Fact Check: မုံရွာနည်းပညာတက္ကသိုလ်ကျောင်းသားတွေရဲ့ တပ်မတော်ထောက်ခံပွဲ ဆိုတဲ့ သတင်းတုသတင်းမှားဖြန့်ဝေ

မုံရွာနည်းပညာတက္ကသိုလ်မှကျောင်းသား၊ကျောင်းသူတွေရဲ့ တပ်မတော်ထောက်ခံပွဲလို့ရေးသားပြီး ဦးထုတ် အဖြူ ဆောင်းထားတဲ့လူငယ်အများအပြား စီတန်းလှည့်လည်နေတဲ့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။  တကယ်တော့ ဓာတ်ပုံဟာ ၂၀၂၁ ခုနှစ်က စစ်တပ်က အာဏာသိမ်းဆန္ဒပြပွဲတစ်ခုက ဓာတ်ပုံဖြစ်ပါတယ်။ “မုံရွာနည်းပညာတက္ကသိုလ်မှကျောင်းသား/ကျောင်းသူများ တပ်မတော်ထောက်ခံပွဲတွင်ပဲဝင်ဆင်နွဲ ပညာတတ်တွေပဲ တပ်မတော်ထောက်ခံတယ် နီးပေါတေသိဘို့”လို့  တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link ဓာတ်ပုံထဲမှာ “နည်းပညာတက္ကသိုလ် (မုံရွာ) ကျောင်းသားကျောင်းသူဟောင်းများ”လို့ရေးသားထား တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံကို ရှာဖွေကြည့်ရာမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်ကတည်းက အွန်လိုင်းမှာပျံ့နှံ့လျက်ရှိတာ အောက်ပါအတိုင်းတွေ့ရပါတယ်။ “Kay Thi Win”အမည်နဲ့ […]

Continue Reading

Fact Check: ​ လှိုင်သာယာ epc ရုံး ဗုံးခွဲခံရတဲ့ဓာတ်ပုံလား-မဟုတ်ပါ

​လှိုင်သာယာ epcရုံး ဗုံးခွဲမှုလို့ရေးသားပြီး လမ်းမထက်ကနေ လှမ်းမြင်နေတဲ့ မီးခိုးမည်းတွေဖုံးအုပ်နေတဲ့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူအများအပြားကပြန်လည်မျှဝေလျှက်ရှိတာတွေ့ရပါတယ်။ သို့သော် ဒီဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် မတ်လထဲမှာ လှိုင်သာယာက ဆန္ဒပြအတားအဆီးတွေကို မီးရှို့ထားပုံ ဖြစ်ပါတယ်။ “လှိုင်သာယာ epcရုံး🍍🍍🍍 မင်္ဂလာမနက်ခင်းပါ။  29.1.2022”လို့ရေးသားပြီး “အောင်ကျော် မင်း”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဇန်နဝါရီ ၂၉ ရက်က မျှဝေထားရာမှာ ၃ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၃၀၀ ဝန်းကျင်ရှိပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link တူညီတဲ့ရေးသားမျှဝေထားတာတွေကို  ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာ မှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် လှိုင်သာယာရွှေလင်ဗန်း EPC ရုံးနဲ့ စက်မှု့ဇုန်(EPC)ရုံးကိုတော်လှန်ရေးအဖွဲ့ ၄ ဖွဲ့ပေါင်းပြီးဖောက်ခွဲခဲ့တယ်လို့ ပါဝင်တဲ့အဖွဲ့ ၄ ဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ […]

Continue Reading

Fact Check: မင်းမော်ကွန်းကို ရိုက်နှက်ဖမ်းဆီးသွားပြီဆိုတဲ့ သတင်းတုသတင်းမှား

​သရုပ်ဆောင်မင်းသားဘဝမှ တော်လှန်ရေးမင်းသားဖြစ်လာတဲ့ မင်းမော်ကွန်းကို ရိုက်နှက်ဖမ်းဆီးသွားပြီလို့ ရေးသားထားတဲ့ ပို့စ်တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ အတော်များများက မျှဝေခဲ့တာတွေ့ရပါတယ်။ သို့သော်လည်း မင်းမော်ကွန်းဟာ သူ့ရဲ့လူမှုကွန်ယက်အကောင့်ကို ပုံမှန်အသုံးပြုနေဆဲဖြစ်ပြီး အခြားသောယုံကြည်ရတဲ့ သတင်းဌာနတွေမှာလည်း သတင်းဖော်ပြချက်တစ်စုံတစ်ရာမတွေ့ရပါဘူး။ “ကိုမင်းမော်ကွန်းကို မိသွားပြီတဲ့ ဗီဒီယိုဖိုင်တက်လာတာ ဝိုင်းရိုက်နေကြတာ သနားပါတယ်”လို့ရေးသားပြီး “Myanmar Tv News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၇၀၀၀၀ ကျော်ရှိပါတယ်။ ဗွီဒီယိုရဲ့ ရုပ်သေရုပ်ကပ်နေရမှာလည်း မြို့ပြရဲ့လမ်းတစ်ခုမှာ ရဲကားတစ်စီးကန့်လန့်ရပ် ထားတဲ့ ပုံပေါ်မှာ “ည ၇ နာရီထိုး မင်းမော်ကွန်းကို မိသွားပြီတဲ့ လုပ်ကြပါအုံး ဝိုင်းရိုက်နေကြတာဗျာ”လို့ ရေးသားမျှဝေ ထားပါသေးတယ်။ မူရင်းလင်ခ့် – Fb link |  Archive link တူညီတဲ့ရေးသားမျှဝေထားတဲ့ ဘလောဂ့်စာမျက်နှာတွေကို  ဒီနေရာနဲ့ ဒီနေရာ […]

Continue Reading

Fact Check: Silence Strike (အသံတိတ်သပိတ်)လုပ်မယ့်ရက်ဆိုင်ငံ့ကြောင်း NUG နဲ့ CRPH ကြေညာခဲ့ခြင်းမရှိပါ

အသံတိတ်သပိတ်(Silence Strike)လုပ်မယ့်ရက်ကို ဆိုင်းငံ့လိုက်ကြောင်း အမျိုးသားညီညွှတ်ရေး အစိုးရ(NUG)နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)က ကြေညာချက်ဆိုပြီးတော့ ဖေ့စ်ဘွတ်မှာ မျှဝေလျှက်ရှိ ပါတယ်။  သို့သော် ဒီလိုထုတ်ပြန်ချက်စာဟာ အတုဖြစ်တာကို Fact Crescendo အနေနဲ့ တွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ NUG နဲ့ CRPH ကဆိုတဲ့ ထုတ်ပြန်ချက်ထဲမှာ ၁-၂-၂၀၂၂ ရက်နေ့မှာ Silence Strike (အသံတိတ်သပိတ်)ပြုလုပ်ဖို့ သတ်မှတ်ထားပေမဲ့ အကြမ်းဖက်စစ်ကောင်စီက ပြည်သူတွေကို ကြိုတင် ဖမ်းဆီးခြင်း၊ ဆိုင်များကို ချိတ်ပိတ်ခြင်းလုပ်နေတာကြောင့် အသံတိတ်သပိတ်လုပ်မယ့်နေ့ကို သီးခြား ထုတ်ပြန်ကြေညာပေးသွားမယ်လို့ ရေးသားထားပါတယ်။  တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် အမျိုးသားညီညွှတ်ရေး အစိုးရ(NUG)နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)ရဲ့ […]

Continue Reading

Fact Check: စစ်တပ်တင့်ကားကို အသေခံဗုံးခွဲခဲ့တဲ့ ဗိုလ်ဂဠုန်ဓာတ်ပုံလား-မှားနေပါတယ်

​စစ်တပ်က တင့်ကားတွေကို အသေခံဗုံးခွဲခဲ့တဲ့ PDF ကဗိုလ်ဂဠုန်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ အများ အပြားက အမျိုးသားတစ်ယောက်ရဲ့ ဓာတ်ပုံကို ပြန်လည်မျှဝေလျှက်ရှိတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ အမျိုးသားတစ်ယောက်ရဲ့ ဓာတ်ပုံနှင့် အတူ ကျေးလက်ဒေသကွင်းပြင်တစ်ခုမှာ မီးလောင်နေတဲ့ တင့်ကားတစ်စီး အပါအဝင် တင့်ကားသုံးစီးရဲ့ဓာတ်ပုံပါဝင်ပြီး အသေခံဗုံးခွဲခဲ့တဲ့ ဗိုလ်ဂဠုန်ကို ချီးကျူးဂုဏ်ပြုတယ်လို့လည်း ရေးသားထားပါတယ်။ သို့သော်လည်း ဓာတ်ပုံဟာ မြန်မာနိုင်ငံနဲ့သက်ဆိုင်ခြင်းမရှိဘဲ ဗီယက်နမ်က မတူညီတဲ့ ဖြစ်ရပ်နှစ်ခုက ဓာတ်ပုံကို ပေါင်းစပ်ဖော်ပြထားခြင်းဖြစ်တာတွေ့ရပါတယ်။ ” ပြည်သူတွေ အကြမ်းဖက်သောင်းကျန်းသူ သူပုန်မအလကို ဘယ်လောက်ရွံ့မုန်းနေပြီလဲ။ အသေခံဗုံးခွဲတာတွေ စပြီ။ ဒီပဲယင်းနဲ့ ဘုတလင်ကြားက မောင်းထောင် ဘက်မှာ PDF တွေကို လာတိုက်တဲ့ အကြမ်းဖက်သောင်းကျန်းသူ သူပုန် မအလ တင့်ကားတွေဆီ မကြောက်မရွံ့နဲ့ အသေခံဗုံးခွဲပေးခဲ့တဲ့ မောင်းထောင်သား ဗိုလ်ဂဠုန်ပါ။ […]

Continue Reading

Fact Check: အာဏာဖိဆန်တဲ့ ဗိုလ်ချုပ်ဦးဆောင်တဲ့ PDFတွေက စစ်စခန်းကို တိုက်ခိုက်လို့ သတင်းတုဖြန့်

အာဏာဖိဆန်တဲ့ ဗိုလ်မှူးချုပ်တစ်ယောက်ဦးဆောင်တဲ့ PDF အထူးကွန်မန်ဒိုတပ်တွေက စစ်စခန်းကို ဝင်ရောက် တိုက်ခိုက်သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေဆိုပြီးတော့ ဓာတ်ပုံ ၁၂ ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူရာဂဏန်း က ပြန်လည်မျှဝေခဲ့ကြတာတွေ့ရပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေဟာ စစ်အာဏာသိမ်းဆန့်ကျင်တဲ့ တပ်ဖွဲ့တွေက အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက် ခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းတွေဖြစ်တာမှန်ပေမဲ့ အာဏာဖိဆန်ရေး ဗိုလ်မှူးချုပ်တစ်ယောက်ဦးဆောင်တဲ့ တိုက်ခိုက်မှု ဆိုတဲ့ အထောက်အထားမတွေ့ရပါတယ်။ “CDMဗိုလ်မှူးချုပ်သူရအောင်ဝင်းထွန်း(တိုင်းစစ်ဌာနချုပ်-ဗျူဟာမှူး)ဦးစီးသောVIP PDFအထူးကွန်မန်ဒိုတပ်များနှင့် ဒေသခံPDFများမှစစ်ကောင်စီတပ်စခန်းများအားဝင်ရောက်တိုက်ခိုက်ပြီးနောက်သိမ်းဆည်းရမိသောလက်နက်ခဲယမ်းများနှင့်ပစ္စည်းမျိုးစုံဖြစ်ပါသည်။”လို့ရေးသားပြီး ကောင်းကင်ထက်က ကြယ်တစ်ပွင့်အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက မျှဝေထားရာမှာ ပြန်လည်မျှဝေမှုပေါင်း ၂၀၀ ကျော်ရှိပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ပထမဆုံးအနေနဲ့ အဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ ဗိုလ်မှူးချုပ် […]

Continue Reading

Fact Check: မဲဆောက်မှာ PDF၊CDM ဝန်ထမ်းအချို့နဲ့ NUG တို့ခိုက်ရန်ဖြစ်တယ်လို့ သတင်းတုဖြန့်

မဲဆောက်မှာ PDF နဲ့ CDM ဝန်ထမ်းအချို့က ထောက်ပံ့မှုမလုံလောက်တာနဲ့ပတ်သက်ပြီး ခိုက်ရန်ဖြစ်တာကြောင့် နောင်မဖြစ်အောင်ထိန်းသိမ်းဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ((NUG)ရဲ့ ညွှန်ကြားချက်ဆိုပြီးတော့ ဓာတ်ပုံပို့စ် တစ်ခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့စာတွေမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ NUG အစိုးရခေါင်း ဆောင်ပိုင်းတွေ တည်းခိုနေထိုင်တဲ့နေရာကို CDM ဝန်ထမ်းတွေနဲ့ PDF အချို့ရောက်လာပြီး အချင်းချင်းရန်ဖြစ် အော်ဟစ်ခဲ့တာကြောင့် နောက်ဒီလိုပြဿနာမျိုးမဖြစ်ဖို့ တာဝန်ရှိတဲ့သူတွေအနေနဲ့ တားဆီဖို့ဆိုပြီးတော့ ရေးသားထားတာဖြစ်ပါတယ်။ သို့သော်လည်း ဒီညွှန်ကြားချက်စာဟာ အတုပြုလုပ်ဖန်တီးထားခြင်းဖြစ်တယ်လို့ NUG အစိုးရက ပြန်လည် ရှင်းလင်းထားပါတယ်။ “စိတ်ရှည်ရှည်ထားကြပါခင်ဗျာ… လာမှာပေါ့ 😁 #KT”လို့ရေးသားပြီး “Sergeant Ko THET”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါတိုင်းမျှဝေထား တာတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ […]

Continue Reading

Fact Check: ဒေါက်တာဇော်ဝေစိုးနဲ့ဦးရည်မွန်ကို တိုက်ခိုက်တဲ့ သတင်းတု

ဒေါက်တာဇော်ဝေစိုးနဲ့ ဦးရည်မွန်ဟာ နွေဦးတော်လှန်ရေးအတွက် ဒေါ်လာ ၁၂ သန်းကို ကိုယ်ကျိုးအတွက် သုံးစွဲခဲ့တယ်ဆိုပြီးတော့ရေးသားထားတဲ့ ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံပို့စ်မှာ ပုံနှိပ်မီဒီယာတစ်ခုက သတင်းဖော်ပြထားတဲ့ သတင်းဖြတ်ပိုင်းကို ပြန်လည်မျှဝေဟန်ရှိပြီး မဲခေါင်းသတင်းဌာနက ရေးသားထားတဲ့သတင်းအဖြစ်လည်းဖော်ပြထားပါတယ်။  â€œá€žá€€á€şá€‘á€Źá€¸á€™á€‰á€šá€‡á€°â€á€Ąá€™á€Šá€şá€”á€˛á€ˇá€–á€ąá€ˇá€…á€şá€˜á€˝á€á€şá€Ąá€žá€Żá€śá€¸á€•á€źá€Żá€žá€°á€€ ဒီဓာတ်ပုံပို့စ်ကို မျှဝေထားတာအောက်ပါ အတိုင်းတွေ့ရပါ တယ်။ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အမှန်တကယ်မှာ ဒီလိုသတင်းဌာနတစ်ခုက ဖော်ပြဟန်ရေးသားမျှဝေထားတဲ့ ဓာတ်ပုံပို့စ်ဟာ သတင်းတုမျှဝေနေခြင်းသာဖြစ်ပါတယ်။ အချက်အလက်စိစစ်ချက် အချက်အလက်ရှာဖွေကြည့်ရာမှာ မဲခေါင်သတင်းဌာနအမည်နဲ့ ပုံနှိပ်ထုတ်ဝေတဲ့ သတင်းမီဒီယာလုပ်ငန်းကို Fact Crescendo အနေနဲ့ မတွေ့ရပါဘူး။ သို့သော်လည်း ဖေ့စ်ဘွတ်မှာ “MeKong News – မဲခေါင်သတင်း” အမည်နဲ့ သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်တဲ့ စာမျက်နှာတစ်ခုတွေ့ရပါတယ်။ ဒီဖေ့စ်ဘွတ်စာမျက်နှာမှာလည်း […]

Continue Reading

Fact Check: သရုပ်ဆောင်မင်းမော်ကွန်းနဲ့ပတ်သက်တဲ့ သတင်းမှားများပျံ့နှံ့

သရုပ်ဆောင် မင်းသားမင်းမော်ကွန်း အဖမ်းခံရတယ်၊ ကျဆုံးသွားပြီဆိုတဲ့ရေးသားမျှဝေမှုတွေ  ပျံ့နှံ့လျက်ရှိ တာတွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ “ပြည်သူ့အချစ်တော် သရုပ်ဆောင် မင်းမော်ကွန်း ကျဆုံးပြိ”လို့ ရေးသားပြီး ဗွီဒီယိုတစ်ခုကို “Burmese Voice News” အမည်နဲ့ ယူကျူ့ချန်နယ်(youtube channel)က ဒီဇင်ဘာ ၂၁ ရက်က မျှဝေထားရာမှာ ဒီဗွီဒီယိုကို ဝင်ရောက်ကြည့်ရှု့သူ ၆ ထောင်ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link  ထို့အပြင် “ပြည်သူ့အချစ်တော် သရုပ်ဆောင် မင်းမော်ကွန်း ဖမ်းဆီးခံရ”လို့ရေးသားလျှက် ဗွီဒီယိုတစ်ခုကို “Gold Myanmar News (GMN)”အမည်နဲ့ ယူကျူ့ချန်နယ်ကလည်း ဒီဇင်ဘာ ၂၁ ရက်မှာ မျှဝေထားရာမှာ ဒီဗွီဒီယို ဝင်ရောက်ကြည့်ရှူ့သူ ၂၅၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading

Fact Check: တော်လှန်ရေးမှာပါဝင်နေတဲ့ မင်းမော်ကွန်းအပါအဝင် အနုပညာရှင်များ ဖမ်းဆီးခံရတဲ့ သတင်းမှား

တော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်နေတဲ့ နာမည်ကြီး သရုပ်ဆောင် မင်းသားမင်းမော်ကွန်း အပါအဝင် ဒါရိုက်တာ ကိုပေါက်၊ ထားထက်ထက်စတဲ့ အနုပညာရှင်တွေ လေးကေ့ကော်မှာ အဖမ်းခံရတယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့ပါတယ်။ “မင်းမော်ကွန်း၊ ဒါရိုတ်တာ ကိုပေါက် ၊ထားထက်ထက် ၊မြနှင်းရီလွင် ၊ဟားငါးကောင် စတဲ့  တောထဲက အသုံးချခံ အနုပညာရှင်တွေ နှင့် CDM ဝန်ထမ်းများ များစွာကို လေးကေ့ကော်မှာ ဖမ်းမိconfirmပါ ” လို့ ရေးသားလျှက် “ပြည်ချစ် မင်းသား”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူရေးသား မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် တော်လှန်ရေးထဲရောက်သွားတဲ့ သရုပ်ဆောင်မင်းမော်ကွန်းနဲ့ ဒါရိုက်တာကိုပေါက် အပါအဝင် နာမည်ကြီး […]

Continue Reading