Fact Check: အိမ်တွေကို မီးရှို့ခဲ့တယ်လို့ NUG သမ္မတက ဝန်ခံခဲ့တာလား- မဟုတ်ပါ

အိမ်တွေကို မီးရှို့ခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ယာယီသမ္မတကဝန်ခံလိုက်ပြီး ဒီလိုဝန်ခံတဲ့ အတွက် သမ္မတကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ပန်ဆယ်လိုက ဝေဖန်လိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင် သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ဗွီဒီယိုပါအကြောင်းအရာ ၂ ခုဟာ မတူညီတဲ့အချိန် မတူညီတဲ့အကြောင်းအရာအဖြစ်အပျက် ၂ ခုအပေါ်ပြောဆို ချက်ကို အဖြစ်အပျက်တစ်ခုထဲကို ဖော်ညွှန်းသယောင်ဖော်ပြထားခြင်းဖြစ်ပါတယ်။  “အမြင်မှန်ရလို့ဝန်ခံတာကို အိမ်တွေကို သူတို့ NUG က မီးရှို့ဖျက်ဆီးကြောင်း ဝန်ခံလိုက်တဲ့ သမ္မတရူးကို ပန်ဆယ်လိုတင်းပြီးဆဲတာ အနှစ်ကြီး” စသည်ဖြင့်ရေးသားပြီး “ကိုခန့်”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် NUG သမ္မတဒူဝါလရှီးလပြောကြားချက်ဗွီဒီယိုဟာ […]

Continue Reading

Fact Check:‌ အမေရိကန်သမ္မတဟာ ခရစ်ယာန်ဖြစ်ရမယ်လို့ ပြဌာန်းမထားပါ

အမေရိကန်ရဲ့အခြေခံဥပဒေမှာ သမ္မတနဲ့ ဒုသမ္မတဟာ ခရစ်ယာန်ဘာသာဝင်သာဖြစ်ရမယ်လို့ ပြဌာန်းထား တယ်လို့ဆိုပြီး  ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ သတင်းမှား သာဖြစ်ပါတယ်။ မျှဝေလျက်ရှိတဲ့ ပို့စ်မှာ အမေရိကန်အခြေခံဥပဒေမှာ သမ္မတ၊ ဒုတိယသမ္မတတွေဟာ ခရစ်ယာန်ဘာသာ ဝင်သာဖြစ်ရမှာဖြစ်သလို သမ္မတအိမ်ဖြူတော်မှာ ခရစ်ယာန်ကလွဲလို့ အခြားဘာသာဝင်တွေ တာဝန်ထမ်းဆောင် ခွင့်မရှိဘူးဆိုပြီး “Saw Gyi”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၅၀၀ ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်မှာ ဒီအချက်အလက်မှား ပျံ့နှံ့ခဲ့ဘူးပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ဖော်ပြပြီးဖြစ်ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ တကယ်တော့ အမေရိကန်ဖွဲ့စည်းပုံအခြေခဥပဒေတစ်ခုလုံးမှာ “ဘာသာရေး”လို့ မြန်မာလို ပြန်ဆိုနိုင်တဲ့ “religion”ဆိုတဲ့ စကားလုံး ၂ လုံးသာပါဝင်တာတွေ့ရပါတယ်။  […]

Continue Reading

Fact Check: NLD နာယကဦးတင်ဦးအပါအဝင် ဗဟိုကော်မတီဝင်တွေကို ထုတ်ပယ် ဆိုတဲ့ ကြေညာချက်အတု

NLD နာယကဦးတင်ဦးအပါအဝင် ဗဟိုကော်မတီဝင်တွေကို ထုတ်ပယ်ကြောင်း ကြေညာချက်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ တကယ်တော့ ကြေညာချက်အတုဖြစ်တာတွေ့ရပါတယ်။  ပျံ့နှံ့နေတဲ့ NLD ပါတီရဲ့ ကြေညာချက်ထဲမှာ နာယကဦးတင်ဦး၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်စုစုလွှင်၊ ဒေါက်တာ တင်မျိုးဝင်း၊ ဒေါ်ခင်စန်းလှိုင်၊ ဦးဇွဲ့ဘွဲ့တို့ကို ပြည်သူ့ဆန္ဒနဲ့ဆန့်ကျင်ပြီး ‌စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက် နေတဲ့အတွက် အခုလို ထုတ်ပယ်လိုက်တာဖြစ်တယ်လို့လည်းဖော်ပြပါတယ်။  ဖေ့စ်ဘွတ်အသုံးပြုသူတစ်ယောက်မျှဝေထားတဲ့ ဒီထုတ်ပြန်ချက်အတုကို အောက်ပါအတိုင်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အလားတူ ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီထုတ်ပြန်ချက်ဟာအတုဖြစ်ကြောင်း NLD ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးအောင်ကြည်ညွှန့်က အောက်ပါ အတိုင်းပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။  “ဒီစာကလဲ ကလိန်ကကျစ် ဖက်စစ် စစ်တပ်ရဲ့ အကြံကုန် ဂဠုန်ဆားချက် […]

Continue Reading

Fact Check: CRPH၊ NUG တာဝန်ရှိသူတွေရဲ့ ဖက်ဒရယ်အရေး၊ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ပြောစကားအတုတွေ ပျံ့နှံ့

CRPH၊ NUG တာဝန်ရှိသူတွေရဲ့ ဖက်ဒရယ်အရေး၊ တော်လှန်ရေးဆိုင်ရာတွေနဲ့ ပတ်သက်တဲ့ ပြောစကားများ အဖြစ်ဖေ့စ်ဘွတ်မှာဖြန့်ဝေနေတဲ့ ပို့စ်အချို့ဟာ ကာယကံရှင်တွေက ပြောကြားခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုထားပြီး သတင်းတုဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။  ပျံ့နှံ့နေတဲ့ ပို့စ်တွေမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ NUG ပြောခွင့်ရ ဦးနေဘုန်းလတ် တို့ရဲ့ ဖက်ဒရယ်အရေး၊ တော်လှန်ရေးနဲ့ပတ်သက်ပြီးပြောကြားချက်တွေပါဝင်ပြီး ဒီပြောဆိုချက်တွေဟာ အတုသာဖြစ်တယ်လို့ ကာယကံရှင်တွေက အတည်ပြုပါတယ်။ အောက်ပါ စခရင်ရွှတ်ကတော့ ဦးအောင်ကြည်ညွှန့်ပြောစကားများအဖြစ် ဖြန့်ဝေထားတဲ့ ပို့စ်တစ်ခုရဲ့ မြင်ကွင်းဖြစ်ပါတယ်။ ဦးအောင်ကြည်ညွှန့် ဓာတ်ပုံနဲ့အတူ “ဗမာပြည်နယ်တွေ ဖက်ဒရယ်ဖွဲ့စည်းပုံတွေဆိုတာ အမေစုမပါဘဲ ကျွန်တော်တို့သဘောနဲ့ ဆုံးဖြတ်ချက်မချရဘူး အဲ့တော့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ချင်ရင်  တိုင်းရင်း သားအားလုံးက အမေစု ပြန်လွတ်လာအောင် စစ်တိုက်ပေး”လို့ရေးသား ဖြန့်ချိထားပါတယ်။ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ […]

Continue Reading

Fact Check: NUG က စစ်ဦးစီးချုပ် ၄ ဦးခန့်လိုက်ပြီး အင်အား ၆ သိန်းနဲ့ မြို့သိမ်းတိုက်ပွဲ စတဲ့ သတင်းတု

NUG က စစ်ဦးစီးချုပ် ၄ ဦးခန့်လိုက်ပြီး အင်အား ၆ သိန်းနဲ့ မြို့သိမ်းတိုက်ပွဲစပြီလို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ သတင်းတုသာဖြစ်ပါတယ်။ “အင်းအား(၆) သိန်းနဲ့ မြို့သိမ်းတိုက်ပွဲစပြီဗျို့(အားလုံးပြင်ဆင် ထားကြပါဗျို့)”လို့ ရေးသားပြီး “Get the light” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားရာမှာ ၁ ရက်အတွင်း ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၁ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ သံလွင်ခက်မီဒီယာကဖော်ပြခဲ့တဲ့ “နွေဦးတော်လှန်ရေး၏ စစ်ဦးစီးချုပ် ဘယ်သ ူဖြစ်လာနိုင်သလဲ”ဆိုတဲ့ အတွေးအမြင်ဆောင်းပါးကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်ပါတယ်။ ဒီဆောင်းပါး မှာ NUG ဟာ အမိန့်တစ်ခုထဲအောက်မှာအကောင်အထည်ဖော်ဖို့လိုတဲ့ကိစ္စတွေအတွက် စစ်ဦးစီးချုပ် တစ်ယောက်ခန့်ဖို့လိုနေတာကြောင့် ခန့်အပ်မယ်လို့လည်း […]

Continue Reading

Fact Check: ကျောက်ဆည်အချုပ်ထောင်ကို အချုပ်သားများ မီးရှို၊သေနတ်လုပစ်ခတ်မှု ၅၈ ဦးသေဆုံးဆိုတဲ့နားလည်မှုလွဲစေနိုင်တဲ့သတင်းမှား

ကျောက်ဆည်အချုပ်ထောင်မီးရှို့လိုက်ပြီ၊အချုပ်သားများက သေနတ်လုပြီးပစ်ကုန်ပြီ၊စစ်ခွေး (၅၈) ဦး သေဆုံးဆိုတဲ့ ဗွီဒီယို ပုံစံနဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့ အားကောင်း ခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “ကျောက်ဆည်အချုပ်ထောင်မီးရှို့လိုက်ပြီ၊အချုပ်သားများက သေနတ်လုပြီး ပစ်ကုန်ပြီ၊ စစ်ခွေး (၅၈) ဦး သေဆုံး “စသည် ဖြင့် ရေးသားကာ “Get the Light”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် –FB link|  Archive link အလားတူ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာမှာ တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၁၀မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်တစ်ခုလုံးမှာ ဗွီဒီယိုဖိုင် အဖွင့်မှာပါတဲ့ “ကျောက်ဆည်အချုပ် ထောင်မီးရှို့ လိုက်ပြီ၊အချုပ်သားများက သေနတ်လုပြီးပစ်ကုန်ပြီ၊စစ်ခွေး (၅၈) ဦး သေဆုံး”ဆိုတဲ့ အကြောင်းအရာ […]

Continue Reading

Fact Check: ​ဒေါ်အောင်ဆန်းစုကြည်ပုံကို PDF တွေ မီးရှို့နေတာလား-မဟုတ်ပါ

အကြမ်းဖက်တွေလို့ ဒေါ်အောင်ဆန်းစုကြည်က PDF တွေကို ပြောပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံကို PDF  တွေကမီးရှို့ခဲ့တယ်လို့ဆိုတဲ့ ဓာတ်ပုံ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ ကလေးပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေကို မီးရှို့ဖျက်ဆီးနေတဲ့ပုံကိုပြုပြင်ပြောင်း လဲထားခြင်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တော်လှန်ရေးမှာပါဝင်နေတဲ့ လူငယ်တွေကို ချီးကျူးဂုဏ်ယူနေတယ်လို့ စစ်တပ်ရဲ့ ဖမ်းဆီးခံကာအတွင်းမှာ သူမနဲ့ ထိတွေ့ခဲ့ရတဲ့သူတွေကဆိုပါတယ်။ “ဒေါ်စုမှ တော်လှန်ရေးသမားတွေကို  အကြမ်းဖက်သမားဟု ပြောသည့်အတွက် ဒေါ်စုပုံပါ အမှိုက်ပုံးအ ပဒက်များမီးရှို့ပြ ပဒက်တွေကတော့ တော်တော်မိုက်ရိုင်းပြီ မှိုင်းဝေ”လို့ ရေးသားပြီး “Zaw Than” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ ကအောက်ပါအတိုင်းမျှဝေ ထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် Google မှာ […]

Continue Reading

Fact Check: လှည်းကူးမှာ မိသားစုလိုက်သတ်ဖြတ်ခံရမှု အကြွေးမပေးချင်လို့ သရုပ်ဆောင်မြနှင်းရီလွင်စေခိုင်းတဲ့ သတင်းတု

လှည်းကူးမှာ ၃ နှစ်အရွယ်ကလေးအပါအဝင် မိသားစုလိုက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာဟာ သရုပ်ဆောင်မြနှင်းရီလွင်က အကြွေးမဆပ်ချင်လို့ အသတ်ခိုင်းတာလို့ဆိုတဲ့ ပို့စ်တစ်ခုကို  စစ်တပ်ထောက်ခံရေး ဝါဒဖြန့်ချိမှု တယ်လီဂရမ်အကောင့်တွေမှာ မျှဝေနေတာတွေ့ရပါတယ်။ စစ်အာဏာသိမ်းမှုကို တော်လှန်နေတဲ့ သရုပ်ဆောင်တစ်ယောက်ကို တိုက်ခိုက်ထားတဲ့ သတင်းတုသာဖြစ်ပါတယ်။  အောက်ပါ screenshot ကတော့ “မှိင်း ဝေ”အမည်နဲ့ စစ်တပ်ဝါဒဖြန့်ချိရေးတယ်လီဂရမ်အကောင့်မှာ ဖော်ပြချက်ဖြစ်ပါတယ်။  မူရင်းလင်ခ့် – Telegram link |  Archive link   အခြားသော တယ်လီဂရမ်တွေမှာလည်း ဖြန့်ဝေနေတာတွေ့ရပါတယ်။ ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် လှည်းကူးတွင် အသက် ၃ နှစ် အရွယ် ကလေးငယ် အပါ အဝင် ပစ်သတ်ခံရသူ ၅ ဦးမှာ ကျောင်းဆရာ PDF ကိုဝင်းစိုးရဲ့ မိသားစုဝင်တွေဖြစ်ပြီး စစ်မှုထမ်းဟောင်းနဲ့ ပျူစောထီးတွေက […]

Continue Reading

Fact Check: မင်းကိုနိုင်ကို ဖမ်းမိပြီ၊ကြိုးပေးသတ်မယ်ဆိုတဲ့ သတင်းမှား

စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာ MRTV သတင်းနောက်ခံနဲ့ ၈၈ မျိုးဆက်ကျောင်း သား ခေါင်းဆောင် ကိုမင်းကိုနိုင်ကို စစ်ကောင်စီက ဖမ်းမိပြီ ၁၈ ရက်နေ့ ပြည်သူရှေ့မှာ ကြိုးပေးသတ်ပြမယ် ဆိုတဲ့ ဗွီဒီယို ပုံစံနဲ့ပို့စ်တစ်ခု ယူကျု့ချယ်နယ်တစ်ခုမှာ ဖြန့်ဝေရာမှာ ပျံ့နှံ့မှု့ အားကောင်းခဲ့ပါတယ်။ တကယ်တော့ သတင်းတုဖြန့်ချိ နေခြင်းဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “စိတ်ခိုင်မှကြည့်ကြပါ။ မင်းကိုနိုင်ကိုဖမ်းမိသွားပြီ၊ကိုဂျမီတို့လိုကြိုးမိန့်တဲ့” “ပြည်သူတွေရင်ကြိုးရပြန်ပြီ မင်းကိုနိုင်ကိုဖမ်းမ်ပြီ ၁၈ ရက်နေ့ ပြည်သူရှေ့ ကြိုးပေးသတ်ပြမယ်တဲ့”စသည် ဖြင့် ရေးသားကာ “Daily  News Myanmar”အမည်နဲ့ ယူကျု့ချယ်နယ်က အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် –Youtube link|  Archive link အချက်အလက်စိစစ်ချက် ၆မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်တစ်ခုလုံးမှာ ဗွီဒီယိုဖိုင် အဖွင့်မှာပါတဲ့ “မင်းကိုနိုင်ကိုဖမ်းမိပြီ၊ […]

Continue Reading

Fact Check: TNLA ဒုစစ်ဦးစီးချုပ် သေဆုံးမှုကို PDF လုပ်ကြံသတ်ဖြတ်မှုလို့ သတင်းမှားဖြန့်ဝေ

TNLA ဗဟိုကော်မတီဝင်/ဒုတိယ စစ်ဦးစီးချုပ်ရာထူးယူထားသူ တားအလှော်(ခ)တားမူစယ်ကို စစ်တပ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆောင်ရွက်တဲ့အတွက် PDF က လုပ်ကြံသတ်ဖြတ်လိုက်တယ် ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။ “TNLA အKyanဖက်မှ ဒုစစ်ဦးစီးချုပ်အား PDFများမှ လုပ်ကြံ tyat ဖြတ်ခံရ TNLA အkyanဖက်အဖွဲ့မှ  ဗဟိုကော်မတီဝင်/ဒုတိယ စစ်ဦးစီးချုပ် ရာထူးယူထားသူ  တားအလှော်(ခ)တားမူစယ်အား တပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆောင်ရွက်သည့်အတွက်ဟုဆိုကာ ၎င်းတို့မွေးထားတဲ့ PDFအဖွဲ့မှ ပြန်ပြီးလုပ်ကြံ tyat ဖြတ်ကြောင်းသိရပါတယ် တလရကိုသစ္စာဖောက်ရင် ဘယ်သူဖြစ်ဖြစ် tyat မှာပဲဟု အကြမ်းဖက် PDFများက ပြောဆိုခဲ့တာတွေရှိခဲ့ဖူးပါတယ် ခုတော့ Tyatတဲ့ ပဒက်လည်းပြေးနေပြီ  (နောက်ကွယ်က ဘယ်သူရှိမလဲ? -ပဒက်တွေကို လူမိုက်ငှားလိုက်တာလား?  စဥ်းစားစရာပဲ) မှိုင်းဝေ”လို့ ရေးသားပြီး “Thi Ha Soe” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားတာ […]

Continue Reading