Fact Check: ကရင်ပြည်နယ်မှာ မြန်မာစစ်သားတွေ ပြန်လည်မြှုပ်နှံမှုကို စစ်ကိုင်းမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအဖြစ်ပျံ့နှံ့

စစ်ကိုင်းတိုင်းမှာ ပြည်သူတွေကို သတ်ဖြတ်ပြီး စစ်ကောင်စီတပ်သားတွေက အလောင်းဖျောက်နေတဲ့ ရုပ်သံ မှတ်တမ်းဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျှက်ပါတယ်။ ၂၀၂၁ ခုနှစ်အတွင်းက ကရင်ပြည်နယ် ကနဲလေးကျေးရွာအနီးမှာ မြန်မာစစ်သားတွေကို KNDO ကဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်နဲ့ သက်ဆိုင်တဲ့ ဗွီဒီယိုဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ ရွံ့ညွှန်တွေပေကျံနေတဲ့ လူသေအလောင်းတွေကို မြင်တွေ့ရပြီး စစ်ယူနီဖောင်းနဲ့ စစ်သားတွေက မြေကျင်းတစ်ခုထဲကို ပြန်လည်ချနေတာတွေ့ရပါတယ်။  “စစ်ကိုင်းတိုင်းအတွင်း တစ်နေရာတွင်ပြည်သူများအား သတ်ဖြတ်ပြီး စစ်ကောင်စီတပ်သားများက အလောင်းဖျောက်နေသည့် ရုပ်သံမှတ်တမ်း သား​လေး”လို့ ရေးသားပြီး “Thuya Zaw” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါ အတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ပြန်လည်မျှဝေမှုပေါင်း ၇၀၀ ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   အခြားသောပြောဆိုချက်တွေမှာ “စစ်ကိုင်းတိုင်းအတွင်း တစ်နေရာတွင်ပြည်သူများအား သတ်ဖြတ်ပြီး စစ်ကောင်စီတပ်သားများက အလောင်းဖျောက်နေသည့် […]

Continue Reading

Fact Check: PDF ၂ သိန်း နေပြည်တော်ကိုသိမ်းနေပြီဆိုတဲ့ သတင်းတုသတင်းမှား

PDF ၂ သိန်း နေပြည်တော်ကိုသိမ်းနေပြီဆိုတဲ့ သတင်းတုသတင်းမှားပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ ဖြန့်ဝေခဲ့တဲ့ပို့စ်တွေမှာ “ပြည်သူတွေအမြန်ပြေးကြပါ။ PDF၂သိန်းနေပြည်တော်ကို သိမ်းနေ လို့ပါ။”လို့ရေးသားပြီး ဓာတ်ပုံတစ်ခုပေါ်မှာလည်း “အခုပဲနေပြည်တော်မှာဖြစ်သွားတာ ပြည်သူတွေ အမြန်ပြေးကြပါ။ PDF၂သိန်းနေပြည်တော်ကို သိမ်းနေပြီ”လို့ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဖေ့စ်ဘွတ်ပုံမှန် အသုံးပြုသူတစ်ယောက်အနေနဲ့ ဖြန့်ဝေထားတဲ့အကြောင်းအရာဟာ လုပ်ကြံရေးသားထားတဲ့ သတင်းတုတစ်ခုအဖြစ်အလွယ်တကူသိနိုင်ပါတယ်။ ဓာတ်ပုံထဲမှာ နိုင်ငံခြားသတင်း ဌာနတစ်ခု ကကြေညာ သူတစ်ဦး ဓာတ်ပုံကို အသုံးပြုထားပေမဲ့ Fact Crescendo Myanmar အနေနဲ့ PDF တွေ နေပြည်တော်ကို သိမ်းနေပြီဆိုတဲ့သတင်းမျိုး မီဒီယာလုပ်ငန်းအဓိက လုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာ မတွေ့ရပါဘူး။ ကားမီးလောင်နေတဲ့ဓာတ်ပုံဟာ […]

Continue Reading

Fact Check: မန္တလေးမြို့သိမ်းတိုက်ပွဲစနေပြီ၊ လုံခြုံရေးကောင်စီကို လက်နက် အမြန်ပေးဖို့ NUG သမ္မတတောင်းပြီဆိုတဲ့ သတင်းတုသတင်းမှား

မန္တလေးမြို့သိမ်းတိုက်ပွဲစနေပြီ အပြင်လုံးဝမထွက်ကြပါနဲ့ဆိုပြီး ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ လျက်ရှိရာ သတင်းတုသတင်းမှားတစ်ခုသာဖြစ်ပါတယ်။ “မန္တလေးမြို့သိမ်းတိုက်ပွဲစပြီ   အပြည့်စုံဖတ်ရန်ပုံကိုနှိပ်ပါ”လို့ ရေးသားပြီး “PDF Media” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။ ထို့အပြင် ဒုံးကျဉ်တွေပစ်နေတဲ့ပုံနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပုံနှစ်ခု ပေါင်းထားတဲ့ ဓာတ်ပုံပေါ်မှာ“NUG မှ ကုလလုံခြုံရေးကောင်စီကို လက်နက်အမြန်ပေးဖို့ NUG သမ္မတတောင်းပြီ မန္တလေးမြို့ သိမ်းတိုက်ပွဲစပြီ အပြင်လုံးဝမထွက်နဲ့”လို့ထပ်မံရေးသားထာပါတယ်။  မူရင်းလင်ခ့် – FB link | Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အခြားသောဘလော့ဂ်စာမျက်နှာ တစ်ခုနဲ့ Youtube ချန်နယ်တစ်ခုမှာလည်း ဖြန့်ဝေနေတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ အတွေးအမြင်နဲ့ သတင်းတွေကို ဗွီဒီယိုပုံစံပြုလုပ် လူစိတ်ဝင်စားဖွယ် ခေါင်းစဉ် အတု၊ ခေါင်းစဉ်အမှားတွေပေးပြီး ဝင်ငွေရှာနေတဲ့ဘလော့ဂ် စာမျက်နှာတွေကအခုလိုမျှဝေနေတာဖြစ်ပါတယ်။ လင့်ခ်ကို […]

Continue Reading

Fact Check: ဗိုလ်ချုပ်မြထွန်းဦးဟာ မိသားစုတွေပါခေါ်ပြီး NUG နဲ့ပူးပေါင်းတယ်ဆိုတဲ့ သတင်းတုသတင်းမှား

ဗိုလ်ချုပ်မြထွန်းဦးမိသားစုတွေ လေယာဉ်ပါယူပြီး NUG နဲ့ပူးပေါင်းပြီဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုသတင်းမှားဖြစ်ပါတယ်။ “ပျော်လွန်းလို့မျက်ရည်ကျ။ ဗိုလ်ချုပ်မြထွန်းဦးမိသားစု လေယဥ်ပါယူပြီးNUGနဲ့ပေါင်းပြီ။”လို့ ရေးသားပြီး ဘလော့ဂ်စာမျက်နှာတွေမှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ဝက်ဘ်ဆိုဒ်လင့်ခ်ပါ ဓာတ်ပုံစာသားနေရာမှာလည်း “ဗိုလ်ချုပ်မြထွန်းဦးဟာ မိသားစု လေယာဉ်နဲ့ NUG ထံလာရောက်ပူးပေါင်းတဲ့ အတွက် မျက်ရည်ပါကျ”လို့ ရေးသားထားပါတယ်။ တစ်ခြားဖေ့စ်ဘွတ်စာမျက်နှာတွေနဲ့ ဖေ့စ်ဘွတ်ဂရုတွေမှာ လည်း ဗွီဒီယိုပုံစံနဲ့ဖြန့်ဝေနေ တာလည်းတွေ့ရပါတယ်။ ဒီနေရာ၊ ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာနဲ့ ဒီနေရာ မှာကြည့်ပါ။ မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် ဝက်ဘ်ဆိုဒ်လင့်ကိုထောက်ကြည့်ရာမှာ Youtubeနဲ့ ဗွီဒီယိုတစ်ခုဖြစ်တာတွေ့ရပါတယ်။ ဗွီဒီယိုထဲမှာ သီရိလင်္ကာ သမ္မတနဲ့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်စစ်တပ်အကြောင်းကို နှိုင်းယှဉ်ပြောကြားချက်တွေပါဝင်ပြီး ခေါင်းစဉ်မှာ ပေးထားလို ဗိုလ်ချုပ်မြထွန်းဦးအကြောင်းမပါဝင်ပါဘူး။ […]

Continue Reading

Fact Check: ကရင်နီမှာပေါက်တဲ့ မသာလက်ချောင်းမှိုတွေလား-မဟုတ်ပါ

ကရင်နီပြည်နယ်မှာ မြန်မာစစ်သားတွေ သေခဲ့တဲ့နေရာက မသာလက်ချောင်းမှိုတွေပေါက်နေတယ်ဆိုပြီး ဓာတ်ပုံ ၃ ပုံနဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့ ၂၀၁၉ ခုနှစ်ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိတဲ့ နိုင်ငံခြားက ဓာတ်ပုံတွေဖြစ်ပါတယ်။ “မသာလက်‌ချောင်းမှို။ ဒါမျိုး စခတွေသေခဲ့တဲ့နေရာမှာပေါက်တာတဲ့။ ကရင်နီပြည်တနေရာမှာ။”လို့ ရေးသားပြီး “Pascal Khoo”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   ဒီပို့စ်ကို “ကရင်နီပြည် တစ်နေရာမှာ ပေါက်နေတဲ့ မှိုတဲ့ 😱 စခတွေ မကျွတ်လွတ်ကြဘူးထင်တယ် Credit~Pascal Khoo”လို့ရေးသားပြီး “Kanpetlet Time News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကလည်း မျှဝေခဲ့ရာမှာ နောက်ထပ်မျှဝေမှုပေါင်း ၂၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် အိမ်ပြန်ရောက်ပြီဆိုတဲ့ သတင်းမှား

နိုင်ငံတကာက ဖမ်းဆီးထားသူတွေကို လွှတ်ပေးရေးတောင်းဆိုနေတဲ့ကြားထဲက စစ်တပ်က စွပ်စွဲမှုအများနဲ့  ဇွန်လထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပုံစံချထားရာကနေ နေပြည်တော်အချုပ်ထောင်ကို ပို့ဆောင်ခဲ့ပါတယ်။ ထောင်ကိုပို့အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို မူလနေရာပြန်ထားဖို့ အာဆီယံ အထူး ကိုယ်စားလှယ်က စာထုတ်တောင်းဆိုခဲ့ပါသေးတယ်။ ဒီလိုအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွတ်မြောက်လာပြီ ရန်ကုန်အိမ်ပြန်ရောက်ပြီဆို တဲ့ပို့စ်တွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားတစ်ခုသာဖြစ်တာတွေ့ရပါတယ်။ “အမေပြန်လွတ်လာပြီဟေ့#သိပြီးကျပြီလား”လို့ ရေးသားပြီး လင့်ခ်တစ်ခုကို “whjkyu” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ လူထုတွေကြားက ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ မြဝတီသတင်းဌာနကသတင်းကြေညာသူပုံ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်တို့ရဲ့ ဓာတ်ပုံတွေပေါ်မှာ “၁၂ ရက် ကွင်းလုံးကျွတ်လွတ်ပြီ အမှုအားလုံး ရုတ်သိမ်းကြောင်း ယနေ့ ကြေညာလိုက်ပြီ”လို့ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ […]

Continue Reading

Fact Check: ရွှေတိဂုံဘုရားဗုံးပေါက်၊ပြည်သူ ၆၈ ဦးသေဆုံးမှုဆိုတဲ့ သတင်းတု သတင်းမှား

ဒီကနေ့ ဇူလိုင် ၁၂ နေ့ဟာ ဝါဆိုလပြည့်နေ့မှာ ရွှေတိဂုံဘုရားပေါ်မှာ ဗုံးပေါက်လို့  ပြည်သူ ၆၈ ဦးသေဆုံးခဲ့ပြီး ကား ၈ စီးပြာကျသွားတယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှား တစ်ခု ဖြစ်ပါတယ်။ “လပြည့်နေ့ရွှေတိဂုံဘုရားဗုံးပေါက်လို့ အကုန်မသာပေါ်”လို့ ရေးသားပြီး “A161” အမည်နဲ့ ဖေ့စ်ဘွတ်အသုံး ပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဘုးရားဖူးတွေ၊ဗုံးပေါက်ကွဲမှု၊လူနာတင်ယာဉ်တွေနဲ့ စစ်ကားတွေပါဝင်တဲ့ ဓာတ်ပုံ ၄ ပုံကိုပေါင်းစပ်ထားတဲ့ မြင်ကွင်းဓာတ်ပုံပေါ်မှာ“လပြည့်နေ့သေကုန်ပြီ ရွှေတိဂုံ ဘုရားဗုံးပေါက် ပြည်သူ ၆၈ ဦးနဲ့ ကား ၈ စီးပြာကျ”လို့ရေးသားထားပြီး ဝင်ကြည့်ရမယ့်လင်ခ့်လည်းပါ ဝင်ပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် အွန်လိုင်းအသုံးများပြီး […]

Continue Reading

Fact Check: Cardiovax နှလုံးဆေးသောက်တဲ့ ၁၀၉ နှစ်ရှိ မြန်မာနှလုံးပညာရှင် ဦးကျော်သူမောင်လား-မဟုတ်ပါ

အသက် ၇၀ မှာ အငြိမ်းစားယူခဲ့ပြီး ထင်ရှားကျော်ကြားတဲ့ မြန်မာနှလုံးပညာရှင် ဦးကျော်သူမောင်ဟာ အခု အသက် ၁၀၉ နှစ်အရွယ်အထိနုပျိုနေဆဲဖြစ်ပြီး သူ့ရဲ့လျို့ဝှက်ချက်ကတော့ Cardiovax နှလုံးဆေးကြောင့် ဖြစ်တယ်လို့ဆိုထားတဲ့ပို့စ်တစ်ခု ဘလောဂ့်စာမျက်နှာတွေမှာပျံ့နှံ့လျှက်ရှိတာတွေ့ရပါတယ်။ တကယ်တော့ သတင်းတု သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ဘလော့ဂ်တစ်ခုမှာဖော်ပြထားတဲ့ စားသားအချို့ဖြစ်ပါတယ်။ သွေးသန့်စင်မှာသာ နှလုံးအတွက် သွေးအတွက်ကောင်းမွန်ကြောင်း ဦးကျော်သူမောင်ကပြောတယ်ဆိုတဲ့ အင်တာဗျူးကိုဖော်ပြ ထားပြီး စာပိုဒ်အဆုံးနားမှာတော့ သွေးကိုသန့်စင်စေနိုင်တဲ့ Cardiovax ဆေးရဲ့အစွမ်းကို ညွှန်းထားပြီး မှာယူဖို့ စာရင်းသွင်းရန်နေရာကို ဖော်ပြထားပါတယ်။အခြားသော ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ ဒီလင့်ခ်မှာလည်း တူညီတဲ့ အင်တာဗျူးဆောင်းပါးကို ရပါတယ်။ “အသက် ၇၀ မှာ အငြိမ်းစားယူခဲ့ပြီး ထင်ရှားကျော်ကြားတဲ့ မြန်မာ နှလုံးပညာရှင် ဦးကျော်သူမောင်ဟာ နှလုံးနဲ့ ကိုယ်ခန္ဓာဟာ ငယ်ရွယ်နုပျိုနေဆဲ ကျန်ရှိခဲ့ပါတယ်။ သူ အငြိမ်းစားယူခဲ့တာ […]

Continue Reading

Fact Check: ဗိုလ်နဂါးကိုအသေဖမ်းလိုက်ကြောင်း MRTV ကြေညာဆိုတဲ့ သတင်းတု သတင်းမှား

 á€—á€­á€Żá€œá€şá€”á€‚á€Ťá€¸á€€á€­á€Żá€Ąá€žá€ąá€–á€™á€şá€¸á€œá€­á€Żá€€á€şá€€á€źá€ąá€Źá€„á€şá€¸ MRTV ကြေညာတယ်လို့ရေးသားထာတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြု သူတွေအကြား ကြိမ်ဖန်များစွာပျံ့နှံ့လျှက်ရှိပါတယ်။ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ “ဗိုလ်နဂါးကိုအသေဖမ်းလိုက်ကြောင်း MRTV (ရုပ် / သံ) နှင့်တကွ ကြေညာ”စသည်ဖြင့် ရေးသားပြီး “Derbone” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “ဗိုလ်နဂါးကိုအသေဖမ်းလိုက်ကြောင်း MRTV (ရုပ် / သံ) နှင့်တကွ ကြေညာ”စသည်ဖြင့် ရေးသားပေမဲ့ ဓာတ်ပုံထဲမှာပါတဲ့ အမျိုးသမီးသတင်းတင်ဆက်သူဟာ စစ်တပ်ပိုင်မြဝတီသတင်းဌာနရဲ့ MWD Variety ရုပ်သံလိုင်းဖြစ်နေတာတွေ့ရပါတယ်။  ထို့အပြင် ဒီသတင်းမှားဟာ လူတွေစိတ်ဝင်စားဖွယ် သတင်းခေါင်းစဉ်တွေနဲ့ သတင်းတုသတင်းမှာဖြန့်ချိပြီး ဝင်ငွေရှာနေတဲ့ဝက်ဘ်ဆိုဒ်တွေကမျှဝေတဲ့အကြောင်းအရာဖြစ်တာတွေ့ရပါတယ်။  á€™á€ťá€žá€á€ąá€‘ဏးတဲအ လင့်ခ်တွေကိုဖွင့်ကြည့်မယ်ဆိုရင် ယူကျူ့(youtube)ဗွီဒီယိုတစ်ခုစီဦးတည်သွားတာ […]

Continue Reading

Fact Check: PDF တစ်လောင်း ကျပ် သုံးသောင်း NUG ထောက်ပံ့ဆိုတဲ့ သတင်းတု သတင်းမှား

ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်မျဉ်းနားက ဥကရစ်ထစခန်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်(PDF)တွေအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က တစ်အိမ်ထောင်ကို ကျပ် သုံးသောင်းနှုန်း ထောက်ပံ့မယ်ဆိုတဲ့ ထုတ်ပြန်ချက်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ တကယ်တော့ ထုတ်ပြန်ချက်အတုတစ်ခုဖြစ်တာတွေ့ရပါတယ်။  â€œá€Ąá€˛á€ˇá€žá€œá€­á€Ż…တဲ့… စိတ်​တောင် မ​ကောင်းဘူးးးး😂😂😂”လို့ ရေးသားပြီး “ဒေဝီ ဒေဝီ”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဒီလိုထုတ်ပြန်ကြေညာ ချက်မျိုးမတွေ့ရပါဘူး။ ဒီစာမျက်နှာမှာ ထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ကြေညာချက်တွေကိုလေ့လာကြည့်ရာမှာ ထုတ်ပြန်စာတွေရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာသာကာကွယ်ရေးဝန်ကြီးဌာန တံဆိပ်တုံးပုံစံကို အသုံးပြု လေ့ရှိပြီး အခုဖေ့စ်ဘွတ်မှာပျံ့နှံ့လျှက်ရှိသလိုမျိုး နိုင်ငံတော်တံဆိပ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာန တံဆိပ် နှစ်မျိုးစလုံး အသုံးပြုတာမတွေ့ရပါဘူး။ ထို့အပြင် မဇ္ဈိမရဲ့ […]

Continue Reading