Fact Check: ကြံ့ခိုင်ရေးပါတီဥက္ကဌ ဦးခင်ရီ အသတ်ခံရတဲ့ သတင်းတု

ကြံ့ခိုင်ရေးပါတီဥက္ကဌ ဦးခင်ရီကို မရမ်းကုန်းမြို့နယ်မှာ ရန်ကုန် UG အဖွဲ့က အနီးကပ်လုပ်ကြံသတ်ဖြတ်လို့ သေဆုံးသွားတယ်လို့ ဆိုပြီး ဗွီဒီယိုယူကျူ့ချန်နယ်တခု က ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၈၀၀၀၀ ဝန်းကျင်ရှိထားတယ်။ တူညီတဲ့ ပြောဆိုချက်ကို  ဒီနေရာမှာလည်း ဖြန့်ဝေထားတယ်။ “ကြံ့ဖွတ်ခင်ရီ အသက်ပေးလိုက်ရပြီ  မရမ်းကုန်းမြို့နယ်မှာ ရန်ကုန် UG တပ်ဖွဲ့မှ အနီးကပ် ပစ်သတ်၊ သွေးချောင်းစီးနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit ”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ဖြစ်စေ၊ […]

Continue Reading

Fact Check: မြေရှားသတ္တုဝယ်ပြီး တော်လှန်ရေးကို စစ်ရေးအကူအညီပေးမယ်လို့ အမေရိကန်အကြောင်းကြားတဲ့ သတင်းတု

KIA ထိန်းချုပ်ထားတဲ့ ဒေသမှာ မြေရှားသတ္တုဝယ်ပြီး တော်လှန်ရေးကို စစ်ရေးအကူအညီပေးမယ်လို့  အမေရိကန်က အကြောင်းကြားတယ်ဆိုပြီး ဗွီဒီယို ယူကျူ့ချန်နယ်တခု က ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းဝန်းကျင်ရှိထားတယ်။  “မြန်မာ့အရေး အမေရိကန်မီးစိမ်းပြပြီ မြေရှားသတ္တုဝယ်ပြီး တော်လှန်ရေးကို စစ်ရေးကူညီပေးဖို့  အိမ်ဖြူတော် အကြောင်းကြားပြီ၊ တရုတ်ကြီးအငိုက်မိ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit ”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာ တခုဖြစ်တယ်။  တကယ်တော့ […]

Continue Reading

Fact Check: တော်လှန်ရေးတပ်‌‌ပေါင်းစု NRA ဖွဲ့စည်းလိုက်ပြီး စစ်သည် ၉ သိန်းနဲ့  နေပြည်တော်၊ မန္တလေးနဲ့ ရန်ကုန်ကို ထိုးစစ်စတင်တဲ့ သတင်းတု

တော်လှန်ရေးတပ်‌‌ပေါင်းစု(Nationwide Revolutionary Army-NRA)ဖွဲ့စည်းလိုက်ပြီး KIO ဦးဆောင်ကာ နေပြည်တော်ကို ထိုးစစ်ဆင်မည်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခု က ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။  သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းကျော်ရှိထားတယ်။  “နေပြည်တော် တုန်လှုပ်နေပြီ မဟာမိတ် တပ်ပေါင်းစု ဖွဲ့စည်းလိုက်ပြီ ၊ KIO ဦးဆောင်ပြီး တိုက်စစ်ဆင်မည်” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာ တခုဖြစ်တယ်။  အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် လက်နက်ကြီးထိမှန်ပြီး အသက်လုနေရဆိုတဲ့ သတင်းတု 

စစ်ခေါင်းဆောင် လက်နက်ကြီးထိမှန်ပြီး အသက်လုနေရတယ်ဆိုပြီး ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။  သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ၂၄ နာရီအတွင်း ကြည့်ရှုမှုပေါင်း ၁ ဒဿမ ၂ သိန်းဝန်းကျင်ရရှိထားတယ်။ “မင်းအောင်လှိုင် လက်နက်ကြီး ထိမှန် အသက်လုထွက်ပြေးလာပြီး၊ ဆေးကုသမှုခံယူနေ အသက်အာမခံချက်မရှိဟုဆရာဝန်ပြော” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့ချန်နယ်နာမည်ကို ဆင်တုယိုးမှား တုပပြီး သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီး သတင်းတွေကို အခုလို သတင်း‌ခေါင်းစဉ် တုတပ်ဖြန့်ချိနေခြင်းဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar […]

Continue Reading

Fact Check: မဟာမိတ်တပ်‌‌ပေါင်းစုဖွဲ့စည်းလိုက်ပြီး KIO ဦးဆောင်ကာ နေပြည်တော်ကို ထိုးစစ်ဆင်မည်ဆိုတဲ့ သတင်းတု

မဟာမိတ်တပ်‌‌ပေါင်းစုဖွဲ့စည်းလိုက်ပြီး KIO ဦးဆောင်ကာ နေပြည်တော်ကို ထိုးစစ်ဆင်မည်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခု က ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။  သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းကျော်ရှိထားတယ်။  “နေပြည်တော် တုန်လှုပ်နေပြီ မဟာမိတ် တပ်ပေါင်းစု ဖွဲ့စည်းလိုက်ပြီ ၊ KIO ဦးဆောင်ပြီး တိုက်စစ်ဆင်မည်” Original link | Archive link အချက်အလက်စိစစ်ချက် ကချင်အမျိုးသားလွတ်လပ်ရေးအဖွဲ့(KIO)လက်အောက်က လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ KIA  ဟာ တော်လှန်ရေးအဖွဲ့အစည်းတွေကို အားပေးကူညီတာနဲ့ ပူးပေါင်းဆောင်ရွက်တာတွေကို တက်တက်ကြွကြွပြုလုပ်နေတဲ့ ဝါရင့်လက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်တယ်။ ဒါပေမဲ့ ဘီဘီစီမြန်မာပိုင်းက ထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ့ ခေါင်းစဉ်နဲ့ […]

Continue Reading

Fact Check: စစ်တပ်ခန့် ယာယီသမ္မတ ဦးမြင့်ဆွေ ဈာပန ဗုံးခွဲခံရလို့ အများအပြား သေဆုံးတဲ့ တင်းတု

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ စစ်တပ်ခန့် ယာယီသမ္မတဦးမြင့်ဆွေ ဈာပန ဗုံးခွဲခံရလို့ အများအပြားသေဆုံးခဲ့ တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ဇူလိုင် ၈ ရက်မှာ ယူကျူ့ချန်နယ်တချို့က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။  သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၂ ဒဿမ ၂ ကျော်ရှိထားတယ်။ အလားတူ ပြောဆိုရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရတယ်။ “ဒုသမ္မတမြင့်ဆွေ အသုဘကား ဗုံးခွဲခံရ အများအပြား ထိခိုက်သေဆုံး နေပြည်‌တော်မှာ စစ်တပ်ဗိုလ်ချုပ်ဟောင်း မြင့်ဆွေ အသုဘတိုက်ခိုက်ခံရ စစ်တပ်ခေါ်ထားတဲ့ အနုပညာရှင်တွေ လည်း သေဆုံး” Original link | Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: နေပြည်တော်မှာ အင်အားပြင်းငလျင်လှုပ်ခတ်ပြီး ပျက်စီးသေဆုံးမှု များပြားတဲ့ သတင်းတု

နေပြည်တော်မှာ အင်အားပြင်းငလျင်လှုပ်ခတ်ပြီး ပျက်စီးသေဆုံးမှုများပြားခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ဇူလိုင် ၈ ရက်မှာ ယူကျူ့ချန်နယ်တချို့က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။  သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ  နာရီအနည်းငယ်အတွင်း ကြည့်ရှု့မှုပေါင်း  ၇၀၀၀၀ ကျော်ရရှိထားတယ်။ အလားတူ ပြောဆိုရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “၉.၄ ဖျက်အား ငလျင်လှုပ်နေ မင်းအောင်လှိုင်ရဲ့ နေပြည်တော် စေတီ ပြိုကျ လူအသေအပျောက် ၄၉၀၀ ခန့်ရှိပြီး ပိတ်မိနေကြပြီ စစ်အုပ်စုကို ထောက်ခံတဲ့ ဘောမတွေ အော်နေကြပြီ” Original link | Archive link အချက်အလက်စိစစ်ချက် နေပြည်တော်မှာ အင်အားပြင်း ငလျင်လှုပ်ခတ်တဲ့အကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ‌ […]

Continue Reading

Fact Check: စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲ တရုတ်လက်မခံဆိုတဲ့ သတင်းတု 

စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲ တရုတ်လက်မခံဘူးဆိုတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။  သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “တရုတ် အကြပ်ကိုင်လိုက်ပြီ တရုတ်သံရုံး စစ်တပ်က မောင်းထုတ် ဒေါ်အောင်ဆန်းစုကြည်ပါမှ ရွေးကောက်ပွဲလက်ခံမည် စစ်တပ်ရွေးကောက်ပွဲလက်မခံဟု တရုတ်က အပြတ်ပြော” Original link | Archive link အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းကြည်မပါတဲ့ စစ်တပ်က ကျင်းပမယ်လို့ ကြွေးကြော်ထားတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တရုတ်က လက်မခံဘူးလို့ ပြောတဲ့အကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မတွေ့ရပါဘူး။ ဗွီဒီယိုတွေ ဖြန့်ဝေထားတဲ့ “Mandalay Khitthit” အမည်နဲ့ ယူကျူချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီး သတင်းတွေနဲ့ လူမှုကွန်ယက်အသုံးပြုသူတွေ သတင်း‌ခေါင်းစဉ် တုတပ်ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ပတ်သက်ပြီး Fact […]

Continue Reading

Fact Check: စစ်တပ်ခန့် ဝန်ကြီးချုပ်သစ်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတဲ့ သတင်းတု 

စစ်ကောင်စီခန့် ဝန်န်ကြီးချုပ်သစ် ဗိုလ်ချုပ်ကြီး ညိုစောက  ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလုပ်ပြီဆိုပြီး ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။  သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေသာဖြစ်ပြီး အမှန်တကယ်မဟုတ်ပါဘူး။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “နိုင်ငံ‌‌‌တော် ဝန်ကြီးချုပ် ရယူပြီး ၁ ရက်အကြာ ဒေါ်စုကို လွှတ်ငြိမ်းခွင့်ပေးတဲ့ ဦးညိုစော မအလ လူယုံမှားပြီ/ အာဏာဖီဆန်ခံရပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုတွေ ဖြန့်ဝေထားတဲ့ “Local Celegram” အမည်နဲ့ ယူကျူချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ချက်တွေ မကြာခဏဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်မှာကြည့်ပါ။ ဒီချန်နယ်ဟာ  သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီးအကြောင်းအရာတချို့ကို သတင်း‌ခေါင်းစဉ် […]

Continue Reading

Fact Check: နေပြည်တော်အနီး ကုလသမဂ္ဂက တပ်လာဖြန့်ဆိုတဲ့ သတင်းတု 

မြန်မာနိုင်ငံ နေပြည်တော်မှာ ကုလသမဂ္ဂတပ်တွေ အရေးပေါ် တပ်ဖြန့်လိုက်ပြီလို့ ဆိုပြီး ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။  သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေသာဖြစ်ပြီး အမှန်တကယ်မဟုတ်ပါဘူး။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ ပို့စ်ကို ဒီနေရာမှာလည်း တွေ့ရတယ်။ “ကုလတပ် အရေးပေါ် တပ်ဖြန့် မြန်မာကို အနီရောင်အဆင့် သတ်မှတ်ပြီး နေပြည်တော်  အနီး တပ်လာချပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုတွေ ဖြန့်ဝေထားတဲ့ “Khit Thit Media” နဲ့ “Yangon Khit Thit” အမည်နဲ့ ယူကျူချန်နယ်တွေနဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ […]

Continue Reading