Fact Check: မက်ဆီရဲ့ တံတောင်ဆစ်မှာ ၂၄ ပစ္စည်းပဌာန်းထိုးထားတာလား-မဟုတ်ပါ
လေးနှစ်တစ်ကြိမ်ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကမ္ဘာ့ဂုဏ်သိက္ခာအကြီးဆုံး အားကစားပြိုင်ပွဲတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက ဘောလုံးပရိတ်သတ်တွေအကြား လွှမ်းမိုးမှုအရှိဆုံးပွဲတစ်ပွဲသလို ကမ္ဘာ့ဖလားကို ကိုင်မြှောက် ခွင့်ရချိန်ဟာ ဘောလုံးသမားတွေအတွက်လည်း ဂုဏ်ယူရဆုံးအခိုက်အတန်တစ်ခုဖြစ်တယ်။ ယခုနှစ် အာဂျင်တီးနား အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို အရယူနိုင်လိုက်တဲ့ မက်ဆီ(Messi)ဟာ ခေတ်တစ်ခေတ်ရဲ့ အကောင်းဆုံးနဲ့ အအောင်မြင် ဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ ကမ္ဘာ့ဖလားကို ကိုင်မြှောက်ထားတဲ့ မက်ဆီရဲ့ တံတောင်ဆစ်မှာ ဗုဒ္ဓဘာသာရဲ့ အဘိဓမ္မာကိုဖော်ညွှန်းတဲ့ ၂၄ ပစ္စည်းပဌာန်းပုံစံထိုးထားတဲ့အတွက် အခုလိုအနိုင်ရသွားလို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုချက်ဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ပို့စ်ပါ စာသားကောက်နှုတ်ချက်ပဲဖြစ်ပါတယ်။ “တံတောင်ဆစ်မှာ 24 items(၂၄ ပစ္စည်း) ပုံစံ Tattooထိုးလို့ World Cup ရသွားတဲ့ Messi……. ဒါတောင် အသေးစိတ် တွေ မထည့်ရသေးပါဘူးတဲ့” […]
Continue Reading
