Fact Check: မန္တလေးဆင်ခြေဖုန်းမှာတွေ့ရတဲ့ လူနှင့်တူတဲ့ ထူးဆန်းတဲ့ သတ္တဝါလား-မဟုတ်ပါ

မန္တလေးမြို့ဆင်ခြေဖုန်း တနေရာမှာ လူနှင့်တူတဲ့ ထူးဆန်းတဲ့ သတ္တဝါတကောင်တွေ့ ရှိရတယ်လို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ ထူးဆန်းတဲ့ သတ္တဝါဟာ အီးတီလိုလို လူလိုလိုပုံစံရှိပြီး မျက်လုံးပြာပြာကြီး လက်သည်းရှည်ကြီးတွေလည်းပါရှိတယ်လို့ဆိုပြီး  ဓာတ်ပုံ ၂ ပုံနှင့်အတူဖြန့်ဝေနေတာဖြစ်ပါတယ်။ သတင်းမှားဖြစ်ပါတယ်။   “𝗡𝗚𝗔 𝗙𝗘𝗘𝗟𝗜𝗡𝗚”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   အောက်ပါ screenshot ကတော့ မျှဝေထားတဲ့ ဓာတ်ပုံပါ အတိုင်းတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံတွေဟာ Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံဟာ အီတလီအနုပညာရှင်တစ်ဦးဖြစ်တဲ့ “Laira Maganuco”ရဲ့ ဆီလီကွန်နဲ့ပြုလုပ်ပုံဖော်ထားတဲ့ တောင်အမေရိကန်မှာအတွေ့ရများတဲ့ armadillos လို့ခေါ်တဲ့ သတ္တဝါတစ်ကောင်ရဲ့ပုံဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ […]

Continue Reading

Fact Check: KNU က ထိုင်းရဲကို ဗုံးခွဲတိုက်ခိုက်လို့ ဒုက္ခသည်စခန်းများ မထားရန် ထိုင်းပြည်သူတွေတောင်းဆိုတဲ့သတင်းမှား

ထိုင်းနိုင်ငံမှာ  လမ်းဘေးဗုံးပေါက်ကွဲပြီး ရဲအရာရှိတစ်ဦးသေဆုံးမှုကြောင့် ကရင် အမျိုးသားအစည်းအရုံး (KNU)နဲ့ဆက်နွယ်နေသည့် ဒုက္ခသည်စခန်းများမထားရန် ထိုင်းပြည်သူများက တောင်းဆိုနေတယ်ဆိုပြီး  ရေးသားဖြန့်ဝေနေတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။  တကယ်တော့ ဓာတ်ပုံဟာ ထိုင်းနိုင်ငံတောင်ပိုင်းက ခွဲထွက်အဖွဲ့က  ၂၀၁၉ ခုနှစ်အတွင်းမှာ ဗုံးခွဲတိုက်ခိုက်မှုက ဓာတ်ပုံကဖြစ်ပါတယ်။  â€œá€‘á€­á€Żá€„á€şá€¸á€á€”á€şá€€á€źá€Žá€¸á€á€ťá€Żá€•á€şá€•á€›á€Źá€šá€˝á€á€şá€Ąá€Źá€á€Źá€•á€źá€”á€şá€› လျင်ရခြင်း အရေးပေါ်ညွှန်ကြားချက် ထုတ်ပြန် ************************************** 30-9-2022 ထိုင်းနိုင်ငံ လမ်းဘေးဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ရဲအရာရှိတဦးသေဆုံးခဲ့မှု အပေါ်  ဆက်စပ်မှု အဖြစ်  ပြဿနာဖြစ်ပွားရာ    KNU ဆက်နွယ် သော     ဒုက္ခသည်စခန်းများ မထားရန် ထိုင်း ပြည်သူများတောင်းဆိုချက်အရ.  KNU ဒုက္ခ သည်စခန်းတွေကို ထိုင်းစစ်တပ်မှဝင်ရောက် စီးနင်းရှာဖွေနေသည် ၊ လတ်တလောပိတ်ဆို့မှုအရ ထိုင်း/မြန်မာနယ်စပ်   တလျောက်  ထိုင်းစစ်တပ် […]

Continue Reading

Fact Check: ဂျပန်နိုဘယ်ဆုရဆေးပညာရှင်ဓာတ်ပုံကိုအသုံးပြုဖြန့်ဝေနေတဲ့ ဆေးဝါးကြော်ငြာအတု

ဂျပန်နိုဘယ်ဆုရဆေးပညာရှင် ယိုရှီနိုရီ အိုဆုမိ(Yoshinori Ohsumi)ရဲ့ ဓာတ်ပုံကို အသက် ၁၀၉နှစ်အရွယ် မြန်မာအကျော်အမော် နှလုံးပညာရှင် ဦးကျော်သူမောင်အဖြစ်ဖော်ပြထားပြီး အသက်ရှည်ဖို့အတွက် Cardiovax ဆေးဝါးကိုမှီဝဲဖို့ တိုက်တွန်းချက်ဆိုတဲ့ ဘလော့ဂ်ပို့စ်တစ်ခုကို Fact Crescendo Myanmar က သတိပြုမိ ခဲ့ပါတယ်။  အောက်ပါ screenshot ကတော့ အသက် ၁၀၉ နှစ်အရွယ်ရှိ မြန်မာအကျော်အမော် နှလုံးပညာရှင် ဦးကျော်သူမောင်နဲ့ အင်တာဗျူးဆိုပြီးရေးသားဖော်ပြချက်ဖြစ်ပါတယ်။ သွေးတိုးမဖြစ်ဖို့ နှလုံးသွေးကြော တွေကောင်းဖို့လိုပြီး Cardiovax ဆိုတဲ့ဆေးသာသောက်မယ်ဆိုရင် အသက် ၁၂၀ အထိ ရှည်နိုင်ကြောင်း ရေးသားထားဖြန့်ဝေထားတာဖြစ်ပါတယ်။ ရှည်လျားစွာရေးသားထားတဲ့ ဒီဘလော့ရဲ့အောက်ခြေမှာတော့ ဒီဘလော့ဂ်စာမျက်နှာ ကတစ်ဆင့် ဆေးမှာယူရန်ဆိုပြီးတော့လည်းပါဝင်ပြီး ဆေးတစ်ဗူးကို လျော့ဈေး ပေးတဲ့အနေနဲ့ မြန်မာငွေ ကျပ် ၅၀၀၀၀ နဲ့မှာယူနိုင်ကြောင်းလည်းဖော်ပြပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading

Fact Check: ဖရူဆိုမှာ ပြည်သူပိုင်နွားတွေကို ကရင်နီအကြမ်းဖက်အုပ်စုက ခိုးယူ သတ်ဖြတ်ဆိုတဲ့ သတင်းမှား

ဖရူဆိုမြို့နယ်မှာ အရပ်သားများ၏ နွားများကို ကရင်နီအကြမ်းဖက်အုပ်စုက ပေါ်ပေါ်တင်တင် သတ်ဖြတ်ယူ ဆောင်နေတယ်ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှား ဖြစ်ပါတယ်။ “Sept 25 “ဖရူဆိုမြို့နယ်၌ အရပ်သားများ၏ နွားများကို ကရင်နီအကြမ်းဖက်အုပ်စုက ပေါ်ပေါ်တင်တင် သတ်ဖြတ် ယူဆောင်နေဟုဆို” ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၌ တောင်သူလုပ်ကိုင် စားသောက်နေသည့် ပြည်သူများ၏ နွားများကို ကရင်နီ အကြမ်းဖက်အုပ်စု (KNDF) က အတင်းအဓမ္မ သတ်ဖြတ်ယူဆောင်နေကြပြီး ဟန့်တားသော ရွာသူရွာသားများကို မသေရုံတမယ် ရိုက်နှက်မှုများ ပြုလုပ်နေကြသည်ဟု ဒေသခံများထံမှ သိရသည်။ “ကျွန်တော်တို့မှာ ဒီနွားလေးတွေနဲ့ လုပ်စားနေရတာပါ။ အဲဒါကို သူတို့အဖွဲ့အတွက် ဟင်းစားမရှိရင်လည်း သူတို့ကြိုက်တဲ့နွားကို သတ်ပြီးယူတတ်ကြတယ်။ တစ်ခါတစ်လေ ဆက်ကြေးတောင်းတဲ့အခါ ပေးစရာ မရှိရင်လည်း နွားကို သေနတ်နဲ့ပစ်သတ်ပြီး ယူသွားကြပါတယ်။ ဒါလေးပဲရှိတာမို့လို့ မယူပါနဲ့လို့ ပြောပြန်တော့လည်း […]

Continue Reading

Fact Check: NUG, PDF တွေကို ကုလ လူ့အခွင့်အရေးမဟာမင်းကြီး ရှုတ်ချဆိုတဲ့ သတင်းမှား

NUG နဲ့ PDF တွေရဲ့အကြမ်းဖက်မှုတွေ အမြန်ဆုံး အဆုံးသတ်ဖို့လိုနေတယ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ယာယီမဟာမင်းကြီး နာဒါ အယ်လ် နာရှစ်က ပြစ်တင်ပြောဆိုလိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြု သူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားတစ်ခုဖြစ်ပါတယ်။ အာဏာသိမ်းအပြီး စစ်တပ်ရဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေကို လူ့အခွင့်အရေး ယာယီမဟာမင်းကြီး နာဒါ အယ်လ်နာရှစ်က တင်ပြသွား တာဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့ခဲ့တဲ့ဖေ့စ်ဘွတ်ပို့စ်ပါ စာသားတွေပဲဖြစ်ပါတယ်။ “ဆိုးဝါးတဲ့NUG,PDFအကြမ်းဖက်မှုတွေကြုံနေတဲ့ မြန်မာနိုင်ငံအခြေအနေ အဆုံးသတ်ဖို့ လိုနေပြီလို့ ကုလမဟာမင်းကြီးပြော ~~~ (ဝါရှင်တန်ဒီစီ) ■  မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ NUG,PDF တွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ကမ္ဘာပျက်သလို ဆိုးရွားတဲ့ အခြေအနေတွေကို ရပ်တန့်ပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ရေရှည်ဖြစ်ထွန်းတဲ့ တိုးတက်မှု အခြေအနေ တွေဆီကို ပြန်ရောက်အောင်လုပ်ဖို့ အရေးတကြီးလိုအပ်နေပါတယ်လို့ ကုလသမဂ္ဂ […]

Continue Reading

Fact Check: စစ်ကိုင်းတိုင်းကို PDF က၉၇ ရာခိုင်နှုန်း သိမ်းပိုက်ထားနိုင်ပြီဆိုတဲ့ သတင်းမှား

 á€…á€…á€şá€€á€­á€Żá€„á€şá€¸á€á€­á€Żá€„á€şá€¸â€Œá€’á€ąá€žá€€á€­á€Ż ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF )က ရာနှုန်းပြည့်နီးပါး သိမ်းယူထား နိုင်ပြီ ဆိုတဲ့စာသားပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။  သို့သော် မြန်မာ့အရေး အထူးအကြံပေး ကောင်စီ အဖွဲ့ (SAC-M )ရဲ့  စစ်တမ်းအရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ NUG နဲ့မဟာမိတ်တွေက ထိန်းချုပ်နိုင်တယ်ဆိုတဲ့ ဒေသများဟာ ၅၂ ရာခိုင်နှုန်းအထက်ရှိကြောင်း ဖော်ပြထားပါတယ်။ စစ်ကိုင်းဒေသကြီးကို ၉၇ ရာခိုင်နှုန်း ပြည်သူ့ကာကွယ်ရေးအင်အားစုအဖွဲ့ (PDF ) ကထိန်းချုပ်ထားနိုင်ပြီဆိုတဲ့ စစ်တမ်းမျိုးကို မတွေ့ရပါဘူး။ “စစ်ကိုင်း PDF 97%သိမ်းပိုက်ပြီ စစ်ကိုင်း၊ပုလဲမြို့ရဲစခန်းကို PDFအဖွဲ့မှ သိမ်းပိုက်၊ ရဲတပ်သား(၁၀၀)ထွက်ပြေး(ရုပ်/သံဖိုင်)”လို့ ရေးသားပြီး “ကီးဘုတ် ဖိုက်တာ” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်း မျှဝေထားတာ တွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  […]

Continue Reading

Fact Check: စစ်ရေးဖြင့် တုံ့ပြန်မယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲ့ပြောဆိုချက် NUG ထောက်ခံဆိုတဲ့ သတင်းတုသတင်းမှား

ရခိုင်ပြည်နယ် တောင်ပြိုဘက်ကနေ လက်နက်ကြီးတွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထပ်မံပစ်ခတ်မယ်ဆိုရင် စစ်ရေး အရတုံ့ပြန်ရန်အသင့်ဖြစ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်ပြောဆိုချက်ကို အပြည့်အဝ ကြိုဆိုထောက်ခံ ကြောင်း NUGထုတ်ပြန်တယ်ဆိုတဲ့ သတင်းတုသတင်းမှားတစ်ခု ပျံ့နှံ့လျှက်ရှိပါတယ်။ NUG အနေနဲ့ ထုတ်ပြန် ပြောဆိုချက်မရှိပါဘူး။  အောက်ပါစာသားကတော့ ဖေ့စ်ဘွတ်မှာပျံ့နှံ့လျှက်ရှိတဲ့ပို့စ်ပါ စာသားတွေဖြစ်ပါတယ်။ “ဒေါ်စုရဲ့ နှစ်၃၀ ကျော် စီမံကိန်းကြီး အထင်အရှား ရုပ်လုံးပေါ်လာ ပြီ ******************************** ရခိုင်ပြည်နယ်၊ တောင်ပြိုဘက်မှ လက်နက်ကြီးများဘင်္ဂလားဒေ့ရ်ှဘက်သို့ ထပ်မံပစ်ခတ်ပါက စစ်ရေးဖြင့် တုံ့ပြန်ရန် အသင့်ဖြစ်နေကြောင်း ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်၏ ပြောဆိုချက်အား အပြည့်အဝ ကြိုဆိုထောက်ခံပါကြောင်း NUGထုတ်ပြန် နယူးယောက်၊ ၂၀၂၂ စက်တင်ဘာ ၂၄ ရက် (စနေနေ့) ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုဘက်မှဘင်္ဂလားဒေ့ရ်ှပိုင်နက်အတွင်းသို့ လက်နက်ကြီးများ ထပ်မံပစ်ခတ်ပါက စစ်ရေးဖြင့် တုံ့ပြန်တိုက်ခိုက်ရန်အသင့်ပြင်ဆင်ပြီးဖြစ်ကြောင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံ […]

Continue Reading

Fact Check: ဒီပဲယင်း လက်ယက်ကုန်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေမှာ ကလေးတွေမပါလို့ သတင်းမှားဖြင့် ဝါဒဖြန့်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာစာသင်ကျောင်းမှာ KIA နဲ့ PDF ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စီနင်းတိုက်ခိုက်မှုမှာ ကျောင်းတက်နေတဲ့ ကလေးငယ် ၇ ဦးထက်မနည်းသေဆုံးခဲ့ရပြီး ဒီဖြစ်စဉ်ဟာ ပြည်တွင်းမှာ အာဏာသိမ်းစစ်တပ်အပေါ် မကျေနပ်မှုပိုမိုကြီးထွားစေခဲ့ပါတယ်။ ဒီဖြစ်စဉ်အပြီးမှာ ထုံးစံ အတိုင်းပဲ စစ်တပ်က သူတို့လုပ်ရပ်ဟာ ဘယ်တော့မှ မမှားဘူးဆိုပြီး ဝါဒဖြန့်ချိလွှမ်းမိုးဖို့ကြိုးစားခဲ့ပြီး အခြားသူကို လက်ညှိုးထိုးပြီး တန်ပြန် သတင်းထုတ်လွှင့်မှုတွေဆောင်ရွက်ခဲ့ရာမှာ ဒီဖြစ်ကြောင့် သေဆုံးရသူတွေဟာ လူကြီးတွေသာဖြစ်ပြီး ကလေးတွေ မပါဘူးဆိုတဲ့ ပို့စ်တစ်ခုလည်းပါဝင်ပါတယ်။ “မေပျိုဖြူ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးက စက်တင်ဘာ ၂၀ ရက်က မျှဝေထားတဲ့ ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တဲ့ စာသား ကောက်နှုတ်ချက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ “ဘယ်သူသေသေ ငတေမာဖို့သာ လုပ်နေတဲ့ PDF ဒီပဲယင်း လက်ယက်ကုန်းရွာ စာသင်ကျောင်းမှာ ပုန်းခိုနေတဲ့ PDF အကြမ်းဖက်တွေကို […]

Continue Reading

Fact Check: ကိုကာကိုလာက ရေခဲသေတ္တာတွေလက်ဆောင်ပေးနေပြီဆိုတဲ့ အတုအယောင်စာမျက်နှာ

ရေခဲသေတ္တာငယ် ၆၇၀ ကို လှူဒါန်းသွားမှာဖြစ်တဲ့အတွက် မိမိကြိုက်တဲ့အရောင်ကို မှတ်ချက်ရေးပြီး ဒီအစီအစဉ်မှ ပါဝင်နိုင်တယ်ဆိုတဲ့ “Coca-Cola FANS”အမည်နဲ့ စာမျက်နှာက ပို့စ်တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူထောင် ပေါင်းများစွာကမျှဝေလျက်ရှိပါတယ်။ ကိုကာကိုလာကုမ္ပဏီအယောင်ဆောင်ထားတဲ့ အတုအယောင် စာမျက်နှာသာဖြစ်ပါတယ်။ “#အသေးအမွှား ခြစ်ရာများကြောင့် မရောင်းချနိုင်သော ရေခဲသေတ္တာငယ် ၆၇၀ ကို လှူဒါန်းသွားမည်ဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။ ဒါကြောင့် သူတို့ကြိုက်တဲ့အရောင်ရေးတဲ့သူကို ကျပန်းပို့ပေးပါတယ်။ ဥပမာ “အနီရောင်”။”လို့ရေးသားပြီး ဒီဖေ့စ်ဘွတ်ဖေ့စ်ဘွတ်စာမျက်နှာက ပို့စ်တစ်ခုကိုမျှဝေထားရာမှာ ၁၀ နာရီအတွင်း  ပြန်လည်မျှဝေမှုပေါင်း တစ်သောင်းဝန်းကျင်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် “Coca-Cola FANS”အမည်နဲ့ စာမျက်နှာက မှတ်ချက်အချို့ကိုလေ့လာကြည့်ရင် ဒီစာမျက်နှာက အတုအယောင် စာမျက်နှာဖြစ်ပြီး လိမ်လည်လှည့်စားဖို့လုပ်ထားတဲ့ စာမျက်နှာဖြစ်တာသိသာပါတယ်။ ယခုပို့စ်ကလွဲလို့  […]

Continue Reading

Fact Check: မြန်မာစစ်တပ်ကိုယ်စားလှယ်ကို ကုလသမဂ္ဂကခွင့်ပြုဆိုတဲ့သတင်းတု သတင်းမှား

မြန်မာစစ်တပ်က ကိုယ်စားလှယ်အဖြစ်စေလွှတ်ခဲ့တဲ့ ဦးမင်းသိန်းကို ကုလသမဂ္ဂက တရား၀င် အသိမှတ်ပြု လိုက်ပြီဆိုတဲ့ပို့စ်တစ်ခု စက်တင်ဘာ ၁၇ ရက်ကဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှား ဖြစ်ပါတယ်။ လက်ရှိကျင်းပနေတဲ့ ၇၇ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာ အမျိုးသားညီညွှတ်ရေး အစိုးရ(NUG)ကို ကိုယ်စားပြုတဲ့ ဦးကျော်မိုးထွန်းတက်ရောက်နေတာတွေ့ရပါတယ်။ “ကုလသမဂ္ဂက မြန်မာသံအမတ်ကြီး ဦးမင်းသိန်းကိုတရား၀င်အသိမှတ်ပြုလိုက်ပြီ”လို့ ရေးသားပြီး “သတင်းတမန် သတင်းတမန်” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၄ ရက်(နယူးယောက်စံတော်ချိန် စက်တင်ဘာ ၁၃ ရက် ညနေ ၃ […]

Continue Reading