Fact Check: အရည်ချင်းရှိတဲ့သူကို နေရာပေးပါလို့ ဦးသန်းရွှေပြောလို့ ဖမ်းဖို့လုပ်နေပြီဆိုတဲ့ သတင်းမှား

အရည်ချင်းရှိတဲ့သူတွေကို နေရာပေးပါလို့ အရင် စစ်အာဏာရှင် ဦးသန်းရွှေပြောလို့ လက်ရှိအာဏာရှင်က ဖမ်းဖို့ လုပ်နေတယ်လို့ဆိုတဲ့ ဗွီဒီယိုပုံစံနဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှု အားကောင်းလျှက်ရှိပါတယ်။ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေမှတ်ဉာဏ်ချို့ယွင်းမှုအပြင်းအထန်ဖြစ်ပွားနေတဲ့အကြောင်း သတင်းမီဒီယာ တစ်ခုကဖော်ပြချက်ကို သတင်းခေါင်းစဉ်တုနဲ့ဖြန့်ချိနေခြင်းဖြစ်တယ်။  “(၂၄)ရက်နေ့ ဦးသန်းရွှေ ဒဲ့ဆော်ပြီ အရည်ချင်းရှိတဲ့သူတွေကို နေရာပေးပါတဲ့ ဖမ်းဖို့လုပ်နေကြပြီတဲ့”လို့ စသည်ဖြင့် ရေးသားပြီး “Appreciate News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်မှုမှုပေါင်း ၄ သိန်းဝန်းကျင်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ဒီဗွီဒီယိုကို “Burmese Political”အမည်နဲ့ ယူကျူ့ရဲ့ ဒီနေရာမှာ လည်းတွေ့မျှဝေထားတာတွေ့ရာမှာ ကြည့်ရှူ့မှုပေါင်း ၁၄၀၀၀ ကျော်ရှိပါတယ်။ အချက်အလက်စိစစ်ချက် ဒီလိုမျိုးရေးသားမျှဝေထားတဲ့ ဗွီဒီယိုကို ကြည့်ရှူ့ရာမှာ ဗွီဒီယိုပါအကြောင်းအရာဟာ CJ Platform က […]

Continue Reading

Fact Check: ဗိုလ်ချုပ်ကြီး ၂ ဦးကိုပစ်သတ်ပြီး စစ်သား ၃၂၀ ကို AA ဖမ်းဆီးထားတဲ့ သတင်းမှား

မြန်မာစစ်တပ်က ဗိုလ်ချုပ်ကြီးအဆင့် ၂ ဦးကို ရခိုင့်တပ်တော်-AA က ပစ်သတ်လိုက်ပြီး စစ်သား ၃၂၀ ကို အရှင်ဖမ်းဆီးထားတယ်ဆိုတဲ့ ဗွီဒီယိုပုံစံနဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခု ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ ခေါင်းစဉ်တု အသုံးပြုပြီး လူတွေစိတ်ဝင်စားမှုရယူထားတဲ့ သတင်းမှားပို့စ်တစ်ခုသာဖြစ်ပါတယ်။ “Khit Thit Journal”အမည်နဲ့ ယူကျူ့ချန်နယ်မှာ “လုပ်ရင်ပြတ်ပြတ်ပဲဟေ့#ရခိုင်ပြည်က စကစခန့် ဝန်ထမ်း အားလုံးဖမ်းမိန့်ပေးပြီ”စသည်ဖြင့်ရေးသားလျှက် ဗွီဒီယိုကို အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူမှုပေါင်း ၇ ထောင်ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာ လည်းတွေ့ရပြီး ဗွီဒီယိုကို ၂၄ နာရီအတွင်း ကြည့်ရှူမှုပေါင်း ၂ သိန်းဝန်းကျင်ရှိပါတယ်။ အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ ဧရာဝတီတိုင်းမ်သတင်းဌာနက ဘာသာပြန်ဆောင်းပါး အဖြစ်ဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: မြန်မာကို US စစ်သား (၅၀၀၀)စေလွှတ်တဲ့သတင်းမှား

မြန်မာကို US စစ်သား (၅၀၀၀)စေလွှတ်လိုက်ပြီလို့ဆိုတဲ့  ပို့စ်တစ်ခုဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်တစ်ချို့ကနေ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ထိုင်းနဲ့ ပူးတွဲလေ့ကျင့်မယ် စစ်ရေးလေ့ကျင့်မှုတခုအတွက် အမေရိကန်တပ် သားတွေ ထိုင်းနိုင်ငံစေလွှတ်မှုသတင်းကို နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းခေါင်းစဉ်အသုံးပြုဖြန့် ဝေနေခြင်းဖြစ်ပါတယ်။ “မြန်မာကို US စစ်သား (၅၀၀၀)စေလွှတ်ပြီ”ဆိုတဲ့ခေါင်းစဉ်နဲ့ ဗွီဒီယိုတစ်ခုကို “Real News Myanmar”အမည်နဲ့ ယူကျူ့ချန်နယ်က ဖေဖော်ဝါရီ ၁၉ ရက်က မျှဝေထားတာကို အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီလိုဖြန့်ဝေနေတဲ့ ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့အကြောင်းအရာတွေကတော့ “အမေရိကန် တပ်သား ၆,၀၀၀ ကျော် စစ်ရေး လေ့ကျင့်ရန် ဒေသတွင်း […]

Continue Reading

Fact Check: မြန်မာနိုင်ငံကို R2P ဝင်ဖို့အတည်ပြုဆိုတဲ့ သတင်းမှား

မြန်မာပြည်သူတွေကို ကုလသမဂ္ဂအနေနဲ့ စစ်‌ရေးအရအကာအကွယ်ပေးဖို့(R2P) အတည်ပြုလိုက်ပြီလို့ဆိုတဲ့ ဗွီဒီယို ပုံစံနဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့အကြား ယခုရက်ပိုင်းပျံ့နှံ့မှု့ အားကောင်းခဲ့ပါတယ်။ သတင်းမှားသာဖြစ်ပါတယ်။  ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်တစ်ခုမှာ “R2Pဝင်မယ့်ကိစ္စ US ဗိုလ်ချုပ်ကြီး ဒေါ်မီမီဝင်းဘတ် အတည်ပြုပြီ”လို့ စသည် ဖြင့် ရေးသားပြီး“90MO TV”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားပါတယ်။  အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုတွေကို  ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  “90MO TV”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကပဲ အခြား‌‌သောဗွီဒီယိုတစ်ခုမှာတော့ ကုလသမဂ္ဂမှာနိုင်ငံ‌ပေါင်း ၉၀ ကျော်က မြန်မာနိုင်ငံကို R2P ဝင်ဖို့အတွက် အတည်ပြုလိုက်ပြီလို့ရေးသားထားပါသေးတယ်။ အချက်အလက်စိစစ်ချက် မြန်မာပြည်သူတွေဟာ မြန်မာစစ်တပ်ရဲ့ လူသားတွေအ‌ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုလိုမျိုးကို အရေးယူနိုင်ဖို့အတွက် ကုလသမဂ္ဂက R2P မျိုးအစီအစဉ်တွေ၊ No […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်ရဲ့ ပိုင်ဆိုင်မှုတွေကို အမေရိကန်ကို အပ်လိုက်ပြီဆိုတဲ့ သတင်းတု

ဖမ်းမိတဲ့ မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်ဆိုင်မှုအားလုံးကို အမေရိကန်လက်ထဲအပ်လိုက်ပြီလို့ ထိုင်းအစိုးရ ထုတ်ပြန်ဆိုတဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းနေပြီး နားလည်မှုလွဲစေနိုင် တာတွေ့ရပါတယ်။ သတင်းခေါင်းစဉ်တုအသုံးပြုပြီး ချဲ့ကားရေးသားထားခြင်းဖြစ်ပါတယ်။ “ဖမ်းမိတဲ့ မအလ ပိုင်ဆိုင်မှုအားလုံး USလက်ထဲအပ်ပြီလို့ ထိုင်းအစိုးရထုတ်ပြန်လိုက်ပြီ”လို့ ရေးသားပြီး “Queen10シ” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုပို့စ်စာသားနဲ့ ဗွီဒီယိုထဲက စာသားမှာ “ဖမ်းမိတဲ့ မအလ ပိုင်ဆိုင်မှုအားလုံး USလက်ထဲအပ်ပြီလို့ ထိုင်းအစိုးရထုတ်ပြန်လိုက်ပြီ”စသည်ဖြင့်ရေးသားထားပေမဲ့ ဗွီဒီယိုထဲကအကြောင်းအရာဟာ မြန်မာစစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လူယုံတော် လက်နက်ပွဲစား ထွန်းမင်းလတ်ကိုဖမ်းဆီးမှုနောက်ဆက် တွဲအခြေအနေတွေနဲ့ စစ်တပ်ခေါင်းဆောင်တွေရဲ့ မြန်မာစီးပွားရေးအပေါ် အမြတ်ထုတ်မှု၊ အဂတိလိုက် စားမှုတွေကို ဆွေးနွေးနေတဲ့ ဗွီဒီယိုတစ်ခုသာဖြစ်ပါတယ်။ ဖမ်းမိတဲ့ […]

Continue Reading

Fact Check: ၂၄ နာရီအတွင်း အာဏာလွှဲနိုင်ခြေရှိတယ်ဆိုတဲ့ သတင်းမှားဖြန့်ဝေ

စစ်ကောင်စီက ၂၄ နာရီအတွင်း အာဏာလွှဲနိုင်ရေးအတွက် အရေးကြီးအစည်းအဝေးလုပ်ခဲ့တယ်ဆိုပြီးတော့  ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။  သတင်းမှားဖြစ်ပါတယ်။ “၂၄ နာရီအတွင်းအာဏာလွဲနိုင်ချေရှိ၊ အရေးကြီးဆင့်ခေါ်ခံရ”လို့  ရေးသားပြီး “  Queen10シ ” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB Link ၊ Archive Link တူညီတဲ့ရေးသားမျှဝေမှုတွေကို  ယူကျူ့ရဲ့ ဒီလင့်ခ်မှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် “၂၄ နာရီအတွင်းအာဏာလွဲနိုင်ချေရှိ၊” ဆိုပြီးရေးသားထားပေမဲ့  ၁၁ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ထဲမှာ ဒီလိုအာဏာလွှဲတဲ့ကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာမပါဝင်ဘဲ လွတ်လပ်တဲ့ အာရှအသံ သတင်းဌာနက ဖော်ပြထားတဲ့ “လေပိုင်နက်ကျူးကျော်တိုက်ခိုက်တဲ့ စစ်ကောင်စီကို တုံ့ပြန် ဆောင်ရွက်ဖို့ အိန္ဒိယကို တောင်းဆို”ဆိုတဲ့ သတင်းတစ်ပုဒ်ကို ပြန်လည်ဖတ်ကြား နေတာဖြစ်ပါတယ်။ သုံးသပ်ချက်  â€œá‚၄ […]

Continue Reading

Fact Check: ပုလဲနယ်က ပဲစင်းငုံတွေ PDF က အဓမ္မရိတ်သိမ်းယူဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား

ပုလဲနယ်က  ပဲစင်းငုံ ဧက(၁၈၀)ကျော်ကိုပုလဲပဒက်တွေ အဓမ္မရိတ်သိမ်းယူလိုက်တယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ မူလဖော်ပြချက်အပေါ် နားလည်မှုလွဲစေတဲ့ဖြန့်ဝေမှု တစ်ခုဖြစ်ပါတယ်။ “ဇန်နဝါရီ၁၂ ပုလဲနယ်က  ပဲစင်းငုံ ဧက (၁၈၀)ကျော်ကိုပုလဲပဒက်တွေ အဓမ္မရိတ်သိမ်းယူကြ”လို့ ရေးသားပြီး “Ba Htwar” အမည်နဲ့ ဖေ့စ်ဘွတ်အသုံး ကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဒီပို့စ်မှာအသုံးပြုဖြန့်ဝေထားတဲ့ ဓာတ်ပုံတွေကို လေ့လာကြည့်ရာမှာ “PALE ENTERTAINMENT”ဆိုတဲ့ ရေစာစကားလုံးပါဝင်တာတွေ့ရပါတယ်။ မူလဖော်ပြခဲ့တဲ့ “PALE ENTERTAINMENT”စာမျက်နှာကို ဝင်ရောက်လေ့လာကြည့်ရာမှာတော့ ပုလဲမြို့မှာ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တွေရှိတဲ့ အင်မထီးပျူစောထီးရွာနားမှာ ဒေသခံတောင်သူတွေက သူတို့ရဲ့ပဲစင်းငုံစိုက်ခင်းတွေရိတ်သိမ်းနိုင်အောင် PDF က ကူညီပေးခဲ့တာလို့ရေးသားဖော်ပြထားပါတယ်။ “PDFတပ်သားများ ကာကွယ်စောင့်ရှောက်မှုဖြင့် ပျူစောထီးစခန်း […]

Continue Reading

Fact Check: လောင်းလုံမြို့နယ် ဟင်းချိုတောရွာက နေအိမ်တွေကို PDF မီးရှို့တဲ့ သတင်းမှား

ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ် ဟင်းချိုတောရွာမှာ PDF က နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးသွား တယ်ဆိုပြီး တော့ ပို့စ်တစ်ခုအွန်လိုင်းမှာပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။ စစ်တပ်ကျောထောက်နောက်ခံ ပျူစောထီးတွေ လာရောက်မီးရှို့သွားတယ်လို့ မီဒီယာတွေမှာ ဖော်ပြပါတယ်။ “ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ သပြေရှောင်ကျေးရွာအုပ်စု ဟင်းချိုတောကျေးရွာမှ ပြည်သူ ၄ ဦး၏ နေအိမ် ၄ လုံးအား အကြမ်းဖက် PDF ၁၀ဦးမှ ဒလန်ဟုစွပ်စွဲကာ မီးရှို့ဖျက်စီးပြီး နေအိမ်များရှိ ရွှေ စုစုပေါင်း ၃ ကျပ်သားခန့်နှင့် ငွေကျပ် ၁၅ သိန်းတို့အား အကြမ်းဖက် ဓားပြတိုက် ယူဆောင်သွားခဲ့ပါတယ်”လို့ ရေးသားပြီး “Ko Thet” အမည်နဲ့တယ်လီဂရမ်အကောင့်တစ်ခုမှာအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – Telegram link |  Archive link   […]

Continue Reading

Fact Check: CNF/ CNA ဌာချုပ် ဗုံးကြဲတိုက်ခိုက်မှု ၃၀၀ ကျော်သေဆုံးတဲ့ သတင်းမှား

CNF/CNA ဌာချုပ်ကို လေကြောင်းကတဆင့် မြန်မာစစ်တပ် ဗုံးကြဲတိုက်ခိုက်မှုအတွင်း တပ်ဖွဲ့ဝင် ၃၀၀ ကျော်သေဆုံးခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားတစ်ခုသာ ဖြစ်ပါတယ်။ “ဒီနေ့တော့? အောက်ချင်းငှက်ကင်CNF အထက်ချင်းငှက်ကင်CNA  အကင်(၃၀၀)ကျော်သွားတယ်။”လို့ ရေးသားပြီး “ကိုကို့ ငယ်လေး” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ ကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် အိန္ဒိယ-မြန်မာနယ်စပ်က ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဌာနချုပ်ကို မြန်မာစစ်တပ်က တိုက်လေယာဉ် အသုံးပြုတိုက်ခိုက်မှုမှာ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၂ ဦး ကျဆုံးရတယ်လို့ ချင်းပြည်နယ်အခြေစိုက် သတင်းဌာနတွေနဲ့ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဒီလင်ခ့်နဲ့ ဒီလင့်ခ်မှာလည်းကြည့်ပါ။  CNF/CNA ဌာနချုပ်ကို စစ်ကောင်စီက […]

Continue Reading

Fact Check: မက်ဆီပုံနဲ့ပိုက်ဆံကတကယ်လား-မဟုတ်ပါ

လေးနှစ်တစ်ကြိမ်ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကမ္ဘာ့ဂုဏ်သိက္ခာအကြီးဆုံး အားကစားပြိုင်ပွဲတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက ဘောလုံးပရိတ်သတ်တွေအကြား လွှမ်းမိုးမှုအရှိဆုံးပွဲတစ်ပွဲဖြစ်ပြီး ကမ္ဘာ့ဖလားကို ကိုင်မြှောက်ခွင့်ရချိန်ဟာ နိုင်ငံတစ်နိုင်ငံ၊ ကစားသမားတစ်ယောက်အနေနဲ့  ဂုဏ်ယူရဆုံးအခိုက် အတန့် တစ်ခုဖြစ်တယ်။ ယခုနှစ် အာဂျင်တီးနား အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို အရယူနိုင်လိုက်တဲ့  မက်ဆီ(Messi)ဟာ ခေတ်တစ်ခေတ်ရဲ့ အကောင်းဆုံးနဲ့ အအောင်မြင်ဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ အာဂျင်တီးနားမှာ မက်ဆီပုံနဲ့ ပီဆို ၁၀၀၀ ပိုက်ဆံရိုက်ထုတ်ဂုဏ်ပြုလိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြား ပျံ့နှံ့လျက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့ခဲ့တဲ့ ပို့စ်ပါ စာသားကောက်နှုတ်ချက်ပဲဖြစ်ပါတယ်။ “ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားအသင်းကို ငွေစက္ကူထုတ်ပြီး ဂုဏ်ပြု မက်ဆီပုံပါတဲ့ ပီဆို ၁၀၀၀ တန်အပြင် ၂၀၂၂ ကမ္ဘာ့ချန်ပီယံအသင်းသားတွေနဲ့ ငွေစက္ကူကို အာဂျင်တီးနား အစိုးရက တရား၀င်ထုတ်ပြီး ဂုဏ်ပြုလိုက်ပါတယ်။ […]

Continue Reading