Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်အစိုးရ ကယ်ထုတ်လို့ ပြန်လွတ်မြောက်လာတဲ့ သတင်းတု 

ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်အစိုးရ ကယ်ထုတ်လို့ ပြန်လွတ်မြောက်လာတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။ သတင်းတု ဖြစ်တာ တွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုတခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  “ဒေါ်အောင်ဆန်းစုကြည် ကို လာခေါ်ပြီ ဗြိတိန်အစိုးရ ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် ကို  လာကယ်ထုတ်ပြီ ဝမ်းသာလွန်းလို့ မျက်ရည်ဆို့တယ်ဟာ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The  Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဒါမှမဟုတ် လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက် စိစစ်ချက်တွေကို […]

Continue Reading

Fact Check: ရွေး‌ကောက်ပွဲမဲလာမထည့်လို့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ အဖမ်းခံရတဲ့ သတင်းတု 

ရွေး‌ကောက်ပွဲမဲလာမထည့်လို့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ အဖမ်းခံရ တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအား‌ကောင်းလျက်ရှိတာ တွေ့ရတယ်။ သတင်းတု ဖြန့်ချိမှု သာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “အခုမှ MRTV ထုတ်ပြန်လို့ လန့်ကုန်ကြပြီ သန်းရွှေ ကို သတ် ပြီး သိန်းစိန် ကို ဖမ်းထား ဒါကြောင့် ရွေးကောက်ပွဲမှာ မဲလာမထည့်တာ ကိုး” Original link | Archive link အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ရန်ကုန်ခေတ်သစ်အမည်နာမကို တုပထားတဲ့ “Khit Thit Media” ယူကျူ့ချန်နယ်ဟာ လုပ်ကြံပြောဆိုချက်တွေနဲ့ […]

Continue Reading

Fact Check: ရွေးကောက်ပွဲအကြို နေပြည်တော်တိုက်ခိုက်ခံရပြီး  စစ်ခေါင်းဆောင် အပါအဝင် ဗိုလ်ချုပ်တွေ သေဆုံးတဲ့ သတင်းတု 

ရွေးကောက်ပွဲအကြိုနေ့မှာ KIA နဲ့ AA က နေပြည်တော်ကို ဝင်တိုက်ခိုက်မှု စစ်ခေါင်းဆောင်အပါအဝင် ဗိုလ်ချုပ်တွေ သေဆုံးတယ်ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “‌ရွေးကောက်ပွဲ အကြိုရက် နေပြည်တော် ပျက်ပြီ KIA နဲ့ AA တို့ ဦးဆောင်ပြီး နေပြည်တော် ကို  ဝင်စီးလို့ မင်းအောင်လှိုင် နဲ့ ဗိုလ်ချုပ်တွေသေကုန်ပြီ ”  Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို လိုအပ်သလို ပြန်လည်တည်ဖြတ်ပြောဆိုတာနဲ့ လုပ်ကြံပြောဆိုချက်တွေ […]

Continue Reading

Fact Check: ရန်ကုန်နဲ့ မန္တလေးကို အရေးပေါ်ကြေညာတဲ့ သတင်းတု 

ရန်ကုန်နဲ့ မန္တလေးကို အရေး‌ပေါ်ကြေညာလိုက်တယ်လို့ ဆိုလိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “မန္တလေး တမြို့လုံး ပွတ်လော ရိုက်ကုန်ပြီ မန္တလေးနဲ့ ရန်ကုန် အရေးပေါ်ကြေငြာပြီ တစ်နိုင်ငံလုံး အသက်မသေဖို့ ချက်ချင်းကြည့်ပေးပါ”  Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေနဲ့ လူမှုကွန်ယက်အသုံးပြုသူတွေ ရေးသားတဲ့အကြောင်းအရာတွေကို လိုအပ်သလို ပြန်လည်တည်ဖြတ်ပြော ဆိုလုပ်ကြံရေးသား‌ဖော်ပြပါတယ်။ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ် ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ ရန်ကုန်နဲ့ […]

Continue Reading

Fact Check: မြန်မာရွေးကောက်ပွဲကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ  စစ်ရေးအရ အရေးယူမယ်ဆိုတဲ့ သတင်းတု 

မြန်မာရွေးကောက်ပွဲကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ  စစ်ရေးအရ အရေးယူမယ်လို့ ဆိုလိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့နေတာတွေ့ရတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ “လူ့အခွင့်ရေးကောင်စီ ကြားဖြတ်သတင်း ရွေးကောက်ပွဲကို လက်နက်နဲ့ ဖျက်စီးမည် ပြည်သူများ ၂၈ ရက်နေ့ အပြင်မထွက်ကြနဲ့ အကုန် ပစ်မိန့်ပေးထားပြီ”  Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “မန္တလေးခေတ်သစ်” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေနဲ့ လူမှုကွန်ယက်အသုံးပြုသူတွေ ရေးသားတဲ့အကြောင်းအရာတွေကို သတင်းခေါင်းစဉ် တုတပ် ဖြန့်ဝေတာတွေပြုလုပ်ပါတယ်။ အချက်အလက်စိစစ် ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  အခုလည်း လူမှုကွန်ယက်အသုံးပြုသူတယောက်ရေးသားတဲ့ “ကုလ ၏ […]

Continue Reading

Fact Check: မင်္ဂလာဒုံလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်မှုဖြစ်ပွားပြီး လေယာဉ် ၂ စင်း ပျက်စီးတဲ့ သတင်းတု 

မင်္ဂလာဒုံလေတပ်စခန်း ရှော့တိုက်ဒုံး ၁၁ လုံးနဲ့ ပစ်ခတ်မှုဖြစ်ပွားပြီး လေယာဉ် ၂ စင်း ပျက်စီးသွားတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဒီဇင်ဘာ ၂၂ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၅ သိန်းကျော်ရရှိထားတယ်။  “မင်္ဂလာဒုံလေတပ် UG တပ်ဖွဲ့ ရှော့တိုက်ဒုံး(၁၁)လုံးနဲ့ တိုက်ခိုက် လေယာဉ်(၂)စီးပျက်စီး၊ အရာရှိကြီးတွေပါ သေကုန်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ရန်ကုန်ခေတ်သစ်မီဒီယာရဲ့ ယူကျူ့အမည်ကို တုပထားတဲ့ ဒီဗွီဒီယိုကိုဖြန့်ဝေထားတဲ့ “Khit Thit Media” ယူကျူ့ချန်နယ်ဟာ […]

Continue Reading

Fact Check: ရန်ကုန်နဲ့ မန္တလေးမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး သံဃာ သောင်းချီ ဆန္ဒပြတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ရန်ကုန်နဲ့ မန္တလေးမှာ သံဃာ သောင်းနဲ့ချီပြီး ဆန္ဒပြနေတယ်ဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှားတခုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့  á€…ခရင်ရသ္ဏအဓဏတ်ပုလနဲအ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။    â€œá€™á€”á€€á€şá€‘á€°á€¸á€”á€ąá€•á€źá€Žá€Ÿá€ąá€ˇ ၈၈ ကလို လမ်းမပေါ် ဘုန်းကြီးတွေ ပြည့်နေပြီ ဒေါ်အောင်ဆန်းစုကြည် မလွှတ်ရင် ၈၈ကထက်ဆိုးမည် ရန်ကုန် မန္တလေး ဘုန်းကြီး သောင်းချီ ဆန္ဒပြ နေကြပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “မန္တလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို သတင်းခေါင်းစဉ်တုတပ် ဖြန့်ဝေတာတွေ ပြုလုပ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  ရန်ကုန်နဲ့ မန္တလေးမှာ […]

Continue Reading

Fact Check:  ကျောက်ဖြူက တရုတ်ပိုက်လိုင်းကို AA ဖောက်ခွဲတဲ့ သတင်းတု

မြောက်ဦးဆေးရုံးဗုံးကြဲတိုက်ခိုက်မှုကို လက်စားချေတဲ့အနေနဲ့ အာရက္ခတပ်တော်(AA)က  — ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်း နေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။  “ကျောက်ဖြူ ပိုက်လိုင်း ပြာကျ မင်းအောင်လှိုင် မျက်ဖြူဆိုက်နေပြီ ။ မြောက်ဦးဗုံးကြဲမှု AA လက်စားချေလိုက်ပြီဟေ့” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media” ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာန အမည်နာမကို တုပထားပြီး သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိ ပါတယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး အချက်အလက်စိစစ်ချက်ထားတာကို  ဒီလင့်ခ်မှာ ကြည့်ပါ။ အခုလည်း ကျောက်ဖြူက […]

Continue Reading

Fact Check: ကျောက်ဖြူတိုက်ပွဲမှာ လေယာဉ် ၂ စီး AA ပစ်ချဆိုတဲ့ သတင်းတု

ကျောက်ဖြူတိုက်ပွဲမှာ အာရက္ခတပ်တော်(AA)က  မြန်မာစစ်တပ် လေယာဉ် ၂ စီးပစ်ချလိုက်တယ်ဆိုပြီး ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်း နေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။  “လေယာဉ်(၂)စီး အေအေ ထပ်မံ ပစ်ချ အထိနာနေတဲ့ ကျောက်ဖြူတိုက်ပွဲ စစ်ကူလာတဲ့ လေယာဉ်(၂)စီး အေအေ ပစ်ချ၊ လေယာဉ်မှူးအလောင်း(၂)ဦးလုံး အလောင်း‌ပျောက်” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိ ပါတယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar […]

Continue Reading

Fact Check: ဒေါ်စုကို ခွေးနဲ့နှိုင်းတဲ့ ဗိုလ်ချုပ်‌ဇော်မင်းထွန်း အသတ်ခံရဆိုတဲ့ သတင်းတု

သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ခွေးနဲ့နှိုင်းတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း အဲဒီပွဲက အပြန်မှာပဲ အသတ်ခံရတယ်ဆိုပြီး ဗွီဒီယိုကို  ယူကျူ့ ချန်နယ်တခုက ဖြန့်ဝေထားရာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ဖြန့်‌ဝေပြီး ၂၄ နာရီအတွင်းမှာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၃ သိန်းကျော်ရရှိထားတယ်။ “ဗိုလ်ချုပ် ဇော်ပင်းထွန်း အသတ်ခံရ  ဒေါ်စု ကို ခွေးနဲ့ နှိုင်းခဲ့တဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်း  သတင်းစာ ရှင်းလင်းပွဲက အပြန်လမ်းမှာ အသတ်ခံရ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ […]

Continue Reading