Fact Check: ဒီပုံတွေက ပဲခူးမှာသေနတ်နဲ့ အပစ်ခံရတဲ့ စစ်ဗိုလ်ရဲ့ကားပုံ မဟုတ်ပါ

ပဲခူးမှာ တပ်ကဗိုလ်ကြီးကားနဲ့ ရဲမူးကား အပြန်အလှန်ပစ်ခတ်မူဖြစ်ပွားပြီးတိမ်းမှောက်သွားတဲ့ကားအဖြစ် ဖေ့စ်ဘွတ်ပို့စ်တစ်ခုကို လူမှုကွန်ယက် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ ပဲခူးမှာ ရဲနဲ့ အပြန်အလှန် ပစ်ခတ်ပြီး​နောက် ကား​မှောက်သေဆုံးခဲ့တဲ့ စစ်ဗိုလ်​သတင်းကို ဒီမှာတွေ့ရပါတယ်။ မျှဝေလျက်ရှိတဲ့ပို့စ်မှာ သေနတ်ကျဉ်ပေါက်များစွာထိမှန်ထားတဲ့ အိမ်စီးကားတစ်စီးနဲ့ ကားမှန်ကွဲနေတဲ့ ကားပုံတွေပါဝင်ပါတယ်။သို့သော်လည်း ဒီကားပုံတွေဟာ ပြီးခဲ့တဲ့ နှစ်များအတွင်း အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးတဲ့ ဓာတ်ပုံတွေဖြစ်ပြီး မြန်မာနိုင်ငံလည်းသက်ဆိုခြင်း မရှိပါဘူး။  “ပဲခူးမှာ တပ်ကဗိုလ်ကြီးကားနှင့်ရဲမူး ကားအဝေမတည့်၍fast and furious ဇာတ်ကားထဲကလို ကားတေပေါ်မှ hollywood ဇာတ်ကားထဲမှ စတန့်ဇာတ်ဝင်ခန်းတစ်ခုကဲ့သို့ ကားမောင်းရင်းသေနတ်များဖြင့် အပြန်အလှန် အညိုးတကြီး ပစ်ခတ်ကြခြင်းဖြစ်ကြောင်းကြားသိရပါတယ်ခမျ ဗိုလ်ကြီးကား နှင့် ရဲမှူးကားတို့ သနပ္ပင်လမ်းမတလျောက်သေနတ်ဖြင့်လိုက်ပစ် ရာမှ နာရီစင်ရှေ့ရောက်တွင် ဗိုလ်ကြီးကားမှာ ဘလောက်တုံးများဝင်တိုက်မိ၍ မှောက်လျက်သားဖြစ်သွား။(မူရင်းအရေးအသား)”စသည်ဖြင့့်ေရးသားပြီး “Thant Zaw Oo”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက […]

Continue Reading

Fact Check: မြဝတီမှာဖမ်းမိတဲ့လက်နက်ေတွလား-မဟုတ်ပါ

မြဝတီမှာ ကားေပါ်ကဖမ်းမိတဲ့လက်နက်ေတွလို့ေရးသားမျှ ေဝလျက်ရှိတဲ့ ဖေ့စ်ဘွတ်ပို့စ်ကို လူမှုကွန်ယက် အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဓာတ်ပုံေတွဟာ အင်တာနက်မှာ ပြီးခဲ့တဲ့နှစ်များအတွင်း ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံေတွဖြစ်တာ ေတွ့ရပြီး ဓာတ်ပုံေတွဟာ မြန်မာနိုင်ငံနဲ့လည်းသက်ဆိုခြင်းမရှိပါဘူး။  “မြဝတီတွင် ဖမ်းမိသော ကုန်ကားတွေမှာ သေနတ်များပါ ခိုးသွင်းလာသောကားများမှာ NLDပါတီဝင် ဦးစိုးလင်း၏ ညီ ဦးစိုးထိန်၏ ကားများဟုသိရှိရ…..”လို့ေရးသားပြီး “Kyaw Swar”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှ ေဝထားပါတယ်။ တူညီတဲ့‌ရေးသားမြှ ဝေမှုတှေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီေနရာမှာလည်း ေတွ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် လွတ်လပ်တဲ့ ပြည်တွင်း ပြည်ပ မီဒီယာေတွမှာ ဒီလိုသတင်းေဖာ်ပြချက်မျိုးမ ေတွ့ရပါဘူး။  ေသနတ်ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာေဖွရာမှာ […]

Continue Reading

Fact Check: ထိုင်းက မြန်မာနိုင်ငံအတွက် လှူဒါန်းတဲ့ပိုက်ဆံလားမဟုတ်ပါ-မဟုတ်ပါ

ထိုင်းပိုက်ဆံအ ေမြာက်အများကို တူညီဝတ်စုံဝတ်ဆင်ထားတဲ့ဝန်ထမ်းေတွဝိုင်းဝန်းေရတွက်ေနတဲ့ ဓာတ်ပုံ ၃ ပုံနဲ့အတူ ထိုင်းက မြန်မာနိုင်ငံေတာ်လှန်ေရးအတွက် လှူဒါန်းမှုလို့ေရးသားမျှ ေဝထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူ ေထာင်ေပါင်းများစွာက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံေတွဟာ ၂၀၁၇ ခုနှစ်ကတည်းက အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးဖြစ်ပါတယ်။  “ထိုင်းက.ရေတွက်မနိုင်တဲ့ အလှူငွေများ….။ အရေးတော်ပုံအောင်ရမည် Credit photo”လို့ေရးသားပြီး “Kan Naing”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဧပြီ ၂၄ ရက်က မျှ ေဝထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှ ေဝသူ ၂ ေထာင် ၆ ရာေကျာ်ရှိပါတယ်။ တူညီတဲ့‌ေရးသားမျှထားပြီး ပျံ့နှံ့မှုအားေကာင်းခဲ့တဲ့ ပို့စ်ေတွကို  ဒီေနရာနဲ့ ဒီေနရာမှာလည်း ေတွ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံေတွကို Google […]

Continue Reading

Fact Check: ဒီပုံက မိတ္ထီလာမှာ ပစ်သတ်ခံရတဲ့ စစ်ဗိုလ်ရဲ့ဓာတ်ပုံ မဟုတ်ပါ

စစ်တပ်က အရာရှိတစ်ယောက်ရဲ့ ရုပ်အလောင်းဘေးမှာ ကလေးငယ်တစ်ယောက်ကိုပွေ့ချီလျက်ငိုနေတဲ့ အမျိုး သမီး ဓာတ်ပုံကို မိတ္ထီလာမှာ လုပ်ဖော်ကိုင်ဖက်ဗိုလ်မှူးက သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တဲ့ ဗိုလ်ကြီးအဖြစ် ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံဟာ ၂၀၁၈ ခုနှစ်ကတည်း အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီး ဓာတ်ပုံဖြစ်ပါတယ်။ Khinsabalnyo အမည်နဲ့ ဖေစ့်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။ တူညီတဲ့ရေး သားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  မိတ္တီလာမှာ စစ်​တပ်က အရာရှိ ၂ ဦးအပြန်အလှန်ပစ်ခတ်မှုမှာ ဒဏ်ရာရ ဗိုလ်ကြီး ​နေပြည်​တော်စစ်​ဆေးရုံတွင် ​သေဆုံးသွားကြောင့် ဧပြီ ၂၆ ရက်က Khit Thit သတင်းဌာနကရေးသားတဲ့သတင်းကို […]

Continue Reading

Fact Check: အိန္ဒိယမှာ ကိုဗစ်ကြောင့်လဲကျနေတဲ့မြင်ကွင်းမဟုတ်ပါ။ Vizag ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူတွေမူးလဲကျတဲ့မြင်ကွင်းဖြစ်ပါတယ်

Covid 19 ရိုက်ခတ်မှုကို အလူးလဲခံစားနေရတဲ့အိန္ဒိယနိုင်ငံရဲ့ လက်ရှိအခြေအနေအဖြစ် လမ်းတွေပေါ်မှာ လူအတော်များများလဲကျခဲ့တဲ့အခြေအနေ၊ ကူညီကယ်ဆယ်ရေးကားသံတွေပါဝင်တဲ့ ဗွီဒီယိုဖိုင်နဲ့ အတူ ရေးသားမျှဝေလျက်ရှိတဲ့ ဖေ့စ်ဘွတ်ပို့စ်ကို လူထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ ၂ မိနစ်နဲ့ ၈ စက္ကန့်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်မှာ သွားရင်းလာရင်းနဲ့ လူတွေလမ်းမပေါ်မှာ လဲကျနေပုံကို ရိုက်ပြထားပြီး ကူညီကယ်ဆယ်ရေးကားြသဆွဲသံတွေ လူအများအပြားမြေပြင်မှာလဲကျနေတဲ့ အချို့ပါဝင်ပါတယ်။ သို့သော်လည်း ဒီဖြစ်စဉ်ဟာ ကိုဗစ်ကပ်ရောဂါပိုးနဲ့သက်ဆိုင်ခြင်းမရှိဘဲ အိန္ဒိယမှာ ပလက်စတစ်စက်ရုံက ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူအများအပြား မူးဝေလဲကျခဲ့ခြင်းဖြစ်စဉ်ကို ရိုက်ပြထားတဲ့ ဗွီဒီယိုဖိုင် ဖြစ်ပါတယ်။  “Covid 19 ဒုတိယလှိုင်း ရိုက်ခတ်မှုကို အလူးလဲခံစားနေရတဲ့ ယခုလက်ရှိအိန္ဒိယနိုင်ငံရဲ့ အခြေအနေ။ (မူရင်းအရေးအသား)”လို့ “T Media”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၁ ထောင် ၃ ရာ ဝန်းကျင်ရှိပါတယ်။ […]

Continue Reading

Fact Check: AmCham ဉက္ကဌနဲ့ ပတ်သက်တဲ့ သတင်းမှား

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်အသင်း(The American Chamber of Commerce in Myanmar -AMCHAM) ရဲ့ ဥက္ကဌ Max Talcott ဟာ စစ်တပ်ကခန့်ထားတဲ့ ဟိုတယ်ခရီးဝန်ကြီးနဲ့ မကြာခင်က တွေ့တယ်လို့ ဖေ့စ်ဘွတ်မှာ ရေးသားမျှ ဝေလျက်ရှိပါတယ်။ Max Talcott ဟာ အခြားသောဝန်ကြီးတွေနဲ့လည်း အပြင်မှာတွေ့ဆုံမှုရှိတယ်လို့ ရေးသားထားတာ တွေ့ရပါတယ်။ “The American Chamber of Commerce in Myanmar (AMCHAM)က လက်ရှိစစ်ကောင်စီနဲ့ တွေ့ဆုံမှုတွေ မလုပ်ဘူးလို့ပြောထားပေမယ့် လက်ရှိ AMCHAM ဒုဥက္ကဌ Max Talcott ဟာစစ်အုပ်စုရဲ့ ဟိုတယ်ခရီးသွားဝန်ကြီး ဦးမောင်မောင်အုန်း နဲ့ မကြာခင်က တွေ့ဆုံခဲ့ပါတယ် ဒါ့့အပြင် တခြားဝန်ကြီးတွေနဲ့လဲ ပြင်ပမှာတွေ့ဆုံမှု တွေရှိတယ်လို့ သိရပါတယ်။AMCHAM  […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လျှောက်လာတင်တုန်းကပုံကို နေပြည်တော်မှာရုံးထုတ်လာတဲ့ မြင်ကွင်းအဖြစ် မျှဝေနေ

ဧပြီ ၁၂ ရက်က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်လာတဲ့ပုံအဖြစ် ဓာတ်ပုံ ၅ ပုံနှင့်အတူ မျှဝေထားရာမှာ ဒီပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။  မျှဝေလျက်ရှိတဲ့ပို့စ်တွေမှာ အရပ်ဝတ် လုံခြုံရေးများဝိုင်းရံလျက် မရမ်းရောင်လွှမ်းမိုးတဲ့ဝတ်စုံ ဝတ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကားအနက်တစ်စီးပေါ်မှာ ထိုင်လျက်ပုံ၊ ကားဆီကနေ လမ်းလျှောက်ထွက် လာပုံတွေပါဝင်ပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လောင်းလျှောက်လွှာသွားရောက်တင်စဉ်က ပုံဖြစ်ပါတယ်။ “၁၂.၄.၂၀၂၁ တနင်္လာ မနေ့က အမေစု နဲ့ သမ္မတ္တကြီးကို ရုံးထုတ်တဲ့ ပုံများ”စသည်ဖြင့်ရေးသားပြီး “Daw Hnin” အမည်နဲ့ဖေစ့်ဘွတ် အသုံးပြုသူက ဧပြီ ၁၃ ရက်က မျှဝေရာမှာ ၅ နာရီအတွင်း ဖေ့စ်ဘွတ်အသုံးပြုသူ ၄ ရာဝန်းကျင်မှ ပြန်လည်မျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို […]

Continue Reading

Fact Check: ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် မြန်မာနိုင်ငံအတွက် လက်သုံးချောင်းထောင်နေခြင်းလား-မဟုတ်ပါ

အနောက်တိုင်းဝတ်စုံဝတ်အသက်ကြီးပိုင်းအမျိုးသားတစ်ယောက် ဓာတ်ပုံနှင့်တကွ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက် တက်ချို ဟွန်ဆန်ဟာ မြန်မာနိုင်ငံသားတွေနဲ့အတူ ရပ်တည်ပြီး လက်သုံးချောင်းထောင်နေပုံ အဖြစ် မျှဝေထားရာမှာ ဒီပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဓာတ်ပုံထဲက ပုဂ္ဂိုလ်ဟာ ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး Nguyen Phu Trong ဖြစ်ပြီး လက်သုံးချောင်းထောင်တာကလည်း မြန်မာနိုင်ငံနဲ့ပတ်သက်ခြင်းမရှိတာတွေ့ရပါတယ်။ “ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက် တက်ချို ဟွန်ဆန်  မြန်မာပြည်သူနဲ့ ရပ်တည် 💗 ဝန်ကြီးချုပ် ကျန်းမာပါစေ 💗”လို့ရေးသားပြီး “ကိုစိုင်း မြတ်သူ”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြုသူက ဧပြီ ၆ ရက်က မျှဝေရာမှာ ပြန်လည်မျှဝေသူ ၁ ထောင် ၆ ရာရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading

Fact Check: ၂၀၁၇ ခုနှစ် ရိုဟင်ဂျာအရေးအခင်းအတွင်း သေဆုံးခဲ့ရသည့် ကလေးမိခင်ဓာတ်ပုံကို မြိတ်က သေနတ်နဲ့ပစ်သတ်ခံရသည့် အဖြစ်အပျက်အဖြစ်မျှဝေ

မြေပြင်ပေါ်လဲကျနေသည့် အမျိုးသမီးတစ်ဉီးကို ကလေးငယ်က ဖက်တွယ်ထားတဲ့ ဓာတ်ပုံကို လက်ရှိ အရေး အခင်းကာလအတွင်းအဖြစ်အပျက်သဖွယ်ရေးသားမျှဝေထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်း များစွာ ပြန်လည်မျှ ဝေနေပါတယ်။ မိခင်အမျိုးသမီးဟာ သေနတ်ထိမှန်သေဆုံးခဲ့တယ်လို့လည်း ရေးသားထားပါတယ်။ သို့သော်လည်း ဓာတ်ပုံဟာ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာအရေးအခင်းအတွင်းက အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးပုံဖြစ်ပြီး ဓာတ်ပုံပါ အမျိုးသမီးဟာ သေနတ်ထိမှန်သေဆုံးခဲ့ခြင်းမဟုတ်ပါဘူး။  “ဘိတ်ခြေနေမကောင်းဘူး ဝိုင်းကူညီပါအုံး ကျနော်တို့ဘိတ်ကို ကူညီပါအုံး အမေကသေနတ်မှန်ပြီးသေနေပြီ 😭 ကလေးလေးကနို့ဆာလို့နေ သနားစရာ ရင်နင့်စရာ  အကျည်းတန်တဲ့ မြန်မာပြည်ကအဖြစ်စနစ်တွေထဲ က တစ်ခု့ပါဗျာ 😭 အော်…..လုပ်ရက်ကြပေ😢😭 (26.3.2021) ဟာ 😭 ရက်စက် လိုက်ကြတာ 😭  မြိတ်မြို့ကပါ”လို့ ရေးသားပြီး “Aung Point”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူရေးသားမျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check: ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကပုံတွေကို လက်ရှိအဖြစ် အဖြစ်ဖော်ပြ

လမ်းမထက်မှာ သံဃာတော်အများအပြား ဆီတန်းလမ်းလျှောက်နေတဲ့ ဓာတ်ပုံ ၃ ပုံနှင့်တကွ ပျံလွန်တော်မူသော ဆရာတော် အတွက် အခဲမကြေတဲ့သံဃာသပိတ်စစ်ကြောင်းကြီးလို့ရေးသားလျက် ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေနေပါတယ်။  မေ ၁၃ ရက်က မန္တလေး စိန်ပန်း ရပ်ကွက်မှာ ဆန္ဒပြရင်း သေနတ်နဲ့အပစ်ခံရပြီး အနည်းဆုံး ၄ ဦးထက်မနည်း သေဆုံး ကာ အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။ ထိုအထဲမှာ ဆရာတော်တစ်ပါး ရင်ဘတ်ထိမှန်ခဲ့ပြီး စိုးရိမ်ဒဏ်ရာရရှိခဲ့ပါတယ်။  ဒီလိုအခြေအနေမှာ  “ပျံလွန်တော်မူသော မ န္တလေးစိန်ပန်း ဆရာတော်အတွက် အခဲမကြေ မန်းလေး သံဃာသပိတ်စစ်ကြောင်းကြီး။”လို့ရေးသားပြီး “Chan Mon Chan Nei”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြု သူက မျှဝေထားရာမှာ ၁ ရက်အတွင်း ပြန်လည်မျှဝေမှု ၂ သောင်း ၂ ထောင်ကျော်ရှိပါတယ်။ မူရင်းလင်ခ့် […]

Continue Reading