Fact Check: ဗီယက်နမ်မှာ လက်ဖက်ရည်ထဲမှာ သံပုရာရည်ထည့်သောက်တဲ့အတွက် ကိုဗစ်ဗိုင်းရပ်စ်နဲ့ သေဆုံးသူမရှိဆိုတဲ့ သတင်းမှား

ဗီယက်နမ်မှာ လက်ဖက်ရည်နဲ့ သံပုရာရည်သောက်တဲ့အတွက် ဗိုင်းရပ်စ်အသစ်(ကိုဗစ်-၁၉)ကြောင့် သေဆုံး သူမရှိဘူးလို့ ရေးသားပြီး သတင်းမှားတစ်ခုကို လူမှုကွန်ယက်အသုံးပြုသူတွေက မျှဝေလျှက်ရှိပါတယ်။ အမှန်တကယ်မှာ ဗီယက်နမ်နိုင်ငံမှာ ဇူလိုင် ၂၁ ရက်အထိ ကိုဗစ်ကြောင့် သေဆုံးမှုအရေအတွက် ၃၃၄ ယောက်ရှိပြီး လက်ဖက်ရည်နဲ့ သံပုရာရောသောက်တာဟာ ကိုဗစ်ကို ကာကွယ်နိုင် ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ “အခုဗိုင်းရပ်စ်အသစ်မှာ သေဆုံးသူလုံးဝမရှိတဲ့ ဗီယက်နမ်နိုင်ငံမှ ဆေးနည်းကောင်း”လို့ ခေါင်းစဉ်တပ်ထားပြီး တူညီစွာရေးသားမျှဝေထားတဲ့ သက်ဆိုင်ရာဝက်ဘ်ဆိုဒ်စာမျက်နှာအသီးသီးကို ဖေ့စ်ဘွတ်အသုံးပြုသူတွေက မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီဝက်ဘ်ဆိုဒ်စာမျက်နှာက သတင်းကို ဝင်ရောက်ဖတ်ရှု့မယ်ဆိုရင် “Vietnam ဗီယက်နမ်နိုင်ငံတွင် ဗိုင်းရပ်စ်သစ် သည်သေဆုံးနှုန်းလုံးဝသုညရှိသည်။သက်ဆိုင်ရာအပြည်ပြည်ဆိုင်ရာလူများသည်စူပါနိုင်ငံဗီယက်နမ်၏လျှို့ဝှက်ချက်ကိုရရှိခဲ့ကြသည်။ သင်သည် ဗိုင်းရပ်စ်အသစ်နှင့်အတူကူးစက်ရင်တောင်သေမှာမဟုတ်သည်မှာ သေချာသည်။ အချက်အလက်များစွာကဖော်ပြချက်သည်အလွန်ရိုးရှင်းသည်ဟုသက်သေပြသလိုလည်းအထူးသဖြင့်ထိရောက်မှုရှိသည်။ အပြည်ပြည်ဆိုင်ရာစူပါကုထုံး၏လျှို့ဝှက်ပုံသေနည်းမှာအောက်ပါအတိုင်းဖြစ်သည် – ၁။ လက်ဖက်ရည်ကြမ်းကိုရေပွက်ပွက်ဆူတွင်ပြုလုပ်ပါ။ ၂။ သံပုရာဖျော်ရည်ကိုရောစပ်ပြီးနောက်လက်ဖက်ရည်ပူသောက်ပါ။ ၃။ ဤလျှို့ဝှက်ချက်သည် ဗိုင်းရပ်စ်သစ်ကိုချက်ချင်းသေစေနိုင်သည်။ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က သားတွေရှိရာ ပြန်လိုတယ်လို့ တောင်းဆိုခဲ့ကြောင်းတယ်ဆိုတဲ့ ဓာတ်ပုံပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူတွေက မျှဝေ လျှက်ရှိပါတယ်။ ဒီလိုမျှဝေရာမှာ 7day သတင်းဌာနက ၂၀၂၁ ခုနှစ် ဇူလိုင် ၁၆ ရက်ကမျက်နှာဖုံးအဖြစ် ပုံနှိပ်ဖော်ပြထားတယ်ဆိုတဲ့ ဓာတ်ပုံတစ်ပုံလည်းပါဝင်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဒေါ်အောင်ဆန်း စုကြည်က အင်္ဂလန်သို့ အပြီးပြန်လိုတယ်လို့လည်း ပြောကြောင်း ရေးသားထားပါတယ်။ “ဆိုလိုတာက စစ်တပ်ကိုအာဏာရအောင်လုပ်ပေးခဲ့ပေးပြီ၊ (၅)နှစ်တာကာလ ရသမျှလည်းစုဆောင်းခဲ့ပြီးပီ ဆိုတော့ အပြီးပြန်တော့မယ်ပေါ့ ပြည်သူတွေကတော့ ခံကြပေဦးပေါ့”လို့ ရေးသားပြီး “ေစာ ေဒ ဝီ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ တူညီတဲ့ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: စစ်အာဏာသိမ်း ဆန့်ကျင်ခဲ့တဲ့သူတွေက ကာချုပ်ကို ဆုတောင်းပေးခဲ့တဲ့ ဗွီဒီယိုလား-မဟုတ်ပါ

စစ်တပ်အာဏာသိမ်းဆန့်ကျင်ခဲ့တဲ့ လူတွေက ထောင်ကလွတ်လာပြီးနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကျန်းမာပါစေလိုဆုတောင်းပေးခဲ့တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေ လျက်ရှိပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာ လည်ကတုံးအင်္ကျီအဖြူဝတ်အမျိုးသားတစ်ယောက်ကို ပွေ့ဖက်နေ တဲ့မြင်ကွင်းများ၊လွတ်မြောက်လာသူတစ်ဦးက အင်တာဗျူးဖြေနေပုံနဲ့ လာရောက်ဝန်းရံသူအချို့က “ကာချုပ်ကြီးကျန်းမာပါစေ”ပါစေလို့လည်း အော်ဟစ်မှုစတာတွေပါဝင်ပါတယ်။ ဒီလိုပြောဆိုချက်ဟာ မှန်ကန်မှုမရှိပါဘူး။ ဒီဗွီဒီယိုဖိုင်ဟာ စစ်တပ်က အာဏာရယူအပြီး ဖေဖော်ဝါရီ ၁၂ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ စစ်တပ်ကို ထောက်ခံသူတစ်ဦးရဲ့ ပြောကြားချက်ဖြစ်ပါတယ်။ ဇွန်လ ၃၀ ရက်နေ့မှာ အကျဉ်းထောင်တွေကနေ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြလို့အဖမ်းရသူ အများစု ပါဝင်တဲ့ အကျဉ်းသား ၂၀၀၀ ကျော် ပြန်လည်လွတ်မြောက်လာပါတယ်။ ဒီလိုအခြေအနေမှာ “Thar Wa” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “”ကာချုပ်ကြီး ကျန်းမာပါစေ” ဆိုတဲ့စကားသံကို အာဏာထိန်းလို့ တော်လှန်မယ် ဆိုတဲ့သူတွေက ပြိုင်တူအော်နေတာဆိုတော့လဲ စိတ်စေတနာ အမှန်ဆိုရင်ဒီထက်အကျိုးဖြစ်ထွန်းလာတော့မှာအမှန်ပါပဲဗျာ […]

Continue Reading

Fact Check: ကိုဗစ်-၁၉ ရောဂါဟာ ဘက်တီးရီးယာကြောင့်ဖြစ်တာလို့ စင်ကာပူနိုင်ငံက တွေ့ရှိဆိုတဲ့ သတင်းမှားပျံ့နှံ့

ကိုဗစ်-၁၉(COVID-19)ရောဂါဟာ ဘတ်တီးရီးယားကြောင့်ဖြစ်တာလို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက လူသေလောင်းကို ရင်ခွဲသုတေသနပြုရာကနေတွေ့ရှိခဲ့တယ်ဆိုတဲ့ပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်း များစွာ မျှဝေလျက်ရှိပါတယ်။ ကိုဗစ်-၁၉ လူနာတွေကို Asprin ပေးခြင်းအားဖြင့် သက်သာ ပျောက်ကင်းခဲ့တာ ကိုလည်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနတွေ့ခဲ့ရတယ်လို့လည်း ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ ရေးထားပါတယ်။  သို့သော်လည်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနကလည်း ဒီလိုပြောဆိုချက်ကို ငြင်းဆိုထားပြီး ကိုဗစ်-၁၉ ရောဂါပိုးဟာ SARS-CoV-2 ဗိုင်းရပ်စ်ကြောင့်ဖြစ်တယ်လို့ နိုင်ငံတကာသိပ္ပံပညာရှင်တွေက အတည်ပြုပြီး ဖြစ်ပါတယ်။ “သင့်အတွက်ကျန်းမာရေး”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက “#အများအတွက်အားတက်စရာသတင်း တကယ့်ကို အားတက်စရာသတင်းပါ။အတိုချုပ်ပဲပြောပြပါမယ်။စင်ကာပူနိုင်ငံအနေနဲ့ကိုဗစ်ရောဂါနဲ့သေဆုံးတဲ့အလောင်း(dead body)ကို သေဆုံးတဲ့အကြောင်းရင်းသိဖို့ရင်ခွဲစစ်ဆေးတဲ့ကမ္ဘာ့ပထမဆုံးနိုင်ငံဖြစ်လာပါတယ်။ အဲဒီမှာဘာသွား တွေ့လဲဆိုတော့ ကိုဗစ်-၁၉ဟာဗိုင်းရတ်စ်ပိုးအနေနဲ့တည်ရှိနေတာမဟုတ်ဘဲ ရောင်ခြည်နဲ့ထိတွေ့ထားတဲ့ ဗက်တီးရီးယားအဖြစ်သာတည်ရှိနေတာဖြစ်ပြီးသွေးခဲအောင်လုပ်ပြီးလူ့အသက်ကိုဆုံးရှုံးစေတာပါ “စသည်ဖြင့် ရေးသားပြီးမျှဝေထားပါတယ်။ထို့အပြင် “ဒီသုတေသနပြုမှုကိုလေ့လာပြီးနောက်မှာစင်ကာပူနိုင်ငံကျန်းမာရေး ဝန်ကြီးဌာနဟာကိုဗစ်-၁၉ ကုသမှုပုံစံ ကိုပြောင်းလဲခဲ့ပါတယ်။ကိုဗစ်ကူးစက်ခံရသူတွေကို asprinပေးခဲ့ပါတယ်။ အကျိုးဆက်ကတော့လူနာတွေဟာခပ်မြန်မြန်သက်သာပြီးကျန်းမာရေးတိုးတက်ကောင်းမွန်လာပါတယ်။”လို့လည်းရေးသားထားပါတယ်။ တူညီတဲ့ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရ ပါတယ်။ […]

Continue Reading

Fact Check: စာရေးဆရာမ အိပန်ဆယ်လို အမေရိကန်က သူလျိုမှုနဲ့ ဖမ်းဆီးခံရတယ်လို့ သတင်းတုသတင်းမှားဖြန့်

စာရေးဆရာမ အိပန်ဆယ်လို အမေရိကန်မှာ သူလျိုလုပ်မှုနဲ့ ဖမ်းဆီးခံရတယ်လို့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ရေးသားမျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ ဧရာဝတီသတင်းဌာနက သတင်းဖော်ပြချက် screenshot ပုံလည်းပါဝင်ပါတယ်။ ဒီလိုမျှဝေနေတာဟာ မှားယွင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံပြီး စစ်တပ်ကို ဆန့်ကျင်သူ ဖေ့စ်ဘွတ်နာမည်ကြီး အိပန်ဆယ်လိုဟာ သူရဲ့ နောက်ထပ် ဖေ့စ်ဘွတ်အကောင့် တစ်ခု ဖြစ်တဲ့ “Pencilo on Earth”ကနေ ဒီကနေ့ live လွှင့်ပြီး ဒီသတင်းတွေက မဟုတ်မမှန်ဘူးလို့ ရှင်းလင်းခဲ့ပြီးတာတွေ့ရပါတယ်။ ဧရာဝတီသတင်းဌာနကလည်း သူအဖမ်းခံရတယ်လို့ သတင်းရေးသားခဲ့ခြင်းမရှိတာကို Fact Crescendo အနေနဲ့ တွေ့ရပါတယ်။ “စာရေးဆရာမ အိပန်ဆယ်လို သူလျိုမှုဖြင့် အမေရိကန် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရ”လို့ ဧရာဝတီသတင်းဌာနက ဖော်ပြတယ်ဆိုတဲ့ screenshots နဲ့အတူ “Myanmar News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားပါတယ်။အလားတူ ရေးသားဖြန့်ဝေမှုတွေကို […]

Continue Reading

Fact Check: မြန်မာစစ်တပ်ကို ထောက်ခံတဲ့ ဆုံးဖြတ်ချက် ကုလသမဂ္ဂချမှတ်လို့ သတင်းမှားဖြန့်

စစ်တပ်ကို တရားဝင်အစိုးရအဖြစ် ကုလသမဂ္ဂကအတည်ပြုလိုက်တယ်လို့ ရေးသားပြီး  လူမှုကွန်ယက်မှာဖြန့်ဝေ လျှက်ရှိပါတယ်။ အာဏာရယူအပြီး စစ်တပ်က ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်မှု ကောင်စီ(နစက)ကို တရားဝင်အစိုးရအဖြစ် သတ်မှတ်ရေးအဆိုကို ၁၁၉ နိုင်ငံက ထောက်ခံမှုနဲ့အတည်ပြုလိုက်တယ်လို့ ရေးသား ထားပါတယ်။ ဒီသတင်းဟာ မှားယွင်းပါတယ်။ မြန်မာနိုင်ငံ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချခဲ့တဲ့ ဆုံးဖြတ် ချက်ကို ကုလသမဂ္ဂက ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ “နစကအား တရားဝင်အစိုးရအဖြစ် သတ်မှတ်ရေးအဆိုကို ကုလသမဂ္ဂအစည်းအဝေးတွင်ဆုံးဖြတ်ချက်ရယူရာ ထောက်ခံမဲအများစုဖြင့် “နစက”အား မြန်မာနိုင်ငံအစိုးရအဖြစ်အတည်ပြု ထုံးစံအတိုင်းကန့်ကွက်တာက တူရကီ ကြားနေတာကUSA;UKနဲ့အနောက်နိုင်ငံအချို့ နစကအားအစိုးရအဖြစ်အတည်ပြု ထောက်ခံတာက တရုပ် အိန္ဒိယ ရုရှား အာဆီယံ၁၀နိုင်ငံအပြင် ကမ္ဘာ့နိုင်ငံပေါင်း ၁၁၉….ကမ္ဘာ့လူလည်ငပွတွေ စောက်ရှက်ကွဲကြတယ်…” စသည်ဖြင့် ရေးသားပြီး “ဂျစ် တူး”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေသူ […]

Continue Reading

Fact Check: ဒီဗွီဒီယိုက မကွေးတိုင်းက ကင်းမမီးလောင်မှုဖြစ်စဉ်နဲ့သက်ဆိုင်ခြင်းမရှိပါ

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်ကင်းမရွာမှာ လူငယ်တွေက မီးရှို့ခဲ့တဲ့ ဗွီဒီယိုဖိုင်ဆိုပြီးတော့ လူမှုကွန်ယက် မှာ ဖြန့်ဝေလျှက်ရှိပါတယ်။ ဗွီဒီယိုထဲမှာ ဝါးထရံနဲ့ သစ်သားပုံတစ်ခုအပေါ်မှာ မိုလိုတော့ဗ်ကို လှမ်းပစ်လိုက်ပြီး မီးရှို့တဲ့ဖြစ်စဉ်နဲ့ အဝေးတစ်နေရာကနေ သေနတ်ပစ်သံအချို့ကြားရပြီးနောက် ထွက်ပြေးကြတဲ့ ပုံတွေ ပါဝင် ပါတယ်။ မကွေးတိုင်းပေါက်မြို့နယ် ကင်းမရွာမှာ ဇွန် ၁၅ ရက်ကစစ်တပ်ရောက်လာပြီးနောက် မီးရှို့ခံရတဲ့ သတင်းကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာတွေရပါတယ်။ သို့သော် ဒီဗွီဒီယိုဟာ ပေါက်မြို့နယ်က မီးလောင်မှုဖြစ်စဉ်နဲ့ သက်ဆိုင်ခြင်းမရှိဘဲ မုဒုံမြို့နယ်က ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ “ကင်းမရွာကို ဘယ်သူရှို့လည်း ထမိန်ခြုံထဲက ခေါင်းထွက်ကြည့်ကြ”စသည်ဖြင့် ရေးသားပြီး“Htet Khaing” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ပို့စ်ကိုပြန်လည်မျှဝေမှု ၁ ထောင်ရှိပါတယ်။ ကင်းမရွာဖြစ်စဉ်အဖြစ် မျှဝေထားတာကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check: NLD ကို အကြမ်းဖက်လို့ ကုလအပြစ်တင်ခဲ့သလား-မဟုတ်ပါ

ကုလသမဂ္ဂ(United Nations)က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို အကြမ်းဖက်မှုတွေအတွက် အပြစ် တင်လိုက်တယ်လို့ ရေးသားပြီး  လူမှုကွန်ယက်မှာ ဖြန့်ဝေလျှက်ရှိပါတယ်။  သို့သော် ဒီသတင်းဟာ မှားယွင်းပါတယ်။ ဇွန် ၃ရက်က စတင်ပျံ့နှံ့ခဲ့တဲ့ ဒီသတင်းမှာကိုးကားထားတဲ့ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်ရဲ့ ပြောခွင့်ရ စတက်ဖနီဒူဂျာရစ်ခ် (Stéphane Dujarric)ရဲ့ ပြောကြားချက်ဟာ မှန်ကန်ပေမဲ့ NLD ကို အကြမ်းဖက်အဖြစ် အပြစ်တင်ခဲ့တယ်ဆိုတာ မဟုတ်ပါဘူး။  “NLD အကြမ်းဖက်အဖွဲ့ကို ကုလသမဂ္ဂအပြစ်တင်”လို့ရေးသားပြီး “RFM : Yangon, 3 – 6 – 2021”လို့လည်း သတင်းရေးသားတဲ့နေ့အဖြစ်ဖော်ပြခဲ့ပါတယ်။ ဆက်လက်ပြီး သတင်းရဲ့ စာကိုယ်အဖြစ် “မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဒီမိုကရေစီကိုဘမ်းပြပြီး ရွေး ကောက်ပွဲကတဆင့် မတရားသော နည်းဖြင့် ရယူရန်ကြိုးပမ်းခဲ့သည့် ဒေါ်ဆုကျည်နှင့်အဖွဲ့ဟာ အိပ်မက်ကောင်းခန်းရောက်မှ […]

Continue Reading

Fact Check: နွားနှစ်ကောင်ပိုပြီး မွေးထားရင် နိုင်ငံပိုင်သိမ်းမယ်လို့ MWD ကြေညာဆိုတဲ့ သတင်းတု

အိမ်တစ်အိမ်မှာ နွားနှစ်ကောင်ထက်ပြီး မွေးမြူထားရင် နိုင်ငံပိုင်အဖြစ် သိမ်းမယ်လို့ စစ်တပ်ပိုင် MWD (မြဝတီသတင်းဌာန)ကကြေညာခဲ့တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေက ဖြန့်ဝေလျှက်ရှိပါတယ်။  သို့သော် ဒီသတင်းဟာ မှားယွင်းပါတယ်။ စစ်တပ်ပိုင်မြဝတီသတင်းဖော်ပြချက်တွေမှာ ဒီလိုကြေညာချက်မျိုး မတွေ့ရသလို ဓာတ်ပုံတွေဟာလည်း ပြန်လည်ပြုပြင်ထားတာတွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ“အိမ်တစ်အိမ်တွင် နွားနှစ်ကောင်ထပ် ပို၍မွေးမြူထားပါက နိုင်ငံပိုင်အဖြစ် သိမ်းမည်ဟု စစ်ကောင်စီပိုင် MWD မှ ကြေငြာ”လို့ ခေါင်းစဉ်တပ်ရေးသားထားပြီး “အိမ်တစ်အိမ်နွားနှစ်ကောင်ထက်ပိုမမွေးရ ဥပဒေသစ်အရ စံပြစစ်ဆင်ရေးအဖြစ် မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် ပြင်စည်ကျေးရွာအုပ်စု သို့   ဝင်ရောက်စစ်ဆေးရာ ရွာသူဌေး ကျော်မျိုးရွှေ (ခ) ဖိုးရွှေ အား နွားအကောင် (၃၀) ကျော်မွေးမြူထားမှူကြောင့် ပုဒ်မ ၅၉ဃ၊ ၉၆၉(ခ) တို့ဖြင့်တပ်ဆင်”တရားစွဲဆိုထားပြီး ထိုကျေးရွာရှိအိမ်များမှလည်း နွားနှစ်ကောင်ထက်ပိုမွေး ထားသောနွားများအား ပျူစောထီးအဖွဲ့များမှသိမ်းယူခဲ့ကြောင်းသိရှိရပါသည်။”စသည့်ဖြင့်လည်းပါဝင်ပါတယ်။ ဒီသတင်းကို “Mus […]

Continue Reading

Fact Check: ၂၀၁၃ ခုနှစ်က ထိုင်းနိုင်ငံမဲဆူရင်း ဒုက္ခသည်စခန်း မီးလောင်ပုံကို ပေါက်မီးလောင်မှုအဖြစ်ဖော်ပြနေတဲ့ ဗွီဒီယို

ဇွန် ၁၅ ရက်နေ့က ပေါက်မြို့နယ် ကင်းမရွာအား စစ်တပ်ကမီးရှို့ခဲ့တဲ့ ဗွီဒီယိုလို့ရေးသားပြီးတော့ မြေစိုက်တဲအိမ် အချို့ မီးလောင်နေတဲ့ မြင်ကွင်းကို ရိုက်ကူးထားတဲ့ ဗွီဒီယိုတစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်း များစွာကဖြန့်ဝေလျှက်ရှိပါတယ်။  သို့သော် ဒီဗွီဒီယိုဟာ ထိုင်းနိုင်ငံမှာ ဒုက္ခသည်စခန်းမီးလောင်မှုဖြစ်စဉ်က ဗွီဒီယိုဖြစ်ပြီး ၂၀၁၃ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။  “ယနေ့(၁၅.၆.၂၁)နေ့တွင် ပေါက်မြို့နယ်ကင်းမရွာအား အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့များက မီးရှို့ခဲ့ရာ တစ်ရွာလုံးပြာကျ ခဲ့သည့် video။ Copy by Ko thu”စသည်ဖြင့် ရေးသားပြီး“Zayar Hlwanbo”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထား ပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက်  Google မှာ အဓိကကျတဲ့ […]

Continue Reading