Fact Check: စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးဖို့ အရှင်ဆန္ဒာဓိက တိုက်တွန်းနေသလား- မဟုတ်ပါ
စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲစာရင်းသွားရောက်စစ်ဆေးဖို့နဲ့ ဆန္ဒမဲပေးကြဖို့ အရှင်ဆန္ဒာဓိက တိုက်တွန်းမှုလို့ ဆိုလိုထားတဲ့ ဗွီဒီယို လူမှုကွန်ယက်မှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုရေးသားချက်ဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီက ပြောကြားချက်ဖြစ်တာတွေ့ရတယ်။ ပျံ့နှံ့နေတဲ့ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ “နိုင်ငံသားတစ်ယောက်ဖြစ်နေပြီးတော့ မဲစာရင်း သွားမကြည့်ဘူး။ မဲမပေးဘူးဆိုရင် အဲဒါ “အကုသိုလ်”ပဲ။ မဲစာရင်းသွားကြည့်ပြီး မဲသွားပေးရင်တော့ “ကုသိုလ်” ပါပဲ” မူရင်းလင်ခ့် – Original link | Archive link တူညီစွာပဲ တစ်တော့(tiktok)မှာလည်း အခုလို မျှဝေထားတာတွေ့ရပါတယ်။ ဒီနေရာမှာ ကြည့်ပါ။ အချက်အလက်စိစစ်ချက် အောက်တိုဘာ ၂၈ ရက်မှာ စတင် ပျံ့နှံ့ခဲ့တဲ့ ဆရာတော် အရှင်ဆန္ဒာဓိကရဲ့ ဗွီဒီယိုမှာ နေ့စွဲအဖြစ် ၂၀၂၅ […]
Continue Reading
