Fact Check: UN လုံခြုံရေးကောင်စီမှာ ဝါကန်ဒါနိုင်ငံက နကစကို ထောက်ခံဆိုတဲ့ သတင်းတု

ကုလသမဂ္ဂ(UN)လုံခြုံရေးကောင်စီအစည်း‌အဝေးမှာ  ဝါကန်ဒါ(Wakanda)နိုင်ငံရဲ့ ဘုရင် တီချာကာမှ နကစ အစိုးရအားထောက်ခံလိုက်တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေမှာ အောက်တိုဘာ ၁၀ ရက်ကပြုလုပ်တဲ့ လုံခြုံရေးကောင်စီအစည်း‌အဝေးမှာ ဒီလို ထောက်ခံခဲ့တာဖြစ်ပြီး သတင်းကိုးကားဖော်ပြမှုအနေနဲ့ ရိုက်တာသတင်းဌာနကို ကိုးကားထားတယ်လို့ ဖော်ပြထားသလို ပို့စ်ရဲ့ အောက်ခြေမှာ wakanda လို့လည်းရေးသားထားပါတယ်။ သို့သော် ဝါကန်ဒါနိုင်ငံဆိုတာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေထဲမှာမရှိသလို အောက်တိုဘာ ၁၀ ရက်ကလည်း လုံခြုံရေးကောင်စီအစည်းအဝေးမရှိတာတွေ့ရပါတယ်။  ဓာတ်ပုံ ၂ ပုံနှင့်အတူ “မျိုးချစ်သစ္စာ ပြည်မြန်မာ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသား မျှဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ “နကစ အတွက်အသက်ရှူပေါက်တစ်ခု(သို့)ဝါကန်ဒါ —————————————————- အောက်တိုဘာ ၁၀ ရက် ကိုးကား – ရိုက်တာ    ယနေ့ကျင်းပ ပြုလုပ်သော UN လုံခြုံရေးကောင်စီအစည်း‌အဝေးတွင် ဝါကန်ဒါနိုင်ငံ၏ ဘုရင် […]

Continue Reading

Fact Check: PDF တွေကို မိဘတွေဆီ ဒေါက်တာဇော်ဝေစိုးက ပြန်ခိုင်းတယ်ဆိုတဲ့ စာအတု

တော်လှန်ရေးကျဆုံးသွားပြီဖြစ်လို့ PDF တွေ အိမ်ပြန်ကြဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ(National Unity Government-NUG)ရဲ့ ပညာရေး နဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောတယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ မျှဝေလျှက်ရှိတာတွေ့ ရပါတယ်။ ပျံ့နှံလျှက်ရှိတဲ့ screenshot ဓာတ်ပုံပို့စ်မှာ ဒေါက်တာ ဇော်ဝေစိုးရဲ့ လူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ Zaw Wai Soe အမည်နဲ့ဖေ့စ်ဘွတ်အကောင့်ကနေ တော်လှန်ရေး ကျဆုံးသွားပြီဖြစ်လို့ လူထုကိုတောင်းပန်ထားပြီး PDF တွေကိုမိဘတွေဆီပြန်ကြဖို့အတွက်လည်း ပန်ကြား ထားပါတယ်။ သို့သော် ဒေါက်တာဇော်ဝေစိုးက ဒီစာဟာအတုဖြစ်တယ်လို့ ပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။  “မေပိုင်ဦး”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၁၀၀ ကျော်ရှိပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကိုဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာတွေ မှာ တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: ဘောလိဝုဒ် သရုပ်ဆောင်မင်းသား ရှရွတ်ခန်း လေယာဉ်ပျက်ကျ သေဆုံးဆိုတဲ့ သတင်းမှားပျံ့နှံ့

လေယာဉ်ပျက်ကျမှူကြောင့် ဘောလိဝုဒ် နာမည်ကြီး အိန္ဒိယ ရုပ်ရှင်မင်းသား ရှရွတ်ခန်း(Shah Rukh Khan)နဲ့ အတူ စုစုပေါင်း ခရီးသည် ၁၁၀ သေဆုံးခဲ့ရတယ်လို့ ရေးသားမျှဝေထားတဲ့ပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည် မျှဝေလျှက်ရှိပါတယ်။  ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ အသုဘအခမ်းအနား တစ်ခုမှာ ငိုကြွေးနေတဲ့ အမျိုးသမီးတစ်ယောက်ဓာတ်ပုံ၊ အိန္ဒိယအလံ ဖုံးအုပ်ထားတဲ့ အသုဘဘေးမှာ ရပ်နေတဲ့ အဖြူရောင်ဝတ် အမျိုးသားတစ်ဦးရဲ့ ဓာတ်ပုံ၊ ဘောလိဝုဒ် နာမည်ကြီး မင်းသား ရှရွတ်ခန်းရဲ့ ဓါတ်ပုံနှစ်ပုံပါဝင်ပါတယ်။ သို့သော် ရှရွတ်ခန်းသေဆုံးခဲ့တဲ့ လေယာဉ်ပျက်ကျမှုသတင်း တစ်စုံတစ်ရာမတွေ့ရသလို ဓာတ်ပုံတွေဟာလည်း ပြီးခဲ့တဲ့နှစ်အများအတွင်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာ တွေ့ရပါတယ်။ “Zaw Aung Aung” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “အိ န္ဒိယ နာမည်ကြီးအနုပညာရှင် ရှရွတ်ခန်း… လည်းကြွေလွင့်ခဲ့ပီကော..ယနေ့ (12:35)တွင် […]

Continue Reading

Fact Check: သရုပ်ဆောင် ဆင်မ သေဆုံးလို့ သတင်းမှားဖြန့်ချိ

ကွယ်လွန်သွားတဲ့ သရုပ်ဆောင်ဆင်မ အလောင်းထုတ်ပုံလို့ ရေးသားမျှဝေထားတဲ့ပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။  ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ သရုပ်ဆောင် ဆင်မဓာတ်ပုံနဲ့အတူ လူနာတင်ယာဉ်ပုံကို ယှဉ်တွဲဖော်ပြလျှက် ” ဉီးဆင်မ ကောင်းရာရောက်ပါစေဗျာ”၊”ဉီးဆင်မ အလောင်းထုတ်”စသည်ဖြင့်ရေးသားမျှဝေထားတာဖြစ်ပါတယ်။ ဇာတ်ပို့သရုပ်ဆောင် တယောက်ဖြစ်တဲ့ ဆင်မကို စစ်တပ်တွေက  ဩဂုတ် ၂၄ ရက်က သူ့ရဲ့နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပါတယ်။ သို့သော် သရုပ်ဆောင်ဆင်မ သေဆုံးတဲ့သတင်းဟာ အထောက်အထားကင်းမဲ့ သလို အလောင်းထုတ် ဓာတ်ပုံအဖြစ် မျှဝေထားတဲ့ ပုံတွေဟာလည်း ဇူလိုင်လကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာ တွေ့ရပါတယ်။ “topnewsnow24” ဝက်ဘ်ဆိုဒ်စာမျက်နှာ အောက်တိုဘာ ၆ ရက်က အောက်ပါအတိုင်းရေးသားမျှဝေထားရာမှာ  ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၁၀၄ ကြိမ်ရှိပါတယ်။ တူညီစွာရေးသားမျှဝေထားတာတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check: PDF တွေဖမ်းဆီးခံရမှုဓာတ်ပုံလား-မဟုတ်ပါ

စစ်ဝတ်စုံနဲ့ အမျိုးသား ၁၀  ယောက်ဝန်းကျင် လက်မှာ ကြိုးတုပ်လျှက် အဖမ်းခံထားရတဲ့ ဓာတ်ပုံနှင့်အတူ လက်နက်ခဲယမ်းဓာတ်ပုံတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တွေ လက်နက်နဲ့ဖမ်းဆီးရရှိမှုအဖြစ် ဖေ့စ်ဘွတ်မှာမျှဝေလျှက် ရှိပါတယ်။  သို့သော်လည်း ဓာတ်ပုံဟာ ရခိုင်ဒေသမှာ မြန်မာစစ်တပ်က စစ်သားတွေဖမ်းဆီးခံရမှုဖြစ်တာတွေ့ရပါတယ်။  “အကြမ်းဖက်PDF များနဲ့လက်နက်များဖမ်းမိ(စစ်ဆေးနေဆဲမို့ အပြည့်အစုံ မဖော်ပြနိုင်)”လို့ရေးသားပြီး “Ko Ba Gyi”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက်  Bing မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်၊နိုဝင် ၂၇ ရက်ကတည်းက အင်တာ နက်မှာပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။  ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၇ ရက်စွဲဖော်ပြထားတဲ့ Burma News International […]

Continue Reading

Fact Check: NUG ရဲ့အကြမ်းဖက်လုပ်ရပ်ကို လက်မခံဘူးလို့ ဒေါ်အောင်ဆန်စုကြည် ပြောခဲ့တယ်ဆိုတာ မဟုတ်ပါ

NUG ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လက်မခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ရှေ့နေတွေကိုပြောတယ် လို့ ရေးသားပြီး ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိပါတယ်။ သတင်းစာတစ်စောင်က ရေးသားဖော်ပြချက်ဖြတ်ပိုင်း တစ်ခုလို့ ယူဆရတဲ့ ဓာတ်ပုံပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းဖက်လုပ်ရပ်ကို အားမပေးကြောင်းနဲ့ NUG ရဲ့လုပ်ရပ်တွေကို အံ့ြသဝမ်းနည်းရကြောင်း သူ့ရှေ့နေတွေကို ပြောကြားခဲ့တယ်လို့ ရေးသားထားပါတယ်။  သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်မင်းမင်းစိုးက ဒီလိုပြောကြားခဲ့တာ မဟုတ်ကြောင်းငြင်းဆိုထားပါတယ်။   “NUG ရဲ့အကြမ်းဖက်လမ်းစဥ်ကို လက်မခံကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော”လို့ရေးသားပြီး “နေဘုန်းခန့်” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။အလားတူ ရေးသားထားတဲ့ ပို့စ်ကို ဒီနေရာ၊ ဒီ‌နေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: PDF တွေ ဒရုန်းလွှတ်တင်နေတဲ့ပုံလား-မဟုတ်ပါ

ဒရုန်းယာဉ်တစ်စီးတပ်ဆင်နေတဲ့ ဓာတ်ပုံ ၃ ပုံနဲ့အတူ အမြင့်ပေ ခုနှစ်သောင်းအထိ ပျံသန်းနိုင်တဲ့ ဒရုန်းကို PDF တွေတီထွင်အောင်မြင်ခဲ့ပြီလို့ရေးသားပြီး ဖေ့စ်ဘွတ်ပို့စ်တစ်ခုကို  ဖေ့စ်ဘွတ်အသုံးပြုသူထောင်ဂဏန်းက မျှဝေလျှက်ရှိပါတယ်။ သို့သော် မျှဝေထားတဲ့ ဓာတ်ပုံတွေဟာ ဟောင်ခြေစိုက် Gl ကုမ္ပဏီက ကြော်ငြာဓာတ်ပုံတွေဖြစ်ပါတယ်။ “PDF များမှ အမြင့်ပေ ၇၀၀၀၀ ထိ ပျံသန်းနိုင်သော ဒရုန်းများ တီထွင်မှု့ အောင်မြင်😱😱)”လို့ရေးသားပြီး “La Minn Htet” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူ အောက်ပါအတိုင်း စက်တင်ဘာ ၂ ရက်က မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၃ ထောင် ၂ ရာရှိပါတယ်။ တူညီစွာရေးသားမျှဝေထားတာတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: Mytel တာဝါတိုင်စောင့်တင့်ကားကို CDF က ဒုံးကျည်နဲ့ တိုက်ခိုက်တဲ့ ဗွီဒီယိုလား – မဟုတ်ပါ

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(Chinland Denfence Force- CDF)က Mytel တာဝါတိုင်ကို လုံခြုံရေးစောင့်နေတဲ့ စစ်တပ်တင့်ကားကို ပစ်ခတ်မှုအဖြစ် ဗွီဒီယိုဖိုင်တစ်ခုကို ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိပါတယ်။ ဗွီဒီယိုဟာ ၃၁ စက္ကန့် ရှည်လျားပြီး သံဖရိန်နဲ့တိုင်တစ်ခုအလွန်က တင့်ကားတစ်စီးကို ဒုံကျည်တစ်စင်းလာရောက်ထိမှန်ပြီးနောက် ပေါက်ကွဲမီးလောင်သွားတဲ့ မြင်ကွင်းတွေပါဝင်ပါတယ်။ သို့သော်လည်း ဒီဗွီဒီယိုဟာ ၂၀၁၆ ခုနှစ်က အီရတ်စစ်တပ်တင့်ကားတစ်စီးတိုက်ခိုက်ခံရမှုဗွီဒီယိုဖြစ်တာ တွေ့ရ ပါတယ်။   “မင်းတပ်မြို့အတွက်ဂလဲ့စား mytel တာဝါတိုင်ကို လုံခြုံရေးစောင့်နေတဲ့ စကစ တင့်ကားကို CDF က ဆော်ထည့် လိုက်တာ အားရစရာ”လို့ရေးသားပြီး “ဟန်သဲ သူ”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက မျှဝေထားတာ အောက်ပါ အတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသားထားတဲ့ ပို့စ်ကို ဒီနေရာမှာလည်း တွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: ဒလန်တွေစီးလာတဲ့ ဘက်စ်ကားကို PDF တွေ RPG နဲ့ထုတယ်ဆိုတဲ့ သတင်းမှား

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက ဒလံတွေစီးလားတဲ့ ဘက်စ်ကားကို ပခုံးထမ်းလောင်ချာ(RPG)နဲ့ မိုင် ၁၀၀ အကွာကနေ ထုလိုက်တဲ့ ဓာတ်ပုံဆိုပြီးတော့ မီးလောင်နေတဲ့အစိမ်း‌ရောင်ဘက်စကားတစ်စီးဓာတ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ဂဏန်းက မျှဝေလျှက်ရှိပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ ၂၀၁၆ ခုနှစ်ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိတာတွေ့ရပြီး ဆီရီးယားနိုင်ငံက ဖြစ်စဉ်တစ်ခုဖြစ်တာတွေ့ရပါတယ်။  “PDF လူငယ်လေးတွေ အရမ်းကိုစစ်ရေးစွမ်းရည်တွေတက်လာပြီဗျ စကစ ရဲ့ ဒလန်တွေ စီးလာ တဲ့ကားကို မိုင် 100 အကွာ ကနေ RPGနဲ့ လှမ်းထု လိုက်တာ မြင်တဲ့အတိုင်း မွင်းခါးတွေဖြစ်ကုန်ပြီး #အရေးတော်ပုံအောင်ရမည် #Savemyanmar”လို့ ရေးသားပြီး “Kyaw Win Naing”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုက  အောက်ပါအတိုင်း မျှဝေထားပါတယ်။ တူညီစွာရေးသားထားတဲ့ ပို့စ်အချို့ကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb […]

Continue Reading

Fact Check: PDF တွေနဲ့ပူးပေါင်းဖို့ ယုန်လေး လက်နက်ဝယ်စုနေသလား- မဟုတ်ပါ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေနဲ့ပူးပေါင်းဖို့ အဆိုတော်နဲ့ ဒါရိုက်တာ ယုန်လေးက လက်နက်ဝယ်စုနေ တယ်ဆိုပြီးတော့ ဗွီဒီယိုဖိုင် တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ အများအပြားက မျှဝေလျှက်ရှိပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာ ယုန်လေးက “–”စသည်ဖြင့် ပြောကြားခဲ့တာတွေ့ရပါတယ်။ သို့သော် ဒီဗွီဒီယိုဖိုင်ဟာ ၂၀၁၉ ခုနှစ်က ယုန်လေးရဲ့ မီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းမှု ဗွီဒီယို ဖြစ်တာ တွေ့ရပါတယ်။ “PDFလူငယ်များနဲ့ ပူးပေါင်းရန် လက်နက်များစုဆောင်းနေသည့် ယုန်လေး  ကိုယုန်လေးကို အထင်မသေးကြပါနဲ့လို့ ငါမပြောခဲ့ဘူးလား  :))”လို့ရေးသားပြီး “Thet Paing Oo” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါအတိုင်းမျှဝေထားပါတယ်။တူညီတဲ့ ဗွီဒီယိုဖိုင်ကို အလားတူရေးသား မျှဝေထားတာ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link ဒီလိုပြောကြားချက်ကို အသံဖိုင်အနေနဲ့ ဒီနေရာနဲ့ဒီနေရာမှာလည်း […]

Continue Reading