Fact Check: နှစ်ပေါင်း ၃၇၅ နှစ်မှ တကြိမ်သာ ခံစားရမယ့် နေကြတ်ခြင်းမှာ မြန်မာနိုင်ငံပါလား- မဟုတ်ပါ

နှစ်ပေါင်း ၃၇၅ နှစ်မှာ တကြိမ်သာမြင်ရတဲ့ နေကြတ်ခြင်းကို မြန်မာနိုင်ငံက မြင်ရမယ်လို့ဆိုလိုထားတဲ့ ပို့စ်တခု မြန်မာဘာသာနဲ့ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုကို ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “နှစ်ပေါင်း ၃၇၅ နှစ်အတွင်း  ပြန်မြင်ရမည့်  #နေကြတ်ခြင်းပုစံကို 2024 ခုနှစ် ဧပြီလ 8 ရက်နေ့ တွင် ကြုံကြရမည်ဖြစ်သည် နေကြတ်ခြင်းကြောင့်နေ့မှ ညသို့  ပြောင်းလဲသွားမည်ဖြစ်ပါသည် အပူချိန်ကျသွားမယ် အမှောင်က နေရောင်ကို  ညအဖြစ်ပြောင်းသွားမယ် ဤကဲ့သို့သော စုစုပေါင်း နေကြတ်ခြင်းကို  ကျွန်ုပ်တို့ မတွေ့ရသည်မှာ  ၃၇၅နှစ်ရှိပြီဖြစ်သည် MMS..mmm #Credit” မူရင်းလင်ခ့် – Fb link | Archive link […]

Continue Reading

Fact Check: မင်းပြား၊မြောက်ဦး၊ ရသေ့တောင်နဲ့ ပေါက်တောကို AA သိမ်းပိုက်လိုက်ပြီ လား-မဟုတ်ပါ

ပေါက်တော၊ မြောက်ဦး၊ မင်းပြားနဲ့ ရသေ့တောင်မြို့တွေကို ရက္ခိုင့်တပ်တော်(Arakan Army-AA)က သိမ်းပိုက် လိုက်ပြီလို့ ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်နဲ့ ယူကျု့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေ နိုင်တဲ့ သတင်းမှားဖြစ်တယ်။ စစ်ကောင်စီတပ်တွေနဲ့ AA တပ်တွေ အကြား ထိတွေ့ တိုက်ပွဲ တွေရှိပေမဲ့  မြို့တွေကို သိမ်းပိုက်လိုက်တယ်ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ AA ဘက်က အတည်အလင်းကြေညာ တာမျိုးလည်း မရှိပါဘူး။ အောက်ပါစာသားတွေကတော့ ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “၁၃ ရက် မင်းပြားမြို့၊ ရသေ့တောင်မြို့ သိမ်းပိုက်လိုက်ပြီဟေ့ စစ်ခွေး(၁၂၀)သေဆုံး၊ ရခိုင်တပ်( AA)ချပါပြီ” တူညီတဲ့ ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ ထို့အပြင် အလားတူရေးသားဖြန့်ဝေမှုဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link […]

Continue Reading