Fact Check: ပြင်သစ် သမ္မတနန်းတော်ရှေ့မှာ တမန်တော်ကိုစော်ကားလို့ ဆန္ဒ ပြနေကြတာလား- မဟုတ်ပါ

ပြင်သစ်မှာ တမန်တော်ကိုစော်ကားလို့ ဆန္ဒပြနေကြတယ်လို့ရေးသားပြီး ဗွီဒီယိုတစ်ခုကို လူမှုကွန်ယက်မှာ မျှဝေနေလျက်ရှိတာ တွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ ပြင်သစ် သမ္မတ နန်းတော်ရှေ့မှာ တမန်တော်ကိုစော်ကားလို့ ဆန္ဒပြနေကြတယ်လို့ ရေးသား မျှဝေနေတာဖြစ်ပါတယ်။  ဒီလိုမျှဝေနေတဲ့ အချက်အလက်တွေဟာ မှားယွင်းပြီးပြီး ဒီဗွီဒီယိုဟာ ဂျာမနီနိုင်ငံ ဟန်းဘတ်မြို့မှာ တရုတ်နိုင်ငံက ယူဂါမွတ်ဆလင်တွေကို ဖိနှိပ်မှုကို ကန့်ကွက်ဆန္ဒပြကြတုန်းက ဗွီဒီယိုဖြစ်တာ Fact Crescendo Myanmar ကတွေ့ရှိပါတယ်။ ပြင်သစ်သမ္မတနန်းတော်ရှေ့မှာ ဒီလို မွတ်ဆလင်တွေ ဆန္ဒပြတယ်ဆိုတဲ့ အထောက်အထားမျိုး မတွေ့ရှိတာလည်းတွေ့ရပါတယ်။ “ပြင်သစ် သမ္မတ ရဲ့နန်းဆောင် ရှေ့မှာ တမန်တော် ကိုစော်ကားလို့ ဆန္ဒ ပြနေကြတဲ့ အီမာန့်ရှင်များ” လို့ရေးသား ပြီး “Ei Lae Aung”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောင်ပါအတိုင်းမျှဝေထားပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check; ရခိုင်ပြည်နယ်က ဘုရားပေါင်းကျေးရွာဘုန်းကြီကျောင်းအတွင်းမှာ AAတပ်သားတွေဖမ်းမိတယ်ဆိုတဲ့ သတင်းအမှား

ရခိုင်ပြည်နယ်အတွင်းကျောက်တော်မြို့နယ်အတွင််းက ဘုရားပေါင်ကျေးရွာရှိဘုန်းကြီးကျောင်းအတွင်းမှာ အခုလအောက်တိုဘာ ၂၄ရက်နေ့က AAတပ်ဖွဲဝင်တွေနဲ့အတူ လက်နက်တွေပါဖမ်းမိတယ်ဆိုတဲ့ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်ခ်စာမျက်နှာပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “AAအကြမ်းဖက်များနှင့်လက်နက်ခဲယမ်းများဖမ်းမိ”ဆိုတဲ့ခေါင်းစဉ်နဲ့ နေ့စွဲကိုတော့ “24-10-2020”လို့ ရေးသားထားပြီး “အခု မိတာပါ၊ ရခိုင်ပြည်နယ် ဘုရားပေါင်း ရွာဘုန်းကြီး ကျောင်းမှာ လူရော့ လက်နက်ပါ မိတာပါ။သတင်း အပြည့်အစုံကို ပြန်လည်တင်ပြပေးမည်။”(မူရင်းရေးသားတဲ့အတိုင်း)လို့ ရေးသားမျှဝေနေတာ တွေ့ရပါတယ်။ ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ မူရင်းလင့်ခ် –  FB Link |  Archive Link အချက်အလက်စိစစ်ချက် ဒီပို့စ်နဲ့ပတ်သက်ပြီး ဘုရားပေါင်းကျေးရွာမှာ ရက္ခိုင့်တပ်တော်AAတပ်ဖွဲ့ဝင်ဖမ်းမိတယ်ဆိုတဲ့ သတင်းမျိုး တပ်မတော်သတင်းမှန်ပြန်ကြားရေးရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားတာမတွေ့ရသလို တပ်မတော်သတင်းမှန်ပြန်ကားရေးက အောက်တိုဘာ ၂၄ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲပေမဲ့ ဒီအကြောင်းထည့်သွင်းပြောကြားသွားတာကိုလည်း မတွေ့ရပါဘူး။အလားတူပဲ ပြည်တွင်းမီဒီယာတွေမှာလည်း အဲ့ဒီလိုသတင်းမျိုးရေးသားဖော်ပြထားတာမတွေ့ရပါဘူး။ ဒီပို့စ်မှာသုံးထားတဲ့ AAတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့လက်နက်တွေအဖြစ် ပုံဖော်အသုံးပြုထားတဲ့ပုံတွေကို […]

Continue Reading

Fact Check: NLD ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲမဲအောင်နိုင်ရေး အစည်းအဝေး ဆုံးဖြတ်ချက် ၆ ချက်ဆိုတဲ့သတင်းတုသတင်းမှား

NLD ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲမဲအောင်နိုင်ရေး အစည်းအဝေး ဆုံးဖြတ်ချက်ဆိုပြီး ဓာတ်ပုံပို့စ်တစ်ခုကို လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ဓာတ်ပုံပို့စ်မှာ NLD ပါတီ ၂၀၂၀ ရွေးကောက်ပွဲမဲအောင်နိုင်ရေး အစည်းအဝေး ဆုံးဖြတ်ချက်လို့ ရေးသား ထားပြီး ရွေးကောက်ပွဲကော်မရှင်ဟာ မိမိမိတ်ဖက်လို့ အသိပေးထားပြီး အနိုင်မရနိုင်သော မဲရုံများတွင် ဆူပူဆန္ဒပြခြင်း၊ ရန်ပွဲဖန်တီးခြင်း၊ ကိုဗစ်ရောဂါအဖြစ် ဟန်ဆောင်မူးလဲရန်နဲ့ နောက်ဆုံးအနိုင်မရပါ ဆူပူအုံကြွမှုလုပ်ရန်စတဲ့ အချက် ၆ ချက်ညွှန်ကြားထားတယ်ဆိုပြီးတော့  မျှဝေထားတာဖြစ်ပါတယ်။ သို့သော်လည်း မျှဝေထားတဲ့ပုံဟာ စာစီရိုက်ထားတဲ့ စာရွက်တစ်ရွက်ကို ဓာတ်ပုံရိုက်ထားခြင်းဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တံဆိပ်တုံး၊ နေ့စွဲစတဲ့ ပါတီက ထုတ်ပြန်လေ့ရှိတဲ့ ပုံသဏ္ဌာန်မျိုးကင်းမဲ့နေတာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ “#အလွန်ကြောက်စရာကောင်းသော အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မဲအောင်နိုင်ရေး အစည်းအဝေးမှ […]

Continue Reading

Fact Check: ထိုင်းတောင်ပိုင်းက ဘာသာခြားတွေရဲ့ သတ်ဖြတ်ခြင်းခံရတဲ့ သံဃာတော်တွေအဖြစ် မျှဝေနေတဲ့သတင်းမှား

ထိုင်းမှာ ဘာသာခြားတွေရဲ့ သတ်ဖြတ်ခြင်းခံရတဲ့ သံဃာတော်တွေအဖြစ် မျှဝေနေတဲ့သတင်းမှား လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ အခြားဘာသာတွေကို နေရာပေးမိတဲ့အတွက် ထိုင်းနိုင်ငံမှာ ဘုန်းကြီးတွေ အသတ်ခံလိုက်ရ တဲ့ အဖြစ်အပျက်ဆိုပြီးတော့ မျှဝေထားတာဖြစ်ပါတယ်။ သို့သော်လည်း မျှဝေထားတဲ့ ဓာတ်ပုံဟာ ထိုင်းနိုင်ငံက ဘုန်းကြီးတွေ အသတ်ခံရတဲ့ပုံ မဟုတ်ဘဲ တရုတ် တိဘက်ဒေသက ဘုန်းကြီးတွေ တရုတ်ရဲ့ အုပ်ချုပ်မှုကို ဆန္ဒဖော်ထုတ်နေပုံဖြစ်တာကို  Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ထိုင်းနိုင်ငံမှာ ဘုန်းကြီးအမြောက်အများကို အခြားဘာသာဝင်တွေက သတ်ဖြတ်မှုဖြစ်ပေါ်ခဲ့တဲ့ဆိုတဲ့ အချက်အလက် တစ်စုံတစ်ရာလည်း မတွေ့ရှိရပါဘူး။ “ဘာလုပ်သင့်လဲ စဉ်းစားကြပေါ့ နှလုံးသားမှာ ဘုရားတည်နေရင် ဘယ်ဘာသာဝင်ကမှ လာဖျက်ဆီးလို့မရဘူး။ ကျန်တဲ့ဘာသာတွေကိုလည်း နေရာပေးရမယ်လို့ NLD ပါတီဝန်းရံသူတွေက ပြောကြတယ်။ နှလုံးသားမှာ ဘုရား တည်နေပါလျှက်နဲ့ ဘာသာခြားတွေကို […]

Continue Reading

Fact Check: ကြံ့ခိုင်ရေးပါတီလက်ချက်ကြောင့် ကာဘိုးရွာကသေဆုံးသူရဲ့နာရေး အဖြစ် ဖြန့်ဝေတဲ့ ဓာတ်ပုံအမှား

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ် ကာဘိုးရွာက  ပြည်ခိုင်ဖြိုးပါတီနဲ့ ပဋိပက္ခအတွင်း သေဆုံးခဲ့ရသူရဲ့ နောက်ဆုံးခရီးလို့ရေးသားပြီး NLD အင်္ကျီဝတ်ပြီး နာရေးချတဲ့ အခမ်းအနားဓာတ်ပုံတစ်ခုကို လူမှုကွန်ယက်မှာမျှဝေလျက်ရှိတာတွေ့ရပါတယ်။  á€’á€Žá€œá€­á€Żá€•á€ťá€śá€ˇá€”á€žá€śá€ˇá€œá€ťá€€á€şá€›á€žá€­á€á€˛á€ˇ ဓာတ်ပုံနှင့်အတူ ကြံ့ခိုင်ရေးပါတီလက်ချက်ကြောင့် ကာဘိုးရွာက ဆုံးပါးသွားခဲ့ရတဲ့ သူတစ်ဉီးရဲ့ နောက်ဆုံးခရီးလို့ ရေးသားထားတာတွေ့ရပြီး အသုဘထမ်းစင်နှင့် ခေါင်းမှာ ပတ်တီးစည်းနဲ့ ဆေးသွင်းနေရသူ တစ်ဉီးရဲ့ ပုံပါဝင်ပါတယ်။ ကာဘိုးရွာက အသုဘအခမ်းအနား အဖြစ်မျှဝေနေတဲ့ဓာတ်ပုံဟာ အောက်တိုဘာ ၇ ရက်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့လျက်ရှိတာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ကာဘိုးရွာက ဝိုင်းဝန်းရိုက်နှက်ခံရတဲ့သူဟာ အောက်တိုဘာ ၂၄ ရက်မှာ ကွယ်လွန်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေနဲ့ အတူ “#RIP ပါညီလေးရေ…မင်းဟာ ဒီမိုကရေစီအတွက် သမိုင်းဝင်ရဲဘော်တစ်ယောက်ပါ။ အလေးပြုပါတယ်။ ကြံ့ခိုင်ရေးလူသတ်ပါတီရဲ့ လက်ချက်ကြောင့် ဆုံးပါသွားရတဲ့ […]

Continue Reading

Fact Check: သမ္မတဟောင်းဦးသိန်းစိန် နိုဘယ်ဆုရတယ်လို့ သတင်းမှားဖြန့်

သမ္မတဟောင်းဦးသိန်းစိန် နိုဘယ်ဆုရတယ်ဆိုပြီး မျှဝေလျက်ရှိတဲ့ပို့စ် လူမှုကွန်ယက် အသုံးပြုသူများအကြား ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “ပြုပြင်ပြောင်းလဲရေးနိုဗယ်ဆု ပူပူနွေးနွေးရရှိလိုက်တဲ့ သမ္မတဟောင်းဦးသိန်းစိန်” လို့ ခေါင်းစဉ်တပ်ရေးသားထားပြီး “သူဟာ သူအားထုတ်ခဲ့တဲ့ ငြိမ်းချမ်းရေး အောင်မြင်အောင် လုပ်နိုင်ခဲ့မှုနဲ့  နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ အတွက်  ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရခဲ့တာ ဖြစ်ပါတယ်။ အီသီယိုးပီးယားဟာ အီရီထရီးယားနဲ့ မနှစ်က  ငြိမ်းချမ်းရေး သဘောတူညီချက်ရခဲ့ပါတယ်။  ဒါဟာ ၁၉၉၈-၂၀၀၀ ပြည့်နှစ် နယ်စပ် စစ်ပွဲ အပြီး  နှစ် ၂၀ ကြာ ရှေ့မတိုး နောက်မဆုတ်သာ စစ်ရေး တင်းမာနေတဲ့ အခြေအနေကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူက နိုဘယ် ငြိမ်းချမ်းရေးဆုကို  ၁၀၀ ဦးမြောက်ရသူ ဖြစ်လာပါတယ်။ နိုဘယ်ငြိမ်းချမ်းရေးဆုအတွက်  အမေရိကန်ဒေါ်လာ ကိုးသိန်းနီးပါးကို နော်ဝေနိုင်ငံ […]

Continue Reading

Fact Check: ခြင်္သေ့ခေါင်းပုံတပ် စေတီအဖြစ်မျှဝေနေတဲ့ သတင်းမှား

ထီးတော်အစား ခြင်္သေ့ခေါင်းပုံနဲ့တည်ဆောက်ထားတဲ့ စေတီအဖြစ်မျှဝေနေတဲ့ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူများအကြား ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ မိတ္ထီလာနယ် ကတ္ထူကံသိမ်ဝင်း မိုင်တိုင်အမှတ် ၂၈၇/၁ မှာရှိတဲ့ ခြင်္သေ့ခေါင်းတပ်​ထားတဲ့ စေတီလို့ ရေးသားထားပါတယ်။ သို့သော်လည်း ဒီလိုရေးသားမျှဝေထားတဲ့ အချက်အလက်ဟာ မှားယွင်းတာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ဒီပုံစံနဲ့စေတီဟာ မူလကတည်းက နဂါးခေါင်းပုံစေတီဖြစ်ပြီး ဒီပုံစံအတိုင်း စေတီအဖြစ် လှူဒါန်းခဲ့ခြင်းဖြစ်တယ်လို့ အလှူရှင်က ပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေက ပြန်လည်မျှဝေထားတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရ ပါတယ်။ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။ မူရင်းလင့်ခ် –  Fb link |  Archive link  အချက်အလက်စိစစ်ချက် မိတ္တီလာမြို့နယ် အမြန်လမ်းမဘေး မိုင်တိုင် ၂၈၇/၁ မှာရှိတဲ့  ဒီစေတီကို […]

Continue Reading

Fact Check: AAခေါင်းဆောင်နဲ့ တပ်မတော်ကာ/ချုပ်ဇနီးနဲ့ မောင်နှမဝမ်းကွဲ တော်စပ်တယ်ဆိုတဲ့ သတင်းအမှား

ရက္ခိုင့်တပ်တော် AAခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ဇနီးဒေါ်ကြူကြူလှနဲ့ မောင်နှမဝမ်းကွဲတော်စပ်တယ်ဆိုပြီး ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ပေါ်မှာ ပို့စ်တင်နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “သင့်သိပါသလာ ကာချုပ်မိန်မနဲ. ရခိုင်သူပုန်း ခေါင်ဆောင်ထွန်မြက်နိုင်ဟာ မောင်နှမဝမ်းကွဲတော်တယ်ဆိုတာ”လို့ ရေးသားထားတာတွေ့ရပါတယ်။ သို့သော်လည်း ဒီလိုရေးသားမျှဝေချက်တွေဟာမှားယွင်းတာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ မူရင်းလင့်ခ် –  FB Link |  Archive Link အချက်အလက်စိစစ်ချက် ဒီလိုရေးသားထားတာနဲ့ပတ်သက်ပြီး ဆန်းစစ်မယ်ဆိုရင် ဒေါ်ကြူကြူလှက ရခိုင်ပြည်နယ်တောင်ပိုင်းဒေသဖြစ်တဲ့ သံတွဲမြို့ဇာတိဖြစ်ပြီး AAခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသဖြစ်တဲ့ စစ်တွေမြို့ဇာတိဖြစ်တာကို တွေ့ရပါတယ်။ Fact Crescendo Myanmarက တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကို ဖုန်းနဲ့ ဆက််သွယ်မေးမြန်းရမှာတော့ “မတော်လောက်ဘူးထင်တယ်၊ သံတွဲနဲ့ စစ်တွေဆိုတော့၊ သတင်းအမှားဖြစ်မှာပါ၊ အဲ့လို့သတင်းအမှား ကျွန်တော်ထင်တယ် လွန်ခဲ့တဲ့ နှစ်လလောက်တော့ ရှိပြီထင်တယ်၊ ဒေါ်ကြူကြူလှက AAကိုထောက်ပံ့လို့ ဖမ်းသွားပြီဆိုတာမျိုးတွေပေါ့၊ […]

Continue Reading

Fact Check: မြိုင်မြို့နယ်က NLD အောင်နိုင်ရေး ဆိုင်ဘုတ်တစ်ခုကို ဒီဂျစ်တယ် နည်းလမ်းနဲ့အသုံးပြုပြီး အမှားဖြန့်ဝေ

ရွေးကောက်ပွဲအတွက် စိုက်ထူတဲ့ NLD ဆိုင်းဘုတ်တစ်ခုရဲ့ စာသားတွင် ဒီဂျစ်တယ်နည်းလမ်းအသုံးပြုပြီး ပြောင်းလဲရေးသားထားတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ သတင်းမှားဖြန့်ဝေလျှက်ရှိတာကို တွေ့ရပါတယ်။  á€’á€Žá€œá€­á€Żá€•á€ťá€śá€ˇá€”á€žá€śá€ˇá€œá€ťá€€á€şá€›á€žá€­á€á€˛á€ˇá€•á€­á€Żá€ˇá€…á€ş ဓာတ်ပုံထဲက စာသားမှာ “လူကို ခွေးလိုအုပ်ချုပ်တဲ့ အစိုးရမျိုးရဖို့ NLD ကိုမဲပေးစို့”လို့ရေးသားထားတာတွေ့ရပါတယ်။ ဒီဓာတ်ပုံနဲ့အတူ “ကျွန်သဘောက်မကြီး   SHOWလိုက်ပါအုံး အမေ့သားတွေနော် ဘာမှတ်လည်း #ဖျားသွားမယ် #လူညံ့တွေတင်မြှောက်လိုက်တဲ့ခေါင်းဆောင်ဟာ ခေါင်းဆောင်မဖြစ်ပဲ #လူညံ့ဦးဆောင်သူအဖြစ်သာတွေ့ရမှာ  *ဆိုင်းဘုတ်သက်သေ* !:.” $%& /? *ဆောင်*တော့တူပါရဲ့ *ခေါင်းနဲ့ ဦး*ကွာသွားတာ”လို့ “Aung Htun Linn”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်တိုဘာ ၁၅ ရက်က အောက်ပါအတိုင်း မျှဝေထားပါတယ်။ ဒီနေရာမှာလည်း အလားတူဓာတ်ပုံကို မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: တကျော့ပြန်လာတဲ့ ဂျိုးဖစ်ရှာနဲ့ NLD သတင်းမှား

ရွေးကောက်ပွဲမှာ မဲလိမ်လည်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် လက်ထောက် ဂျိုးဖစ်ရှာကလုပ်နေတယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာပျံ့နှံ့လျက်ရှိပါတယ်။  á€’á€Žá€œá€­á€Żá€•á€ťá€śá€ˇá€”á€žá€śá€ˇá€œá€ťá€€á€şá€›á€žá€­á€á€˛á€ˇ ဓာတ်ပုံပို့စ်မှာ ပြည်နယ်နှင့်တိုင်းအလိုက် USDP၊ NLD နဲ့တိုင်းရင်းသားအစုအဖွဲ့တွေရဲ့ ထောက်ခံမှုရာခိုင်နှုန်းများနှင့်အတူ “UEC နဲ့ပေါင်းပြီးမဲလိမ်ဖို့ ကွပ်ကဲနေတဲ့ ဒေါ်စုလက်ထောက် MI-6 ထောက်လှမ်းရေး ဂျိုးဖစ်ရှာဆီပို့လိုက်ပါပြီ”၊ ““ရှုံးမဲ့တိုင်းရင်းသားပြည်နယ် 7 ခုလုံးမှာ COVD; မငြိမ်းချမ်းနယ်မြေ သတ်မှတ်ပြီး ပယ်ဖျက်ပါတော့မယ်”စတဲ့ ပြောဆိုရေးသားချက်တွေပါဝင်ပါတယ်။ သို့သော်လည်း ဒီလိုရေးသားမျှဝေချက်တွေဟာမှားယွင်းတာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေက ၁ ထောင်ကျော်က ပြန်လည်မျှဝေထားတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရ ပါတယ်။ မူရင်းလင့်ခ် –  Fb link |  Archive link  အချက်အလက်စိစစ်ချက် ဒီလိုရေးသားမျှ ဝေနေတဲ့ပို့စ်ဟာ အထောက်အထားတစ်စုံတစ်ရာအပေါ်မှာအခြေခံထားခြင်းမရှိပါဘူး။ အခုလိုမျှဝေထားတဲ့ပို့စ်မှာ ဘာတွေမှားယွင်းနေသလဲကြည့်ရအောင်ပါ။ […]

Continue Reading