Fact Check: လွိုင်ကော်က တပ်ရင်း ၅၄ ကို တိုက်ခိုက်သိမ်းပိုက်တယ်ဆိုတဲ့ သတင်းတုသတင်းမှား

လွိုင်ကော် တပ်ရင်း ၅၄ တစ်ရင်းလုံးကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)သိမ်းပိုက်လိုက်ပြီးနောက် သိမ်းဆည်းရမိတဲ့ လက်နက်တွေဓာတ်ပုံ ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ဖြန့်ဝေလျှက်ရှိပါတယ်။  သို့သော် ဒီသတင်းဟာ မှားယွင်းပါတယ်။ ဓာတ်ပုံတွေဟာလည်း ၂၀၁၅ ခုနှစ် ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံတွေဖြစ်တာတွေလည်း တွေ့ရပါတယ်။  “သောင်းလှိုင်သားရေ ခများသားသမီးတေတော့ PDF တွေကို တပ်ရင်းလိုက်လှူကုန်ပြီ 😎😁😁 ယနေ့လွိုင်ကော် တပ်ရင်း ၅၄ တစ်ရင်းလုံး သိမ်း”လို့ ရေးသားပြီး“Moe Sandar Aung”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ​ကယားပြည်နယ်မှာ ပြည်သူ့လက်နက်ကိုင်တပ်ဖွဲ့နဲ့ တပ်မတော်ရဲ့ ထိတွေ့မှုသတင်းတွေကို ဖော်ပြနေတဲ့ Karenni People […]

Continue Reading

Fact Check: ၂၀၁၆ ခုနှစ်က နေပြည်တော်အေလာလေဆိပ်အနီးမှာ လေယာဉ်ပျက်စဉ်က ဗွီဒီယိုကို ပြင်ဉီးလွင်မှာ ယနေ့ လေယာဉ်ပျက်ကျမှုအဖြစ်မျှဝေ

ပြင်ဦးလွင်မှာ ယနေ့လေယာဉ်ပျက်ကျမှုအဖြစ် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ မြင်ကွင်းတွေပါဝင်တဲ့ ဗွီဒီယိုတစ်ခုကိုဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက မျှဝေလျက်ရှိပါတယ်။ ဗွီဒီယိုမှာ ကယ်ဆယ်ရေး ဝတ်စုံဝတ်အရပ်သားအချို့နဲ့ စစ်သားတွေက အလောင်းတွေကို သယ်ဆောင်လာတဲ့မြင်ကွင်းပုံတွေပါဝင်ပါတယ်။ သို့သော် ဒီဗွီဒီယိုဟာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က စစ်လေယာဉ်တစ်စီး နေပြည်တော် လေဆိပ်က အတက်မှာပျက်ကျမှုဖြစ်စဉ်ကဖြစ်တာရပါတယ်။  “ပြင်ဦးလွင်အနီးလေယဥ်ပျက်ကျတဲ့ ရုပ်သံဖိုင် June 10”စသည်ဖြင့် ရေးသားပြီး“Nyi Naing”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဒီဗွီဒီယိုကို အောက်ပါအတိုင်း မျှဝေထားရာမှာ နာရီပိုင်းအတွင်း ပြန်လည်မျှဝေသူ ၆ ထောင်ကျော်ရှိပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ The Hakar Post မီဒီယာကလည်း ဒီဗွီဒီယိုဖိုင်ကို ဇွန်လ ၁၀ ရက် ပြင်ဦးလွင်အနီး စစ်တပ်လေယာဉ်ပျက်ကျတဲ့ ဗွီဒီယိုဖိုင်လို့ရေးသားမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb […]

Continue Reading

Fact Check: အလှမယ်ထားထက်ထက်ကို တိုက်ခိုက်တဲ့ သတင်းတု RFM ဖြန့်ဝေ

လက်နက်ကိုင်တစ်ဖြစ်လဲ အလှမယ်ထားထက်ထက် မုဒိန်းကျင့်ခံရပြီး အဖမ်းခံထားရတယ်လို့ ရေးသားပြီး  လူမှုကွန်ယက်မှာ ဖြန့်ဝေလျှက်ရှိပါတယ်။  သို့သော် ဒီသတင်းဟာ မှားယွင်းပါတယ်။ အလှမယ် ထားထက်ထက်က မီဒီယာတစ်ခုကို သူဖြေဆိုထားတဲ့ အင်တာဗျူးကို ပုံမှားရိုက်ဖြန့်ထားခြင်းဖြစ်ပြီး သူ့အနေနဲ့ဘေးကင်းလုံခြုံတယ်လို့ လူမှု ကွန်ယက်က တစ်ဆင့် အသိပေးထားပြီးဖြစ်ပါတယ်။  “သူပုန်ကို ကယ်တင်ရှင်ဆိုပြီး အားကိုးတဲ့ ထားထားထက်တို့ သူရဲကောင်းအဖွဲ့ ဘာတွေဖြစ်ကုန်ပြီလဲ? ဒါ့ကြောင့်ပြောတာ၊ပျက်စီးချိန်တန်ရင် အတွေးမှားတယ် လို့။ဖင်ပိတ်ငြင်းကြအုံးလေ။ထို့အတူ အပြောကြီး ဟိတ်ဟန်ကောင်းတဲ့ CRPG NUG GZ PDF CDM စတဲ့ အရေခြုံတွေကို ယုံမိရင်လည်း ဘာဖြစ်မလဲ? စဉ်းစားကြ အရမ်းမလုပ်နဲ့။”စသည်ဖြင့် ရေးသားပြီး“U Dham Mika”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားပါတယ်။ ဒီလိုမျှဝေထားတဲ့ screenshot ဓာတ်ပုံတစ်ခုထဲမှာဆိုရင် ထားထက်ထက် မုဒိန်းကျင့်ခံရကြောင်း မိခင်ဖြစ်သူကို ငိုယိုပြောနေတယ်လို့ ပါဝင်ပါတယ်။ […]

Continue Reading

Fact Check: ကာမိုင်းမြို့ထဲကို KIA ဝင်သိမ်းပိုက်တဲ့ဓာတ်ပုံလား-မဟုတ်ပါ

ကာမိုင်းမြို့ထဲကို ကချင်လက်နက်ကိုင်အဖွဲ့(KIA)က ဝင်ရောက်သိမ်းပိုက်တယ်ဆိုပြီးတော့ စစ်ဝတ်စုံနဲ့ စစ်သား တွေပါဝင်တဲ့ ဓာတ်ပုံ ၂ ပုံကို လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။  သို့သော် ဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့နှစ်များအတွင်း အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရသလို ကာမိုင်းမြို့မှာ ရိုက်ကူထားတဲ့ပုံမဟုတ်တာတွေ့ရပါတယ်။  “မြို့သိမ်းတယ်ဆိုတာ ဒါကိုခေါ်တယ်ဗျာ〰️ ကားမိုင်းမြို ကို ပြည်သူ့တပ်မတော် KIA မှ ဝင်ရောက်နေရာယူပြီးသကာလ….. #တရားသောစစ်ပွဲအောင်မြင်ပါစေ_ပြည်သူ့တပ်မတော်KIA”လို့ ရေးသားပြီး“Mi Soe”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူ က မျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၃ ထောင် ၅ ရာကျော်ရှိပါတယ်။ အလားတူ ရေးသားမျှ ဝေမှုတွေ ကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  […]

Continue Reading

Fact Check: ၂၀၁၇ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်ကတိမ်းရှောင်ခဲ့ရသူတွေကို ယနေ့ ကျုံပျော်က ထွက်ပြေးတိမ်းရှောင်ရသူတွေအဖြစ်မျှဝေ

ကျုံပျော်က ထွက်ပြေးတိမ်းရှောင်ရတဲ့ပြည်သူတွေဆိုပြီး ကွင်းပြင်တစ်ခုကို ဖြတ်သန်းလျက် အထုပ်ကိုယ်စီနဲ စီတန်းလမ်းလျှောက်သွားနေကြတဲ့ ဓာတ်ပုံကို လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေ လျှက်ရှိပါတယ်။  ဇွန် ၅ ရက်က ကျုံပျော်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ ဒေသခံတွေအကြား အပြန်အလှန်ပစ် ခတ်ခဲ့ရာ ကနေ ဒေသခံလက်နက်ကိုင်တွေထဲက အတော်များများသေဆုံးခဲ့ရပြီး ထွက်ပြေးတိမ်းရှောင်ရတာတွေလည်းရှိလာပါ တယ်။ သို့သော် ကျုံပျော်က ထွက်ပြေးသူတွေအဖြစ်မျှဝေနေတဲ့ဓာတ်ပုံဟာ ၂၀၁၇ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိပြီး ရခိုင်ပြည်နယ်အတွင်းက ထွက်ပြေးတိမ်းရှောင်ရသူတွေဖြစ်ပါတယ်။  “Where’s peace?ကျုံပျော်ပြည်သူတွေရေ မင်းတို့ဘယ်ပြေးမှာလဲငါတို့မသိပေမယ် ခိုနားရာနေရာတွေ့ပါစေကွာ ဘေးကြုံရင်တော့ပြေးခုန်ရမှာပဲလေနော ဒါနဲ့ဧရာ၀တီကိုပဲ sပစ်တင်နေတဲ့သူ ဒါလေးမြင်တော့ကြေနပ် လောက်ပီပေါ့”စသည်ဖြင့် ရေးသားပြီး“Saw Black”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၃ ထောင် ၅ ရာကျော်ရှိပါတယ်။  မူရင်းလင်ခ့် – Fb […]

Continue Reading

Fact Check: မြိတ်ရဲစခန်းနှုတ်ထွက်လိုက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေအဖြစ် မျှဝေနေတဲ့ သတင်းမှား

မြိတ်မြို့မှာရဲစခန်းတစ်ခုလုံး နှုတ်ထွက်တယ်လို့ရေးသားပြီး ရဲအရာရှိနဲ့ ရဲတပ်သားအချို့ပုံများနှင့်အတူ ရေးသားမျှဝေထားတဲ့ပို့စ်ကို  လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။  သို့သော် ဒီသတင်းဟာ မှားယွင်းသလို ဓာတ်ပုံတွေဟာလည်း မတ်လကတည်းက အင်တာနက်မှာပျံ့နှံ့ လျက်ရှိပြီး အခြားသော ရဲစခန်းတွေက စစ်အုပ်ချုပ်ရေးကို ဖိဆန်မှုလုပ်ခဲ့တဲ့ ရဲအရာရှိနဲ့ ရဲတပ်သားအချို့ရဲ့ ပုံဖြစ်ပါတယ်။  “မြိတ် ရဲစခန်းတခုလုံး  တာဝန်မှ နှုတ်ထွက်.👮 အမြင်မှန်ရသူများ အသက်ရှည်၏”လို့ ရေးသားပြီး“KoKo Naing”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာ ပြန်လည်မျှဝေတဲ့အကြိမ်ပေါင်း ၅ ထောင် ၉ ရာ ကျော်ရှိပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် အခြားလွတ်လပ်သော သတင်းအဓိကလုပ်ကိုင်နေတဲ့ သတင်းမီဒီယာတွေမှာ […]

Continue Reading

Fact Check: ၂၀၁၉ ခုနှစ်က Line Walker ရိုက်ကူးရေးပုံရိပ်ကို ဆူးလေမှာ ပစ်ခတ် မှုဖြစ်ပုံအဖြစ်မျှဝေနေ

ဆူးလေမှာ ပစ်ခတ်မှုဖြစ်ပွားတယ်လို့ရေးသားပြီး ကားတွေတိမ်းမှောက်လျှက် လမ်းမထက်မှာ ဖရိုဖရဲ ဖြစ်နေတဲ့ ဓာတ်ပုံ ၄ ပုံကို  လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံတွေမှာ ရန်ကုန်မြို့လယ် ဆူးလေလမ်းမှာ အဖြူရောင်ကား တစ်စီး လမ်းမထက်မှာ တိမ်းမှောက်နေပုံ၊ အမည်းရောင်ကား တစ်စီး လမ်းဘေး ပလက်ဖောင်းမှာ ပက်လက်လန်နေပုံတွေနဲ့အတူ လမ်းမထက်မှာ ဖရိုဖရဲဖြစ်နေတဲ့ပုံ၊ လူတွေဝိုင်းအုံကြည့်နေတဲ့ပုံတွေပါဝင်ပါတယ်။  သို့သော် ဒီသတင်းဟာ မှားယွင်းပါတယ်။ ဓာတ်ပုံတွေဟာ Line Walker 2 အမည်ရ ဇာတ်ကားရဲ့ ဇာတ်လမ်း ရိုက်ကူးရေးက ပုံတွေဖြစ်ပါတယ်။  “01-06-2021 ယနေ့ နေ့လည် 12:00 လောက်က ဆူးလေ မြို့ထဲ ပစ်ခတ်မှုဖြစ်ပွား”လို့ ရေးသားပြီး“Søe Min”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ၂၄ နာရီအတွင်း ပြန်လည်မျှဝေတဲ့အကြိမ်ပေါင်း ၉၇၀ […]

Continue Reading

Fact Check: မန္တလေးဆန္ဒပြခေါင်းဆောင် ကိုတေဇာဆန်း ပစ်သတ်ခံရလို့ သတင်းတု သတင်းမှားဖြန့်

မန္တလေးဆန္ဒပြခေါင်းဆောင်ကိုတေဇာဆန်းကို ဖမ်းဆီးပြီး သေနတ်နဲ့ပစ်သတ်တယ်လို့ ရေးသားပြီး ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိပါတယ်။ တကယ်တော့ ဒီသတင်းဟာ မှားယွင်းပါတယ်။  “အခုလေးတင်ဖြစ်သွားတာ ကိုတေဇဆန်း ကောင်းရာ ဘဝ ရောက်ပါစေဗျာ”လို့ ရေးသားပြီး ကိုတေဇာဆန်းကို ဖမ်းဆီးပြီး ပစ်သတ်လိုက်တယ်လို့လည်း “News218Media”အမည်နဲ့ ဘလော့စာမျက်နှာက မျှဝေထားပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် မေ ၂၉ ရက်က ကိုတေဇာဆန်းကိုဖမ်းဆီးပြီး ပစ်သတ်ခံရတယ်လို့ ရေးသားထားပေမဲ့ မန္တလေးက သပိတ် စစ်ကြောင်းဦးဆောင်သူ ကိုတေဇာဆန်းဟာ သူ့ရဲ့ဖေ့စ်ဘွတ်မှာ မေ ၃၀ ရက်အထိ မန္တလေးမှာ ပုံမှန်သပိတ်စစ်ကြောင်းတွေ ထွက်နေဆဲဖြစ်ကြောင်း သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ […]

Continue Reading

Fact Check: ဒီဗွီဒီယိုတွေက Gen Z တွေ သင်တန်းဆင်းပုံမဟုတ်ပါ

စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြခဲ့တဲ့ လူငယ်တွေရဲ့ စစ်သင်တန်းဆင်းပွဲအဖြစ် ပျောက်ကျား စစ်ဝတ်စုံနဲ့ စီးတန်းလမ်းလျှောက်၊ လက်မှတ်ပေးအပ်မှုမြင်ကွင်းတွေပါတဲ့ ဗွီဒီယိုတွေကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက မျှဝေလျက်ရှိပါတယ်။ လူငယ်စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ လူငယ်တွေဟာ နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဆီမှာ စစ်သင်တန်းတွေ တက်ရောက်နေချိန်လည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဗီဒီယိုတွေဟာ ပြီးခဲ့တဲ့ နှစ်များအတွင်း အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့အကြောင်းအရာတွေကို ပြန်လည်မျှဝေနေခြင်းဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ သင်တန်းတွေနဲ့ သက်ဆိုင်တဲ့ ဗွီဒီယိုဖြစ်ပါတယ်။  “GZ လေးတွေရဲပထမအသုတ် စစ်သင်တန်းဆင်းပွဲ GZ လေးတွေက ပြုံးလို ပျော်လို့စလိုနောက်လိုပေါ့” လို့ရေးသားပြီး “P&W Songs”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက လက်နက်ကိုင် ပျောက်ကျားဝတ်စုံနဲ့ စစ်သားတွေ အမျိုးသမီးများက ကြိုဆိုေနဟန်ရိုက်ကူထားတဲ့ ဗွီဒီယိုကို မေ ၁၀ ရက်ကမျှဝေခဲ့ရာမှာ ဒီဗွီဒီယိုကို ပြန်လည်မျှ ဝေသူ ၂ သောင်း ၃ ထောင်ရှိခဲ့ပြီး […]

Continue Reading

Fact Check: ဓာတ်ပုံဟောင်းများကို အသုံးပြုပြီး မင်းတပ်မြို့အခြေအနေအဖြစ်မျှဝေနေ

စစ်တပ်က စစ်ဆင်ရေးလုပ်ပြီးနောက် ဆိုးရွားလာတဲ့အခြေအနေအဖြစ် တဲအိမ်တွေမီးလောင်နေပြီး တောင်ကုန်း တွေပြာကျနေတဲ့ ဓာတ်ပုံတွေနဲ့အတူ ဖေ့စ်ဘွတ်ပို့စ်မှာ ပြန်လည်မျှဝေလျှက်ရှိပါတယ်။ မင်းတပ်မှာ မေ ၁၃ ရက်နေ့က စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် လူ့အခွင့်အရေး အခြေအနေဆိုးရွားခဲ့ပြီး အမျိုးသားညီညွှတ်ရေး အစိုးရအပါအဝင် အမေရိကန်နဲ့ ဗြိတိန်သံရုံးတွေက စစ်အုပ်စုကို ထုတ်ပြန်ရှုတ်ချခဲ့ရပါတယ်။ သို့သော်ဓာတ်ပုံတွေဟာ ချင်းပြည်နယ်မင်းတပ်မြို့နဲ့သက်ဆိုင်ခြင်းမရှိဘဲ ပြီးခဲ့တဲ့ နှစ်များအတွင်း ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာဖြစ်ပျက်ခဲ့တဲအဖြစ်အပျက်များဖြစ်ပါတယ်။  “မင်းတပ်မြို့ပါတော်တော်ကိုအခြေအနေဆိုးနေပါပီ upပေးကြပါ please”လို့ရေးသားပြီး “Thar Chit”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက  မေ ၁၈ ရက်ကမျှဝေထားပါတယ်။အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ကရင်ပြည်နယ်မှာ စစ်တပ်က ထိုးစစ်ဆင်ပြီးနောက် မီးလောင်ကျွမ်းမှုအများအဖြစ် မတ်လ ၃၀ ရက်က […]

Continue Reading