Fact Check: ဒီဓာတ်ပုံက ၂၀၁၃ ခုနှစ်က ထိုင်းစစ်ကားတစ်စီး ဖောက်ခွဲဖျက်ဆီးခံရမှု ဓာတ်ပုံသာဖြစ်တယ်

လေးကော့ကော်မှာ စစ်ကားကို မိုင်းခွဲတိုက်ခိုက်ခံရပြီး တစ်စစီဖြစ်သွားတဲ့ဓာတ်ပုံဆိုပြီးတော့ ဖေ့စ်ဘွတ် အသုံးပြသူ ရာဂဏန်းက မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံထဲမှာ  လမ်းမထက်မှာ ပြင်းထန်စွာပေါက်ကွဲပြီးနောက် ကားဘီးတွေသာကျန်ရစ်ပြီး တစ်စစီဖြစ်နေတဲ့ စစ်ကားတစ်စီးလို့ယူဆရတဲ့ မြင်ကွင်းပါဝင်ပါတယ်။ သို့သော် ဓာတ်ပုံဟာ ၂၀၁၃ ခုနှစ်ကတည်း အင်တာနက်မှာ ပျံ့နှံလျှက်ရှိတာတွေ့ရပြီး မြန်မာနိုင်ငံနဲ့လည်း သက်ဆိုင်ခြင်းမရှိပါဘူး။ မြန်မာနိုင်ငံအရှေ့တောင်ဘက်ပိုင်း ကရင်ပြည်နယ်ထဲက ထိုင်း-မြန်မာနယ်စပ်အနီး လေးကော့ကော်မြို့သစ်မှာ စစ်တပ်နဲ့ ကရင်လက်နက်ကိုင်ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်နေတာရှိပါတယ်။   ဒီလိုအခြေအနေမှာ ဒီဓာတ်ပုံက ပျံ့နှံ့လာခြင်းဖြစ်ပါတယ်။  â€œá€”ွ္ဌး တော်လှန်ရေး”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “မနေ့ ညနေက/ လေးကော့ကော်-အာရှလမ်းတွင်…. စခ-ခလရ(၂၇၅)မှ ကားကို ထိထိမိမိ မိုင်းဆွဲရာ မုန့်ဟင်းခါးများ တစစီ အရည်ပျော်သွား.. အသားစများ ရှာမရ..🤪                  Dec-17″လို့ရေးသားထားပြီး အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb […]

Continue Reading

Fact Check: Mr Bean သေဆုံးတဲ့သတင်းက မဟုတ်ပါ

ဟာသမင်းသားကြီး မစ္စတာဘင်း(Mr. Bean) ဟာ နိုဝင်ဘာ ၂၂ရက်က ကွယ်လွန်သွားပြီဆိုပြီးတော့ ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းက မျှဝေလျှက်ရှိပါတယ်။ ဒီသတင်းဟာ မှားယွင်းပါတယ်။  â€œá€Ÿá€Źá€žá€™á€„်းသဏးကဟဎး(၂၂*၁၁*၂၀၂၁)ကွယ်လွန် သွားပါပီ😢”လို့ ရေးသားပြီး “Mg Insein” အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူကမျှထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၁၀၀ ကျော်ရှိပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  á€Ąá€á€ťá€€á€şá€Ąá€œá€€á€şá€…ိစစ်ခဝက် မစ္စတာဘင်းရဲ့တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာဖြစ်တဲ့ Mr Bean မှာယခုစာရေးသားနေချိန်အထိ သူနဲ့ ပတ်သက်တဲ့ ဗွီဒီယိုတွေထင်နေတာတွေ့ရပေမဲ့ သူကွယ်လွန်တယ်ဆိုတဲ့ တစ်စုံတစ်ရာဖော်ပြချက် မတွေ့ရပါဘူး။ မစ္စတာဘင်း(Mr. Bean)လို့ လူသိများတဲ့ ဟာသသရုပ်ဆောင်(Rowan Atkinson)သေဆုံးတယ်ဆိုတဲ့ သတင်းဟာ မဟုတ်ဘဲ လုံးဝကျန်းမာပါတယ်လို့လည်း သူ့အရေးကိစ္စတွေကိုစီမံခန့်ခွဲပေးနေတဲ့ […]

Continue Reading

Fact Check: ဒီဓာတ်ပုံဟာ ၂၀၁၉ခုနှစ်က အစ္စရေးသံချပ်ကာကားတိမ်းမှောက်မှု ဓာတ်ပုံဖြစ်တယ်

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မှာ စစ်ကောင်စီသံချပ်ကာ ကားမိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဓာတ်ပုံဆိုပြီးတော့  သံချပ်ကာကားတစ်စီး တိမ်းမှောက်နေတဲ့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းကပြန်လည်မျှဝေ လျက်ရှိပါတယ်။ သို့သော် ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက် အစ္စရေးတင့်ကားတစ်စီးတိမ်းမှောက်မှု ဖြစ်စဉ်ကဓာတ်ပုံဖြစ်ပါတယ်။  â€œá€…စ်ကိုင်း ထီးချိုင့်မှာ  စစ်ကောင်စီသံချပ်ကာ ကားမိုင်းဆွဲတိုက်ခိုက်ခံရပြီး  တောင်အောက်သို့ ထိုးကျသွားတယ်လို့သိရ အကြမ်းဖက်စစ်ကောင်စီစစ်တပ် သံချပ်ကာကားမိုင်းခွဲတိုက်ခိုက်ခံရ 1.11.2021 ရက်နေ့ည 11:30.pm အချိန်တွင်စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင်တွင် စစ်ကောင်စီ စစ်တပ်သံချပ်ကာ ကား (၁)စီးအား ထီးချိုင့် PDF မှမိုင်းခွဲတိုက်ခိုက်ခဲ့ရာ အဆိုပါသံချပ်ကာကားမိုင်းထိမှန်ပြီး တောင်အောက်သို့ထိုးကျသွားကြောင်းသိရှိရပါသည်။ #PDFNewsflash”လို့ရေးသားပြီး “Khaing Zaw”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြု သူက နိုဝင်ဘာ ၂ ရက်က မျှဝေထားရာမှာ ပြန်လည်မျှဝေမှုပေါင်း ၈၀၀ ကျော်ရှိပါတယ်။ […]

Continue Reading

Fact Check: လစ်ဗျားနိုင်ငံကအပျက်အစီးဓာတ်ပုံတွေကိုချင်းပြည်နယ်ထန်တလန်က မြင်ကွင်းအဖြစ်မျှဝေ

ချင်းပြည်နယ် ထန်တလန်မြို့က မီးလောင်ပြီးစ မြို့မြင်ကွင်းဆိုပြီးတော့ အဆောက်အဦးအပျက်အစီးမြင်ကွင်း ဓာတ်ပုံ ၂ ပုံကိုဖေ့စ်ဘွတ်အသုံးပြုသူထောင်ပေါင်းများစွာမျှဝေလျက်ရှိပါတယ်။ ၂၀၂၁ ခုနှစ် အောက်တိုလကုန်ပိုင်း ကနေ နိုဝင်ဘာလဆန်းပိုင်းအထိ ချင်းအခြေစိုက်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်တပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အိမ်ခြေအမြောက်အများမီးရှို့ခံရတဲ့ ဓာတ်ပုံနဲ့ သတင်းတွေကိုမီဒီယာတွေမှာဖော်ပြပါတယ်။ သို့သော်လည်းအောက်ဖော်ပြပါ ဖေ့စ်ဘွတ်ပို့စ်ပါဓာတ်ပုံတွေကတော့ လစ်ဗျားနိုင်ငံက ဓာတ်ပုံတွေဖြစ်ပြီး ပြီးခဲ့တဲ့နှစ်များအတွင်း အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။  “မီးလောင်ပြီးစ ထန်တလန် မြို့မြင်ကွင်းပါ ကမ္ဘာကိုဖြန့်ပေးကြပါ စစ်ကောင်စီကို အရေးယူပေးပါတော့  အမေရိကန်သမ္မတကြီးရေ”လို့ရေးသားပြီး “Mai Chan”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ အောက်တိုဘာ ၃၀ရက်က ရေးသားမျှဝေထားရာမှာ ဒီပို့ကို ပြန်လည်မျှဝေတဲ့အကြိမ်အရေအတွက် ၉ထောင်ရှိပါတယ်။ တူညီစွာ ရေးသားမျှဝေထားတာတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: ၂၀၁၉ ခုနှစ်က အမေရိကန်မရိန်တပ်ဖွဲ့က ကုန်တင်ယာဉ်မီးလောင်မှုကို တန့်ဆည်မှာ စစ်ကားမိုင်းထိပုံအဖြစ်မျှဝေ

စစ်တပ်က စစ်ကားမိုင်းထိတဲ့ ဓာတ်ပုံအဖြစ် ယာဉ်တစ်စီးမီးလောင်နေတဲ့ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူ အများ အပြားက ကြိမ်ဖန်များစွာပြန်လည်မျှဝေလျှက်ရှိပါတယ်။   သို့သော်လည်း ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်ကတည်းကအင်တာနက်မှာပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံဖြစ်ပြီး အမေရိကန် နိုင်ငံက စစ်ယာဉ်တစ်စီးမီးလောင်မှုဓာတ်ပုံဖြစ်ပါတယ်။ တန့်ဆည်မြို့နယ်မှာ စစ်ကားမိုင်းခွဲခံရတဲ့ ဓာတ်ပုံအဖြစ် “Yu Yu Hlaing”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက စက်တင်ဘာ ၃ ရက်က မျှဝေထားရာ ဒီဓာတ်ပုံကို မျှဝေထားရာမှာ ပြန်လည်မျှဝေတဲ့အကြိမ်အရေအတွက် ၁ ထောင် ၂ ရာရှိပါတယ်။ ပို့စ်မှာ “အကျကျကျတော့ ဇော်မဲလုံးမြင်အောင်ပြရမယ် တန်ဆည်နယ်က တွယ်လိုက်တဲ့ စခကား ။”လို့ရေးသားထားပါတယ်။ဒီဓာတ်ပုံပါဝင်ပြီး တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link ထို့အပြင် အောက်တိုဘာလထဲမှာ မုံရွာမှာ စစ်ကားမိုင်းထိတဲ့ […]

Continue Reading

Fact Check: ရှေ့တန်းပို့ခံရတဲ့ စစ်သားဇနီးမယားတွေ နောက်ဆုံးအနေနဲ့ ကန်တော့ နေပုံလား-မဟုတ်ပါ

ရှေ့တန်းပို့ခံရတဲ့ စစ်သားတွေကို သူတို့ ဇနီးမယားတွေက နောက်ဆုံးကန်တော့နေပုံဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ အများအပြားကပြန်လည်မျှဝေလျှက်ရှိပါတယ်။  ဓာတ်ပုံထဲမှာ ရဲကားတန်းတစ်ခုပါဝင်ပြီး အမျိုးသမီး အချို့က ထိုင်ကန်တော့ကြတဲ့ မြင်ကွင်းပါဝင်ပါတယ်။ သို့သော် ဓာတ်ပုံဟာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလထဲမှာ ဆန္ဒပြရင်း အဖမ်းခံရတဲ့ သားသမီးတွေရဲ့ မိဘတွေက ကန်တော့တောင်းပန်နေကြပုံ ဖြစ်ပါတယ်။ “ရှေ့တန်းပို့ခံရတဲ့ လင်တော်မောင် စစ်ခွေးတွေအတွက် စစ်ခွေးမယားတွေ သရဏဂုံ တင်ပေးနေကြတာပါ၊ ရှေ့တန်းမှာသေရင် သရဏဂုံ မတင်ပေးပဲ ချီးတွင်းထဲအလောင်းကိုပစ်ချလေ့ရှိတာမို့ပါ 😁 ရဲဇော်   🇱🇷”လို့ရေးသားလျှက် “ဦး ရဲ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်တိုဘာ ၁၄ ရက်မှာ မျှဝေထား ရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့အကြိမ်အရေအတွက် ၃၄၀ ကျော်ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading

Fact Check: Facebook ကို NLD က ဒေါ်လာ ၂ ဒသမ ၅ သန်းလာဘ်ထိုးခဲ့တယ်လို့ Frances Haugen ကပြောနေတာလား-မဟုတ်ပါ

ဖေ့စ်ဘွတ်(Facebook)ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ဒေါ်လာ ၂ ဒသမ ၅ သန်းလာဘ်ထိုး ခဲ့တယ်လို့ ဖရန်ဆက်ဟော်ဂန် (Frances Haugen)က ပြောတယ်ဆိုပြီးတော့  ရေးသားထားတဲ့ ဓာတ်ပုံပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂ ဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။  ဒီလိုမျှဝေရာမှာ ဓာတ်ပုံစာသားအပြင် ပို့စ်ရဲ့ စာသားနေရာမှာ ဒေါ်အောင်ဆန်း စုကြည်၊ NLD ပါတီတို့ရဲ့ လာဘ်ပေးလာဘ်ယူမှုနဲ့ပတ်သက်ပြီး စွပ်စွဲချက်တွေလည်းပါဝင်ပါတယ်။ သို့သော်လည်း ဓာတ်ပုံဟာ ဖေ့စ်ဘွတ်ဝန်ထမ်းဟောင် တစ်ယောက်ဖြစ်တဲ့ ဖရန်ဆက်ဟော်ဂန်က အမေရိကန် လွှတ်တော်ဆီနိတ်ကော်မတီကို အောက်တိုဘာ ၅ ရက်နေ့က ကြားနာပွဲမှာတင်ပြစဉ်ဓာတ်ပုံဖြစ်ပြီး  ဒီပွဲမှာ NLD အကြောင်းပြောခဲ့တာ မျိုးမတွေ့ရပါဘူး။ “NOVEM LYNN”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်တိုဘာ ၉ ရက်မှာ မျှဝေထားတဲ့ ပျံ့နှံ့မှု အားကောင်ခဲ့ တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ခြံဝင်းထဲက မြေအောက်ဉမင် ဓာတ်ပုံလား-မဟုတ်ပါ

ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ နေအိမ်ကနေ အမေရိကန်ကို ဆက်သွယ်ထားတဲ့ မြေအောက်ဉမင်လှိုဏ်ခေါင်းတွေ ဆိုပြီးတော့  ဓာတ်ပုံ ၂ ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူထောင်ပေါင်းများစွာ ပြန်လည်မျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ ဉမင်းတွေဟာ  ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံဝင်းနေက အမေရိကန် နိုင်ငံရဲ့ နေရာ ၅၁(Area 51)ကို ဆက်သွယ်ထားတယ်လို့လည်ဆိုထားသလို  ရွှေချောင်းတွေနဲ့ ဒေါ်လာအပြင် တန်ဖိုးကြီး ရှားပါး သတ္တုအမျိုးအစားတွေနဲ့ ရှေးဟောင်း ပစ္စည်းတွေပါတွေ့ရတယ်လို့ ရေးသားထားပါတယ်။ Area 51 ဆိုတာ ကတော့ အမေရိကန်နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ အထူးလျို့ဝှက်နေရာတစ်ခုလို့ နာမည်ကြီးတဲ့ နေရာဒေသ တစ်ခုဖြစ်ပါတယ်။ သို့သော် ဓာတ်ပုံတွေဟာ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံတွေဖြစ်တာတွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်နဲ့လည်း သက်ဆိုင်ခြင်းမရှိသလို အမေရိကန်ရဲ့ စစ်ဘက်လျှို့ဝှက်နေရာနဲ့လည်း သက်ဆိုင်ခြင်းမရှိပါဘူး။ ဓာတ်ပုံ ၂ ပုံနှင့်အတူ “သတိုးမဟာ […]

Continue Reading

Fact Check: ခြံအမှတ်(၅၄)က ရရှိတဲ့ရွှေချောင်းနဲ့ဒေါ်လာတွေဆိုတဲ့ ဓာတ်ပုံအမှား

ခြံအမှတ် ၅၄ က ရတဲ့ရွှေချောင်းတွေဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားမှာ မျှဝေလျှက်ရှိတာတွေ့ ရပါတယ်။ ပျံ့နှံလျှက်ရှိတဲ့ ဓာတ်ပုံပို့စ်မှာ ရွှေချောင်းတွေနဲ့ ဒေါ်လာငွေကြေးအပုံလိုက် ဓာတ်ပုံတွေပါဝင်ပြီး ရွှေက တစ်တန်ခွဲနဲ့ ငွေကြေးကတော့ စိစစ်ဆဲလို့ ရေးသားထားပါတယ်။ ခြံအမှတ် ၅၄ ဆိုတာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းကအိမ်ကို ရည်ညွှန်းတာဖြစ်ပါတယ်။ သို့သော် ဓာတ်ပုံတွေဟာ အင်တာနက်မှာ ပြန်နှံ့ခဲ့ပြီးဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ဓာတ်ပုံတွေဖြစ် တာတွေ့ရပါတယ်။  “ခြံအမှတ်(၅၄) လို့ပြောတာပဲ ရွှေကတစ်တန်ခွဲရှိတယ်တဲ. ငွေကစစ်နေတာမပြီးသေးဘူးတဲ. photo credit”လို့ရေးသားလျှက် “Nyi Zaw”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၂၅၀  ကျော်ရှိပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို  ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ […]

Continue Reading

Fact Check: UN လုံခြုံရေးကောင်စီမှာ ဝါကန်ဒါနိုင်ငံက နကစကို ထောက်ခံဆိုတဲ့ သတင်းတု

ကုလသမဂ္ဂ(UN)လုံခြုံရေးကောင်စီအစည်း‌အဝေးမှာ  ဝါကန်ဒါ(Wakanda)နိုင်ငံရဲ့ ဘုရင် တီချာကာမှ နကစ အစိုးရအားထောက်ခံလိုက်တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေမှာ အောက်တိုဘာ ၁၀ ရက်ကပြုလုပ်တဲ့ လုံခြုံရေးကောင်စီအစည်း‌အဝေးမှာ ဒီလို ထောက်ခံခဲ့တာဖြစ်ပြီး သတင်းကိုးကားဖော်ပြမှုအနေနဲ့ ရိုက်တာသတင်းဌာနကို ကိုးကားထားတယ်လို့ ဖော်ပြထားသလို ပို့စ်ရဲ့ အောက်ခြေမှာ wakanda လို့လည်းရေးသားထားပါတယ်။ သို့သော် ဝါကန်ဒါနိုင်ငံဆိုတာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေထဲမှာမရှိသလို အောက်တိုဘာ ၁၀ ရက်ကလည်း လုံခြုံရေးကောင်စီအစည်းအဝေးမရှိတာတွေ့ရပါတယ်။  ဓာတ်ပုံ ၂ ပုံနှင့်အတူ “မျိုးချစ်သစ္စာ ပြည်မြန်မာ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသား မျှဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ “နကစ အတွက်အသက်ရှူပေါက်တစ်ခု(သို့)ဝါကန်ဒါ —————————————————- အောက်တိုဘာ ၁၀ ရက် ကိုးကား – ရိုက်တာ    á€šá€”္အကဝင်းပ ပြုလုပ်သော UN လုံခြုံရေးကောင်စီအစည်း‌အဝေးတွင် ဝါကန်ဒါနိုင်ငံ၏ ဘုရင် […]

Continue Reading