
USDP က လူကြိုက်များမှု ၃၅ ဒသမ ၇နဲ့ လူကြိုက်အများဆုံးဆိုပြီးတော့ DVB သတင်းတစ်ခုမှာဖော်ပြ တယ်ဆိုပြီး လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။
ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်အများစုမှာ USDP က လူကြိုက်များမှု ၃၅ ဒသမ ၇နဲ့ထိပ်ဆုံး၊ NLD က ၃၀ ဒသမ ၁ ၊ PPP က ၁၁ ဒသမ ၅ နဲ့ Other Party က ၂၂ ဒသမ ၇ စသည်ဖြင့်ရေးသားထားပြီး DVB သတင်းဌာနကက ကြေညာခဲ့ တယ်လို့ယူဆရတဲ့ ဓာတ်ပုံတစ်ခုနဲ့အတူ အောက်တိုဘာ ၇ ရက်ညပိုင်းမှာ လူမှုကွန်ယက်မှာ စတင်ဖြန့်ဝေခဲ့တာ တွေ့ရပါတယ်။
အဆိုပါဓာတ်ပုံနှင့်အတူ ဒီရလာဒ်တွေက ခန့်မှန်းဆိုသော်လည်း ရမ်းပြီးခန့်မှန်းနေတာ မဟုတ်လောက်ဘူး လို့လည်း လို့ရေးသားပြီးမျှဝေနေကြတာဖြစ်ပါတယ်။ အလားတူ ရေးသားမျှဝေချက်တွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အခုလို ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံပို့စ်ဓာတ်ပုံထဲမှာပါသလို DVB သတင်းဌာနက တင်ဆက်ခဲ့တာမျိုး မရှိတာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။
အချက်အလက်စိစစ်ချက်
ဒီလိုမျှဝေနေတာဟာ သတင်းမှားဖြစ်တယ်လို့ DVB သတင်းဌာရဲ့ အချက်အလက်စိစစ်ရေးအစီအစဉ်က ပြန်လည် ဖော်ပြထားတာတွေ့ရပါတယ်။
“ဒီပုံဟာ DVB ရုပ်သံသတင်းဌာနက COVID-19 နေ့စဉ်သတင်းတွေက သတင်းကြေညာမှုပုံကို ယူပြီး ပါတီနာ မည်တွေနဲ့ UEC တံဆိပ်တွေကို photoshop နဲ့ ပြုပြင်ထားတဲ့ပုံမှားဖြစ်ပါတယ်။
ဒီပုံစထွက်တဲ့ ရွေးကောက်ပွဲနေ့ မနက် ၁၁ နာရီအထိက မဲတွေ ပေးနေတုန်းဖြစ်ပြီး မဲရုံတွေ ပိတ်တဲ့ ညနေ ၄နာရီနောက်ပိုင်းမှ မဲတွေစတင်ရေတွက်ရမှာ ဖြစ်ပါတယ်။ ပါတီထောက်ခံသူတွေအနေနဲ့ ပုံတင်တာဖြစ်ပေမယ့် ရွေးကောက်ပွဲ အချက်အလက်အမှားကို UEC အမှတ်တံဆိပ်သုံးပြီး အွန်လိုင်းမှာ သတင်းမှားဖြန့်ဝေမှုဟာ ရွေးကောက်ပွဲ ဥပဒေနဲ့လည်း ငြိစွန်းနိုင်ပါတယ်။
DVB သတင်းဌာနအနေနဲ့လည်း ပုံအမှားမှာ ပါဝင်တဲ့ ရာခိုင်နှုန်းအလိုက်ခန့်မှန်းတဲ့ သတင်းမျိုး နိုဝင်ဘာ ၈ ရက် နေ့လည် ၁၂ နာရီအထိ တင်ဆက်ခဲ့ခြင်း မရှိပါဘူး။ ဒါကြောင့် ဒီပုံဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။
လူမှုကွန်ရက် အသုံးပြုသူတွေအနေနဲ့ ရွေးကောက်ပွဲကာလမှာ တွေ့သမျှ သတင်း ၊ ဓာတ်ပုံတွေကို အလွယ်တကူမယုံပါနဲ့ သေချာစစ်ဆေးကြဖို့ တိုက်တွန်းလိုက်ပါတယ်”လို့ ရေးသားပြီး DVB သတင်းဌာနက ရေးသားဖော်ပြပါတယ်။
မူရင်းလင်ခ့် – DVB | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ DVB သတင်းဌာနကဖော်ပြခဲ့တဲ့ လက်ရှိပါတီအလိုက်လူကြိုက်များမှုအခြေ အနေဆိုတာဟာ သတင်းတုသတင်းမှားဖြစ်ပါတယ်။

Title:လက်ရှိပါတီအလိုက် လူကြိုက်များမှုမှာ USDP ကထိပ်ဆုံးလို့ ခန့်မှန်းတယ်ဆိုပြီး သတင်းမှားဖြန့်
Fact Check By: Nayar MaungResult: False