အသက်ရှုလေ့ကျင်ခန်းက ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်ဆိုတဲ့ သတင်းမှား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စာရင်းတွေအရ ဧပြီ ၅ ရက်နေ့အထိ ကမ္ဘာတစ်လွှာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံရသူဉီးရေ ၁၁ သိန်းကျော်နဲ့ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၆၂၀၀၀ ထက်မနည်းရှိလာပြီဖြစ်သလို မြန်မာနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ သူ ၂၁ ဉီးနဲ့ သေဆုံးသူတစ်ဉီးရှိထားပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အိမ်တွင်းဆေးမီတို၊ တိုင်းရင်းဆေးနဲ့ နိုင်ငံခြားဆေးတွေကကိုရိုနာဗိုင်ရပ်စ်နဲ့ပတ်သက်ပြီး ပျောက်ကင်းတယ်ဆိုတဲ့ သတင်းတွေမကြာခဏတွေ့ရသလို အိမ်တွင်းမှာ အလွယ်တကူလုပ်နိုင်မယ့် ကိုရိုနာဗိုင်းရပ်စ်ရှိမရှိသိနိုင်တဲ့နည်းလမ်း၊ ကာကွယ်နိုင်မယ့် နည်းလမ်းတွေကိုလည်း လူမှုကွန်ယက်မှာ မကြာခဏတွေ့ရပါတယ်။ အခုလည်း“ပိုက်ဆံ (၅) ပြားမှ မကုန်ဘဲ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်တဲ့နည်းလမ်း အခုပြောတဲ့ အတိုင်း လေ့ကျင့်ပြီး ရင် အနည်းငယ် မူးဝေမှု ဖြစ်ပေါ်ပါမယ်၊ စိုးရိမ်စရာမလို ပြီးရင် ခေါင်းအုံးကို ရင်ပတ်အောက်မှာခံပြီး မှောက်လျက် ခဏနားလိုက်ပါ ( ပက်လက်ဆိုရင် […]

Continue Reading

လူနာအမှတ် ၁၆ ဆုံးပြီးဆိုတဲ့ သတင်းမှား

မြန်မာနိုင်ငံမှာကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ်လူနာတွေ့ပြီလို့ကြေညာခဲ့ပြီး နောက်တစ်နေ့မှာ တီးတိန်ကလူနာသေပြီဆိုပြီး လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့သလိုပဲ လူနာအမှတ် ၅ နဲ့ပတ်သက်ပြီးတော့လည်း လူနာနာမကျန်းဖြစ်စဉ်မှာ သေဆုံးပြီဆိုတဲ့ သတင်းတွေဖြစ်ပေါ်ခဲ့ပါတယ်။ အခုတဖန်လည်း “Aung Naing Htwe” အမည်နဲ့အကောင့်က “ဒူဘိုင်းက ပြန်လာခဲ့သော သားကို ကြိုဆိုခဲ့သော အမှတ်(၁၆) လူနာဖြစ်ခဲ့သူ အန်တီကြီး… ဆုံးပါးရှာပြီလို့ သိရပါတယ်”လို့ မျှဝေထားတာတွေ့ရပါတယ်။ ဒီပို့စ်ကို ပြီးခဲ့တဲ့ ၁၆ နာရီအတွင်းမှာ လူ ၂ ထောင်နီးပါးက ပြန်လည်မျှဝေထားတာလည်းတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် “Aung Naing Htwe” အမည်နဲ့အကောင့်က ဒီပို့စ်တင်ပြီးနာရီပိုင်းအတွင်းမှာပဲ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက covid-19 နောက်ဆုံးအခြေအနေ နေ့စဉ်သတင်းထုတ်ပြန်ကို သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဧပြီ ၅ ရက်နေ့မှာ […]

Continue Reading

ရောဂါကာကွယ်ဆေးကို ရှာတွေ့ပြီလို့ ကျန်းမာရေးဝန်ကြီး သတင်းကောင်းပေးဆိုတဲ့ သတင်းမှား

ရောဂါကာကွယ်ဆေးကို ရှာတွေ့ပြီလို့ ကျန်းမာရေးဝန်ကြီး သတင်းကောင်းပေးဆိုတဲ့ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Bo Aung Din အမည်နဲ့အကောင့်က “မှု့ခင်းနှင့်သတင်းစုံ”ဖေ့စ်ဘွတ်အုပ်စုမှာ “ရောဂါကာကွယ်ဆေးကို ရှာတွေ့ပါပြီလို့ ကျန်းမာရေးဝန်ကြီး သတင်းကောင်းပေးပြီ”ဆိုပြီး ရေးသားမျှဝေထားပါတယ်။ Nay Min Khant အမည်နဲ့အကောင့်ကလည်း “သတင်းစုံ”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုမှာ အလားတူမျှဝေထားပါတယ်။ Fb link Fb link Fb link Archive link Archive link Archive link လင့်ခ်ကိုထောက်ပြီးတော့ဖတ်မယ်ဆိုရင်တော့ လိင်ပိုင်းဆိုင်ရာလင့်ခ်တွေ၊ ကံစမ်းမဲပေါက်ပြီးစတဲ့လင့်ခ်တွေဆီကို မျှားခေါ်နေသလိုခံစားရတဲ့ကြော်ညာတွေအလိုအလျှောက်ဝင်လာတဲ့ myanmartips ဆိုတဲ့ဝက်ဆိုဒ်ဆီကို ရောက်ရှိသွားပြီး အောက်ပါအတိုင်းရေးသားထားတာတွေ့ရပါတယ်။ “BPI (အင်းစိန်)၊ ဒီဆေးစက်ရုံက စက်မှု(၁)အောက်မှာရှိတဲ့ဆေးဝါးထုတ်လုပ်ရေးစက်ရုံပါ။ ဆေး quality နဲ့အာနိသင် က အခုနိုင်ငံခြားကဝင်နေတဲ့ဆေးတေအားလုံးထက်သာပါတယ်။ မြန်မာနိုင်ငံမှာ ဒီလိုဆေးစက်ရုံတစ်ခုရှ်တာ တကယ်ကိုတန်ဖိုးရှိပါတယ်။ အခုပြောချင်တာက […]

Continue Reading

ဆပ်ပြာစားရင် COVID-19 ရောဂါပျောက်တယ်ဆိုပြီး မျှဝေနေတဲ့ အန္တရာယ်ရှိသတင်းမှား

“မလေးရှားမှာ ဆပ်ပြာစားရင် COVID-19 ရောဂါပျောက်တယ်ဆိုလို့ စားကုန်ကြပြီ ရုပ်သံဖိုင်”ဆိုပြီး Love H အမည်နဲ့အကောင့်တစ်ခုက “အထူးသတင်းစုံ”၊ “သတင်းစုံ”၊ “မှုခင်းသတင်းများ”စတဲ့ ဖေ့စ်ဘွတ် အုပ်စုတွေထဲမှာ မျှဝေထားတာတွေ့ရပါတယ်။  Fb link Fb link Fb link Archive link Archive link Archive link “အကိုတို့ ၊ အမတို့ရေ ဆပ်ပြာစားရင် ပျောက်တယ်တဲ့ မလေးရှားမှာ ဆပ်ပြာစားလို့ ပျောက်ကုန်ကြပြီတဲ့… မြန်မာပြည်က လူတွေသိအောင် ရှဲပေးဦး ဟာသအနေနဲ့ တင်တာနော်။တကယ်သွားမလုပ်နဲ့။ ဆပ်ပြာစားလည်း မပျောက်ဘူး..သေသွားလိမ့်မယ်..”ဆိုပြီးတော့ “သုတ”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကလည်း မျှဝေထားတာပါတယ်။ Fb link Archive link “သုတ”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကလည်း မျှဝေထားတာကို tatinhtoo အမည်နဲ့ ဝက်ဆိုဒ်က “မလေးရှားမှာ ဆပ်ပြာစားရင် […]

Continue Reading

ကွမ်းစားတဲ့သူတွေကို ကိုရိုနာဗိုင်းရပ်စ်မကူးစက်နိုင်ဘူးဆိုတဲ့ သတင်းမှား

 ကွမ်းစားတဲ့သူတွေကို ကိုရိုနာဗိုင်းရပ်စ်မကူးစက်နိုင်ဘူးဆိုပြီး ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ “ကဲ ကွမ်းစားတဲ့ ညီနောင်တွေ ပျော်လို့ရပီ ကွမ်းယာမှာပါတဲ့ ထုံးဓာတ်Ca(OH)2 အယ်ကာလီက အဆီလွှာကို ပေါက်ပြဲပျက်စီးစေတာကြောင့် အဆီလွှာနဲ့ဖုံးအုပ်ထားတဲ့ ကိုဗစ် ပိုးကို သေကြေပျက်စီးစေပါတယ် မတော် တဆ ပါးစပ်ထဲရောက်လာတဲ့ ကိုဗစ် ပိုးဟာ ထုံးဓာတ်ကြောင့် သေကြေပျက်စီးပါတယ် တရုတ်ပြည်ဝူဟန်မှာ ထုံးအမှုန့် တွေဖြန်းပီးနောက်ပိုင်း ပိုးကူးစက်မှု ရပ်တန့်သွားကြောင်းအခု လက်ရှိ postive ဝေဒနာသည်တွေဟာ ကွမ်းမစား သူတွေဖြစ်ကြကြောင်း ထို့ကြောင့် ကွမ်းစားများတဲ့ အိန္နိယနဲ့မြန်မာမှာ ကူးစက်မှုနည်းနေကြောင်း ကွမ်းစားခြင်း ကိုအားပေးတာမဟုတ်ပေမဲ့ လက်ရှိတွေ့ရှိချက်တွေကို ထုတ်ပြန်ထားတာပါ တစ်ခုတော့ရှိပါတယ် ကျန်တဲ့ အပေါက် တွေက မဝင်အောင်တော့ အိမ်ထဲမှာပဲ နေ လက်ဆေးကြပေါ့ဗျာ ဒါပေမဲ့ ကွမ်းမစားသူထက်စာရင်တော့ ကွမ်းစားနေကြတဲ့သူတွေက ကူးစက်ခံရမှုမရှိသလောက်ဖြစ်နေ […]

Continue Reading

တမာရွက်စားလို့ မလေးရှားမှာ covid-19 ပျောက်တာအများကြီးရှိပြီဆိုတဲ့ သတင်းမှား

တမာရွက်စားလို့ မလေးရှားမှာ covid 19 ပျောက်တာ အများကြီးရှိပြီဆိုတဲ့ ပို့စ် လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ “တမာရွက် စားလို့ မလေးရှားမှာ covid 19 ပျောက်တာ အများကြီးရှိပြီတဲ့…ဝမ်းသာစရာပဲနော်…    ပြန်လည် Share ပေးခြင်းဖြင့် လူသားအသက်ကို ကယ်ကြပါစို့ခဗျာ… Covid-19.ရောဂါပိုး အတွက်သတင်းကောင်း တစ်ခုပါမလေးရှားနိုင်ငံရောက် မြန်မာပြည်ဖွား သားအဖ နှစ်ဦးစလုံး Coronavirus အကူးခံရပြီး အလွန်ချောင်းဆိုးကာ အသက်ရှူရ ကြပ်သည်အထိဖြစ်လာခဲ့လေသည်။ထိုသို့ အခြေအနေ၌ မလေးရှားနိုင်ငံ၏ ဆရာဝန်တစ်ဦးအား အကြောင်းကြားအိမ်သို့ ပင့်ခေါ်သော်လည်း ရောဂါကူး ခံရမည် အထင်ဖြင့် မရောက်ရှိ လာခဲ့ပေ”ဆိုပြီး “PTTK-Royal Online Shop Vlog”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသား ထားတာတွေ့ရပါတယ်။ Fb link Archive link “ရှုထောင့် […]

Continue Reading

COVID-19 ေပျာက်တဲ့ေဆး မြန်မာနိုင်ငံမှာ ေတွ့ရှိဆိုတဲ့ သတင်းမှား

“မြန်မာဆိုတာ ဒါမျိုး COVID 19 ကိုရိုနာ ရောဂါပျောက်ကင်းနိုင်တဲ့ ဆေးတစ်မျိုး မြန်မာနိုင်ငံ တွင်စတင်တွေ့ရှိ”ဆိုပြီး မျှဝေထားတာတွေ့ရပါတယ်”ဆိုပြီး “Bo Aung Din” အမည်နဲ့အေကာင့်က “မှုခင်းနှင့် သတင်းစုံ”၊ “သတင်းစုံ”စတဲ့ ေဖ့စ်ဘွတ်အုပ်စုေတွမှာ မျှေဝထားပါတယ်။ မျှေဝထားတဲ့ လင့်ခ်ကို ေထာက်ဖတ်ကြည့်မယ်ဆိုရင် “BPI (အင်းစိန်)၊ ဒီဆေးစက်ရုံက စက်မှု(၁)အောက်မှာရှိတဲ့ဆေးဝါးထုတ်လုပ်ရေးစက်ရုံပါ။ ဆေး quality နဲ့အာနိသင် က အခုနိုင်ငံခြားကဝင်နေတဲ့ဆေးတေအားလုံးထက်သာပါတယ်။ မြန်မာနိုင်ငံမှာ ဒီလိုဆေးစက်ရုံတစ်ခုရှ်တာ တကယ်ကိုတန်ဖိုးရှိပါတယ်။ အခုပြောချင်တာက BPI ကနေ ငှက်ဖျားရောဂါအတွက်ထုတ်လုပ်ထားတဲ့ Chlorofos ဆိုတဲ့ဆေးက COVID 19 treatment အတွက် WHO ကနေစကာတင်ရွေးနေတဲ့အထဲပါတဲ့ဆေးပါ။ COVID 19 ကိုပျောက်ကင်းတယ်လို့လည်းကြားပါတယ်။ (အတည်မပြုရသေးပါ)။ အကယ်၍ ဒီဆေးကိုသာWHO က Recommend ပေးလိုက်ရင် […]

Continue Reading

အီတလီမှာ ကိုရိုနာဗိုင်းရပ်စစ်လူနာတွေ လမ်းပေါ်ထားရဆိုတဲ့ သတင်းမှား

အီတလီဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှာ အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတစ်ခုပါ။ မတ် ၂၉ ရက်အထိ အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၀၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၀၀၀၀ ကျော်ရှိပြီဖြစ် တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံထက် ကူးစက်မှုနဲ့ သေဆုံးမှုပိုမိုများပြားခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အီတလီနဲ့ပတ်သက်တဲ့ သတင်းတွေဟာ ရေပန်းစားခဲ့ပါတယ်။“ဆင်ဆင်ခြင်ခြင်နေကြဘို့ သတိထားဘို့ပါ..အီတလီ နိုင်ငံရဲ့ အခြေအနေ..ဆေးရုံတွေပေါ် ထားစရာ နေရာ မရှိတော့လို့ လမ်းတွေပေါ် ထားထားရတယ်..”ဆိုပြီး “Aung Hein Htet” အမည်နဲ့အကောင့်က “သီတဂူဆရာတော်ကြီးကို ကြည်ညိုကြသူများ”၊ “မူခင်းသတင်းစုံ”၊ “ဗဟုသုတ ၊ ပုံပြင် ၊ ဝတ္ထုများ ၊ မျှဝေကြမယ်” စတဲ့ဖေ့စ်ဘွတ်အုပ်စုတွေမှာ မျှဝေထားပါတယ်။  Fb link Fb link […]

Continue Reading

ကိုရိုနာဗိုင်းရပ်စစ်ကူးစက်ရောဂါထိန်းချုပ်ရေး အလှူရှင်တွေကို ပုံဖျက်ထားတဲ့ သတင်းမှား

“အတိုင်ပင်ခံနှင့် ကိုယ်ပျောက်ကြီးစာရင်းမတွေ့ရသေးဘူး ဘယ်တော့လဲ”ဆိုပြီးတော့ ကိုရိုနာဗိုင်းရပ်စစ်ကူးစက်ရောဂါထိန်းချုပ်ရေး အလှူရှင်တွေစာရင်းတစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ အလှူရှင်တွေထဲမှာ အရင်တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမိသားစု၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံတော်သမ္မတ(ငြိမ်း)ဉီးသိန်းစိန်စတဲ့ ပုဂ္ဂိုလ်တွေပါဝင်တာအောက်ပါအတိုင်းတွေ့ရပါတယ်။ ၂ ရက်အတွင်းမှာ ဒီပို့စ်ကို လူမှုကွန်ယက်သုံးစွဲသူ ၂ ကျော်က ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ Fb link Archive link တကယ်ပဲ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)သန်းရွှေ လှူဒါန်းခဲ့ပါသလား။ အချက်အလက်စိစစ်ချက် ဒီမျှဝေထားတဲ့ ဓာတ်ပုံကို ကြည့်မယ်ဆိုရင် အလှူငွေစာရင်းရဲ့ အပေါ်ဆုံးပိုင်းမှာ နောက်ခံအရောင်အနည်း ငယ်ဖြူနေတာတွေ့ရပါတယ်။ အလှူငွေစာရင်းတွေကို အစိုးရပိုင်သတင်းစာတွေမှာထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ မတ် ၂၆ ရက်နေ့ထုတ် ကြေမုံသတင်းစာ စာမျက်နှာ ၃ ပါပုံနဲ့ယှဉ်ကြည့်နိုင်ပါတယ်။ စာမျက်နှာသုံးမှာ အခုပုံကို တွေ့ရမှာဖြစ်ပါတယ်။ The Mirror မတ် ၂၆ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၁၁ […]

Continue Reading

မြန်မာလူထုဟာ ကိုရိုနာဗိုင်းရပ်စ်ကို ခံနိုင်ရည်ရှိတဲ့ စားသောက်မှု ပုံစံရှိသတဲ့လား

မတ် ၂၄ ရက်က မြန်မာနိုင်ငံမှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၂ ဉီးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်အပြီး ၄ ရက်အတွင်းမှာ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကူးစက်ခံရမှုအတည်ပြုလူနာ ၈ ယောက်ရှိခဲ့ပြီဖြစ်ပါတယ်။ မတ် ၂၈ ရက်မနက်အစောပိုင်း မှာ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၃ ဉီးထပ်မံတွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်ထားပါတယ်။ ဒီလိုအချိန်မှာပဲ မတ် ၂၆ ရက်က မြန်မာလူထုဟာ ကိုရိုနာဗိုင်းရပ်စ်ကို ခံနိုင်ရည်ရှိတဲ့ စားသောက်နေထိုင်ရှိနေ တာကြောင့် စိတ်ပူစရာမလိုဘူးဆိုပြီး သူ့ကိုယ်သူ ဒေါက်တာတစ်ဉီးလို့ ပြောထားတဲ့ ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ ၅ မိနစ်ကျော်ရှည်ကြာတဲ့ ဒီဗွီဒီယိုထဲမှာ ငါးပိရည်နဲ့ အရွက်မျိုးစုံတို့၊ ထမင်းစားတဲ့ မြန်မာတွေအနေနဲ့ ကိုရိုနာဗိုင်ရပ်စ်ခုခံဖို့ အားရှိပြီးဖြစ်တယ်လို့ ပြောကြားထားပါတယ်။ Fb link Fb […]

Continue Reading