Fact Check: ဘင်္ဂလာဒေ့ရှ်မှာ စက်သုံးဆီဝယ်မရလို့ ဆန္ဒပြနေကြတာလား-မဟုတ်ပါ

ဘင်္ဂလားဒေ့ရ်ုနိုင်ငံမှာတော့စက်သုံးဆီဈေးကြီး ပေးဝယ်တာတောင်ဝယ်မရလို့ ပြဿနာတက်နေတယ်လို့ ဆိုထားတဲ့ဗွီဒီယို တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားတစ်ခုဖြစ်ပါတယ်။ တကယ်တော့ ဗွီဒီယိုဟာ ၂၀၁၃ ခုနှစ်ကတည်း အင်တာနက်မှာပျံ့နှံ့နေပြီး အစ္စလာမ်ဘာသာရေးသမားအချို့ ဘာသာရေးဉပဒေတစ်ခုကို မကြေနပ်လို့ဆန္ဒပြရင်း ပြဿနာတက်တဲ့ ဗွီဒီယိုဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ လမ်းပေါ်မှာ ပစ္စည်းတွေကို မီးပုံရှို့ထားပြီး ခဲတွေနဲ့ ပစ်ပေါက်နေတဲ့ လူအုပ်ကြီးနဲ့ ရဲတွေနဲ့ ထိပ်တိုက်တွေ့နေတဲ့ မြင်ကွင်းတွေပါဝင်ပါတယ်။ “အမေရိကန်အောက်ဆွဲဘင်္ဂလားဒေ့ရ်ုနိုင်ငံမှာတော့စက်သုံးဆီဈေးကြီး ပေးဝယ်တာတောင်ဝယ်မရလို့ စောက်ပြသနာတက်နေပြီ နီပိန်တွေပြောတော့ မအလ အာဏာထိန်းလို့ ဆီဈေးတက်ရတာဆို”လို့ ရေးသားပြီး “Foe Foe Thar Din” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုပါမြင်ကွင်းကို ရုပ်သေဓာတ်ပုံထုတ်ပြီး Google […]

Continue Reading

Fact Check: ပုသိမ်အမှတ်(၂)တံတား ပြိုကျဆိုတဲ့သတင်းမှား

ပုသိမ်အမှတ်(၂)တံတား ဩဂုတ် ၈ ရက်နေ့ နေ့လည် ၁၂:၁၇ မိနစ်မှာ ကျိုးကျကာ လူထိခိုက်သေဆုံးမှုများနိုင်ပြီး အရေးပေါ်ကယ်ဆယ်ရေးများအမြန်လိုအပ်နေတယ်ဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။  “#Breaking_News !!! ပုသိမ်အမှတ်(၂)တံတား ကျိုးကျ ။(နေ့လည် ၁၂:၁၇ မိနစ်) လူထိခိုက်သေဆုံးမှုများနိုင်။ အရေးပေါ်ကယ်ဆယ်ရေးများ အမြန် လိုအပ်နေ။ Credit- Myint Than Htun”လို့ ရေးသားပြီး “Ven Vannita”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက တံတား ကျိုးကျနေတဲ့ မြင်ကွင်းဓာတ်ပုံနဲ့အတူ မျှဝေထားရာမှာ ၂ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၄၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် Google […]

Continue Reading

Fact Check: မြန်မာနိုင်ငံကို R2P ဝင်ပေးဖို့ နန်စီပလိုစီပြောဆိုတဲ့ သတင်းတု

မြန်မာနိုင်ငံကို R2P ဝင်ပေးဖို့ အမေရိကန်အောက်လွတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီကတောင်းဆိုတယ်ဆိုတဲ့ သတင်းတု သတင်းမှားတစ်ခုဖေ့စ်ဘွတ်နဲ့ ယူကျူ့အကောင့်တွေမှာ ယနေ့ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ၅ မိနစ်ကျော် ရှည်လျားတဲ့ နန်စီပလိုစီ ဓာတ်ပုံနဲ့အတူ မြန်မာကို R2P ဝင်ပေးဖို့ နန်စီပယ်လိုစီတောင်းဆို ပေးလိုက်ပြီ” လို့ ရေးသားထားပါတယ်။  အောက်ပါပို့စ်ကတော့ “သတင်းနန်းတော်”အမည်နဲ့ ယူကျူ့အကောင့်တစ်ခုမှာပြီးခဲ့တဲ့ နာရီပိုင်းက ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖြစ်ပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ယူကျု့ရဲ့ ဒီနေရာနဲ့ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် R2P ဆိုတာကတော့ ရဝမ်ဒါနဲ့ ယူဂိုဆလားဗီးယားမှာ ၁၉၉၀ ခုနှစ်အတွင်းက နိုင်ငံစစ်တပ်က ဦးဆောင်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေလိုမျိုးထပ်မံမဖြစ်ပွားရအောင် နိုင်ငံတကာက အချိန်မီတုန့်ပြန်နိုင်ရေးဆိုတဲ့ အယူအဆဖြစ်ပါတယ်။ အမေရိကန်အောက်လွတ်တော် […]

Continue Reading

Fact Check: ဒေါ်စုရဲ့ သားငယ်ကိုထိန်လင်းက တော်လှန်ရေးအတွက်နာရီလှူတယ်ဆိုတဲ့ သတင်းမှား

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ကိုထိန်လင်းက  တော်လှန်ရေးအတွက်နာရီ လေလံတင်ဖို့ပေးတယ်ဆို တဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူအများအကြားပျံ့နှံ့လျှက်ရှိပါတယ်။ သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။ ဓာတ်ပုံတွေထဲမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ သားငယ် ကိုထိန်လင်းခေါ် Kim Aris က ဒေါ်အောင်ဆန်းစုကြည်ပုံ ပါနာရီကိုင်ထားတာတွေ့ရပြီး အောက်ပါအတိုင်းရေးသားမျှဝေထားပါတယ်။  “လျှောင်ထုံး ထုံးထားတဲ့ ကိုထိန်လင်းက တော်လှန်ရေးမှာအသုံးပြုဖို့ အမေစုရဲ့ နာရီလေးလာပေးတာတဲ့။ တော်လှန်ရေးအတွက် ငွေအင်အားဘယ်လောက်အရေးကြီးကြောင်း သူသိတယ်။ ဒီပွဲနိုင်မှ သူ့အမေလွတ်မယ်ဆိုတာလည်း သူသိတယ်။ အမေနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ လေလံတင်ရောင်းရင် ငွေအမြောက်အများရတယ်ဆိုတာလည်း သူသိတယ်။ သူ့ဆီမှာရှိတဲ့(သူ့အမေရဲ့အမွေလို့ပြောလို့ရတဲ့)အမေစုငယ်စဉ်ကပတ်ခဲ့တဲ့နာရီကို ကြည်ကြည်ဖြူဖြူ နဲ့ ခုလို လာပေးတဲ့ ကိုထိန်လင်းအပေါ် ကျနော်တို့ အကြွေးတွေအများကြီးတင်သွားပြန်ပြီဗျာ  _ထွန်းနေမိုး”လို့ ရေးသားပြီး ဓာတ်ပုံ ၅ ပုံနှင့်အတူ “Spring May”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – FB link […]

Continue Reading

Fact Check: ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်မသေသေးဘူးလို့ NUGအတည်ပြုဆိုတဲ့ သတင်းတုသတင်းမှား

ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်အသက်ရှင်သေးတာNUGလည်းအတည်ပြုလိုက်ပါပြီဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ NUG အနေနဲ့ ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်တို့ ၄ ဦး ကြိုးပေးကွပ်မျက်မှုအတွက် ရှုတ်ချထားပါတယ်။ ဗွီဒီယိုပါအကြောင်းအရာဟာလည်းသတင်းခေါင်းစဉ်နဲ့မသက်ဆိုင်ပါဘူး။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ နဲ့ ဒီနေရာ မှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲမှာ သတင်းတင်ဆက်သူက အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ နိုင်ငံအခြေပြမိန့်ခွန်း ပြောကြားချက်ကို ပြန်လည်ပြောကြားနေခြင်းဖြစ်ပါတယ်။ ဇူလိုင် ၂၈ ရက်က သမ္မတ ဒူဝါလရှီးလရဲ့ အခြေပြ မိန့်ခွန်းကို အောက်ပါလင့်ခ်မှာကြည့်ပါ။ ဒီမိန့်ခွန်းရဲ့အစမှာပဲ ဦးကျော်မင်းယုခေါ် ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်စတဲ့ ၄ ဦးအပေါ် ကွပ်မျက်ခဲ့မှုဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်ပြီး နိုင်ငံသားတွေ အပေါ်တန်ဖိုးမထားတဲ့လုပ်ရပ်ဖြစ်ကြောင်းနဲ့ နွေးဉီးတော်လှန်ရေးကို အရှိန်မြှင့်သွားစေမယ့်လုပ်ရပ်သာဖြစ်ပြီး အရှိန်မြှင့်တွန်းလှန်ကြဖို့လည်း […]

Continue Reading

Fact Check: မထောက်ခံသူတွေအားလုံးကို သတ်ဖြတ်ဖို့ NUG ထုတ်ပြန်ဆိုတဲ့ သတင်းတုသတင်းမှား

မထောက်ခံတဲ့သူတွေအားလုံးကို ဒလံလို့စွပ်စွဲပြီး သတ်ဖြတ်ဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) သမ္မတ ဒူဝါလရှီလက လက်မှတ်ရေးထိုးထုတ်ပြန်ချက်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက် ရှိပါတယ်။ သတင်းတုသတင်းမှားတစ်ခုသာဖြစ်ပါတယ်။ အချက်သုံးချက်ပါဝင်တဲ့ ဒီစာမှာ NUG ကိုမထောက်ခံတဲ့သူတွေကို ဒလံအဖြစ်သတ်မှတ်ခြေမှုန်းရန်၊ NUG ကလွဲပြီးအခြားပါတီအဖွဲ့အစည်းကိုထောက်ခံခြင်းမပြုဖို့နဲ့ ဒီလမ်းညွှန်ချက်တွေကို မလိုက်နာရင်လည်း ပြင်းပြင်းထန်ထန်အရေးယူဖို့ဆိုပြီးပါဝင်ပါတယ်။ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တစ်ခုကို အောက်ပါအတိုင်းတွေ့ရပါတယ်။  “အတုလား! အစစ်လား! မသိပါ၊  အကယ်၍သာ အစစ်ဖြစ်ခဲ့မည်ဆိုပါက ပြည်သူများအနေဖြင့် ဘယ်နေ၍ ဘယ်ထိုင် ရမယ်ဆိုသည်ကို မတွေးဝံ့တော့ပါ။ KoThetKa(30,7,2022 )” ရေးသားပြီး “Nan Thin Thin Wai” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါ အတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရပါတယ်။  […]

Continue Reading

Fact Check: Hyundai ရဲ့ ၅၂ နှစ်မြောက်နှစ်ပတ်လည်အနေနဲ့ ကား ၁၀ စီးမဲပေါက်ပေးမယ် ဆိုတဲ့ စာမျက်နှာအတု

Hyundai ရဲ့ ၅၂ နှစ်မြောက်နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကား ၁၀ စီးမဲဖောက်ပေးမယ်ဆိုပြီး Hyundai က ဖြန့်ဝေနေသယောင်ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့လျှက်ရှိတဲ့ပို့စ်မှာ “ယနေ့ Hyundai ၏ 52 နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုရန်။ အထူးသဖြင့် ကျွန်တော်တို့ဆီက ကားမရှိသူတွေအတွက်ပါ။ ကား ၁၀ စီး လက်ဆောင်ပေးဖို့ သဘောတူပြီး ပျော်ပါတယ်။ သင်၏ကံကောင်းသည့်သေတ္တာနံပါတ်ကို ရွေးချယ်ပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဆီက ကားသော့ပါတဲ့ သေတ္တာ ၁၀ လုံးပဲရှိတယ်။ (ဆုများကို ယနေ့ ပေးပို့ပါမည်။)! ကားဆုအား ကံထူးရှင်၏လိပ်စာသို့ တိုက်ရိုက်ပေး ပို့ပါမည်။ သင်၏အမည်ကို ကျွန်ုပ်တို့၏စနစ်တွင် အောင်နိုင်သူအဖြစ် မှတ်ပုံတင်ထားကြောင်း သေချာပါစေ။ ဤနေရာတွင် မှတ်ပုံတင်ပါ။   https://bit.ly/3BpmvrD”လို့ ရေးသားထားပါတယ်။  […]

Continue Reading

Fact Check: မြို့၅မြို့သိမ်းပြီး ည၉နာရီမတိုင်ခင် ၁၉မြို့ လောက်သိမ်းမယ်လို့ NUG ထုတ်ပြန်ဆိုတဲ့သတင်းတု

မြို့၅မြို့သိမ်းပြီးပြီ၊ဒီည၉နာရီမတိုင်ခင်၁၉မြို့လောက်ပိုင်နိုင်မယ်လို့ NUG က ထုတ်ပြန်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဇူလိုင် ၂၃ ရက်ကဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းတုသတင်းမှားသာဖြစ်ပါတယ်။ NUG အနေနဲ့ကြေညာခဲ့တာမရှိပါဘူး။ Drama 45 အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “မြို့၅မြို့သိမ်းပြီးဖြစ်။ ဒီည၉နာရီမတိုင်ခင်၁၉မြို့လောက်ပိုင်နိုင်မယ် ဟုNUGထုတ်ပြန်။”လို့ရေးသားထားသလို မျှဝေထားတဲ့ ဗွီဒီယိုထဲမှာလည်း “မြို့၅မြို့ပါသွားပြီ အောင်ပွဲ ည ၉ နာရီမထိုးခင် ၁၉မြို့လောက်သိမ်းနိုင်လိမ့်မယ်လို့ NUG ထုတ်ပြန်”လို့ရေးသားထားတာတွေ့ရပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် Drama 45 အမည်နဲ့စာမျက်နှာဟာ ဖေ့စ်ဘွတ်မှာပျံ့နှံ့မှုအားကောင်းခဲ့တဲ့ သတင်းတွေကို ဗွီဒီယိုပုံစံပြုလုပ်ပြီး သတင်းခေါင်းစဉ်အတု၊ သတင်းခေါင်းစဉ်အမှားတွေပေးပြီး ဖြန့်ချိတာတွေဆက်တိုက်လုပ်နေတဲ့ စာမျက်နှာတစ်ခု ဖြစ်တာတွေ့ရပါတယ်။ “မြို့၅မြို့ပါသွားပြီ အောင်ပွဲ ည ၉ နာရီမထိုးခင် ၁၉မြို့လောက်သိမ်းနိုင်လိမ့်မယ်လို့ […]

Continue Reading

Fact Check: ရွှေတိဂုံဘုရားချနင်းဖို့ ဒေါ်စုစေခိုင်းခဲ့လို့ သာဝန်ထွက်ဆိုတဲ့အချက်အလက် မှား

ရွေတိဂုံဘုရားကိုချနင်းဖို့အတွက် Hip Pop အဆိုတော် Project K အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က စေခိုင်း တာလို့ သာသနာရေးဝန်ကြီးကဖြောင့်ချက်ပေးထွက်ဆိုတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ကြိမ်ဖန် များစွာပျံ့နှံ့ လျက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ဝါဒဖြန့်ချိရေး အချက်အလက်မှားတွေဖြစ်တာ တွေ့ရပါတယ်။  ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ “သာ/ဝန်ဖြောင့်ချက်”လို့ ခေါင်းစဉ်တပ်ရေးသားထားပြီး ရွှေတိဂုံဘုရားကို နင်းတာဟာ ယတြာခြေတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကလုပ်ခိုင်းခဲ့တာဖြစ်ပြီး ဒီကိစ္စအပြီးမှာ Project K ကို သိန်းတစ်ထောင်ပေးခဲ့တယ်လို့လည်းရေးသားထားပါတယ်။  ပျံ့နှံ့ခဲ့တဲ့ပို့စ်ပါစာသားကောက်နှုတ်ချက်အချို့မှာအောက်ပါအတိုင်းဖြစ်ပါတယ်။ “ရွေတိဂုံဘုရား ချနင်းဖို့ (ဒေါ်စု)  စေခိုင်းခဲ့…. သာဝန်ထွက်ဆိုပြီး…..ပဒဲကော K ရဲ့ လုပ်ဆောင်မှု ၊ ယတြာ ကိန်းခန်းတွေ မပြတ်လုပ်ဆောင်နေတဲ့  အာဏာရ လူတွေဟာ ၂၀၂၀ မှာ ဘာသာရေး အရောင်မှိန်ပြီး သူတို့ဩဇာ အာဏာတည်စေဖို့ မဘသလိုအခြား […]

Continue Reading

Fact Check: မယ်ဆိုင်မှာ မြန်မာကိုပို့မယ်လက်နက်တွေဖမ်းမိဆိုတဲ့ သတင်းမှား

၂၀၂၂ ခုနှစ် ဇူလိုင် ၂၁ ရက်က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ မြန်မာကိုပို့မယ်လက်နက်တွေဖမ်းမိတယ်ဆိုတဲ့ပို့စ် ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ကျင်းပနေချိန်အတွင်းမှာ ဖမ်းမိတာလို့လည်း ရေးသားထားပါတယ်။  တကယ်တော့ လက်နက်ဖမ်းဆီးမှုဖြစ်စဉ် ၂၀၁၅ ခုနှစ်က သတင်းဟောင်းတစ်ခုဖြစ်ပါတယ်။ “မယ်ဆိုင်မှာ မြန်မာပို့မည့် လက်နက်များ ဖမ်းမိ ဇူလိုင်၊ ၂၁ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် မြန်မာဘက်သို့ ပို့ဆောင်မည့် လက်နက်များသယ်ဆောင်လာသည့် မြန်မာနိုင်ငံသား တစ်ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။ ဇူလိုင်လ ၂၁ ရက်နေ့တွင်လည်း မြန်မာ+ရုရှား နိုင်ငံတို့ဦးဆောင်၍ ကာကွယ်ရေးဝန်ကြီးများပါဝင်သည့် (၁၃) ကြိမ်မြောက် အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး အစည်းအဝေး ကျင်းပနေချိန် ဖြစ်သည်။”လို့ ရေးသားပြီး “Verity News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဓာတ်ပုံတစ်ပုံနှင့်အတူ အောက်ပါအတိုင်း မျှဝေ ထားပါတယ်။ မူရင်းလင်ခ့် […]

Continue Reading