
စစ်ဝတ်စုံနဲ့ အမျိုးသား ၁၀ ယောက်ဝန်းကျင် လက်မှာ ကြိုးတုပ်လျှက် အဖမ်းခံထားရတဲ့ ဓာတ်ပုံနှင့်အတူ လက်နက်ခဲယမ်းဓာတ်ပုံတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တွေ လက်နက်နဲ့ဖမ်းဆီးရရှိမှုအဖြစ် ဖေ့စ်ဘွတ်မှာမျှဝေလျှက် ရှိပါတယ်။
သို့သော်လည်း ဓာတ်ပုံဟာ ရခိုင်ဒေသမှာ မြန်မာစစ်တပ်က စစ်သားတွေဖမ်းဆီးခံရမှုဖြစ်တာတွေ့ရပါတယ်။
“အကြမ်းဖက်PDF များနဲ့လက်နက်များဖမ်းမိ(စစ်ဆေးနေဆဲမို့ အပြည့်အစုံ မဖော်ပြနိုင်)”လို့ရေးသားပြီး “Ko Ba Gyi”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
Bing မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်၊နိုဝင် ၂၇ ရက်ကတည်းက အင်တာ နက်မှာပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။
၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၇ ရက်စွဲဖော်ပြထားတဲ့ Burma News International ရခိုင်လက်နက်ကိုင်အဖွဲ့(Arakan Army-AA)က ဖမ်းဆီးထားတဲ့ စစ်သား ၁၃ ယောက်ရဲ့ ဓာတ်ပုံနဲ့ ဗွီဒီယိုတွေကို ထုတ်ပြန်လာပြီးနောက်မှာ တပ်မတော်က ဖမ်းဆီးခံရသူတွေကို အတည်ပြုဖို့လုပ်နေတယ်လို့ ပြောတယ်ဆိုတဲ့ သတင်းမှာ ဒီဓာတ်ပုံကို အသုံးပြုထားတာတွေ့ရပါတယ်။
AA က နိုဝင်ဘာ ၂၅ ရက်မှာ ဒီဓာတ်ပုံကို ၎င်းတို့ဝက်ဘ်ဆိုဒ်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၆ ရက်နေ့ မှာတော့ သူတို့ဓာတ်ပုံ၊ နာမည်နဲ့ ရာထူးအဆင့်ကိုဖော်ပြခဲ့တဲ့ ဗွီဒီယိုကိုလည်း ထုတ်ပြန်ခဲ့တယ်လို့ သတင်းမှာ ရေးသားထားပါတယ်။

မူရင်းလင်ခ့် – BNI Online | Archive link
လက်နက်ခဲယမ်းဓာတ်ပုံတွေဟာ ၂၀၂၁ ခုနှစ် ဩဂုတ် ၂၉ ရက်နေ့က The Kokang အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ မှာဖော်ပြထားတဲ့ MNDAA လက်နက်ကိုင်အဖွဲ့က မြန်မာစစ်တပ်ဆီက သိမ်းဆည်းရမိတဲ့ လက်နက်တွေဖြစ်ပါ တယ်။
မူရင်းလင်ခ့် – The Kokang | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ PDF တွေ လက်နက်နဲ့ဖမ်းဆီးရရှိမှုအဖြစ်ဖော်ပြနေတဲ့ ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်အတွင်း AA ရဲ့ဖမ်းဆီးခြင်းခံရတဲ့ မြန်မာစစ်တပ်က စစ်သားများရဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။