Fact Check: ဒေါ်ဇင်မာအောင်ကို တီမောက လက်နက်အကူအညီပေးသလား-မဟုတ်ပါ

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို လက်နက်အကူအညီပေးလိုက် တယ်လို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ဗွီဒီယိုထဲမှာ ဇူလိုင်လ ၁ ရက်မှာ ကျင်းပခဲ့တဲ့ တီမောလက်စတေးနိုင်ငံသမ္မတ ကျမ်းသစ္စာကြိမ်ဆိုပွဲ ဒေါ်ဇင်မာ အောင်တက်ရောက်တဲ့ ဓာတ်ပုံနဲ့အတူ  ဒီလိုရေးသားထားတာဖြစ်ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်း ခေါင်းစဉ်တုဖြန့်ချိမှုဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ဒေါ်ဇင်မာအောင်ကိုလက်နက်အကူညီပေးဖို့ဆုံးဖြတ်ချက်ချလိုက်လို့ မအလနဲ့စစ်အုပ်စုတို့ရဲ့ကျရှုံးခန်းရောက်ပြီ” တူညီတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် အခု ဒီဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ တီမောက အခုလို NUG ကို သမ္မတကျမ်းသစ္စာကျိန်ဆို အခမ်းအနား တစ်ခုကို တက်ရောက်ဖို့ ဖိတ်ကြားမှုဟာ မြန်မာစစ်အာဏာသိမ်းအစိုးရအတွက် အကြီးအကျယ်ထိုးနှက်ချက် တစ်ခုဖြစ်တဲ့အကြောင်း၊ စစ်အုပ်စုဟာ […]

Continue Reading

Fact Check: မော်လမြိုင်မြို့ကို ရေးဘီလူးအဖွဲ့သိမ်းပိုက်တဲ့သတင်းတု

မော်လမြိုင်မြို့ကို ရေးဘီလူးအဖွဲ့က သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီဘက်က အယောက် ၅၀ မြို့ပေါ်မှာလဲ ကျသေဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။  ဒီနှစ်ပိုင်းအတွင်း တော်လှန်ရေး အင်အားစုတွေဘက်က စစ်ကောင်စီတပ်စခန်း တွေကို ခပ်စိပ်စိပ်တိုက်ခိုက်မှုတွေဖြစ်လာနေပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ဗမာ့ရုပ်မြင်သံကြားသတင်းဌာန၏ ဇွန်လ ၂၈ ရက် မွန်းတည့် ၁၂ နာရီ တိတိ အထူးသတင်း” လို့ ရေးသားထားပြီး ဗွီဒီယို အဖွင့်ပါစာသားကလည်း “၂၈ ရက်အရေးကြီးသတင်း နားထောင်ကြပါ မော်လမြိုင်မြို့ကို ရေးဘီလူးအဖွဲ့ တတ်သိမ်း စစ်ခွေး (၅၀)ဦး မြို့ပေါ်မှာလဲကျသေပြီ” လို့ ဆိုပြီး “Burma Television”အမည်နဲ့ ယူကျု့ချန်နယ်က နေ ဖြန့်ဝေထားပါတယိ။ မူရင်းလင်ခ့် – Youtube link […]

Continue Reading

Fact Check: နေပြည်တော် စစ်ကောင်စီအစည်းအဝေး ဗုံးပေါက်ကွဲ သွေးချောင်းစီးတဲ့ သတင်းတု

နေပြည်တော် စစ်ကောင်စီအည်းအဝေးဗုံးပေါက်ကွဲပြီး သွေးချောင်းစီးခဲ့တယ်ဆိုတဲ့ သတင်းတုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့အကောင့်တစ်ခုက ဇွန် ၂၆ ရက်မှာ ဖြန့်ဝေနေပုံဖြစ်တယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အလားတူ ဒီယူကျူ့အကောင့်ကနေပဲ သွေးထွက်သံယိုဖြစ်လို့ နေပြည်တော် အစည်းအဝေးဖျက်သိမ်းပြီး ဝန်ကြီးအားလုံးထိန်းချုပ်ခံရတယ်လို့ ရေးသားမျှဝေခဲ့ပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ယုံကြည်ရလောက်တဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။  အခုဖြန့်ဝေနေတဲ့ News of Myanmar အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေရဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး နားလည်မှု လွဲစေနိုင်တဲ့ ခေါင်းစဉ်တု၊ ‌ခေါင်းစဉ်လွဲတွေတပ်ပြီး ဖြန့်ချိလေ့ရှိတယ်။ အခုလည်း ဗွီဒီယိုအစမှာပြတဲ့ ရုပ် thumbnail ဓာတ်ပုံမှာ  နေပြည်တော် စစ်ကောင်စီအည်းအဝေး ဗုံးပေါက်ကွဲပြီး […]

Continue Reading

Fact Check: Pact Myanmar လုပ်ငန်းပိတ်သိမ်းတာ NUG၊ PDF ကြောင့်လို့ သတင်းမှားဖြန့်

အကျိုးအမြတ်မယူတဲ့ အသေးစားချေးငွေလုပ်ငန်း Pact Myanmar လုပ်ငန်းပိတ်သိမ်းတာ NUG၊ PDF က ဓားပြတိုက်လို့ဆိုတဲ့ သတင်းမှားဖြန့်ဝေမှု ဖေ့စ်ဘွတ်အသုံးပြုသူတွေကြား ဖြန့်ဝေလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ဒီလိုဖြန့်ဝေနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ထို့အပြင် ဒီပို့စ်မှာ Pact Myanmar က ဝန်ထမ်းတွေကို ဖြန့်ဝေတဲ့ စာသားဓာတ်ပုံကို လည်းဖော်ပြထားပါတယ်။ တူညီတဲ့ရေးသားမျှ ဝေမှုကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “NUG ပဒက်များရဲ့ ဓားပြတိုက်မှု အခြေအနေကြောင့် မြန်မာပြည်ကနေ လုပ်ငန်းစွန့်ခွာသွားပြီဖြစ်တဲ့  Pact Myanmar ထုတ်ပြန်ချက်။” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ပထမဆုံး မြန်မာနိုင်ငံက လုပ်ငန်းပိတ်သိမ်းတဲ့အကြောင်း “Pact Global Microfinance Fund – PGMF” […]

Continue Reading

Fact Check: တနိုင်ငံလုံး စစ်မှုမထမ်းမနေရအမိန့်မင်းအောင်လှိုင် ထုတ်ပြန်ကြေညာတဲ့ သတင်းတု

တနိုင်ငံလုံး စစ်မှုမထမ်းမနေရအမိန့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထုတ်ပြန်ကြေညာ လိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ယူကျူ့မှာ ဖြန့်ဝေလျက်ရှိပြီး ပျံ့နှံ့အားကောင်းနေပါတယ်။ သတင်းမှား သာဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “(၂၁)ရက်နေ့ အရေးပေါ်သတင်း တနိုင်ငံလုံးစစ်မှုမထမ်းမနေရအမိန့် မင်းအောင်လှိုင်ထုတ်ပြန်ကြေညာ ”စသည် ဖြင့်ရေးသားထားတဲ့ပို့စ်ကို “Share Local Media” အမည်နဲ့ ယူကျု့ချန်နယ်မှာ ဇွန် ၂၁ ရက်က ဖြန့်ဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၇၅၀၀၀ ရှိပါတယ်။ အလားတူစွာ ဆယ်တန်းအောင်တဲ့သူတွေကို စစ်မှုထမ်းဖို့ အမိန့်ထုတ်တယ်ဆိုပြီးတော့လည်း ဒီချန်နယ်က ရေးသားမျှဝေခဲ့ပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် သတင်းခေါင်းစဉ်မှာ တပ်ထားသလို တနိုင်ငံလုံး စစ်မှုမထမ်းမနေရအမိန့်  မင်းအောင်လှိုင်ကြေညာဆိုတဲ့ […]

Continue Reading

Fact Check: ဦးနှောက်နဲ့ ချိတ်ဆက်အသုံးပြုရမယ် Tesla Phone ဆိုတဲ့သတင်းမှား

စမတ်ဖုန်း တဖက် မိုက်ခရိုဖုန်းကတဖက်ကိုင်ထားတဲ့ တက်စလာ(Tesla)ကုမ္ပဏီပိုင်ရှင် အီလွန်မက်(Elon Musk) ဓာတ်ပုံနဲ့အတူ လူသားရဲ့ ဦးနှောက်ကနေ တိုက်ရိုက်အမိန့်ပေးခိုင်းစေလို့ရတဲ့ Tesla အမှတ်တံဆိပ် စမတ်ဖုန်းကို ထုတ်လုပ်ဖြန့် ချိလိုက်တယ်ဆိုတဲ့ ပြောဆိုချက်ဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့ ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ “Strar Link ဂြိုလ်တုကို တီထွင်သူ Tesla Company ပိုင်ရှင် Elon Musk က Pi Phone ခေါ် Tesla Phone ကို ဖန္တီးထုတ်လုပ်လိုက်ပါတယ် ။ Tesla Phone ဟာ ယနေ့ ကမ္ဘာပေါ်မှာ နံပါတ်တစ် လူကြိုက်များနေတဲ့ I Phone 13 […]

Continue Reading

Fact Check: ရွှေတိဂုံဘုရား ဒုံးနဲ့ထုခံရပြီး သံဃာအားလုံးသေဆုံးမှု သတင်းတု

ရွှေတိဂုံဘုရား ဒုံးနဲ့ထုခံရပြီး သံဃာအားလုံးသေဆုံးခဲ့တယ်ဆိုတဲ့ ယူကျူ့ဗွီဒီယိုတစ်ခု News In Burmese အမည်နဲ့ ယူကျူ့ချန်နယ်က ဇွန် ၂၁ ရက်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းတုတစ်ခုသာဖြစ်တယ်။ အောက်ပါစာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ “News In Burmese”အမည်နဲ့ ယူကျူ့ချန်နယ်မှာ မျှဝေထားတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “21 June 2023, ရွှေတီဂုံစေတီ RPGနဲ့ထုခံရလို့ ပွဲဆူကုန်ပြီ။” မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုဖြန့်ဝေနေတဲ့ News in Burmese ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေကဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး ‌ခေါင်းစဉ်တု ခေါင်းစဉ်မှားတပ်ပြီး ပြန်လည်ဖြန့်ချိလေ့ရှိပါတယ်။ Fact Crescendo Myanmar အနေနဲ့ ဒီယူကျူ့ချန်နယ်က ခေါင်းစဉ်တုတပ်ဖြန့်ဝေမှုတွေကို […]

Continue Reading

Fact Check: NUG ကို အမေရိကန် လက်နက်ထောက်ပံ့မှု သတင်းတု

ထိုင်းနယ်စပ်က တဆင့် NUG ကို အမေရိကန်က လက်နက်ထောက်ပံ့ချိန်မှာပဲ ထိုင်းနိုင်ငံမှာ အာဏာသိမ်း မှုဖြစ်ခဲ့ပေမဲ့ NUG ကို အဆုံးထိ ကူညီမယ်လို့ အမေရိကန်ပြောတယ်ဆိုတဲ့ ဗွီဒီယိုတစ်ခုကို ယူကျူ့ အသုံးပြုသူ ထောင်ဂဏန်းက ကြည့်ရှု့ထားတယ်။ သတင်းခေါင်းစဉ်တုတစ်ခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “Usမှ လက်နက်တွေရောက်ရှိကြောင်း ကြေညာ”လို့ရေးသားထားပြီး ဗွီဒီယိုအစမှာပြတဲ့ ရုပ်သေဓာတ်ပုံစာသားထဲမှာ လည်း “ထိုင်းနယ်စပ်လက်နက်ရောက်ချိန် ထိုင်းအာဏာသိမ်းမှုဖြစ်ပွားနေ Usမှပို့တဲ့စစ်လက်နက်တွေရောက်ရှိ NUG ကိုအဆုံးထိကူညီမည်ဖြစ်ကြောင်း”စသည်ဖြင့်ရေးသားထားပါတယ်။ ထို့အပြင် အမေရိကန်သမ္မတ သမ္မတဂျိုးဘိုင်ဒန်ဓာတ်ပုံ၊ သတင်းတင်ဆက်သူ တစ်ဦးဓာတ်ပုံတို့နဲ့အတူ ဒီစာသားတွေ ဖြန့်‌‌ဝေနေ တာဖြစ်ပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကို အမေရိကန်က လက်နက်ထောက်ပံ့တယ်ဆိုတဲ့ သတင်းမှားကို မကြာခဏဖြန့်ဝေနေတယ်။ […]

Continue Reading

Fact Check: ‌ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲပြုလုပ်ဆိုပြီး သတင်းတုဖြန့်

‌ ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတု ပို့စ်တစ်ခု ဖေ့စ်ဘွတ်နဲ့ ယူကျူ့ အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစခရင်ရှော့တော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ ဓာတ်ပုံဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “နေပြည်တော် အချုပ်ထောင်ထဲမှာကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈)နှစ်ပြည့်မွေးနေ့ပွဲ မြင်ကွင်းများ” မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်း စုကြည်ရဲ့ မွေးနေ့လှုပ်ရှားမှု အဖြစ် သပိတ်အင်အားစုတွေက ပန်းပန်လေ့ရှိတဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပုံရိပ်တစ်ခုကို ထုတ်နှုတ်ပြီး တစ်နိုင်လုံးအတိုင်းအတာနဲ့ ပန်းသပိတ်ဆင်နွှဲကျဖို့ လှုံဆော်ခဲ့ရာမှာ ဇူလိုင် ၁၉ ရက်က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ပန်းသည်တွေကို အတင်းအကျပ် အရောင်း ပိတ်ခိုင်းတာ၊ ပန်းပန်တဲ့သူတွေကို […]

Continue Reading

Fact Check: နေပြည်တော်လေယာဉ်ပျက်ကျမှုမှာ ဒု-တပ်ချုပ်စိုးဝင်းသေဆုံးမှုသတင်းတု

ကြာသပတေးနေ့က နေပြည်တော်အနီး လေယာဉ်ပျက်ကျရာမှာ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းပါသွားတယ်ဆိုတဲ့ သတင်းတုပို့စ်တစ်ခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်ကို အောက်ပါစခရင်ရှော့မှာတွေ့နိုင်ပါတယ်။ “15 June 2023, နေပြည်တော်လေယဥ်ပျက်ကျမှု တပ်ချုပ် စိုးဝင်းပါ။”လို့ “News In Burmese”အမည်နဲ့ ယူကျူ့အကောင့်က ရေးသားမျှဝေထားရာမှာ ၂၄ နာရီအတွင်း ကြည့်ရှု့မှုပေါင်း ၂ သောင်း ၆ ထောင်ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ၂ မိနစ်ကျော်ရှည်လျားတဲ့ ဒီ“News In Burmese”ယူကျူ့ဗွီဒီယိုထဲမှာပါတဲ့ လူထုနွေဦးသတင်းဝက်ဘ်ဆိုဒ်က ဖော်ပြခဲ့တဲ့ “စစ်ကောင်စီ ရဟတ်ယာဉ် နေပြည်တော် လယ်ဝေးမှာ ပျက်ကျပြီး ၂ ဦးသေဆုံး”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။  […]

Continue Reading