Fact Check: မဲလာပေးသူ ၂သန်းကျော်ပိုနေတယ်ဆိုတဲ့ သတင်းအမှား

ပြီးခဲ့တဲ့နိုဝင်ဘာ ၈ရက်နေ့က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ မဲပေးသူ ၂သန်းကျော်လောက်ပိုနေပြီး NLDပါတီနဲ့ ပြညထောင်စုရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်းမဲလိမ်တယ်ဆိုတဲ့ ရေးသားနေတာတွေဟာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့နေတာတွေံရပါတယ်။ ဒီပို့စ်မှာ “UECလူပေါင်းမှားသွားပြီ ပုံစံ (၁၉)ဖြင့် လူ ၂သန်းကျော်ထိ NLDပါတီနှင့် UECလက်ဝါးရိုက် တရားမဝင် မဲလိမ်မှုပေါ်ပေါက် မဲပေးခွင့်ရှိသူ ၃၇-သန်း၊ မဲပေးခဲ့တဲ့ အရေအတွက်က ၃၉သန်းကျော်နေ၊ UECမရှင်းနိုင်လျှင် တစ်ဖွဲ့လုံးအင်းစိန်ရောက်မည်”လို့ ရေးသားနေတာတွေ့ရပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။ မူရင်းလင့်ခ် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ယခုရွေးကောက်ပွဲမှာ မဲပေးသူ လူဦးရေ ဘယ်လောက်ပမာဏရှိတယ်ဆိုတာကို ရွေးကောက်ပွဲကော်မရှင်က ရေတွက်ဆဲသာရှိသေးကြောင်းကို နိုဝင်ဘာ ၁၁ရက်နေ့က ပြုလုပ်တဲ့ကော်မရှင်သတင်းစာရှင်းပွဲမှာ ရှင်းပြသွားပါတယ်။အောက်ပါ့ဗွီဒီယိုဖိုင်ရဲ့ ၁နာရီ ၁၀ မိနစ် မှာပြောဆိုထားတာကို လေ့လာနိုင်ပါတယ်။ မဲပေးခွင်ရှိသူ ၃၇သန်း ၂သိန်းရှိတဲ့အကြောင်းကို ၁နာရီ […]

Continue Reading

Fact Check: မုဒုံမြို့နယ်မှာ မဲခိုးတာမိလို့ အနိုင်ရ ၅ နေရာပယ်ဖျက်လို့ သတင်းမှားဖြန့်

မုဒုံမြို့နယ်မှာ NLD ပါတီဟာ အနိုင်ရခဲ့ပေမဲ့ မဲခိုးခဲ့တာပေါ်ပေါက်တဲ့အတွက် အနိုင်ရ ၅ နေရာစလုံးကို ပယ်ဖျက်လိုက်တယ်ဆိုပြီး လူမှုကွန်ယက်မှာ မျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်အများစုမှာ “မွန်ပြည်နယ် မုဒုံမြို့နယ်တွင် NLD ပါတီနဲ့ ကော်မရှင်ပေါင်း၍ မဲခိုးမှု ၄၀၀၀၀ ကျော်တွေ့ရှိ၍ NLD အနိုင်ရမှု ၅ နေရာပယ်ဖျက်လိုက်ပါတယ်”လို့ရေးသားပြီးMyanmar American News ဆိုတဲ့စာမျက်နှာကနေတင်ခဲ့တဲ့ပို့စ်ကို ပြန်လည်မျှဝေနေကြတာဖြစ်ပါတယ်။ ဒီပို့စ်ကို နိုဝင်ဘာ ၁၀ ရက်က စတင်ပျံ့နှံ့ခဲ့တာဖြစ်ပြီး Myanmar American News စာမျက်နှာဟာ လက်ရှိအချိန်မှာတော့ ဖေ့စ်ဘွတ်မှာမတွေ့ရ တော့ပါဘူး။ အခုလို ပျံ့နှံ့လျက်ရှိတဲ့ပို့စ်ပါသတင်းမျိုး တရားဝင်သတင်းဌာနတွေမှာဖော်ပြချက်တစ်စုံတစ်ရာမတွေ့ရပါဘူး။ မုဒုံမှာ နေရာအများစု အနိုင်ရခဲ့တဲ့ မွန်ညီညွတ်ရေးပါတီ(MUP)က ဒီဖြစ်စဉ်မျိုးမရှိခဲ့ပဲ ဒီသတင်းဟာ အခြေအမြစ် မရှိဘူးလို့ Fact Crescendo Myanmar […]

Continue Reading

Fact Check: နိုင်ငံတော်အရေးပေါ် ရွေးကောက်ပွဲရလဒ် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့တယ်လို့ သတင်းမှားသတင်းတုဖြန့်

UEC ၏ ရွေးကောက်ပွဲမှာ အာဏာရ NLD အစိုးရကို အနိုင်ရစေရန် ရည်ရွက်ချက်ဖြင့် လုပ်ဆောင်ခဲ့တဲ့ နိုင်ငံတော်အရေးပေါ် ရွေးကောက်ပွဲရလဒ် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းလိုက်တယ်ဆိုပြီးတော့ မျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်အများစုမှာ “ရွေးကောက်ပွဲ နောက်ဆက်တွဲ အရေးပေါ်သတင်းထူး”လို့ ရေးသားပြီး UEC ဟာ လက်ရှိ NLD အစိုးရအား အနိုင်ရှိစေရန် ရည်ရွက်ချက်ဖြင့် လုပ်ဆောင်ခဲ့အတွက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ တပ်မတော်(စရဖ)၊ CID ၊ တပ်မတော် သတင်းထောက် အရပ်ဘက်သတင်းထောက် နဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများစုဖွဲ့ထားသော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းလိုက်တယ်လို့ ဖော်ပြထားပြီး “ပုံ /နိုင်ငံတော်အရေးပေါ် ရွေးကောက်ပွဲရလဒ် စုံစမ်းစစ်ဆေးရေးကော်မရှင်”လို့ ရေးသားထားပါတယ်။ အခုလို ပျံ့နှံ့လျက်ရှိတဲ့ပို့စ်နဲ့ပတ်သက်ပြီး သတင်းဌာနတွေဖော်ပြချက်တစ်စုံတစ်ရာမတွေ့ရပါဘူး။ နိုင်ငံတော် သမ္မတရုံး၊ရွေးကောက်ပွဲကော်မရှင်စတဲ့ အဖွဲ့အစည်းတွေမှာလည်း တရားဝင်သတင်းထုတ်ပြန်ချက် မတွေ့ရှိရပါဘူး။ ဒီလိုအဖွဲ့ဖွဲ့တယ်ဆိုတာ […]

Continue Reading

Fact Check: DVB ဆွေးနွေးခန်းတစ်ခုမှာ ဒေါက်တာ အင်ဒရူးငွန်ကျုံးလျန် ပြောကြား ချက်ကို ပုံမှားရိုက်ပြီး သတင်းတုဖြန့်

ဖွဲ့စည်းပုံပြင်ရင် နိုင်ငံခြားက မြန်မာနိုင်ငံကို ဝင်သိမ်းပိုက်ပြီး အမျိုးဘာသာပျောက်မယ်လို့ ဆိုလိုရင်းနဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။ တူညီတဲ့ပြောဆိုချက်တွေနဲ့ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ  DVB ဆွေးနွေးခန်းတစ်ခုမှာ ဒေါက်တာ အင်ဒရူးငွန်ကျုံးလျန်က ဒီလိုပြောကြားခဲ့တယ်ဆိုပြီးတော့ မျှဝေနေတာဖြစ်ပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ“ဘယ်ပုဒ်မကိုပြင်မှာလဲဆိုတော့ ပုဒ်မ ၆(စ) တဲ့ လွှတ်တော်က ၂၅% ထွက်သွားပါတဲ့။ ၂၅% ထွက်ရင် ပုဒ်မ ၄၂(ခ) ပြင်ဘို့ အဆင်ပြေသွားမှာပေါ့ ၄၂(ခ) ပြင်လိုက်ရင် ကိုကိုးကျွန်းကြီးပေါ်မှာ USA တပ်တွေရောက်လာမှာပေါ့ ၂၅% ထွက်သွားရင် ပုဒ်မ ၅၂ ကိုဖျက်လိုက် မှာပေါ့ ဒါဆိုရင် ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာနယ်မြေ သတ်မှတ်ဘို့ လွယ်သွားမှာပေါ့ ၂၅% ထွက်သွားရင် ပုဒ်မ ၅၉(စ) ပြင်ဘို့ အဆင်ပြေသွားမှာပေါ့ ၅၉(စ) […]

Continue Reading

Fact Check: လက်ရှိပါတီအလိုက် လူကြိုက်များမှုမှာ USDP ကထိပ်ဆုံးလို့ ခန့်မှန်းတယ်ဆိုပြီး သတင်းမှားဖြန့်

USDP က လူကြိုက်များမှု ၃၅ ဒသမ ၇နဲ့ လူကြိုက်အများဆုံးဆိုပြီးတော့ DVB သတင်းတစ်ခုမှာဖော်ပြ တယ်ဆိုပြီး လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်အများစုမှာ  USDP က လူကြိုက်များမှု ၃၅ ဒသမ ၇နဲ့ထိပ်ဆုံး၊ NLD က ၃၀ ဒသမ ၁ ၊ PPP  က ၁၁ ဒသမ ၅ နဲ့ Other Party က ၂၂ ဒသမ ၇ စသည်ဖြင့်ရေးသားထားပြီး  DVB သတင်းဌာနကက ကြေညာခဲ့ တယ်လို့ယူဆရတဲ့ ဓာတ်ပုံတစ်ခုနဲ့အတူ အောက်တိုဘာ ၇ ရက်ညပိုင်းမှာ လူမှုကွန်ယက်မှာ စတင်ဖြန့်ဝေခဲ့တာ တွေ့ရပါတယ်။ အဆိုပါဓာတ်ပုံနှင့်အတူ ဒီရလာဒ်တွေက ခန့်မှန်းဆိုသော်လည်း ရမ်းပြီးခန့်မှန်းနေတာ မဟုတ်လောက်ဘူး […]

Continue Reading

Fact Check: နိုင်ဂျီရီးယားက စစ်ကားတွေကို မြန်မာနိုင်ငံက အဖြစ်အပျက် သဖွယ်မျှဝေနေ

မြို့ပြတစ်ခုရဲ့ လက်မထက်မှာ ပြောက်ကြားစိမ်းရောင်စစ်ကားတွေနဲ့ ဓာတ်ပုံတွေကို စက်နိုးစက်ကိရိယာတွေ ပုံမှန်အလုပ် လုပ်မလုပ်စမ်းသပ်တယ်လို့ ရေးသားပြီး လူမှုကွန်ယက်မှာ ဖြန့်ဝေလျက်ရှိတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်အများစုမှာ “အအေးပါတ် နေသော စက် များအား ပုံမှန် စက်နိုး စက်ကရိယာ များ ပုံမှန် အလုပ် လုပ်စေခြင်းငှါစမ်းသပ် ခြင်းဖြစ်ပါသည် ပြည်သူများ အထိတ်တလှန့်မဖြစ် ကြပါရန် ကြားမှ ဆားသည်ကြီး မှ နိူးဆော်အပ်ပါသည်ခင်ဗျ”(မူရင်းရေးသားချက်အတိုင်း)လို့ရေးသားမျှဝေနေကြတာဖြစ်ပါတယ်။ဒီလိုပျံ့နှံ့လျက်ရှိတဲ့ပို့စ်အောက်က မှတ်ချက်တွေကို လေ့လာကြည့်ရာမှာ  လူမှုကွန်ယက်အသုံးပြုသူ အချို့က အခြားနိုင်ငံတစ်ခုခုက နားလည်ကြပေမဲ့ ဘယ်မှာလဲ၊ ဘယ်နေ့ကလည်း စသည်ဖြင့်မေးမြန်းနေကြတာတွေ့ရပါတယ်။ အခုလို ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံတွေဟာ အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ နိုင်ဂျီရီးယားနိုင်ငံ အွန်ဒို(Ondo)ပြည်နယ် မှာ မြို့တော်ဝန်ရွေးကောက်ပွဲအကြို အင်အားပြလှည့်လည်မှုဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး […]

Continue Reading

Fact Check; ဇီးကုန်းက ကြိုတင်မဲရလာဒ်ဆိုတဲ့ သတင်းအမှား

လာမဲ့နိုဝင်ဘာ ၈ရက်နေ့မှာကျင်းပမဲ့ ၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲကောက်ခံတာတွေကို ပြီးခဲ့တဲ့ရက်ပိုင်းကစတင်ပြီးနောက်မှာတော့ ပဲခူးတိုင်း၊ ဇီးကုန်းမြိုနယ်မဲဆန္ဒနယ်မှာ ပြည်ခိုင်ဖြိုးက အပြတ်အသတ်နိုင်တယ်ဆိုတဲ့ မဲရလာဒ်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “ဇီးကုန်း (ကြိုတင်မဲ)၊ ပြည်ခိုင်ဖြိုး= ၄၀%၊ NLD=10%၊ အပြတ်အသတ်”ဆိုပြီးရေးသားထားတာ တွေ့ရပါတယ်။ဒါပေမဲ့ ဒီလိုရေးသားမျှဝေနေတာတွေဟာ မှားယွင်းတဲ့ရေးသားချက်တွေသာဖြစ်ပြီး ကြိုတင်မဲရလာဒ်ကို ရွေးကောက်ပွဲရက်မတိုင်မီ ထုတ်ပြန်ကြေငြာလေ့မရှိတာကို Fact Crescendo Myanmarက တွေ့ရှိရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီပို့စ်နဲ့ပတ်သက်ပြီး သာယာဝတီခရိုင်ကော်မရှင်အဖွဲ့ခွဲဥက္ကဌဦးရဲမြင့်ကို Fact Crescendo Myanmarက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာတော့ “ကြိုတင်မဲတွေက ရွေးကောက်ပွဲရက်မတိုင်ခင် ဘယ်သူကမှ ဖွင့်ဖောက်ရေတွက်တာတွေ လုပ်လို့မရဘူး၊ အခုက ချိတ်ပိတ်ထားပြီး တကယ်ရွေးကောက်ပွဲရက်ရောက်မှ အကုန်ထုတ်ရေရတာပါ၊ ရွေးကောက်ရက်မတိုင်ခင် ကြိုတင်မဲရလာဒ် ဘယ်သူ ဘယ်လောက်ရတယ်ဆိုတာတွေက သတင်းအတုတွေပဲဖြစ်ပါတယ်။”လို့ ဦးရဲမြင့်က […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ရေးသားတဲ့ ယုတ်ရင့် ကြမ်းတမ်းတဲ့စကားလုံးအတွက်တရားစွဲမယ်လို့ ရှေ့နေက ကြေညာဆိုတဲ့ သတင်းတု သတင်းမှားဖြန့်ဝေ

“အမျိုးဖျက်မ၊ ဖာသည်မ”လို့ Facebook မှာဖြစ်စေ အပြင်မှာဖြစ်စေ သုံးရင်တရားစွဲမယ်လို့ ရှေ့နေက ကြေညာ တယ်ဆိုတဲ့ ဓာတ်ပုံပို့စ်တစ်ခုကို လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ဓာတ်ပုံပို့စ်ဟာ သတင်းစာဖြတ်ပိုင်းတစ်ခုမှာ ကြေညာဟန်နဲ့ မျှဝေထားခြင်းဖြစ်ပြီး “အမျိုးဖျက်မ၊ ဖာသည်မ”စတဲ့ ယုတ်ရင့် ကြမ်းတမ်းတဲ့စကားလုံးအသုံးနှုန်းလည်းပါဝင်ပါတယ်။ ဒီစကားလုံးတွေကို ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းထားဖြစ်တဲ့အတွက် ရှေ့နေက သတိပေးတယ်ဆိုပြီးတော့ ရေးသား မျှဝေနေတာဖြစ်ပါတယ်။ သို့သော်လည်း မျှဝေထားတဲ့ဓာတ်ပုံဟာ ဒီဂျစ်တယ်နည်းလမ်းတဲ့ ပြုပြင်ထားတဲ့ ဓာတ်ပုံတစ်ခုဖြစ်တာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ဒီကြေညာမှာပါတဲ့ ရှေ့နေကလည်း ဒီလိုရေးသားဖြန့်ဝေမှုနဲ့ ပတ်သက်ပြီး ရဲစခန်းကို တိုင်ကြားထားတယ်လို့ ပြောဆိုထားပါတယ်။ “ဗုဒ္ဓဘာသာကို စော်ကားတာ သာသနာကို နှိမ့်ချနေတာ မြင်တွေ့နေကြပြီပေါ့ ရှေနေကြီးရယ် ခင်ဗျာတို့ရဲ့ ဥပဒေမှာ ဗုဒ္ဓဘာသာကို စော်ကားရင် ကင်းလွှတ်ခွင့်များ ပြုထားကြပါသလား.” […]

Continue Reading

Fact Check: မကွေး ပေါက်မြို့နယ် ကျွန်းရင်းရွာက မဲမသမာမှုလုပ်သူ အဖြစ်မျှဝေနေတဲ့ သတင်းမှား

မကွေးတိုင်းဒေသကြီးပေါက်မြို့နယ် ကျွန်းရင်းရွာမှာ မဲမသမာမှုလုပ်သူအဖြစ် အမျိုးသမီးတစ်ဦး ဓာတ်ပုံနှင့်တကွ လူမှုကွန်ယက်မှာ ဖြန့်ဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ ပေါက်မြို့နယ် ကျွန်းရင်းရွာမှာ မဲမသမာမှုလုပ်သူဟာ  မဲရုံစောင့်သူ ဒေါ်ဇင်မာသက် ဆိုသူ အမျိုးသမီးဖြစ်တယ်ဆိုပြီးတော့ မျှဝေနေကြတာဖြစ်ပါတယ်။ ဒီလိုမျှဝေနေတဲ့ အချက်အလက်တွေဟာ မှားယွင်းပြီးပြီး မဲမသမာမှုသံသယဖြစ်စဉ်နဲ့ ဓာတ်ပုံမှာပါတဲ့ အမျိုးသမီး ဟာ သက်ဆိုင်ခြင်းမရှိတာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ “ပေါက်မြို့နယ် ကျွန်းရင်း ကျေးရွာမှ အဖိုးအဖွားများ၏ NLD ကြိုတင်မဲကို USDP (ကြံ့ဖွံ့)မဲအဖြစ်ခိုးပေးရန် သိန်း၃၀၀ ကျပ်နှင့် ခိုင်းစေသဖြင်ခိုးခဲ့သော ဒေါ်ဇင်မာသက် တိမ်းရှောင်ထွက်ပြေး”လို့ ရေးသားပြီး “Pesai Metgum Metgumအ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတာတွေ့ရပါတယ်။ အလားသဏ္ဌာန်တူ ရေးသားပြောဆိုချက်တွေကိုလူမှုကွန်ယက်နဲ့ ဝက်ဘ်ဆိုဒ်စာမျက်နှာတွေဖြစ်တဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb […]

Continue Reading

Fact Check: မဲဆွယ်ပွဲမှာ သေဆုံးခဲ့ရသူ ကာဘိုးကျေးရွာသားမှာ ကလေးဖြစ်တယ်ဆိုတဲ့ အချက်လက်အမှား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကာဘိုကျေးရွာမဲဆွယ်ပွဲမှာ ကြံ့ခိုင်ရေးပါတီနဲ့ NLDပါတီဝန်းရံသူအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာမှ သေဆုံးခဲ့ရသူမှာ ကလေးဖြစ်တယ်ဆိုတဲ့ ပို့စ်တစ်ခုက လူမှုကွန်ယက်မှာ ပျံ့နှံ့နေတာကိုတွေ့ရပါတယ်။  BURMESEDAILYONLINE.ORGဆိုတဲ့ ဝဘ်ဆိုဒ်မှာ “ကာဘိုးကျေးရွာတွင် USDPဝန်းရံသူများ ရိုက်နှက်တာခံရတဲ့ ကလေးငယ်လေးသေဆုံးသွားပါပြီ”ဆိုတဲ့ ခေါင်းစဉ်နဲ့ရေးသားထားတဲ့သတင်းကို ဖေ့စ်ဘွတ်အကောက်တွေကနေ “အမျိုး၊ဘာသာ၊သာသနာ အော်ပြီး အပြစ်မဲ့ကလေးကို ရိုက်နှက်ခဲ့တာ။ အခုတော့ သေသွားရှာပြီ။ ခံပြင်းလိုက်တာကွာ။ ကာဘိုးကျေးရွာတွင် USDP ပါတီဝန်းရံသူများ ရိုက်နှက်တာ ခံရတဲ့ ကလေးငယ်လေး သေဆုံးသွားပါပြီ”အညွှန်းတက်ပြီး ဖေ့စ်ဘွတ်ခ်ဂရုတွေဆီ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ဒီပို့စ်ကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ မူရင်းလင့်ခ် –  FB Link |  Archive Link အချက်အလက်စိစစ်ချက် ဒီပို့စ်မှာပါဝင်တဲ့ သေဆုံးသူက ကလေးဖြစ်တယ်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး ပြည်တွင်မီဒီယာတွေက ဖော်ပြထားတဲ့ သတင်းတွေကိုကြည်မယ်ဆိုရင် သေဆုံးသူမှာ ကလေးမဟုတ်ပဲ […]

Continue Reading