Fact Check: NUG နဲ့ စစ်ကောင်စီ ဆွေးနွေးမှုအပြီး အချက် ၆ ချက်သဘောတူဆိုတဲ့ သတင်းတု 

NUG နဲ့ စစ်ကောင်စီတို့ အကြိတ်အနယ်ဆွေးနွေးပြီးနောက် အချက် ၆ ချက်သဘောတူညီချက်ရပြီလို့ ဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  မေ ၂၃ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ “အချက် ၆ ချက်သဘောတူ လိုက်ပြပြီ NUGနဲ့ စစ်ကောင်စီတို့ အကြိတ်အနယ်ဆွေးနွေးပြီး ပြည်သူတွေ ဝမ်းသာလို့ရပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay khitthit” ယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး  Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ ဒီယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: စစ်ကောင်စီကို အာဆီယံကထုတ်ပယ်တဲ့ သတင်းတု

မြန်မာစစ်အုပ်စုကို အာဆီယံက ထုတ်ပယ်လိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတယ်။ သတင်းတု ဖြန့်ချိမှုတခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။   “စစ်ကောင်စီ အာဆီယံက ဖယ်ထုတ်ခံရ စစ်ကောင်စီဟာ တရားဝင်အစိုးရမဟုတ်ဘူးလို့ ထိုင်း ဝန်ကြီးအပြတ်ပြော၊ စစ်အုပ်စု ငါးပါးမှောက်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက်  ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာန အမည်နာမနဲ့ အမှတ်တံဆိပ်ကို တုပထားပြီး မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်း တွေကို ပြန်လည် ကူးယူ‌ဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့နေရာဖြစ်တာ တွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo […]

Continue Reading

Fact Check: မလေးရှား‌ MH370 လေယာဉ်ပျောက်ဆုံးသွားပုံဗွီဒီယိုလား-မဟုတ်ပါ

လွန်ခဲ့တဲ့ ၁၁ နှစ်ဝန်းကျင်က မလေးရှားလေကြောင်းလိုင်း MH370 လေယာဉ် ပျောက်ဆုံးခဲ့ပုံကို အမေရိကန် ထုတ်ပြန်လိုက်တယ်ဆိုပြီး ဗွီဒီယိုတခု  ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှား သာဖြစ်တယ်။  မေ ၁၉ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ စက္ကန့် ၄၀ ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ လေယာဉ်တစီး တိမ်တိုက်တွေကြား ပျံသန်းရင်း ပေါက်ကွဲသွားတာကို မြင်တွေ့ရပါတယ်။ “မလေးရှားလေကြောင်းလိုင်း Flight 370ပျောက်သွားပုံကိုအမေရိကန်ကထုတ်ပြ” Original link | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုဟာ အစစ်အမှန်မဟုတ်ဘဲ နောက်ခံ ဓာတ်ပုံတချို့ကို အသုံးပြုပြီး ဖန်တီးထားတာတွေ့ရကြောင်း အချက်အလက်စိစစ်မှုတချို့မှာ‌‌ဖော်ပြခဲ့ပြီးဖြစ်တယ်။ (ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာကြည့်ပါ) […]

Continue Reading

Fact Check: မြန်မာနိုင်ငံကို မုန်တိုင်းကြီးဝင်မယ်ဆိုပြီး သတင်းမှားတွေ ဆက်တိုက် ဖြန့်ဝေနေတဲ့ ‌ဖေ့စ်ဘွတ်စာမျက်နှာ

မြန်မာပြည်ကို မုန်တိုင်းကြီးဝင်ရောက်ဖို့ရှိလို့ သတိထားဖို့လိုတယ်ဆိုပြီး ဗွီဒီယိုတွေ “D Ka TV”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဆက်တိုက် ဖြန့်ဝေနေပြီး ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသတင်းမှား ဖြန့်ချိနေခြင်းဖြစ်တယ်။ မေ ၂၁ ရက်ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ နာရီပိုင်းအတွင်း ကြည့်ရှူ့မှုပေါင်း ၅၀၀၀၀ ကျော်ရှိတယ်။ “ည ၉ နာရီမုန်တိုင်းသတင်းထူး မေလ ၂၂ – ၂၃ ၀င်လာမည့် ပြင်းထန်သောမုန်တိုင်းကြီးလုံး၀‌ပေါ့ဆ လို့မရပါ” Original link | Archive link အလားတူဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အသက်အန္တရာယ်ရှိတဲ့အတွက် အရေးပေါ် မုန်တိုင်း သတိပေးချက်ဆိုပြီး ဒီစာမျက်နှာက မေ ၂၁ ရက်မှာ ဖြန့်ဝေထားတဲ့ ဗွီဒီယိုဟာ လက်ရှိအချိန်မှာ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် သားနဲ့သမီး အသတ်ခံရဆိုတဲ့ သတင်းတု

စစ်‌ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သားနဲ့ သမီးဟာ ပစ်သတ်ခံရတယ်လို့ MRTVက အတည်ပြု ကြေငြာလိုက်တယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာတွေ့ရပါတယ်။ သတင်းတု ဖြန့်ချိမှုသာဖြစ်တယ်။ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်က မေ ၂၀ ရက်မှာဖြန့်ဝေထားပြီး ပျံ့နှံ့မှုအား‌ကောင်းနေတဲ့  ယူကျူ့ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။   “မင်းအောင်လှိုင် သား နဲ့ သမီး ကို ပစ်သတ်  MRTV ကတောင် အတည်ပြု ကြေငြာပြီ” Original link | Archive link အချက်အလက်စိစစ်ချက်  ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ  လုပ်ကြံရေးသားပြောဆိုချက်တွေကို ဖြန့်ဝေတာ တွေ့ရပါတယ်။ ဒီလိုဖြန့်ဝေမှုတွေနဲ့ ပတ်သက်ပြီး Fact Crescendo Myanmar […]

Continue Reading

Fact Check: မြန်မာစစ်ခေါင်းဆောင် နေအိမ် ဗုံးခွဲခံရပြီး မိသားစုလိုက် သေဆုံးတဲ့ သတင်းတု 

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နေအိမ် ဗုံးခွဲခံရပြီး မိသားစုလိုက် သေဆုံးသွားတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု တခုသာဖြစ်တယ်။ မေ ၁၉ ရက်မှာစတင်ဖြန့်ဝေလာပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ နာရီအနည်းငယ်အတွင်း ကြည့်ရှု့မှုပေါင်း ၂၈၀၀၀ ကျော်ရရှိထားတယ်။  “မနက်(၁၀)နာရီ အရေးပေါ်သတင်းထူး သေကုန်ပီ မအလ နေအိမ်ဗုံးခွဲခံရလို့ မိသားစုလိုက်  မသာပေါ်ကုန်ပြီ/ခေတ်သစ်အတည်ပြုပီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit channel”အမည်နဲ့ ယူကျူဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်က ပြန်လည်ဖြန့်ချိတဲ့နေရာတခုဖြစ်တာတွေ့ရတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar […]

Continue Reading

Fact Check: NLD ပါတီကို အာဏာပြန်လွှဲပေးမယ်လို့ စစ်ခေါင်းဆောင် ကြေညာဆိုတဲ့ သတင်းတု

NLD ပါတီကို အာဏာပြန်လွှဲပေးမယ်လို့ စစ်‌ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် အတည်ပြု လိုက်တယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာတွေ့ရပါတယ်။ သတင်းတု ဖြန့်ချိမှုသာဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။   “NLD ပါတီကို အာဏာပြန်လွှဲပေးမယ့်သတင်း မင်းအောင်လှိုင် ကိုယ်တိုင်အတည်ပြုလိုက်ပြီ လူထုခေါင်းဆောင် ကိုပွဲထုတ်ပြီးရှောင်ပြေး” Original link | Archive link အချက်အလက်စိစစ်ချက်  ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည် ကူးယူ‌ဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတာ ဒါမှမဟုတ် လုပ်ကြံရေးသားပြောဆိုချက်တွေကို ဖြန့်ဝေတာ တွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ […]

Continue Reading

Fact Check: ဒီပဲယင်းလေကြောင်းတိုက်ခိုက်ခဲ့တဲ့ လေယာဉ်မှူးကို ဖမ်းဆီးပြီး ပစ်သတ် လိုက်တဲ့ သတင်းတု 

ဒီပဲယင်းမှာ အိုးတိန်တွင်းရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်မှုမှာ ကလေးအများ အပြား ထိခိုက်သေဆုံးခဲ့ရပြီး ဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိတဲ့ လေယာဉ်မှူးကို တော်လှန်ရေးအဖွဲ့တွေက ဖမ်းဆီးရမိပြီး ‌သေဒဏ်ပေးလိုက်တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု တခုသာဖြစ်တယ်။ မေ ၁၅ ရက်ကစတင်ဖြန့်ဝေလာပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ တရက်အတွင်း ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၁ သိန်းကျော်ရရှိထားတယ်။  “ပြည်သူကို ဗုံးကြဲသတ်တဲ့ တရားခံကြီး ဇော်မင်းထင်‌ကျော် ကို အရှင်ဖမ်းပြီး ပြည်သူအားလုံးရှေ့မှာ ပစ်သတ်(ရုပ်/သံ)” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: မြန်မာစစ်အုပ်စုကို အမေရိကန်က တရားဝင် စစ်ကြေညာဆိုတဲ့ သတင်းတု

မြန်မာစစ်အုပ်စုကို အမေရိကန်က တရားဝင် စစ်ကြေညာလိုက်တယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာမှာ  ပျံ့နှံ့မှု အားကောင်းနေတယ်။ သတင်းတု ဖြန့်ချိမှုတခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။   “အမေရိကန် စစ်ကြေညာ စစ်အုပ်စုကို တရားဝက် ကြေညာလိုက်ပြီ ဒုချုပ်စိုးဝင်းက မင်းအောင်လှိုင် အမြန်ဆုံးပြန်လာဖို့ ပြန်ခေါ်နေပြီ” Original link | Archive link အချက်အလက်စိစစ်ချက်  ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်း တွေကို ပြန်လည် ကူးယူ‌ဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့နေရာဖြစ်တာ တွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်မှာ […]

Continue Reading

Fact Check: အိန္ဒိယကို တိုက်ခိုက်ဖို့ ပျံတက်စဉ် ပါကစ္စတန်လေယာဉ် ပျက်ကျမှု ဗွီဒီယိုလား-မဟုတ်ပါ 

ပါကစ္စတန်က လေယာဉ်ကွင်းတစ်ခုမှာ အိန္ဒိယအပေါ် တိုက်ခိုက်ရေးပြသဖို့ လေယာဉ် ၂ စင်း အတူယှဉ်ပြိုင် တက်လာရာကနေ တစီးဟာ ချို့ယွင်းမှုဖြစ်ပေါ်ပြီး ပျက်ကျခဲ့တယ်ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ  ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ အိန္ဒိယ-ပါကစ္စတန် စစ်ရေးတင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ ဒီဗွီဒီယိုဟာ စတင်ပျံ့နှံ့လာတာဖြစ်တယ်။ ဒါပေမဲ့ မှားယွင်းပြောဆိုချက်ဖြစ်ပြီး ဒီဗွီဒီယိုဟာ အနည်းဆုံး ဆယ်စုနှစ်တခု ကြာမြင့်ခဲ့ပြီဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  တူညီစွာ  ပြောဆိုဖြန့်ဝေထားတဲ့ ဗွီဒီယိုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “ပါကစ္စတန်က လေယာဉ်ကွင်းတစ်ခုမှာ အိန္ဒိယအပေါ် တိုက်ခိုက်ရေးပြသရန်အတွက် ‌ေလယာဥ် ၂’စင်း အတူယှဉ်ပြိုင် တက်လာရာကနေ နောက်က တစ်စင်းက ကံဆိုးသွား ပါတယ် မေလ […]

Continue Reading