Fact Check: အိန္ဒိယက ဘာသာရေးပွဲတော်ကို အစ္စရေးက စစ်ဘေးရှောင်တွေ အဖြစ်ဖော်ပြနေခြင်းဖြစ်တယ်

လမ်းမတခုထက်မှာ တိုးဝှေ့နေတယ်လို့ ထင်ရတဲ့ လူအုပ်စုကြီးပါတဲ့မြင်ကွင်း ဗွီဒီယိုတခုကို လက်ရှိ အစ္စရေးနဲ့ ဟားမတ်စ်ကြားစစ်ပွဲကြောင့် လူတွေတိမ်းရှောင်ရမှုအဖြစ် ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှု အားကောင်း လျှက်ရှိပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ အိန္ဒိယက ဘာသာရေး ပွဲတော် တခုဖြစ်တဲ့ Rath Yatra ဆိုတဲ့ ဘာသာရေးပွဲတော်တခုက မြင်ကွင်းဖြစ်တယ်။ “တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုပါမြင်ကွင်းတွေကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ အစ္စရေးနဲ့ ဟားမတ်စ် တို့ကြား စစ်ပွဲကြောင့် ထွက်ပြေးရသူတွေဆိုတဲ့ အထောက်အထားတစုံတရာမတွေ့ရဘဲ အိန္ဒိယက ဘာသာရေးပွဲတော်တခုအဖြစ်သာတွေ့ရပါတယ်။ Fact Crescendo ရဲ့ အိန္ဒိယနိုင်ငံက အချက်အလက်စိစစ်သူတွေကလည်း ဒီဗွီဒီယိုဟာ […]

Continue Reading

Fact Check: ကျပ် ၅၀ တန်နဲ့ ကျပ် ၁၀၀ တန် စစ်ကောင်စီ ဖျက်သိမ်းမှု သတင်း‌ခေါင်း စဉ်တု

ကျပ် ၅၀ တန်နဲ့ ကျပ် ၁၀၀ တန် စစ်ကောင်စီ ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့မှာဖြန့်ဝေ နေတာတွေ့ရပြီး သတင်းမှားတခုသာဖြစ်တယ်။ ကျပ် ၅၀ တန်၊ ကျပ် ၁၀၀ တန်ဖျက်သိမ်းကြောင်းသတင်းဟာ မဟုတ်မှန်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ရဲ့ တုန့်ပြန်ချက်သတင်းကို သတင်းခေါင်း စဉ်တုတပ် ထားခြင်းဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “၅၀ကျပ်တန်နဲ့ ၁၀၀ကျပ်တန် ဖျက်လိုက်တဲ့ မင်းအောင်လှိုင် ဘာကြံနေလဲ။ အတိတ်နမိတ်တွေ မကောင်းတော့။” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ Global Media 1M အမည်နဲ့ ယူကျူ့ချန်နယ်ကိုလေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့ မှာဖော်ပြခဲ့တဲ့ သတင်းတွေ ကို ပြန်လည်ကူးယူပြီး နားလည်မှုလွဲစေနိုင်တဲ့ […]

Continue Reading

Fact Check: တပ်မ ၄၄ ဌာနချုပ် ဗိုလ်နဂါးတပ်ဖွဲ့တက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းတု

တပ်မ ၄၄ ဌာနချုပ်ကို ဗိုလ်နဂါးတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီလို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားဖြန့်ဝေလျှက်ရှိတာဟာ သတင်းတုတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “တပ်မ(၄၄)ဌာနချုပ် ဗိုလ်နဂါးတပ်ဖွဲတက်သိမ်းလိုက်”  မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ ထို့အပြင် တပ်မ ၄၄ ဌာနချုပ်ကို ဗိုလ်နဂါး  ဦးဆောင်တပ်ဖွဲ့က သိမ်းပိုက်လို့ အခုဗွီဒီယိုထဲမှာရေးသားထားပေမဲ့ ဗိုလ်နဂါးအကြောင်း ဖြစ်စေ ဗိုလ်နဂါးနဲ့ မဟာမိတ်အဖွဲ့တွေပါဝင်တဲ့ BNRA တပ်ဖွဲ့အကြောင်းဖြစ်စေမပါဝင်ပါဘူး။ စစ်ကိုင်း၊မကွေးနဲ့ မန္တလေးတိုင်းက တော်လှန်ရေးအင်အားစုအချို့ပေါင်းစည်းထားတဲ့ မကြာသေးခင်က ဖွဲ့စည်းလိုက်တဲ့ BNRA ဟာ စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ အဓိကလုပ်ရှားနေတာတွေ့ရပြီး တပ်မ ၄၄ ဌာနချုပ်ဟာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာတည်ရှိပါတယ်။  တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာတွေဟာ […]

Continue Reading

Fact Check: တော်လှန်ရေးတပ်ပေါင်းစု နေပြည်တော်ချီတက်လို့ စစ်ခေါင်းဆောင် ထွက်ပြေးတဲ့ သတင်းတု

KNU၊ KIA၊ TNLA၊ AAနဲ့ PDF တွေ စုပေါင်းပြီး နေပြည်တော်ကို ချီတက်လာလို့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထွက်ပြေးသွားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့နဲ့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်း နေတယ်။ ဒီအဖွဲ့တွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အင်အားစုတွေဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီတပ်တွေကို တိုက်ခိုက်မှုခိုက်မှုတွေ လုပ်နေတဲ့အဖွဲ့ တွေဖြစ်ပြီး NUG ဟာ နေပြည်တော်ကို ချီတက်တိုက်ခိုက်ဖို့ ကြွေးကြော်ထားပါတယ်။  သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းဖော်ပြချက်အချို့ကို […]

Continue Reading

Fact Check: သမ္မတဟောင်းဦးသိန်းစိန်နဲ့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ အဖမ်းခံရဆိုတဲ့ သတင်းတု

သမ္မတဟောင်းဦးသိန်းစိန်နဲ့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ အဖမ်းခံရဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေခဲ့ရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်း စဉ်လွဲတပ် ဗွီဒီယိုသာဖြစ်တယ်။  အောက်ပါစခရင်ရှော့ကတော့ ဒီလိုဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခုဖြစ်တယ်။  “Khit Thit အတည်ပြုကြေညာလိုက်ပြီ သိန်းစိန်နဲ့သန်းရွှေအဖမ်းခံရ အမြန်ဆုံးဝင်ကြည့်ကြပါ(စစ်အုပ်စု ၂ ခြမ်းကွဲကုန်ပြီ”စသည်ဖြင့် ရေးသားပြီး ယူကျူ့မှာဖြန့်ဝေထားတာဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာတွေဟာ ရန်ကုန်ခတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖတ်ကြားနေခြင်းသာဖြစ်ပြီး သတင်းတွေထဲမှာ သမ္မတဟောင်း ဦးသိန်းစိန်အဖမ်းခံရ တဲ့အကြောင်း သို့မဟုတ် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေအဖမ်းခံရတဲ့အကြောင်း မပါဝင်ပါဘူး။   တကယ်တမ်း ဗွီဒီယိုထဲမှာ “ချင်းတွင်းမြစ်ကမ်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်တပ်၏ ရေယာဥ်အုပ်စုက […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် ရုတ်တရက်သေဆုံးကြောင်းထုတ်ပြန်ကြေညာတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(န.စ.က ဥက္ကဌ) ရုတ်တရက်သေဆုံးကြောင်း စစ်တပ်ပိုင် မြဝတီသတင်းဌာနက ထုတ်ပြန်ကြေညာတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “(၂၄)ရက်နေ့ နစက ဥက္ကဌ ရုတ်တရက်သေဆုံး ခုပဲ MWD သတင်းဌာန စိတ်မကောင်းစွာနဲ့ အတည်ပြုကြေညာ လိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခု ဗွီဒီယိုကိုဖြန့်ဝေထားတဲ့ “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ်လွဲ သို့မဟုတ် ဗွီဒီယိုမှာ သတင်း‌ခေါင်းစဉ်တုတွေတပ်ပြီး ဖြန့်ဝေနေတာဖြစ်တယ်။ (အချက်အလက်စိစစ်မှုတွေကို ဒီမှာ ကြည့်ပါ။) အခု ဗွီဒီယိုထဲမှာလည်း စစ်ခေါင်းဆောင်သေဆုံးတဲ့အကြောင်းမပါဝင်သလို သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ […]

Continue Reading

Fact Check: ဘီဟာပြည်နယ်က ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် သောက်သုံးခဲ့တဲ့ရေတွင်း ဓာတ်ပုံလား-မဟုတ်ပါ

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်သောက်သုံးခဲ့တဲ့ရေတွင်းလို့ဆိုထားတဲ့ ဓာတ်ပုံပို့စ်တခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တကယ်တော့ ဒီဓာတ်ပုံ ဟာ အိန္ဒိယနိုင်ငံ လက်ဒူ(Latur)ဒေသမှာ ရေရှားမှုအကြောင်းဖော်ပြထားတဲ့ ဓာတ်ပုံတပုံကို လိုအပ်သလို ရေးသားမျှဝေထားခြင်း သာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်တွင် ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်သောက်သုံးခဲ့သည့်ရေတွင်းပါ။ နုစ်ပေါင်းနုစ်ထောင့်ငါးရာခြောက်ဆယ့်ခွန် (2567) ယနေ့တိုင်အောင် တည်ရှိပါသည်တဲ့။” (မူရင်းအရေးအသား) တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံကို အွန်လိုင်းမှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံကို သမိုင်းတန်ဖိုးနဲ့ ဘာသာရေးအကြောင်းထက် အိန္ဒိယနိုင်ငံမှာ ရေရှားပါးမှုဖြစ်စဉ်နဲ့ ပတ်သက်နေတာကိုတွေ့ရပါတယ်။ ၂၀၁၆ ခုနှစ်အတွင်းက ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် အိန္ဒိယက ပြည်နယ်အချို့မှာ ရေရှားပါးပြတ်တောက်မှုဖြစ်ခဲ့စဉ်မှာ ဒီဓာတ်ပုံ […]

Continue Reading

Fact Check: R2P အရ မြန်မာနိုင်ငံကို UN တပ်တွေစေလွှတ်ပြီဆိုတဲ့ သတင်းမှား

မြန်မာနိုင်ငံကို အကာအကွယ်ပေးရေးအစီအစဉ်(R2P)အရ ကုလသမဂ္ဂ(UN)က တပ်တွေစေလွှတ်လိုက်ပြီး သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့နဲ့ စစ်ကောင်စီတပ်တွေ ရှေ့တန်းကနေ ပြန်ဆုတ်ဖို့ အမိန့်ထုတ်လိုက်ပြီ ဆိုတဲ့ ပို့စ်တစ်ခု ယူကျူ့ မှာဖြန့်ဝေထားတာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ အောက်ပါစရင်ရှော့ကတော့ D-Day Media အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ဗွီဒီယိုက ရယူ ထားခြင်းဖြစ်တယ်။  “၂၂ ရက် R2P စေလွှတ်ပြီ အမေစုနဲ့ သမ္မတကြီးကိုချက်ချင်းလွှတ်ပေးပြီး ရှေ့တန်းတပ်တွေ တပ်ပြန်ဆုတ်ဖို့ကုလအမိန့်ထုတ်ပြီ” စသည့်ဖြင့် ဗွီဒီယိုထဲမှာရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဒီလိုဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုထဲမှာပါတဲ့ သတင်းဟာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ “People’s Spring” […]

Continue Reading

Fact Check: ဩဇာသီးနဲ့သံပုရာရည်တွဲစားမိရင်သေတယ်ဆိုတဲ့ သတင်းမှားပျံ့နှံ့

ဩဇာသီးနဲ့သံပုရာရည်တွဲမိရင်သေနိုင်တယ်လို့ဆိုတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအား ကောင်းလျှက်ရှိပါတယ်။ တကယ်တော့ ယုံတမ်းစကားတခုသာဖြစ်တယ်။ Fact Crescendo Myanmar အနေနဲ့ အစားအသောက်နှစ်ခုတွဲစားမိရုံနဲ့သေတယ်ဆိုတာ မဟုတ်ကြောင်း အချက်အလက်စိစစ်ဖော်ပြပြီး ဖြစ်ပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားခြင်းဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “သတိ ..! ဒီရာသီမှာ အထူးသတိထားပါ 👽☠💀  á€Šá€‡á€Źá€žá€Žá€¸â€‹ လေး ငါးလုံးစားပြီး နည်းနည်း ခေါင်းမူးလာလို့ သံပုရာရည်သောက်လိုက်တဲ့ မိတ်​ဆွေ သံပုရာရည်တောင် မကုန်သေးဘူး နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်။ သိဖို့က ဩဇာသီးနဲ့သံပုရာရည်တွဲမိရင် သေတတ်ပါတယ် ။ Source. ဆရာမောင် page” မူရင်းလင်ခ့် – Fb link | Archive […]

Continue Reading

Fact Check: ထားဝယ်က လူမှုကူညီရေးအသင်းခေါင်းဆောင်ကို PDF ဖမ်းဆီးသတ်ဖြတ် ဆိုတဲ့ သတင်းမှား

ထားဝယ်အခြေစိုက် ဇမ္ဗူသီရီ အရေးပေါ်ကူညီကယ်ဆယ်ရေးအသင်းခေါင်းဆောင် ဦးနိုင်မျိုးသွင်ကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)က ဖမ်းဆီးသတ်ဖြတ်လိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားဖြန့်ချိနေခြင်းဖြစ်တယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ DVB သတင်းဌာန သတင်းဖော်ပြချက် စခရင်ရှော့ဓာတ်ပုံနဲ့အတူ အောက်ပါအတိုင်းရေးသား ဖြန့်ဝေထားပါတယ်။  “NUG အကြမ်းဖက်အဖွဲ့က တော်တော်ကိုယုတ်မာနေပြီ ထား၀ယ်မြို့က ဇမ္ဗူသီရီ လူမှုကူညီရေးအသင်းခေါင်းဆောင်ကို NUG လက်အောက်ခံ အကြမ်းဖက်PDFများမှ ရက်ရက်စက်စက်သတ်ဖြတ်သွားကြောင်းသိရ အပြစ်မဲ့ပြည်သူ လူမှု၀န်ထမ်းတွေကို သတ်ဖြတ်တာဟာ တော်တော်လေးကို ယုတ်မာအောက်တန်းကျပါတယ် လက်နက်မကိုင်ထားတဲ့ပြည်သူကို အကြမ်းဖက် သတ်ဖြတ်တဲ့ PDFများ မြန်မြန်ဝဋ်လည်ပါစေ မှိုင်းဝေ ” မူရင်းလင်ခ့် – Fb link | Archive link တူညီတဲ့ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် […]

Continue Reading