Fact Check: အမေရိကန်သံရုံးက အဖမ်းခံရတဲ့သူတွေကို လိုက်ထုတ်ပေးနေ သလား-မဟုတ်ပါ

Explainer လူမှုရေး

ပိတ်မိနေသူတွေ ဒါမှမဟုတ်လည်း ဖမ်းခံရသူတွေကို မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးကလိုက်ထုတ်ပေးနေပြီး အကူအညီတောင်း နိုင်တယ် ရေးသားမျှဝေထားတဲ့ ပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက မျှဝေထားပါတယ်။ 

သို့သော်လည်း ဒီအချက်အလက်ဟာ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲစေနိုင်တာတွေ့ပြီး အထောက်အထားမရှိတာတွေ့ရပါတယ်။ 

အမေရိကန်သံရုံးဖေ့စ်ဘွတ်စာမျက်နှာက ဓာတ်ပုံနဲ့တကွ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး(ရန်ကုန်)ရဲ့ လိပ်စာနဲ့အတူ ပိတ်မိနေသူတွေကို လိုက်ထုတ်ပေးနေတယ်လို့ရေးမျှဝေထားတဲ့ ပို့စ်တွေရဲ့ ပျံ့နှံ့မှုကို အောက်ပါအတိုင်းတွေ့ရပါတယ်။

“အကယ်လို့ ပိတ်မိနေခဲ့ရင်

ပိတ်မိနေတဲ့ သူတွေ US Embassy က လိုက်ထုတ်ပေးပါတယ်။

အကူအညီတောင်းပါ။ 

🙏

110 University Ave,

Kamayut Township,

Rangoon, Burma.

Phone: (951) 7536509

Fax: (95)-(1)-7511069

Email: [email protected]

#Credit ”လို့ ရေးသားထားတဲ့ပို့စ်ကို “May Myat Mon”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မေ ၁ ရက်က မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေသူ ၅ ထောင်ကျော်ရှိပါတယ်။ တူညီစွာရေးသားမျှဝေထားပြီး ပျံ့နှံမှုအားကောင်းခဲ့တဲ့မျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link 

အချက်အလက်စိစစ်ချက်

မြန်မာနိုင်ငံမှာ လူထုကဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာရယူမှုအတွက် အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန် သတိပေးရှုတ်ချမှုများ ဆက်တိုက်လုပ် နေပါတယ်။ စစ်တပ်က အာဏာသိမ်းထားတာကို ချက်ချင်း စွန့်လွှတ်ရမယ်လို့ အမေရိကန် သမ္မတ ဂျိူးဘိုင်ဒန်က ဖေဖော်ဝါရီ ၅ ရက်ကတည်းက ပြောကြားထားသလို ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နှင်းမှုအတွက် အရေးယူ မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် ဖေဖော်ဝါရီ ၂၂ ရက်မှာ ပြောကြားခဲ့ပါတယ်။ ထို့အပြင် အကြမ်းဖက်မှုနှိမ်နှင်းမှုတွေအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိအောင်ဆောင်ရွက်မယ်လို့ အမေရိကန် အမျိုးသား လုံခြုံရေးအခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန်က ဖေဖော် ၂၈ ရက်မှာ ပြောကြားထားတာတွေ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေနဲ့အတူ ရပ်တည်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် သောမတ်စ် ဗိုက်ဒါကလည်း အသိပေးထားပါတယ်။

သို့သော်လည်း ပျံ့နှံမှုအားကောင်းနေတဲ့ ဒီလိုရေးသားမျှဝေချက်နဲ့ ပတ်သက်ပြီး အထက်ပါထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ဝက်ဘ်ဆိုဒ်မှာ မတွေ့ရပါဘူး။ 

အမေရိကန်သံရုံးဟာ ပိတ်မိနေတဲ့သူတွေကို အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး လာရောက်ကယ်ထုတ်တာ ၊ ဖမ်းဆီးရ ခံသူတွေကို သွားရောက်ကယ်ထုတ်နေသလားဆိုတာ ရှင်းရှင်းလင်းလင်းသိနိုင်ဖို့အတွက်  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကို ဆက်သွယ်အတည်ပြုခဲ့ပါတယ်။ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် Ayani Manring  က Fact Crescendo ကို အောက်ပါအတိုင်း ပြောပါတယ်။ 

“ဆန္ဒပြရင်း အဖမ်းခံရရင် အမေရိကန်သံရုံးကို အကူအညီတောင်းသင့်တယ်လို့ ရေးသားထားတဲ့ လူမှုကွန်ယက် လူမှုကွန်ယက်ပို့စ် အများအပြားကို ကျွန်မတို့တွေ့ပါတယ်။ ဉပဒေနဲ့မညီတဲ့ဖမ်းဆီးမှုတွေတဲ့ အကြောင်းတွေ ကျွန်မတို့ကို အသိပေးချက်တွေလည်း ရရှိပါတယ်။ ကျွန်မတို့အနေနဲ့ သူတို့ကို ပြန်လွှတ်ပေးဖို့ ထပ်ခါတစ်လဲ တောင်းဆိုထားပါတယ်။ ဒီလို မတရားဖမ်းဆီးခံထားသူတွေအားလုံးအတွက် စိုးရိမ်ပူပန်များကို သံတမန်ရေး ရာနည်းလမ်းများနဲ့ တတ်နိုင်တဲ့ဘက်က ဆောင်ရွက်သွားပါမယ်။ ဆန့်ကျင်သွေဖယ်ခွင့်ကျင့်သုံးရင် ဖမ်းဆီး ရသူတွေ အပါအဝင် ဉပဒေနဲ့မညီတဲ့ ဖမ်းဆီးခံရသူအားလုံးကို ပြန်လွှတ်ပေးဖို့ စစ်တပ်ကို အမေရိကန် ပြည်ထောင်စုနဲ့ အခြားသောနိုင်ငံတွေကလည်း တိုးတိုးတိတ်တိတ်ဖြစ်စေ လူသိရှင်ကြားဖြစ်စေ တောင်းဆိုနေ ကြပါတယ်”

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ အမေရိကန်သံရုံးဟာ တရားမဲ့ဖမ်းဆီးရသူတွေနဲ့ ဆန့်ကျင်ဆန္ဒပြသူတွေ ဘက်ကရပ်တည်ပြီး ပြန်လည် လွှတ်ပေးဖို့ တောင်းဆိုမှုတွေရှိတာမှန်ကန်တာတွေ့ရပါတယ်။ သံတမန်နည်းများနဲ့ ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ဆက်တိုက်တောင်းဆိုနေတာမျိုးဖြစ်ပြီး လာရောက်ကယ်ထုတ်ပေး နေတယ်ဆိုတဲ့ အခြေအနေမျိုးမဟုတ်ပါဘူးလို့ သုံးသပ်ရပါ တယ်။

Avatar

Title:အမေရိကန်သံရုံးက အဖမ်းခံရတဲ့သူတွေကို လိုက်ထုတ်ပေးနေ သလား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Explainer


Leave a Reply

Your email address will not be published. Required fields are marked *