Fact Check: NUG ကို စစ်ရေးအကူအညီတွေပေးမယ်လို့ ဒေါ်နယ်ထရမ့် ဖုန်းဆက်ပြော တဲ့ သတင်းတု

မြန်မာနိုင်ငံကို စစ်ရေးအကူအညီတွေ ပေးဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)သမ္မတကို အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်(Donald Trump)က ဖုန်းဆက်ပြီးပြောတယ်လို့ ဆိုထားတဲ့  ဗွီဒီယို ယူကျု့အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာတွေ့ရပါတယ်။  စစ်ခေါင်း‌ဆောင်ကို ရာထူးက ဆင်းပေးဖို့ ၅ ရက်အချိန်ပေးလိုက်တယ်လို့ ဆိုပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု ဖြန့်ချိမှုတခုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေဆဲ ယူကျူ့ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ ဒီပို့စ်ဟာ လက်ရှိအချိန်မှာ ပြန်လည်မျှဝေမှုပေါင်း  “ဒေါ်နယ်ထရမ့်လုပ်ရပ်ကြောင့် ထိတ်လန့်ကုန်ပြီ NUG သမ္မတထံဖုန်းဆက်ပြီး စစ်ရေးကူညီပေးမယ်တဲ့ မအလကို (၅)ရက်ပဲအချိန်ပေးမယ်တဲ့ဗျို့” (မူလအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် နိုဝင်ဘာ ၇ ရက် အမေရိကန် ရွေးကောက်ပွဲမှာ အနိုင်ရ သမ္မတ ဒေါ်နယ်ထရမ့်ကို တရုတ်၊ ပြင်သစ်၊ […]

Continue Reading

Fact Check: ‌သေခါနီးဖြစ်နေလို့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် လွှတ်ပေးဆိုတဲ့ သတင်းတု

သူမရဲ့နောက်ဆုံးနေ့ရက်တွေ ရောက်လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထောင်က လွှတ်ပေးလိုက်တယ်လို့ ဆိုထားတဲ့ ပို့စ်တွေ ယူကျု့အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုသာဖြစ်တယ်။ နိုဝင်ဘာ ၁၁ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ယူကျူ့ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ ဒီပို့စ်ဟာ လက်ရှိအချိန်မှာ ပြန်လည်မျှဝေမှုပေါင်း ၁ ဒဿမ ၄ သိန်းကျော်ရှိထားတယ်။  “သေခါနီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရာသက်ပန်လွတ်ငြိမ်းခွင့်ပေးတော့မည်ဟု  တရုတ်ပြန် မင်းအောင်လှိုင်ကြေညာလို့ လန့်ကုန်ကြပြီ” မူရင်းလင်ခ့် – Youtube link | Archive link ကျန်းမာရေးအခြေအနေဆိုးရွားလာတာကြောင့် ထောင်က ပြန်လွှတ်တော့မယ်ဆိုပြီး အလားတူတဲ့ရေးသား မျှဝေမှုကို အခြားသော ချန်နယ်တခုက ထပ်မံ ဖြန့်ဝေခဲ့ရာမှာတော့ ကြည်ရှု့မှုပေါင်း ၄၀၀၀၀ ဝန်းကျင်ရရှိထားတယ်။ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: တနာရီမိုင် ၅၀၀ နှုန်းနဲ့ တိုက်ခတ်ပြီး လူသန်းချီသေဆုံးနိုင်တဲ့ မုန်းတိုင်း ဝင်ရောက်မယ်ဆိုတဲ့ သတင်းတု

တနာရီ မိုင် ၅၀၀ နဲ့တိုက်ခတ်တဲ့ မုန်းတိုင်းဝင်ရောက်ပြီး တနိုင်ငံလုံး မြို့တွေ အကုန်ရေမြုပ်ပြီး လူသန်းချီ သေဆုံးနိုင်တယ်ဆိုတဲ့ သတင်းတု ဗွီဒီယိုပို့စ်တစ်ခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ဝေနေခြင်း ဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “တနိုင်ငံလုံး သေဖို့ကြုံလာရပြီ  မုန်တိုင်ကြီး တစ်နာရီမိုင်-၅၀၀ (၂၄)နာရီအတွင်းဝင်တိုက်မယ်၊ အမြန်ပြေးကြပါ မြို့တွေအကုန်ရေမြှုပ်ပြီး လူ သန်းချီသေမယ်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီခန့်မှန်းချက်မျိုး မိုးလေဝသကျွမ်းကျင်သူတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းမြစ်တွေမှာ ‌‌ဖော်ပြချက်မရှိပါဘူး။ တကယ်တမ်း ဗွီဒီယိုထဲမှာဖော်ပြခဲ့တဲ့အကြောင်းအရာဟာ သန်လွင်ခက် သတင်းဌာနက‌ ဖော်ပြခဲ့တဲ့ “နိုင်ငံတဝှမ်း မိုးရွာသွန်းမှုတွေ ရှိနိုင်”ဆိုတဲ့ သတင်းကို ပြန်လည်‌ဖော်ပြထား ခြင်းဖြစ်တယ်။  နိုဝင်ဘာ ၉ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် တရုတ်ရောက်နေချိန် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံတဲ့ သတင်းတု

စစ်ခေါင်းဆောင် တရုတ်ရောက်နေချိန် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံမှုလို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ် ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ် တာတွေ့ရတယ်။  နိုဝင်ဘာ ၇ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ ၂ ရက်အတွင်း ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်း ကျော်ရရှိထားတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “မင်းအောင်လှိုင် တရုတ်ပြည်ရောက်နေချိန် အာဏာရှင်ဟောင်းဦးသန်းရွှေနဲ့ အမေစု တွေ့ပြီ အာမခံချက်နဲ့ လွှတ်ပေးလိုက်ပြီ/ထူးပြီဟေ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတဲ့ သတင်းဖြစ်စေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံတဲ့ သတင်းဖြစ်စေ […]

Continue Reading

Fact Check: အမ်းမှာ AA က စစ်ကောင်စီရဟတ်ယာဉ်ပစ်ချခဲ့တဲ့ ဗွီဒီယိုလား-မဟုတ်ပါ 

ရခိုင်ပြည်နယ် အမ်းမြို့မှာ ရခိုင်တပ်တော်(AA)က စစ်ရဟတ်ယာဉ်တစီး ပစ်ချမှုဆိုတဲ့ ဗွီဒီယိုဖိုင် ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါ တယ်။ AA ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာပဲ အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာချုပ်ကို တိုက်ခိုက်မှုဖြစ်စဉ်မှာ ရဟတ်ယာဉ် တစီးပစ်ချခဲ့တယ်ဆိုပြီးတော့ သတင်းထွက်ပေါ်အပြီးမှာ အခုလို ပျံ့နှံ့လာတာဖြစ်တယ်။   တကယ်တမ်းမှာ ဒီဗွီဒီယိုဟာ ပင်လည်ဘူးမြို့မှာ စစ်ရဟတ်ယာဉ် ဒရုန်းနဲ့ တိုက်ခိုက်ခံရစဉ်က ဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသား ကောက်နုတ်ချက်ဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “ကင်ခံလိုက် ရပီး áŠ á€›á€á€­á€Żá€„်ပဟည် အမ်းမြို့ လို့ပြောပါတယ် ကွက်တိပဲ ဘယ်နှစ်ဦးလဲ များမယ်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါမြင်ကွင်းတချို့ကို ဓာတ်ပုံအဖြစ်ပြောင်းလဲပြီး Google […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် နုတ်ထွက်မယ်၊ အာဏာပြန်လွှဲမယ်ဆိုတဲ့ သတင်းတု

စစ်ခေါင်း‌‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နုတ်ထွက်မယ်လို့ ကြေညာလိုက်၊ အာဏာပြန်လွဲလိုက် ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ယခုရက်ပိုင်းအတွင်း ဆက်တိုက် ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှု အားကောင်း နေတယ်။  တကယ်တော့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  အောက်ပါစခရင်ရှော့ကတော့ “Local celegram”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့  ပျံ့နှံ့မှု အားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။NLD ကို လွှတ်တော်ခေါ်ခွင့်ပေးလိုက်ပြီ၊ ၃၈ နာရီအတွင်း အာဏာပြန်လွှဲမယ်၊ ဒေါ်သက်သက်ခိုင်ကို သမ္မတအဖြစ်ခန့်အပ်ပြီး မင်းအောင်လှိုင် နုတ်တွက်တော့မယ်ဆိုတဲ အလားတူဖြန့်ဝေမှုတွေကို ့ ဒီနေရာနဲ့ ဒီနေရာမှာ ဒီချန်နယ်က ထပ်မံ ဖြန့်ဝေခဲ့ပါသေးတယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုသတင်းဖော်ပြချက်မရှိပါ။ စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေ(MOI, […]

Continue Reading

Fact Check: စစ်အာဏာရှင်ဟောင်း သန်းရွှေ သေဒဏ်ပေးခံရဆိုတဲ့ သတင်းတု

အာဏာရှင်‌‌ဟောင်း ဦးသန်းရွှေကို စစ်တပ်က ဖမ်းဆီးပြီး သေဒဏ်ပေးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတယ်။  တကယ်တော့ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။  အောက်ပါစခရင်ရှော့ဓာတ်ပုံနဲ့ စာသားကတော့ “Khit Thit Channel”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့  ပျံ့နှံ့မှု အားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။  “အာဏာရှင်ဟောင်း ဦးသန်းရွှေကို စစ်တပ်က  ဖမ်းဆီးပြီး သေဒဏ်ပေးလိုက်ပြီ တစ်နိုင်ငံလုံး ပွဲဆူကုန်ပြီ” မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုသတင်းဖော်ပြချက်မရှိပါ။ “Khit Thit Channel” အမည်နဲ့ ယူကျူ့ ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြပြီးဖြစ်တဲ့ ရေပန်းစားခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖော်ပြပြီး သတင်းခေါင်းစဉ်တု၊ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်သား အသတ်ခံရတဲ့ သတင်းခေါင်းစဉ်တု

စစ်ခေါင်း‌‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သားဖြစ်သူ အောင်ပြည့်စုံ အောက်တိုဘာ ၂၈ ရက်မှာ အသတ်ခံလိုက်ရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာ ကြည့်ရှူ့မှု များပြားလျှက်ရှိပါတယ်။  တကယ်တော့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  ၉ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုအစမှာ “မအလ အချစ်ဆုံးသား ယနေ့(၂၈)နေ့မှာ အသတ်ခံလိုက်ရပြီ သူ့သားအလောင်းကို နေ ပြည်တော် ပြန်ပို့ပီ “စသည်ဖြင့် ဗွီဒီယိုပို့စ်မှာ ရေးသားထားပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုရဲ့ စခရင်ရှော့ဓာတ်ပုံဖြစ်တယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် “Khit Thit channel”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြပြီးနောက် ရေပန်းစားခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တု၊ ဒါမှမဟုတ် နားလည်မှု လွဲစေနိုင်တဲ့ ခေါင်းစဉ်မှားတွေတပ်ပြီး […]

Continue Reading

Fact Check: စစ်တိုက်လေယာဉ် ၂ စီးတိုက်မိလို့ ၃၆ ဦးသေဆုံးဆိုတဲ့ သတင်းတု

စစ်တိုက်လေယာဉ် ၂ စီး အချင်းချင်းတိုက်မိလို့ ၂ စီးလုံးပျက်ကျပြီး ၃၆ ဦးသေဆုံးခဲ့တယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု  ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “လေယာဉ်ပျက်ကျ(၃၆)ဦးသေဆုံး စစ်တိုက်လေယာဉ်(၂)စီး အချင်းချင်း တိုက်မိလို့ ၂ စီးလုံး ပျက်ကျပြီး ၃၆ ဦးသေဆုံး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် စစ်တိုက်လေယာဉ် ၂ စီး အချင်းချင်းတိုက်မိလို့ ၂ စီးလုံးပျက်ကျပြီး ၃၆ ဦးသေဆုံးခဲ့တယ်ဆိုအကြောင်း သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာဖော်ပြချက်မတွေ့ရပါဘူး။ “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည် ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ် သို့မဟုတ် သတင်းခေါင်းစဉ်လွဲတပ်ကာ […]

Continue Reading

Fact Check: ခြံအမှတ် ၅၄ လေလံတင်ရောင်းချအပြီး ဒေါ်အောင်ဆန်းစုကြည် သေဆုံးတဲ့ သတင်းတု

ခြံအမှတ် (၅၄)လေလံတင် ရောင်းချမှုအပြီး ‌ဒေါ်အောင်ဆန်းစုကြည် သေပြီလို့ စစ်ကောင်စီက ကြေညာလို့ တကမ္ဘာလုံး ထိတ်လန့်တုန်လှုပ်ကြရတယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေထားရာဟာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ ရန်ကုန်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို အကိုဖြစ်သူက ရောင်းချလိုနေတာဖြစ်ပြီး လက်ရှိအချိန်အထိ ရောင်းချနိုင်ခြင်းမရှိသေးပါဘူး။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ခြံအမှတ် (၅၄)လေလံတင် ရောင်းချမှုအပြီး အမေစု အသက်မရှိတော့ဘူးဟု ကြေညာလို့ တကမ္ဘာလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြပြီ” မူရင်းလင်ခ့် – Youtube link | Archive link ဒီချန်နယ်က အလားတူတဲ့ရေးသားမျှဝေမှုမှာ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်ထဲမှာ လေဖြတ်သေပြီလို့ စစ်တပ်ပြန်ကြားရေးက ဗိုလ်ချုပ်‌ဇော်မင်းထွန်းက ပြောတယ်လို့ ဆိုထားပါတယ်။  á€’ဎန္ရဏမသဏကဟညအ်ပဍ။  အချက်အလက်စိစစ်ချက် “Local Celegram”ယူကျူ့ချန်နယ်ကတော့ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ အကြောင်းအရာတွေကို […]

Continue Reading