစ်ပါတယ်။ “သို့ မိတ်ဆွေ။ KIA ထံသို့။ #PeopleMedia”လို့ ရေးသားပြီး “We Are Myanmar” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၁၅ ခုနှစ် နိုဝင်ဘာကတည်းက အွန်လိုင်းမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ […]

Continue Reading

Fact Check: NUG အမှတ်တံဆိပ်ကွန်ဒုံးဆိုတဲ့ ပြုပြင်ထားတဲ့ ဓာတ်ပုံ

PDF တွေအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က ကွန်ဒုံးထုတ်လုပ်ရောင်းချနေတယ်ဆိုတဲ့ ဓာတ်ပုံပို့စ် တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ ဓာတ်ပုံထဲမှာ အမျိုးသားတစ်ဦးက အနီရောင်ကွန်ဒုံး အထုပ်တစ်ထုပ်ကိုင်ထားပြီး ကွန်ဒုံးထုပ်ဖော်မှာ NUG Condom လို့ရေးသားထားတာတွေ့ရပါတယ်။ ပြုပြင်ပြောင်းလဲထားတဲ့ဓာတ်ပုံသာဖြစ်ပါတယ်။  “တော်လှန်ရေးအတွက် တောထဲရောက် တောတွင်းစိတ်ပေါက်ကာ ပဒက်မတွေ နေဆိုမောင်းဆွဲ ညဆိုပေါင်ဖြဲကြသောကြောင့် မွေးဖွားနှုန်းတွေများလာသဖြင့် NUG မှ ကာကွယ်ဖို့အတွက်ရော  တလရ အတွက်ပါ အဖော်များ ထုတ်လုပ်ရောင်းချလျက်ရှိ #banyunt”လို့ ရေးသားပြီး “ကိုအေး ချမ်း” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် စစ်အာဏာရှင် တော်လှန်ရေးလုပ်နေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် အမျိုးသမီးတွေကို တိုက်ခိုက်ဖို့အတွက် […]

Continue Reading

Fact Check: PDF တွေ အိမ်မပြန်ရင် နစကထံအပ်နှံမယ်လို့ KNU တာဝန်ရှိသူက ပြောနေတာလား-မဟုတ်ပါ

PDF တွေ အိမ်မပြန်ရင် နစကထံအပ်နှံသွားမယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားချက် ဗွီဒီယိုလို့ ဆိုထားတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ ၂၈ စက္ကန့်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ ဗိုလ်စလုံးက PDF တွေကို အိမ်ပြန်ဖို့နဲ့ မပြန်ရင် နစကလက်အပ်မယ်လို့ ပြောနေတာပါ။ တကယ်တော့ အသံပိုင်းဆိုင်ရာ ပြုပြင်ပြောင်း လဲထားတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။ “KNU များအနေဖြင့် PDF များကို NUG ထံမှ မျောက်ပြ ဆန်တောင်းသဘောမျိုးဖြင့် လက်ခံထားရာမှ KNU တပ်မဟာ ၅ နှင့် ၆တို့ကို …တပ်မတော်မှ ဖွတ်ဖွတ်ကြေအောင် ထိုးစစ်ဆင်လိုက်ရာမှစ၍ စစ်ပွဲကိုဆက်တိုက် နေခြင်းသည် ၎င်းတို့အတွက် အကျိုးအမြတ်မရှိ  ငြိမ်းချမ်းရေးရယူခြင်းဖြင့်သာ  အကျိုးရှိနိုင်မည်ကို သိမြင်လာ သဖြင့် လက်ရှိ မိမိတို့ထံတွင် ခိုလှုံနေသည် PDF များကို ၎င်းတို့၏ […]

Continue Reading