Fact Check: ဝန်ကြီးချုပ် ဦးမင်းအောင်လှိုင်နဲ့ အမေရိကန်သမ္မတနဲ့တွေ့ဆုံတဲ့သတင်းတု ဖြန့်ဝေ

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ မြန်မာအိမ်စောင့်အစိုးရဝန်ကြီးချုပ် ဦးမင်းအောင်လှိုင် အွန်လိုင်းကနေတွေ့ဆုံခဲ့ တယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပါတယ်။ အမေရိကန်သမ္မတနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံခဲ့ တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။  “အိမ်ဖြူတော်၏ ဖိတ်ကြားချက်အရ ယနေ့မြန်မာစံတော်ချိန် နံနက် ၁၀:၀၀ နာရီ၊ အမေရီကန်စံတော်ချိန် ည ၁၁:၃၀ အချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဝန်ကြီးချုပ်ဦးမင်းအောင်လှိုင် နှင့် အမေရီကန်သမ္မတ ဂျိုးဘိုင်ဒန် တို့ဟာ Video conference စနစ်ဖြင့် တစ်နာရီကျော်ကြာအောင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။  အဆိုပါ တွေ့ဆုံဆွေးနွေးမူ့တွင် လက်ရှိမြန်မာ့နိုင်ငံရေး အခြေနေအား အဓိကထား ဆွေးနွေးခဲ့ကြပြီး ဝန်ကြီးချုပ်ဦးမင်းအောင်လှိုင်က ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမူ့များအား စီစစ်တွေ့ရှိခဲ့ရတာကြောင့် တပ်မတော်မှ မလွဲမရှောင်သာ၍ အာဏာထိန်းလိုက်ရခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို ပြန်လည်အသက် သွင်းဖို့ အားလုံးပါဝင်တဲ့ […]

Continue Reading

Fact Check: WWE နပန်းသမား John Cena ကိုဗစ်ရောဂါဖြင့် ရုတ်တရက် ကွယ်လွန် တယ်ဆိုတဲ့ သတင်းမှား

WWE နပန်းသမားဂျွန်ဆီနာ(John Cena)ဟာ ကိုဗစ်-၁၉ ရောဂါနဲ့ ရုတ်တရက်ကွယ်လွန်သွားတယ်ဆိုပြီးတော့ လူမှုကွန်ယက် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပါတယ်။ ဓာတ်ပုံတွေဟာလည်း ပြီးခဲ့တဲ့နှစ်များအတွင်း အကြောင်းအရာ အမျိုးမျိုးနဲ့ ပျံ့နှံ့လျက်ရှိခဲ့တဲ့ ပုံဟောင်းတွေဖြစ်ပါတယ်။ “John Cena သည် ပြီးခဲ့သောရက်သတ္တပတ်တည်းက Covid 19ရောဂါ ကူးစက်ခံစားနေခဲ့ရခြင်းဖြစ်သည်။ 11.8.2021 ညနေ ၆နာရီချိန်တွင် NewYork အထွေထွေဆေးရုံကြီး၌ဆေးကုသမှုခံယူရင်းရုတ်တရက် အောက်ဆီ ဂျင်ကျကာ နှလုံးရပ်တံ့သေဆုံးသွားခဲ့သည်။”လို့ရေးသားပြီး “Aung Soe Paing”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေ အရေအတွက် ၂ ထောင် ၂ ရာကျော်ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  […]

Continue Reading

Fact Check: အမေရိကန်စစ်သည်တွေ ပဲခူးတိုင်းတစ်နေရာကို ချီတက်လာတယ်ဆိုတဲ့ သတင်းမှား

အမေရိကန်စစ်သည်တွေ ပဲခူးတိုင်းတစ်နေရာကို ချီတက်လာတဲ့ဓာတ်ပုံဆိုပြီးတော့ လူမှုကွန်ယက် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံတွေဟာ ြသဂုတ် ၅ ရက်က အမေရိကန် လေထီတပ်ဖွဲ့ အင်ဒိုနီးရှားမှာ လေထီး ခုန်စဉ်က ပုံတွေဖြစ်ပါတယ်။ “မြန်မာနိုင်ငံ ပဲခူးတိုင်းတနေရာ လေကြောင်းချီလာတဲ့ မေရိကန် စစ်သည်များ”လို့ရေးသားပြီး “မြန်မာ့သတင်းစုံ ဗဟုသုတ” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ဘလော့ဂ်ပို့စ်တစ်ခုကို ပြန်လည်မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အရေအတွက် ၈ ရာကျော်ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် Google မှာပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ အမေရိကန် လေထီတပ်ဖွဲ့တစ်ခုဖြစ်တဲ့ (82nd Airborne Division) စာမျက်နှာမှာ […]

Continue Reading

Fact Check: ၂၀၁၉ ခုနှစ်က ပုဂံမင်းနန်သူရွာ ဘုန်ကြီးကျောင်းမီးလောင်မှုပုံကို ပုဂုံမှာ ဘုရားကို ဗုံးခွဲဖျက်ဆီးမှုအဖြစ်ဖော်ပြ

ပုဂံဘုရားတွေကိုမိုင်းခွဲသွားတာတဲ့ မြင်ကွင်းဆိုပြီးတော့ ဘုရားတစ်ဆူအနီးမှာ မီးလောင်နေတဲ့ မြင်ကွင်း ဓာတ်ပုံတစ်ခုကို လူမှုကွန်ယက် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်က ပုဂံမြို့သစ်  မင်းနန်သူ ရွာဘုန်းကြီးကျောင်းအတွင်း မီးလောင်မူဖြစ်ပွားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ “ယနေ့..နေ့လည် ပုဂံ ဖြစ်ပွားခဲ့တဲ့ဖြစ်ရက်😭 အရမ်းဝမ်းနည်းမိတယ်.. ပုဂံဘုရားများ..မိုင်းခွဲသွားတာ😭💔 မြန်မာမှာပုဂံဆိုတာဘုရားစေတီအပေါဆုံနေရာ….ဒါလေးမှမupရင်လည်း…မင်းတိုကမြန်မာမဟုတ်တော့ဘူး😊🖕🏻 #Up #savemyanmarplz #crdphoto #crd”လို့ရေးသားပြီး “San Myint Aye” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုအရေအတွက် ၈ ထောင် ၄ ရာကျော်ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် Google မှာပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ […]

Continue Reading

Fact Check: အင်းစိန်ထောင်မီးလောင်ပြီး အကျဉ်းသားတွေထွက်ပြေးတဲ့ သတင်းတုသတင်းမှား

အင်းစိန်ထောင်မီးလောင်ပြီး အကျဉ်းသားတွေ ထွက်ပြေးတယ်လို့ ရေးသားပြီး ဘလော့ဂ်စာမျက်နှာ၊ ယူကျူ့(youtube)စာမျက်နှာနဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ဖေ့စ်ဘွတ်အုပ်စုတွေမှာ မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပါတယ်။ သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်တဲ့ အခြားလွတ်လပ်သော သတင်းဌာနတွေမှာ ဒီသတင်းကို မတွေ့ရပါဘူး။  “ပညာ ပန်း ခင်း”ဖေ့စ်ဘွတ်အသုံးပြုသူက အထက်ပါဆိုလိုရင်းပါတဲ့ ဘလော့ပို့စ်တစ်ခုကို အောက်ပါအတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၁၁၂ ကြိမ်ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  “Myanmar Life Channel” အမည်နဲ့ youtube စာမျက်နှာမှာလည်း “အင်းစိန်ထောင် လောင်ပြီ ထောင်သားတွေ ထွက်ပြေး”လို့ ရေးသားပြီး ဇူလိုင် ၂၃ ရက်က ဗွီဒီယိုတစ်ခုကို မျှဝေထားရာမှာ ဒီဗွီဒီယိုကို […]

Continue Reading

Fact Check: ဗီယက်နမ်မှာ လက်ဖက်ရည်ထဲမှာ သံပုရာရည်ထည့်သောက်တဲ့အတွက် ကိုဗစ်ဗိုင်းရပ်စ်နဲ့ သေဆုံးသူမရှိဆိုတဲ့ သတင်းမှား

ဗီယက်နမ်မှာ လက်ဖက်ရည်နဲ့ သံပုရာရည်သောက်တဲ့အတွက် ဗိုင်းရပ်စ်အသစ်(ကိုဗစ်-၁၉)ကြောင့် သေဆုံး သူမရှိဘူးလို့ ရေးသားပြီး သတင်းမှားတစ်ခုကို လူမှုကွန်ယက်အသုံးပြုသူတွေက မျှဝေလျှက်ရှိပါတယ်။ အမှန်တကယ်မှာ ဗီယက်နမ်နိုင်ငံမှာ ဇူလိုင် ၂၁ ရက်အထိ ကိုဗစ်ကြောင့် သေဆုံးမှုအရေအတွက် ၃၃၄ ယောက်ရှိပြီး လက်ဖက်ရည်နဲ့ သံပုရာရောသောက်တာဟာ ကိုဗစ်ကို ကာကွယ်နိုင် ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ “အခုဗိုင်းရပ်စ်အသစ်မှာ သေဆုံးသူလုံးဝမရှိတဲ့ ဗီယက်နမ်နိုင်ငံမှ ဆေးနည်းကောင်း”လို့ ခေါင်းစဉ်တပ်ထားပြီး တူညီစွာရေးသားမျှဝေထားတဲ့ သက်ဆိုင်ရာဝက်ဘ်ဆိုဒ်စာမျက်နှာအသီးသီးကို ဖေ့စ်ဘွတ်အသုံးပြုသူတွေက မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီဝက်ဘ်ဆိုဒ်စာမျက်နှာက သတင်းကို ဝင်ရောက်ဖတ်ရှု့မယ်ဆိုရင် “Vietnam ဗီယက်နမ်နိုင်ငံတွင် ဗိုင်းရပ်စ်သစ် သည်သေဆုံးနှုန်းလုံးဝသုညရှိသည်။သက်ဆိုင်ရာအပြည်ပြည်ဆိုင်ရာလူများသည်စူပါနိုင်ငံဗီယက်နမ်၏လျှို့ဝှက်ချက်ကိုရရှိခဲ့ကြသည်။ သင်သည် ဗိုင်းရပ်စ်အသစ်နှင့်အတူကူးစက်ရင်တောင်သေမှာမဟုတ်သည်မှာ သေချာသည်။ အချက်အလက်များစွာကဖော်ပြချက်သည်အလွန်ရိုးရှင်းသည်ဟုသက်သေပြသလိုလည်းအထူးသဖြင့်ထိရောက်မှုရှိသည်။ အပြည်ပြည်ဆိုင်ရာစူပါကုထုံး၏လျှို့ဝှက်ပုံသေနည်းမှာအောက်ပါအတိုင်းဖြစ်သည် – ၁။ လက်ဖက်ရည်ကြမ်းကိုရေပွက်ပွက်ဆူတွင်ပြုလုပ်ပါ။ ၂။ သံပုရာဖျော်ရည်ကိုရောစပ်ပြီးနောက်လက်ဖက်ရည်ပူသောက်ပါ။ ၃။ ဤလျှို့ဝှက်ချက်သည် ဗိုင်းရပ်စ်သစ်ကိုချက်ချင်းသေစေနိုင်သည်။ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က သားတွေရှိရာ ပြန်လိုတယ်လို့ တောင်းဆိုခဲ့ကြောင်းတယ်ဆိုတဲ့ ဓာတ်ပုံပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူတွေက မျှဝေ လျှက်ရှိပါတယ်။ ဒီလိုမျှဝေရာမှာ 7day သတင်းဌာနက ၂၀၂၁ ခုနှစ် ဇူလိုင် ၁၆ ရက်ကမျက်နှာဖုံးအဖြစ် ပုံနှိပ်ဖော်ပြထားတယ်ဆိုတဲ့ ဓာတ်ပုံတစ်ပုံလည်းပါဝင်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဒေါ်အောင်ဆန်း စုကြည်က အင်္ဂလန်သို့ အပြီးပြန်လိုတယ်လို့လည်း ပြောကြောင်း ရေးသားထားပါတယ်။ “ဆိုလိုတာက စစ်တပ်ကိုအာဏာရအောင်လုပ်ပေးခဲ့ပေးပြီ၊ (၅)နှစ်တာကာလ ရသမျှလည်းစုဆောင်းခဲ့ပြီးပီ ဆိုတော့ အပြီးပြန်တော့မယ်ပေါ့ ပြည်သူတွေကတော့ ခံကြပေဦးပေါ့”လို့ ရေးသားပြီး “ေစာ ေဒ ဝီ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ တူညီတဲ့ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: စစ်အာဏာသိမ်း ဆန့်ကျင်ခဲ့တဲ့သူတွေက ကာချုပ်ကို ဆုတောင်းပေးခဲ့တဲ့ ဗွီဒီယိုလား-မဟုတ်ပါ

စစ်တပ်အာဏာသိမ်းဆန့်ကျင်ခဲ့တဲ့ လူတွေက ထောင်ကလွတ်လာပြီးနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကျန်းမာပါစေလိုဆုတောင်းပေးခဲ့တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေ လျက်ရှိပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာ လည်ကတုံးအင်္ကျီအဖြူဝတ်အမျိုးသားတစ်ယောက်ကို ပွေ့ဖက်နေ တဲ့မြင်ကွင်းများ၊လွတ်မြောက်လာသူတစ်ဦးက အင်တာဗျူးဖြေနေပုံနဲ့ လာရောက်ဝန်းရံသူအချို့က “ကာချုပ်ကြီးကျန်းမာပါစေ”ပါစေလို့လည်း အော်ဟစ်မှုစတာတွေပါဝင်ပါတယ်။ ဒီလိုပြောဆိုချက်ဟာ မှန်ကန်မှုမရှိပါဘူး။ ဒီဗွီဒီယိုဖိုင်ဟာ စစ်တပ်က အာဏာရယူအပြီး ဖေဖော်ဝါရီ ၁၂ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ စစ်တပ်ကို ထောက်ခံသူတစ်ဦးရဲ့ ပြောကြားချက်ဖြစ်ပါတယ်။ ဇွန်လ ၃၀ ရက်နေ့မှာ အကျဉ်းထောင်တွေကနေ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြလို့အဖမ်းရသူ အများစု ပါဝင်တဲ့ အကျဉ်းသား ၂၀၀၀ ကျော် ပြန်လည်လွတ်မြောက်လာပါတယ်။ ဒီလိုအခြေအနေမှာ “Thar Wa” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “”ကာချုပ်ကြီး ကျန်းမာပါစေ” ဆိုတဲ့စကားသံကို အာဏာထိန်းလို့ တော်လှန်မယ် ဆိုတဲ့သူတွေက ပြိုင်တူအော်နေတာဆိုတော့လဲ စိတ်စေတနာ အမှန်ဆိုရင်ဒီထက်အကျိုးဖြစ်ထွန်းလာတော့မှာအမှန်ပါပဲဗျာ […]

Continue Reading

Fact Check: ကိုဗစ်-၁၉ ရောဂါဟာ ဘက်တီးရီးယာကြောင့်ဖြစ်တာလို့ စင်ကာပူနိုင်ငံက တွေ့ရှိဆိုတဲ့ သတင်းမှားပျံ့နှံ့

ကိုဗစ်-၁၉(COVID-19)ရောဂါဟာ ဘတ်တီးရီးယားကြောင့်ဖြစ်တာလို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက လူသေလောင်းကို ရင်ခွဲသုတေသနပြုရာကနေတွေ့ရှိခဲ့တယ်ဆိုတဲ့ပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်း များစွာ မျှဝေလျက်ရှိပါတယ်။ ကိုဗစ်-၁၉ လူနာတွေကို Asprin ပေးခြင်းအားဖြင့် သက်သာ ပျောက်ကင်းခဲ့တာ ကိုလည်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနတွေ့ခဲ့ရတယ်လို့လည်း ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ ရေးထားပါတယ်။  သို့သော်လည်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနကလည်း ဒီလိုပြောဆိုချက်ကို ငြင်းဆိုထားပြီး ကိုဗစ်-၁၉ ရောဂါပိုးဟာ SARS-CoV-2 ဗိုင်းရပ်စ်ကြောင့်ဖြစ်တယ်လို့ နိုင်ငံတကာသိပ္ပံပညာရှင်တွေက အတည်ပြုပြီး ဖြစ်ပါတယ်။ “သင့်အတွက်ကျန်းမာရေး”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက “#အများအတွက်အားတက်စရာသတင်း တကယ့်ကို အားတက်စရာသတင်းပါ။အတိုချုပ်ပဲပြောပြပါမယ်။စင်ကာပူနိုင်ငံအနေနဲ့ကိုဗစ်ရောဂါနဲ့သေဆုံးတဲ့အလောင်း(dead body)ကို သေဆုံးတဲ့အကြောင်းရင်းသိဖို့ရင်ခွဲစစ်ဆေးတဲ့ကမ္ဘာ့ပထမဆုံးနိုင်ငံဖြစ်လာပါတယ်။ အဲဒီမှာဘာသွား တွေ့လဲဆိုတော့ ကိုဗစ်-၁၉ဟာဗိုင်းရတ်စ်ပိုးအနေနဲ့တည်ရှိနေတာမဟုတ်ဘဲ ရောင်ခြည်နဲ့ထိတွေ့ထားတဲ့ ဗက်တီးရီးယားအဖြစ်သာတည်ရှိနေတာဖြစ်ပြီးသွေးခဲအောင်လုပ်ပြီးလူ့အသက်ကိုဆုံးရှုံးစေတာပါ “စသည်ဖြင့် ရေးသားပြီးမျှဝေထားပါတယ်။ထို့အပြင် “ဒီသုတေသနပြုမှုကိုလေ့လာပြီးနောက်မှာစင်ကာပူနိုင်ငံကျန်းမာရေး ဝန်ကြီးဌာနဟာကိုဗစ်-၁၉ ကုသမှုပုံစံ ကိုပြောင်းလဲခဲ့ပါတယ်။ကိုဗစ်ကူးစက်ခံရသူတွေကို asprinပေးခဲ့ပါတယ်။ အကျိုးဆက်ကတော့လူနာတွေဟာခပ်မြန်မြန်သက်သာပြီးကျန်းမာရေးတိုးတက်ကောင်းမွန်လာပါတယ်။”လို့လည်းရေးသားထားပါတယ်။ တူညီတဲ့ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရ ပါတယ်။ […]

Continue Reading

Fact Check: စာရေးဆရာမ အိပန်ဆယ်လို အမေရိကန်က သူလျိုမှုနဲ့ ဖမ်းဆီးခံရတယ်လို့ သတင်းတုသတင်းမှားဖြန့်

စာရေးဆရာမ အိပန်ဆယ်လို အမေရိကန်မှာ သူလျိုလုပ်မှုနဲ့ ဖမ်းဆီးခံရတယ်လို့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ရေးသားမျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ ဧရာဝတီသတင်းဌာနက သတင်းဖော်ပြချက် screenshot ပုံလည်းပါဝင်ပါတယ်။ ဒီလိုမျှဝေနေတာဟာ မှားယွင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံပြီး စစ်တပ်ကို ဆန့်ကျင်သူ ဖေ့စ်ဘွတ်နာမည်ကြီး အိပန်ဆယ်လိုဟာ သူရဲ့ နောက်ထပ် ဖေ့စ်ဘွတ်အကောင့် တစ်ခု ဖြစ်တဲ့ “Pencilo on Earth”ကနေ ဒီကနေ့ live လွှင့်ပြီး ဒီသတင်းတွေက မဟုတ်မမှန်ဘူးလို့ ရှင်းလင်းခဲ့ပြီးတာတွေ့ရပါတယ်။ ဧရာဝတီသတင်းဌာနကလည်း သူအဖမ်းခံရတယ်လို့ သတင်းရေးသားခဲ့ခြင်းမရှိတာကို Fact Crescendo အနေနဲ့ တွေ့ရပါတယ်။ “စာရေးဆရာမ အိပန်ဆယ်လို သူလျိုမှုဖြင့် အမေရိကန် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရ”လို့ ဧရာဝတီသတင်းဌာနက ဖော်ပြတယ်ဆိုတဲ့ screenshots နဲ့အတူ “Myanmar News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားပါတယ်။အလားတူ ရေးသားဖြန့်ဝေမှုတွေကို […]

Continue Reading