Fact Check: NLDပါတီ ဗဟိုကော်မတီအစည်းဝေးကနေ ဦးဝင်းထိန်အုပ်စုထွက်သွားတယ်ဆိုတဲ့သတင်းအမှား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီရဲ့ ပြီးခဲ့တဲ့ ၂၄ရက်နေ့ကကျင်းပခဲ့တဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ ဝန်ကြီးချုပ်တာဝန်ယူထားသူတွေနဲ့ ပါတီတာဝန်ယူထားသူတွေအကြား အကြိတ်အနယ်ဖြစ်ခဲ့ပြီး အစည်းဝေးမပြီးခင် ဦဝင်ထိန်လူတွေက အစည်းအဝေးမပြီးခင် ထွက်လာခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ပေါ်မှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “နေပြည်တော်မှာ ယနေ့ကျင်းပနေတဲ့ NLD ဗဟိုပါတီဝင်များအစည်းအဝေးမှာ ၊ ဝန်ကြီးချုပ်တာဝန်ယူ ထားသူတွေနဲ့ ပါတီတာဝန်ယူထားသူတွေအကြား အကြိတ်အနယ်ဆွေးနွေးမှု့တွေလုပ်အပြီး ၊ ဦးဝင်းထိန်အုပ်စုမှ လူအများစု အစည်းဝေးခန်းမထဲကထထွက်သွားကြတယ်လို့သိရပါတယ် ၊ ထိုသို့အကြိတ်အနယ်ဆွေးနွေးမှု့မှာ ငွေကြေးကိစ္စနှင့် မဲမသမာမှု့ကိစ္စများအကြောင်းဖြစ်နိူင်တယ်လို့ NLD အုပ်စုကို အနီးကပ်လေ့လာနေသူများက သုံးသပ်ကြောင်းသိရပါတယ်။ (ကျွန်တော် သူတို့နဲ့အနီးဆုံးနေရာမှာရှိနေပါတယ်)”လို့ ရေးသားထားတာ တွေ့ရပါတယ်။ ဒီပို့စ်ကို ဒီနေရာ ဒီနေရာနဲ့  ဒီနေရာတွေမှာ ပြန်လည်ကူးယူဖော်ပြတာတွေ့ရပြီး မူရင်းပို့စ်ကိုတော့ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို နောင်ပွင့်မယ့် အရိမေတ္တယျဘုရားလို့ တောင်ဉက္ကလာအမတ်ပြောခဲ့သလား-မဟုတ်ပါ

ဒေါ်အောင်ဆန်းစုကြည်ကို နောင်ပွင့်မယ့် အရိမေတ္တယျဘုရားလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ တောင်ဉက္ကလာပအမတ်ဦးထွန်းငွေပြောတယ်ဆိုတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်မှာပျံ့နှံ့လျက်ရှိတာတွေ့ ရပါ တယ်။ ပါတီရန်ပုံငွေဖြင့်ထုလုပ်ထားသော ဒေါ်အောင်ဆန်းစုကြည် ဘုရားစုပန်နေပုံရုပ်တုများကို ယနေ့ထုတ်ဖော် ပြသရင်း  တောင်ဉက္ကလာပလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းငွေက Yangon Times ကို အခုလိုပြောတယ် ဆိုပြီးတော့ ရေးသားထားပါတယ်။ ပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတုရုပ်တု အချို့လည်းပါဝင်ပါတယ်။ သို့သော်လည်း မျှဝေလျက်ရှိတဲ့ပို့စ်မှာပါတဲ့ ဓာတ်ပုံတွေဟာ နာရေးကူညီမှုအသင်းဉက္ကဌဖြစ်သူ သရုပ်ဆောင် ဦးကျော်သူက ပြည်မြို့မှာ တည်ထားကိုးကွယ်ထားတဲ့ ပရဟိတစေတီတော်မှာ ထည့်သွင်းထုလုပ်ခဲ့တဲ့ ရုပ်တုတွေဖြစ်တာတွေ့ရပြီး တောင်ဉက္ကဌလာပလွှတ်တော်ကိုယ်စားလှယ်တွေထဲမှာလည်း ဦးထွန်းငွေအမည်နဲ့ လွှတ်တော်ကိုယ်စားလှယ်မရှိပါဘူး။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ အလားတူရေးသားမျှဝေထားတာတွေကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link […]

Continue Reading

Fact Check: မဲစာရင်းအမှားများ UEC နဲ့သာသက်ဆိုင်လို့ ဒေါက်တာ မျိုးညွှန် ပြောတဲ့ သတင်းတု

မဲစာရင်းအမှားများဟာ ရွေးကောက်ပွဲကော်မရှင်နှင့်သာသက်ဆိုင်တယ်လို့ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်(NLD) ပါတီက ဒေါက်တာမျိုးညွှန့်ကပြောတယ်လို့ ရေးသားထားတဲ့ ဓာတ်ပုံပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြသူတွေကြား ပျံ့နှံ့နေခဲ့တာတွေ့ရပါတယ်။   ဒေါက်တာမျိုးညွှန့်ရဲ့အင်တာဗျူးနေသည့် ဓာတ်ပုံနှင့် တကွဖော်ပြထားတဲ့ ဒီပို့စ်မှာ ဒေါက်တာမျိုးညွှန့်က မဲစာရင်း အမှားတွေထုတ်ပြန်နေလဲအပိုပဲ၊ သူတို့လုပ်ထားတာမဟုတ်ကြောင်းနဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့သာသက်ဆိုင် ပြောကြားထားပါတယ်။  သို့သော်လည်း သတင်းစာမှာရေသားဖော်ပြဟန်နဲ့ ပြောဆိုရေးသားချက်တွေဟာ အတုအပဖန်တီးခြင်းဖြစ်တာ Fact Crescendo အနေနဲ့ တွေ့ရပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာရေးသားမျှဝေမှုတွေကို ဒီနေရာ မှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီလိုမျှဝေထားတဲ့ သတင်းစာအပိုင်းအစဟာ ဘယ်သတင်းဌာနဆိုတာဖော်ပြထားခြင်းမရှိပါဘူး။ သို့သော်လည်း ဒေါက်တာမျိုးညွှန့်နဲ့ အင်တာဗျူးနေဟန်နဲ့ ဓာတ်ပုံကို ၂၀၁၈ ခုနှစ် […]

Continue Reading

Fact Check: မဲရုံမှူးဆရာ/မတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ကိုယ်စားလှယ်လောင်းတွေနဲ့ ဝန်ကြီးချုပ်တွေကို ၂၃ရက်နေ့မှာ ဖမ်းမယ်ဆိုတဲ့ သတင်းအမှား

မဲရုံမှူး၊ မဲရုံစောင့်ဆရာ၊ ဆရာမတွေ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ကိုယ်စားလှယ်လောင်းတွေနဲ့ ဝန်ကြီးချုပ် တွေကို ဇန်နဝါရီလ ၂၃ရက်နေ့မှာ သက်ဆိုင်ရာရဲစခန်းကနေ ဝရမ်းထုတ်ပြီး ဖမ်းဆီးမယ်လို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်မှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီပို့စ်အပြည့်အစုံကတော့ “ဘာထူးလဲမေးနေသူတွေအတွက်ပါ။ (၂၃-၀၁-၂၀၂၁)မှာလူဖမ်းပွဲစမယ်၊ အပြစ်ရှိသူ အားလုံးကို သက်ဆိုင်ရာရဲစခန်းတွေက ဝရန်းထုတ်ပြီးဆင့်ခေါ်လိမ့်မယ်၊ မိမိအမှားကို ဝန်ခံသူတွေအတွက် သက်သာရာရမယ် ၊ အမှားဝန်မခံသူတွေကို သူတို့ကျူးလွန်ခဲ့တဲ့အထောက်အထားတွေကို ဓါတ်ပုံ ဗီဒီယိုသက်သေ တွေနဲ့ ထုတ်ပြလိမ့်မယ်၊ အနဲဆုံးပြစ်ဒဏ် (၃)နှစ်ကနေ (၅)နှစ်အထိကျခံရနိူင်တယ်၊ ဆရာ/ဆရာမ အယောက် တသောင်းကျော်၊ မဲရုံမှူး၊ မဲရုံတာဝန်ရှိသူရပ်ကျေးအုပ်ချုပ်သူ အယောက်တသောင်းကျော်၊ ကိုယ်စာလှယ်လောင်း တရာကျော်၊ ဝန်ကြီးချုပ် (၈)ယောက်၊ အခြားကူညီပံ့ပိုးသူ နှစ်သောင်းကျော် ပါတယ်လို့သိရတယ် ၊ ဒီလောက်ပါဘဲ ၊ ဆက်လက်စုံစမ်းနေပါတယ်။”လို့ ရေးသားထားပါတယ်။ ဒီပို့စ်ကိုပဲ ဒီနေရာ ဒီနေရာနဲ့ […]

Continue Reading

Fact Check: မိုးကုတ်မှာ ပြည်တန်ပတ္တမြားတစ်လုံး ပေါ်ထွက်တယ်ဆိုတဲ့ သတင်းအမှား

မိုးကုတ်မြို့မှာ ပတ္တမြားငမောက်တလုံးတွေ့ရှိပြီး ဒါဟာလက်ရှိအစိုးရရဲ့ ဘုန်းကံကြောင့်ပေါ်ထွက်လာတာ ဖြစ်တယ်လို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီပို့စ်မှာတော့”ဒီတစ်ခါ ငမောက်ပတ္တမြား မြန်မာပြည်က ဘုရင်မ အတွက်ပဲ ”လို့ ခေါင်းစဉ်တပ်ထားပြီး “မိုးကုတ်မြေမှ နောက်ထပ်ပတ္တမြားငမောက် ထွက်ပေါ်ဘုန်းကံကြီးမားပြီး တရားစောင့်တဲ့၊ မင်းကောင်းမင်းမြတ်တွေလက်ထက်မှာ မြေအောက်ထဲက အဖိုးတန်တဲ့ကျောက်မျက်ရတနာတွေ မြေပေါ် ပေါ်ထွက်လာရတယ်လို့ ယုံကြည်စကား ရှိကြပါတယ်။ အခုလည်း မိုးကုတ်မြေကနေ အလွန်တစ်ရာမှ အဖိုးထိုက်တန်မယ့် ပတ္တမြားကြီးတစ်လုံး ထွက်ပေါ်လာခဲ့ပြန်ပါပြီ။ ကာရက် ၉၀ကျော်တဲ့ပတ္တမြားကြီးတစ်ပွင့်ကို မိုးကုတ်မှာ တူးဖော်ရရှိလို့ သက်ဆိုင်ရာဆီအပ်နှံလိုက်ပါပြီ … တဲ့။ မြန်မာ့သမိုင်းမှာ နာမည်ကျော် ပတ္တမြားငမောက်ကြီးဟာ မိုးကုတ်မြေက ထွက်ခဲ့တာပါ။ အခု…အေမစု လက်ထက်မှာ တွေ့ရှိတဲ့ ပတ္တမြားကြီးကရော နောက်ထပ်ပတ္တမြားငမောက်လို့ ပြောရလေမလား? ပတ္တမြားငမောက်အကြောင်း ဖတ်ဖူးခဲ့သလောက် ရတီ ၉၀ကျော်ပဲရှိတယ်ဆိုတော့ ၈၂ကာရက္နီးပါးပဲရှိနေပါတယ်။ အခုက […]

Continue Reading

Fact Check: တပ်မတော်သတင်းမှန်ပြန်ကြားရေးစာမျက်နှာပိတ်သိမ်းဖို့ မုံရွာအောင်ရှင်မပြောခဲ့ပါ

တပ်မတော်သတင်းမှန်ပြန်ကြားရေးစာမျက်နှာပိတ်သိမ်းဖို့  မုံရွာအောင်ရှင်က ပြောတယ်ဆိုပြီးတော့ ပြန်လည်မျှ ဝေထားတွေ့ရပါတယ်။ သတင်းစာတစ်ခုရဲ့ အပိုင်းအစလို့ယူဆရတဲ့ ဓာတ်ပုံပို့စ်ထဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ဗဟို ပြန်ကြားရေးကော်မတီဝင် မုံရွာအောင်ရှင်ရဲ့ ဓာတ်ပုံနှင့်တကွ မဲစာရင်းအမှားတွေ တင်နေတဲ့ တပ်မတော်သတင်း မှန်ပြန်ကြားရေးစာမျက်နှာကို ပိတ်သိမ်းဖို့ Facebook ကုမ္ပဏီကို ပြောပြီးလို့ ရေးသားထားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေ နားလည်မှုလွဲစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာမျှဝေ ထားတာကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အခုလို ပျံ့နှံ့ လျက်ရှိတဲ့အကြောင်းအရာနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ ဗဟို ပြန်ကြားရေးကော်မတီဝင် မုံရွာအောင်ရှင်ကို Fact Crescendo Myanmar က […]

Continue Reading

Fact Check: မဲမသမာမှုတွေ ရှင်းပြီးမှာ အစိုးရဖွဲ့သင့်လို့ ဦးဝင်းထိန် ပြောခဲ့ သလား- မဟုတ်ပါ

မဲမသမာမှုတွေ ရှင်းပြီးမှာ အစိုးရဖွဲ့သင့်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နာယက ဦးဝင်းထိန်ကပြော တယ်ဆိုတဲ့ ဓာတ်ပုံပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားပါတယ်။ မဲ မသမာမှုကိုတော့ သူ့အနေနဲ့ လက်မခံကြောင်းနဲ့ နိုင်ငံခြားသား အကြံပေးတွေပေါင်းပြီးကြံတာလို့ ကြားရ ကြောင်း၊အကုန်ထောင်ကျလိမ့်မယ့်အကြောင်း ဦးဝင်းထိန်က ပြောကြားတယ်ဆိုပြီးတော့ ဓာတ်ပုံနှင့် တကွဖော်ပြထားတာတွေ့ရပါတယ်။ သို့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြန်ကြားရေးကော်မတီဝင် ဦးကြည်တိုးက NLD နာယက ဦးဝင်းထိန်အနေနဲ့ ြသဂုတ်လနောက်ပိုင်းမှာ မည်သည့်မီဒီယာနဲ့မှာ ပြောဆိုခဲ့ခြင်းမရှိကြောင်း ပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ […]

Continue Reading

Fact Check: သံဖြူဇရပ် မိန်ဗလာတောင်က ရတနာသိုက်က ရှာဖွေတွေ့ရှိတဲ့ ရတနာတွေလား- မဟုတ်ပါ

သံဖြူဇရပ်မြို့နယ် မိန်ဗလာတောင်က ဂျပန်ရတနာသိုက်တွေ့ရှိတယ်လို့ ရေးသားထားတဲ့ ပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေထားတွေ့ရပါတယ်။ သံဖြူဇရပ် မိန်ဗလာတောင်မှာ တွေ့ရတဲ့ ရတနာသိုက်က ရွှေချောင်းတွေ အဖြစ်ဓာတ်ပုံ ၆ ပုံနှင့်အတူ လှိုင်ခေါင်းထဲ ဝင်ရောက်နေပုံနဲ့ ကုမ္ပဏီတစ်ခုက ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်ပုံတွေပါဝင်ပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံတွေဟာ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ တူရကီနဲ့ ဖိလစ်ပိုင်နိုင်ငံက သတင်းတွေမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး မျှဝေထားတာတွေ့ရပြီး သံဖြူဇရပ်မှာ အခုလိုရွှေချောင်းတွေ တွေ့ရ တယ်ဆိုတာ မဟုတ်ဘူးလို့ သံဖြူဇရပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က Fact Crescendo Myanmar ကိုအတည်ပြုပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “သံဖြူဇရပ် […]

Continue Reading

Fact Check: NLDက သမ္မတအဖြစ်တင်မြှောက်မဲ့ ဒေါက်တာတင်မျိုးဝင်းဟာ မွတ်ဆလင်ဘာသာဝင် ဖြစ်တယ်ဆိုတဲ့ သတင်းအမှား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီက သမ္မတအသစ်အဖြစ်တင်မြှောက်မဲ့ ဒေါက်တာတင်မျိုးဝင်းဟာ မွတ်ဆလင်ဘာသာဝင်တစ်ယောက်ဖြစ်ပြီး မွတ်ဆလင်ဆေးရုံအုပ်ကြီးလည်းဖြစ်တယ်ဆိုတဲ့ ပို့စ်ဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားနေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ Screenshotရိုက်ထားတဲ့ ပုံအတွင်းမှာ “သမ္မတအဖြစ် လျာထားခံရတဲ့ ဒေါက်တာတင်မျိူးဝင်း၊ ဆေးတက္ကသိုလ် ၁ ကနေဘွဲ့ရရှိပြီး အသက် ၇၀ ဖြစ်ပါတယ်။ မွတ်စလင်ဆေးရုံးရဲ့ ဆေးရုံအုပ်ဖြစ်ပါတယ်”လို့ ရေးသားထားတဲ့ စာပြီး ဒီScreenshotရဲ့ အညွှန်းကိုတော့ “ထိုင်းနိုင်ငံကာချုပ်နေရာထိ မွတ်တေ ထိုးဖေါက်နေရာယူခဲ့တယ်၊ ထိုင်းဗုဒ္ဓဘုရင်ကို နန်းချမယ်အော်ဟစ်ခါ၊ မွတ်ဘာသာဝင်ကူးပြောင်းဖို့ အစီစဉ်ဆွဲခဲ့တယ်၊ ခုတော့ ထိုင်းနိုင်ငံခမျာ ဘုရင်ကမွတ်၊ ကာချုပ်ကမွတ် လာမဲ့မျိုးဆက်သစ် မွတ်ဘုရင်အကူးပြောင်းမှာ တူရဂီက အာတိုဂန်လို အခြားဘာသာဝင်များ မွတ်ဘာသာကူးပြောင်းရန်အမိန့်ထုတ်၊ မကူးလျှင် 1962အင်ဒိုနီးရှားလို နနံနက်6နာရီ ကြေကွဲစရာအဖြစ်မျိုး ကြုံလာရမှာဧကန်ပါ၊ အရှေ့တောင်အာရှမှာ မြင်နေရတဲ့သာဓတေရှိပါလျှက်၊ မြန်မာတေဇွတ်မိုက်ကြမယ်၊ ထိမ်းသိမ်းကြရမဲ့သူတေလဲ တာဝန်မကြေဘူးဆိုရင် လာမဲ့မြန်မာ့အနာဂ […]

Continue Reading

Fact Check: အစိုးရမဖွဲ့ဖို့ လွှတ်တော်မခေါ်ဖို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးအမိန့်ပေးတယ်လို့ သတင်းတုသတင်းမှားဖြန့်

အစိုးရမဖွဲ့ဖို့၊လွှတ်တော်မခေါ်ဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က အမိန့်ထုတ်တယ်ဆိုပြီး လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေမှာ “တပ်မတော်မှ နောက်ဆုံးအကြိမ် သတိပေးမိန့်ထုတ်ပြန်ခြင်း”လို့ ခေါင်းစဉ်တပ် ရေးသားထားပြီး ကာကွယ်ရေးဦးစီးချူပ်ရုံး (ကြည်း)က အမိန့်အမှတ် ၅/၂၀၂၁ နဲ့ စာထုတ်လိုက်ပြီး အစိုးရဖွဲ့ ခွင့်မပြုကြောင်းနဲ့ လွှတ်တော်ခေါ်တာခွင့်မပြုကြောင်းရေးသားထားပါတယ်။  ဒီလိုရေးသားမျှဝေနေတာဟာ အတုဖြစ်ကြောင်းနဲ့ တပ်မတော်အနေနဲ့ ထုတ်ပြန်ထားခြင်းမရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဉက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုထားတာတွေ့ရပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှာစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ “တပ်မတော်မှ နောက်ဆုံးအကြိမ် သတိပေးမိန့်ထုတ်ပြန်ခြင်း ———————————————————— ၁၅ . ၁ . ၂၀၂၁  ကာကွယ်ရေးဦးစီချုပ်ရုံး (ကြည်း) 10 း 00 AM  အကြောင်းအရာ ။      ။ ၂၀၂၀ […]

Continue Reading