Fact Check: ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ အသက်အန္တရာယ် စိုးရိမ်ရဆိုတဲ့ လှည့်စားထားတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ အသက်အန္တရာယ် စိုးရိမ်ရတယ်ဆိုပြီး သတင်းမှားတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျှက်ရှိပါတယ်။ သို့သော် ဒီသတင်းဟာ မှားယွင်းပြီး သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “အမေစု ကျန်းမာရေးအခြေနေမှာ အသက်အန္တရာယ် ထိ စိုးရိမ်နေရ စစ်ကောင်စီမှ ကုသပေးခြင်း မရှိ”လို့ ရေးသားပြီး “NUG CRPH PDF CDM Support”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မတ် ၂၆ ရက်မှာအောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ စိုးရိမ်ရတယ်ဆိုပြီး ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် စစ်တပ်က သီးသန့်နေရာတစ်ခုမှာထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို အချိန်နဲ့တပြေးညီသိရှိဖို့မဖြစ်နိုင်တာကို Fact Crescendo အနေနဲ့ သတိပြုမိပါတယ်။ စစ်တပ်က ရွေးကောက်ပွဲမသမာမှုအကြောင်းပြချက်အပြင် […]

Continue Reading

Fact Check: စစ်တပ်က ပိတ်ပင်ထားတဲ့ မြန်မာမီဒီယာ ၄ ခု လူကုန်ကူးပြီး စီးပွားရှာနေ တယ်လို့ ဝါဒဖြန့်

 မြန်မာမီဒီယာ ၄ ခုဟာ လူကုန်ကူးပြီး စီးပွားရေးရှာနေတယ်လို့ ပြောဆိုချက်တွေပါဝင် ဗွီဒီယိုပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ် မှာပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ ၂၄ မိနစ် ၂၃ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ “ပြည်ပအထောက်အပံ့ခံ သတင်းဌာန များအား လေ့လာခြင်း”လို့ခေါင်းစဉ်တပ်ထားပြီး ဗွီဒီယိုမှာ အာဏာသိမ်းစစ်တပ်ရဲ့ သတင်း တင်ဆက်မှုပိတ်ပင်ခြင်းခံရတဲ့ မြန်မာမီဒီယာ ၄ ခုဟာ ထိုင်းနိုင်ငံမှာ လူကုန်ကူးရင်း စီးပွားရှာနေတယ် ဆိုတဲ့ ပြောဆိုချက်တွေ အဓိကပါဝင်ပြီ “ရောင်နီ”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇန်နဝါရီ ၂ ရက်က တင်ထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူ့သူပေါင်း ၅ သောင်းဝန်း ကျင်ရှိပါတယ်။ ဒီဗွီဒီယိုရဲ့ ၅မိနစ် ၄၅ စက္ကန့်ကနေ ၆ မိနစ်နဲ့ ၁၅ စက္ကန့်ကြားမှာ “အဓိကတွေ့ရတာတော့ ကျွန်တော်တို့ဘာတွေ တွေ့ရလဲဆိုတော့ မြန်မာနောင်း၊ ဧရာဝတီ၊မဇ္ဈိမရယ်၊ခေတ်သစ်မီဒီယာရယ်၊ မြန်မာနောင်းရယ်၊ […]

Continue Reading

Fact Check: မြောက်ဉက္ကလာမှာ အမျိုးသမီးပစ်ခတ်လုပ်ကြံခံရမှု NLD နဲ့ PDF ကလုပ်တာလား

မြောက်ဉက္ကလာမှာ ကိုယ်ဝန်သည်တစ်ဦးကို NLD နဲ့ PDF ကလုပ်ကြံသတ်ဖြတ်တယ်လို့ရေးသားပြီးဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျှက်ရှိပါတယ်။  သို့သော် ဒီလုပ်ကြံမှုဟာ မူလမီဒီယာတွေဖော်ပြချက်မှာ ဘယ်သူက လုပ်တယ်ဆိုတဲ့ အချက်အလက်မတွေ့ရပါ ဘူး။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေမှာ “ဒီနေ့  မြောက်ဉက္ကလာ (င) ရပ်ကွက် က ကိုယ်ဝန်ဆောင်အမျိုးသမီးကို NLD  အ ကြမ်းဖက် PDF တွေက ဒလန်ကို – တ် တာ မှား – တ်မိပါတယ်ဆိုပြီး သေနတ်နဲ့ (၅)ချက်ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးခဲ့ပါ တယ်”စသည်ဖြင့်ရေးသားထားပြီး သေဆုံးသူဟာ မနီနီရွှေဆိုတဲ့အမျိုးသမီးဖြစ်ပြီး ကိုယ်ဝန်ဆောင်ထားတဲ့ မိခင်လောင်းဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် မြောက်ဉက္ကလာပ၊ (င) […]

Continue Reading

Fact Check: NUG ရဲ့ လုပ်ကြံမယ့်စာရင်းရှိသလား-မဟုတ်ပါ

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကလုပ်ကြံသတ်ဖြတ်မယ့် စာရင်းပေါက်ကြားမှုဆိုပြီးတော့ဖေ့စ်ဘွတ် အသုံးပြုအတော်များများက မျှဝေလျှက်ရှိပါတယ်။  သို့သော် ဒီလိုလုပ်ကြံစာရင်းမရှိဘူးလို့ NUG တာဝန်ရှိသူတွေက ငြင်းဆိုထားပါတယ်။   “Aunglan Media Group” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “NUG.က လုပ်ကြံမည့်စာရင်း ပေါက်ကြား သီတဂူဆရာတော်ဘုရားကြီး ပါချုပ်ဆရာတော်ဘုရားကြီး ဦးခင်ရွှေ ခန့်စည်သူ ဒေါ်နွဲ့နွဲ့စန်း ကိုကိုကြီး သူရရွှေမန်းအပါအဝင် တစ်ရာကျော်စာရင်း…နိုင်ငံတကာသံတမန်များထံ ပေါက်ကြားခဲ့သည်”လို့ ရေးသားပြီးမျှဝေထားတွေ့ရပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် လုပ်ကြံသတ်ဖြတ်မယ့်စာရင်း မရှိသလို မူဝါဒလည်းမရှိကြောင်းနဲ့  ကိုင်စွဲထားတဲ့ စံတန်ဖိုးတွေနဲ့လည်း ကိုက်ညီမှုမရှိကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က VOA Burmese သတင်းဌာနကို ငြင်းဆိုထားပါတယ်။ မူရင်းလင်ခ့် – VOA […]

Continue Reading

Fact Check: NLD အလုပ်အမှုဆောင် မုံရွာအောင်ရှင်နဲ့ ဗဟိုဘဏ်ဒုတိယဉက္ကဌ ဦးဘိုဘိုငယ်တို့နဲ့ပတ်သက်တဲ့ သတင်းမှား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအလုပ်အမှုဆောင် မုံရွာအောင်ရှင်နဲ့ ဗဟိုဘဏ် ဒုတိယဉက္ကဌ ဦးဘိုဘိုငယ်တို့ စစ်တပ်က ဖမ်းဆီးထားစဉ်အတွင်းမှာ သေဆုံးသွားပြီဆိုတဲ့ သတင်းတွေ လူမှုကွန်ယက် အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ သို့သော်လည်း ဒီသတင်းတွေဟာ မှားယွင်းတာတွေ့ရပါတယ်။ “ 5-4-2021ရက်နေ့ကတော့အတော်ထူးခြားတဲ့ရက်ပါဘဲ။ အောင်တင်ဝမ်းဖုန်းလက်လွှတ်ခါရှိသေးနောက်Callဝင်လာတယ်။ကဗျာဆရာမုံရွာအောင်သျှင်ဆီကဖုန်း။မုံရွာအောင်သျှင် တော့မဟုတ်ဘူး။သူ့သမီးဖြစ်နေတယ်။    “ဆရာကြီးကျမမုံရွာအောင်သျှင်ရဲ့သမီးပါ။ဖေဖေဆုံးသွားပါပီ။”    “သမီးအဖေကနေပြည်တော်မှာထိန်းသိမ်းခံနေရတာမဟုတ်လား။”    “မဟုတ်ဘူး။မုံရွာမှာဆေးကုဖို့ရောက်နေရင်းဆုံးသွားတာ။”     “အော်””အေး  အေး” NLDသတင်းနဲ့ပြန်ကြားရေးအဖွဲ့ကဗျာဆရာမုံရွာအောင်သျှင်ရဲ့”ဈာပနဖိတ်စာ”ဘဲ။   ကဗျာဆရာ စာရေးဆရာကိုယ့်ညီလေးများကောင်းရာသုဂတိဘုံစံမြန်းနိုင်ပါစေသောဝ်”စသည်ဖြင့်“U Than Swe”အမည်နဲ့အကောင့် ဧပြီ ၇ ရက်က ရေးသားမျှဝေခဲ့ပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  ထို့အတူ “ဗဟိုဘဏ် ဒုဥက္ကဌ ဦးဘိုဘိုငယ် အင်းစိန်ထောင်တွင်သေဆုံးသွားကြောင်း ကနဦးသိရှိရ CJ Credit” လို့ ရေးသားပြီး “Library News”အမည်နဲ့စာမျက်နှာကလည်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – […]

Continue Reading

Fact Check: မြန်မာနိုင်ငံကို ကုလသမဂ္ဂက စစ်ရေးအရ အရေးယူဖို့ အတည်ပြု ထားသလား-မဟုတ်ပါ

ကုလသမဂ္ဂ(United Nations- UN) ကမြန်မာနိုင်ငံကို စစ်ရေးအရ အရေးယူမယ်ဆိုပြီး မျှဝေထားတဲ့ အကြောင်းအရာကို လူမှုကွန်ယက်အသုံးပြုသူထောင်ပေါင်းများစွာက မျှဝေထားတာတွေ့ရပါတယ်။  UN အထူးအစည်းအဝေးအောင်မြင်သွားပြီ ဖြစ်တာကြောင့် ၂ ပတ်အတွင်းအရေးယူမှုတွေစတင်မယ်လို့ ရေးသား ထားတဲ့ စစ်တပ်သုံးယာဉ်ပုံတွေနဲ့ ပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေထားသလို ၇၂ နာရီအတွင်း စစ်ကြေညာမယ်ဆိုတဲ့ပို့စ်ကို ထောင်ပေါင်းများစွာက ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ လူမှုကွန်ယက် အသုံးပြုသူတွေအကြားပျံ့နှံမှုအားကောင်းခဲ့တဲ့ UN အထူးအစည်းအဝေးအောင်မြင်သွားပြီ ဖြစ်တာကြောင့် ၂ ပတ်အတွင်းအရေးယူမှုတွေစတင်မယ်ဆိုတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသားထားပြီး အခြားသော ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  “UN အထူးအစည်းဝေးအောင်မြင်ပါပြီ… ထောက်ခံမဲ ၃၇ မဲ … ကန့်ကွက်။ ၆မဲ….. အရေးယူဖို့ အဆို အောင်မြင်သွားပါပီ.!!! […]

Continue Reading

Fact Check: အမေရိကန်သံရုံးက အဖမ်းခံရတဲ့သူတွေကို လိုက်ထုတ်ပေးနေ သလား-မဟုတ်ပါ

ပိတ်မိနေသူတွေ ဒါမှမဟုတ်လည်း ဖမ်းခံရသူတွေကို မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးကလိုက်ထုတ်ပေးနေပြီး အကူအညီတောင်း နိုင်တယ် ရေးသားမျှဝေထားတဲ့ ပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက မျှဝေထားပါတယ်။  သို့သော်လည်း ဒီအချက်အလက်ဟာ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲစေနိုင်တာတွေ့ပြီး အထောက်အထားမရှိတာတွေ့ရပါတယ်။  အမေရိကန်သံရုံးဖေ့စ်ဘွတ်စာမျက်နှာက ဓာတ်ပုံနဲ့တကွ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး(ရန်ကုန်)ရဲ့ လိပ်စာနဲ့အတူ ပိတ်မိနေသူတွေကို လိုက်ထုတ်ပေးနေတယ်လို့ရေးမျှဝေထားတဲ့ ပို့စ်တွေရဲ့ ပျံ့နှံ့မှုကို အောက်ပါအတိုင်းတွေ့ရပါတယ်။ “အကယ်လို့ ပိတ်မိနေခဲ့ရင် ပိတ်မိနေတဲ့ သူတွေ US Embassy က လိုက်ထုတ်ပေးပါတယ်။ အကူအညီတောင်းပါ။  110 University Ave, Kamayut Township, Rangoon, Burma. Phone: (951) 7536509 Fax: (95)-(1)-7511069 Email: [email protected] #Credit ”လို့ ရေးသားထားတဲ့ပို့စ်ကို “May Myat Mon”အမည်နဲ့ […]

Continue Reading