Fact Check: ရန်ကုန်မြို့သိမ်းတိုက်ပွဲစပြီဆိုတဲ့ သတင်းတု

ရန်ကုန်မြို့သိမ်းတိုက်ပွဲစတင်လိုက်ပြီး အစိုးရ ရုံးတွေနဲ့ ဌာနဆိုင်ရာတွေ ပစ်ခတ်တိုက်ခိုက်ခံရဆိုတဲ့  သတင်းတု ဗွီဒီယို ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ ဒီဇင်ဘာ ၂၉ ရက်မျာ ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ် ကို အောက်မှာ ကြည့်ပါ။  “ရန်ကုန် မြို့သိမ်းတိုက်ပွဲ စပြီ ရန်ကုန်ကို စစ်ကောင်စီ ပစ်မိန့်ကြေညာ ရန်ကုန်အစိုးရ ရုံးနဲ့ ဌါန ဆိုင်ရာ များ ပစ်ခတ်ခံရပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay Khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို လိုအပ်သလို ခေါင်းစဉ်တုတပ်ကာ ဖြန့်ချိနေခြင်းဖြစ်တယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို […]

Continue Reading

Fact Check: စစ်မှုထမ်းဥပဒေ တရားဝင်ရုတ်သိမ်းလိုက်ပြီဆိုတဲ့ သတင်းတု

စစ်မှုထမ်းဥပဒေကို တရားဝင်ရုတ်သိမ်းလိုက်ကြောင်း ကြေညာပြီလို့ ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်မှာ ပျံ့နှံ့နေတာဟာ သတင်းတု ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။  ဒီဇင်ဘာ ၂၅ ရက်က စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသား ကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုအကြိမ်အရေအတွက် ၂ ဒသမ ၂ သိန်းရရှိထားတယ်။  “လူငယ်တွေပြေးစရာမလိုတော့ဘူး စစ်မှုထမ်းဥပဒေကို တရားဝင်ရုတ်သိမ်းလိုက်ပြီ စစ်ရုံးပြီလို့ဝန်ခံ/ အမြန်နား‌ထောင်ပေးကြပါ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိတာ ဒါမှမဟုတ် လုပ်ကြံပြောဆိုချက်တွေနဲ့ ရောနှောဖြန့်ချိနေတဲ့ နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo […]

Continue Reading

Fact Check: ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် သေဆုံးသွားပြီလို့ သူ့သား ကြေညာဆိုတဲ့ သတင်းတု

ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် သေဆုံးသွားပြီလို့ သားဖြစ်သူ ကင်အဲရစ်ကြေညာဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်မှာ ပျံ့နှံ့နေတာဟာ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။  ဒီဇင်ဘာ ၂၄ ရက်က စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုအကြိမ်အရေအတွက် ၁ သိန်းရရှိထားတယ်။  “အကျဉ်းထောင်ထဲမှာ အမေစု အသက်မရှိတော့ဘူးဟု သားဖြစ်သူကိုယ်တိုင် အတည်ပြုကြေညာလို့ တကမ္ဘာလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Daily Burmese Vlog”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိနေတဲ့ နေရာတခုဖြစ်တယ်။ အခုလည်း ဗွီဒီယိုထဲမှာ‌ဖော်ပြခဲ့တဲ့အကြောင်းအရာဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ သားဖြစ်သူ […]

Continue Reading

Fact Check:  ‌ဖေ့စ်ဘွတ်နာမည်ကြီး ဖြူဖြူထွေး အသတ်ခံရတဲ့ သတင်းတု 

စစ်တပ်ကိုထောက်ခံတဲ့ ‌ဖေ့စ်ဘွတ်နာမည်ကြီး ဖြူဖြူထွေး အသတ်ခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယို Local Celegram အမည်နဲ့ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တယ်။  ဒီဇင်ဘာ ၂၄ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။  “စစ်တပ်ထောက်ခံ အကြီးစားဘောမ ဆယ်လီ”ဖြူဖြူထွေး” အသတ်ခံရပြီ စိတ်ခိုင်ခိုင်ထားပြီးမှနားထောင်ကြပါ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒါပေမဲ့ “Local Celegram”ဟာ မီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ်ဖြန့်ချိတာ ဒါမှမဟုတ် လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် နေတဲ့နေရာကို PDF ဝင်စီးပြီး ကယ်ထုတ်တဲ့ သတင်းတု

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ထားတဲ့ နေရာကို သိရှိပြီးနောက် PDF တွေက အင်အား အလုံးအရင်းနဲ့ ဝင်ရောက်စီးပြီး ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု တခုသာဖြစ်တယ်။  ဒီဇင်ဘာ ၁၈ ရက်က စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။  “မနေ့ညက ဖရဲသီး သတင်းပေးလို့ စစ်ကောင်စီ အမေစုကို ဖွက်ထားတဲ့နေရာ PDF တွေ  အင်အားအလုံးရင်းနဲ့ ဝင်စီးပြီး ကယ်တင်နိုင်ခဲ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက်မတွေ့ရပါဘူး။ “MCM”အမည်နဲ့ […]

Continue Reading

Fact Check: တွေ့ဆုံဆွေးနွေးမှုကို AA လက်မခံလို့ ရခိုင်လူမျိုးမှန်သမျှကို ရန်ကုန်က နှင်ထုတ်မယ်ဆိုတဲ့ သတင်းတု

တွေ့ဆုံဆွေးနွေးမှုကို AA လက်မခံလို့ ရခိုင်လူမျိုးမှန်သမျှကို စစ်ကောင်စီ ရန်ကုန်က နှင်ထုတ်မယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်မှာ ပျံ့နှံ့နေတာဟာ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။ ဒီဇင်ဘာ ၁၅ ရက်က စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ “ထွန်းမြတ်နိုင်က ဆွေးနွေးဖို့ လက်မခံလို့ ရန်ကုန်က ရခိုင်လူမျိုး မှန်သမျှ နှင်ထုတ်ဖို့ အမိန့်ချလို့လန့်ကုန်ပြီ(ရုပ်/သံ)” မူရင်းလင်ခ့် – Youtube link | Archive link ၂ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာတော့ ရခိုင်တွေကို သတ်ဖို့လုပ်နေပြီလို့ဆိုထားပါတယ်။ အချက်အလက်စိစစ်ချက် “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံသတင်းတွေ ဒါမှမဟုတ် သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိနေတဲ့ နေရာတခုဖြစ်တယ်။ ဒီယူကျူ့ချန်နယ်နဲ့ […]

Continue Reading

Fact Check: စစ်ဗိုလ်ချုပ် သူရိန်ထွန်းကို AA သေဒဏ်ပေးလိုက်ပြီဆိုတဲ့ သတင်းတု

ဖမ်းဆီးရမိတဲ့ စစ်ဗိုလ်ချုပ် သူရိန်ထွန်းကို အာရက္ခတပ်တော်(AA)က သေဒဏ်ပေးလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု တခုသာဖြစ်တယ်။  ဒီဇင်ဘာ ၁၇ ရက်က စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။  “ဗိုလ်ချုပ် သူရိန်ထွန်း AA သေဒဏ်ပေး အသက်သွေးကြွေး ပြန်ဆပ်တာလို့ AA ကြေညာ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Khit Thit Media”အမည်နဲ့ ချန်နယ်ဟာ မီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေ အထူးသဖြင့် စာသားနဲ့ သတင်းတင်ဆက်မှုတွေကို ဗွီဒီယိုပုံစံပြောင်းလဲပြီး လုပ်ကြံသတင်းခေါင်းစဉ်တွေ တပ်ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်ရွေးကောက်ခံ သမ္မတ ထရမ့်တောင်းဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် တောင်းဆိုလိုက်ပြီး မလိုက်နာရင် စစ်ရေးအရ အရေးယူမယ်လို့ ဆိုထားတဲ့ သတင်းတုဗွီဒီယိုတခု ‌ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်မှာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိတယ်။ ဒီဗွီဒီယိုမှာပဲ သူ့ရဲ့တောင်းဆိုချက်ကို လိုက်နာပြီး ၃ မိနစ်အတွင်း ရာသက်ပန်လွတ်ငြိမ်းခွင့်နဲ့ စစ်ခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်တယ်လို့လည်း ဆိုထားပါတယ်။  နိုဝင်ဘာ ၂၈ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ  လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၃၂၀၀၀ ဝန်းကျင် ရှိထားတယ်။ ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကိုအောက်မှာ ကြည့်ပါ။ တူညီတဲ့ ရေးသား ဖြန့်ဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “သမ္မတဒေါ်နယ်ထရမ့် တောင်းဆိုမှုကြီးပြီ ‌ဒေါ်စုကိုမလွှတ်ရင် စစ်ရေးနဲ့အရေးယူမည်ပြောလို့ (၃)မိနစ်မကြာဘူး ရာသက်ပန် လွတ်ငြိမ်းခွင့်ပေးပြီ” မူရင်းလင်ခ့် – Facebook […]

Continue Reading

Fact Check: သီတဂူ ဆရာတော် ပျံလွန်တော်မှုပြီဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုးကွယ်တဲ့ သီတဂူ ဆရာတော် ပျံလွန်တော်မှုပြီလို့  ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းတု ဖြန့်ချိနေခြင်း သာဖြစ်တာတွေ့ရတယ်။  နိုဝင်ဘာ ၂ ၃ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ  လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၂၇၀၀၀ ဝန်းကျင် ရှိထားတယ်။ ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကိုအောက်မှာ ကြည့်ပါ။  “မင်း‌အောင်လှိုင် ကိုယ်ကွယ်တဲ့ သီတဂူ ဆရာတော် ဘုန်းကြီး နာရေးသတင်းကြီး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းတု၊ သတင်းမှားတွေ ဖြန့်ချိနေတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။  အခုလည်း ဒီချန်နယ်ဟာ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်ကို ICC သေဒဏ်ပေးတဲ့ သတင်းမှား

နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သေဒဏ်ချမှတ်လိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းမှား သာဖြစ်တာတွေ့ရတယ်။  နိုဝင်ဘာ ၂ ၇ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ  လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၄၅၀၀၀ ဝန်းကျင် ရှိထားတယ်။ ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကိုအောက်မှာ ကြည့်ပါ။  “မအလကို ICC သေဒဏ်အမိန့်ချပြီ ICC ရှေ့နေချုပ် ရန်ကုန်ရောက်နေ ပြီ” မူရင်းလင်ခ့် – Youtube link | Archive link နောက်ထပ် အလားတူတဲ့ ဖြန့်ဝေမှုမှာတော့ စစ်ခေါင်းဆောင်ဟာ ICC ကိုသေဒဏ်မပေးဖို့ တောင်းပန်လိုက်ပြီး NUG ကို အာဏာလွှဲပြောင်းပေးမယ်လို့ ဆိုပါတယ်။ ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် […]

Continue Reading