Fact Check: ငွေအတုရောင်းတယ်ဆိုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကို မယုံပါ
ကျပ် တသောင်းတန်နဲ့ ကျပ် ငါးထောင်တန်အတုရောင်းတယ်လို့ ကြော်ငြာနေတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ် အသုံးပြု သူတွေအကြား ဖြန့်ဝေနေတာ Fact Crescendo Myanmar အနေနဲ့ သတိပြုမိပါတယ်။ ငွေကြေးလိမ်လည်သူ တွေရဲ့ သားကောင် ရှာနည်းသာဖြစ်ပြီး တကယ်တမ်း ငွေအတုရောင်းဝယ်နေတာ မဟုတ်ပါဘူး။ အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုကို ရယူထားခြင်းဖြစ်တယ်။ ငွေအစစ်နဲ့တူတဲ့ ငွေအတုဆိုပြီးတော့ ကြော်ငြာထားသလို အရည်အသွေးပိုင်းမှာ စိတ်ချရကြောင်းလည်း ပြောထားပြီး ဒီလို ခေတ်ကာလမကောင်းချိန်မို့သာ အွန်လိုင်းက ရောင်းရဲတာလို့လည်း ဆိုထားပါတယ်။ “အခုချိန်မျိုးမှာ မသုံးရဲရင် သုံးလို့ရမှာမဟုတ်ဘူး ခေတ်ကောင်းနေရင်လဲ ပို့တင်ပြီးပေါ်တင်မရောင်းရဲပါဘူး အပြင်အဆက်သွယ်ကပဲ ရောင်းရဲတာပါ #ပစ္စည်းအရည်အသွေး #Quality #ကြာရိပ် #ဂျာမနီစက်ကူသား #ရောင်ပြန်ကြိုး မဂ်လာပါ မိတ်ဆွေ ငွေ အ-တုမှာယူချင်သူများ […]
Continue Reading