Fact Check: သီတင်းကျွတ်လပြည့် ရွှေတိဂုံဘုရားဗုံးပေါက်ကွဲဆိုတဲ့သတင်းမှား

သီတင်းကျွတ်လပြည့်နေ့ မနက်က ရွှေတိဂုံစေတီဗုံးပေါက်လို့မသာပေါ်ကုန်ပြီလို့ဆိုတဲ့  ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ခေါင်းစဉ်တုခေါင်းစဉ်အမှားတွေ ဖန်တီးပြီး လူတွေ စိတ်ဝင်စားမှုကို ရယူထားတဲ့  ဗွီဒီယိုသာဖြစ်ပါတယ်။ “လပြည်နေ့သေ ့ကုန်ပြီ။မနက်ပဲရှိသေးရွှေတိဂုံစေတီဗုံးပေါက်လို့မသာပေါ်ကုန်ပြီ။”လို့ ရေးသားပြီး “HNC hotline” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်တိုဘာ ၉ ရက်မှာ အောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် အဓိကကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေရာမှာ သတင်းမီဒီယာလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ သတင်းဌာန တွေမှာ သီတင်းကျွတ်လပြည့်နေက ရွှေတိဂုံဘုရားမှာဗုံးပေါက်ကွဲမှုအကြောင်းသတင်းမတွေ့ရပါဘူး။ ၄ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုကိုထပ်မံလေ့လာကြည့်ရာမှာ ဗွီဒီယိုထဲမှာရွှေတိဂုံဘုရားဗုံးပေါက်ကွဲမှုနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတစ်စုံတစ်ရာမပါဝင်ပါဘူး။ ဗွီဒီယိုအသံဖိုင်မှာ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က သူ့ဖေ့စ်ဘွတ်အကောင့်မှာ အောက်တိုဘာ […]

Continue Reading

Fact Check: USDP ဉက္ကဌ ဦးခင်ရီ သေနတ်နဲ့ပစ်သတ်ခံရဆိုတဲ့ သတင်းတု သတင်းမှား

မကြာသေးခင်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြို့ရေးပါတီ(USDP)ဉက္ကသစ်ဖြစ်လာတဲ့ ဦးခင်ရီ အောက်တိုဘာ ၁ ရက်ကလုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုပြီး ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်မှာဖြန့်ဝေလျက်ရှိတယ်။ ခေါင်းစဉ်အတု အမှားနဲ့ ထင်ယောင်ထင်မှားဖြစ်အောင်ဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ “ဦးခင်ရီ အလောင်းပေါ်ပြီ”လို့ ရေးသားပြီး “မန္တလေးအိမ်ခြံမြေ ရောင်းဝယ်ငှား” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ဗွီဒီယိုထဲက ရုပ်သေဓာတ်ပုံထဲမှာလည်း လည်း “မအလ ပေါက်ကွဲနေပြီ ၁ ရက်နေ့ ဦးခင်ရီ ခေါင်းဒဲ့ချိန်ပစ်သတ်ခံရ အရေးပေါ်ကြေညာချက် ထုတ်ပြန်”စသည်ဖြင့် ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုကို youtube ရဲ့ဒီနေရာနဲ့ ဖေ့စ်ဘွတ်ရဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာကို စိစစ်ကြည့်ရာမှာ စစ်တပ်ခန့် လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး နေရာကနေ အနားပေးခံရပြီးနောက် သူ့ကို စစ်တပ်ခေါင်းဆောင်က တာဝန်ပေးသယောင်လုပ်ပြီး USDP ဉက္ကဌ နေရာကို […]

Continue Reading

Fact Check: AA ကို ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့က ရှာဖွေနေတဲ့ဓာတ်ပုံလား-မဟုတ်ပါ

AA အဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တာကို တန်ပြန်သည့်အနေဖြင့် ဒုက္ခသည်စခန်း အတွင်း ဘင်္ဂလားဒေ့ရှ်အစိုးရတပ်တွေက ပိုက်စိတ်တိုက်ရှာဖွေနေတဲ့ဓာတ်ပုံအဖြစ် ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြု သူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားဖြန့်နေခြင်းဖြစ်ပါတယ်။ AA က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တယ်ဆိုတဲ့ မြန်မာစစ်တပ်ရဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။ “ဟာဇီနာလည်း လက်သည်တရားခံကို သိသွားပြီ.. AA တင်မကဘူး ARSA အဖွဲ့ပါ ရှာရမှာ”လို့ ရေးသားပြီး “Sit Naing” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုက အောက်ပါ အတိုင်းမျှဝေထားတာ တွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းအသုံးပြုအသုံးပြုရာမှာ ဒီဓာတ်ပုံဟာ ၂၀၂၀ ခုနှစ်အောက်တိုလထဲမှာ […]

Continue Reading

Fact Check: KBZ ဘဏ်ဒေဝါလီခံလိုက်ပြီဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ခေါင်းစဉ်မှား

KBZ ဘဏ်ဒေဝါလီခံလိုက်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရတယ်။ တကယ်တော့ ဗွီဒီယိုထဲမှာ KBZ PAY အကောင့်တွေ ပိတ်သိမ်းခံရမှုအကြောင်းသာပါဝင်ပါတယ်။ သတင်းခေါင်း စဉ်မှားအသုံးပြုပြီး လူတွေကိုလှည့်စားထားတဲ့ သတင်းတစ်ခုဖြစ်ပါတယ်။ အောက်ပါ screenshots ကတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျှက်ရှိတဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ “KBZ ဘဏ်ဒေဝါလီခံလိုက်ပြီ”လို့ ရေးသားပြီး “MM New” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက စက်တင်ဘာ ၂၁ ရက်က အောက်ပါ အတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၂ သိန်းကျော်ရှိပါတယ်။ ဗွီဒီယိုထဲက  Thumbnail ဓာတ်ပုံစာသားမှာလည်း “(21)ရက်နေ့ KBZ ဘဏ်ဒေဝါလီခံလိုက်ပြီ ဦးတေဇ ပြေပြီးတဲ့ KBZ ဘဏ်ဒေဝါလီခံလိုက်ပြီ”စသည်ဖြင့်ပါဝင်ပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေက ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့  […]

Continue Reading

Fact Check: ရခိုင်ကို ဘင်္ဂလားဒေ့ရှ်သိမ်းပိုက်ဖို့ AA နဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ် ပူးပေါင်းကြံစည်နေတယ်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့သတင်းမှား

ရက္ခိုင့်တပ်တော်(Arakan Amry – AA)ဟာ ဘင်္ဂလားဒေ့ရှ်စစ်တပ်မှာထည့်သွင်းဖွဲ့စည်းပြီး ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းထည့်သွင်းဖို့ ဘင်္ဂလားဒေ့ရှ်စစ်တပ်ကအကြံပြုချက်အဖြစ် ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားဖြန့်ဝေလျှက်ရှိပါတယ်။နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတစ်ခုဖြစ်ပါတယ်။  ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ AA အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်စစ်တပ်မှာထည့်သွင်းဖွဲ့စည်းပြီး ရခိုင်ပြည်နယ်အား ၎င်းတို့နိုင်ငံ အတွင်း ထည့်သွင်းမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြောင်းနေ့စဉ်ဖော်ပြပေးနေသော Bangladesh Military Affairs ဖေ့စ်ဘွတ်စာမျက်နှာမှာ ၂၀၂၀ ခုနှစ် ဇွန် ၈ ရက်နေ့ ၁၀၃၀ နာရီအချိန်က ရေးသားဖော်ပြထား တယ်လို့ဆိုပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့လျှက်ရှိတဲ့ပို့စ်တွေပါတဲ့ရေးသားချက်အပြည့်အစုံဖြစ်ပါတယ်။  â€œArakan Army(AA) အဖွဲ့ကို ဘင်္ဂလားဒေ့ရ်ှစစ်တပ်တွင် ထည့်သွင်းဖွဲ့စည်းပြီး ရခိုင်ပြည်နယ်အား ၎င်းတို့နိုင်ငံအတွင်းထည့်သွင်းမည်ဖြစ်ကြောင်း ” ဘင်္ဂလားဒေ့ရ်ှစစ်တပ်အကြောင်း နေ့စဉ်ဖော်ပြပေးနေသော Bangladesh Military Affairs Page တွင်ဇွန် ၈ ရက်နေ့ ၁၀၃၀ နာရီအချိန်၌ […]

Continue Reading

Fact Check: NUG လူ/ကယ်ပြန်ဝန်ကြီး တပ်မ ၉၉ ဗျူဟာမှူးထံမှာ လက်နက်ချ အလင်းဝင်ဆိုတဲ့သတင်းမှား

တပ်မ ၉၉ တံဆိပ်ပါရှိတဲ့ စစ်သားတစ်ယောက် ဒေါက်တာဝင်းမြတ်အေးနဲ့ ရယ်မောစကားပြောကာ လက်ဆွဲ နှုတ်ဆက်နေတဲ့ ဓာတ်ပုံကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် ဒေါက်တာဝင်းမြတ်အေး လက်နက်ချ အလင်းဝင်ဆိုပြီး ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားမှာ ပျံနှံ့ခဲ့ပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ NLD အစိုးရလက်ထက်မှာ လူကယ်ပြန်ဝန်ကြီး တာဝန်ယူခဲ့စဥ်က ဖြစ်ပြီး ၊ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မောင်းတောဒေသကို သွားရောက်ခဲ့စဉ် တပ်မ ၉၉ က စစ်သားတွေ အရာရှိတွေနဲ့ တွေ့ဆုံ နှုတ်ဆက် စကားပြောနေတဲ့ ဓာတ်ပုံသာ ဖြစ်ပါတယ်။ “လက်နက်ချ အလင်းဝင်ရောက်လာသည့်   NLD ဝန်ကြီးဟောင်း အား  ရှေ့တန်းတပ်မ ၉၉ နည်းဗျူဟာမှူးမှ လှိုက်လှဲစွာ ကြိုဆို”လို့  ရေးသားပြီး “ဇော် မင်း လွင်” အမည်နဲ့ […]

Continue Reading

Fact Check:  စစ်ကိုင်းကျွန်းလှတိုက်ပွဲက ဓာတ်ပုံတွေကို ရခိုင်ပြည်နယ် မောင်းတော တိုက်ပွဲမှာ သိမ်းဆည်းရမိတဲ့ လက်နက်တွေအဖြစ်ပျံ့နှံ့

ရခိုင်ပြည်နယ် မောင်းတောတိုက်ပွဲ (မိုင်တိုင်မှတ် ၃၅ )မှ သိမ်းဆည်းရမိသော စစ်ကောင်စီဘက်မှ လက်နက်ခဲ ယမ်းများဟုဆိုကာ လက်နက်ခဲယမ်းပုံ၊ စီတန်းထောင်ထားတဲ့ လက်နက်ပုံတွေနဲ့ တပ်မ ၃၃ တံဆိပ်နဲ့ စစ်ကောင်စီဝတ်စုံတွေကို ရိုက်ယူထားတဲ့ ဓာတ်ပုံ ၃ ပုံဟာဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှု့ရှိခဲ့ပါတယ်။  တကယ်တော့ ဒီဓာတ်ပုံတွေဟာ ဩဂုတ်လ ၂၈ရက် နေ့က စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲဖြစ်စဉ်ကပုံများဖြစ်ပါတယ်။ ” ၉.၉.၂၀၂၂ မောင်တော(မိုင်တိုင်မှတ်၃၅) တိုက်ပွဲတွင်သိမ်းဆည်းရမိသော စကစလက်နှက်ခဲယမ်းများ စကစဖက်မှ၃၀ထက်မနည်းကျဆုံးပြီး အရှင်၃ကောင်ဖမ်းမိ” ဆိုပြီး  ဓာတ်ပုံဟောင်းကို အသုံးပြုပြီး  “ 𝐓𝐇𝐀𝐍 𝐓𝐖𝐀𝐍 𝐒𝐎𝐄 – 𝐏𝐑𝐀𝐘 𝐓𝐖𝐀𝐍 “ဆိုတဲ့အကောင့်အမည်နဲ့ ဖြန့်ဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive […]

Continue Reading

Fact Check: ကျောက်ကပ်တစ်ခြမ်း​ရောင်းပြီး iPhone ဝယ်တဲ့ဓာတ်ပုံက တကယ်မဟုတ်ပါ

ကျောက်ကပ်တစ်ခြမ်ရောင်းပြီး iPhone ဝယ်သူတွေဆိုပြီး ဖေ့စ်ဘွတ်ပို့စ်တစ်ခုပျံ့နှံ့လျက်ရှိပါတယ်။ ဓာတ်ပုံထဲမှာ လက်တစ်ဖက်က နောက်ဆုံးပေါ် iPhone တစ်လုံးစီကိုင်လျှက် အခြားသောလက်တစ်ဖက်က အင်္ကျီကိုလှန်ပြီး ဝမ်းဗိုက်မှာ ဒဏ်ရာကိုလှန်ပြနေတဲ့ လူ ၃ ဦးပါဝင်ပါတယ်။  ဓာတ်ပုံဟာ တကယ်တော့ လာအိုနိုင်ငံက အလှအပဆေးခန်းတစ်ခုက ဟာသအနေနဲ့ ဖော်ပြခဲ့တဲ့ ဓာတ်ပုံ တစ်ခုသာဖြစ်ပါတယ်။ “ကျောက်ကပ်တစ်ခြမ်း​ရောင်းပြီး Iphone ဝယ် အသစ်ထွက်တဲ့ iphone ကိုလိုချင်လို့ ​ကျောက်ကပ်တခြမ်းထုတ်​​​ရောင်းပြီး ဝယ်လိုက်တဲ့ပုံပါ လက်တဖက် ကဖုန်းကိုကိုင်ပြီး ကျန်လက်တဖက်ကခွဲထား​တဲ့နေရာကိုပြသကာ လူမှုကွက်ရက်​ပေါ်မှာဖြန့်​ဝေခဲ့ပါတယ်။ အဆိုပါတင်ထားတဲ့ပို့စ်​အောက်မှာလဲ တ​စ်​ယောက်တမျိုးအထင်နဲ့​ဝေဖန်​ရေးသားခံ​နေရပါတယ်။”လို့ ရေးသားပြီး “ဇော်ဂျီလက်စွဲ” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  […]

Continue Reading

Fact Check:  AA က ခမောင်းဆိပ်ပရဟိတကျောင်းဝန်းထဲကအဆောင်တွေကို မီးရှို့တဲ့ ဓာတ်ပုံလား-မဟုတ်ပါ

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း စစ်ရေးအရအရေးပါတဲ့ စစ်ကောင်စီရဲ့ ခမောင်းဆိပ် ဗျူဟာကုန်းမှာ ရက္ခိုင့်တပ်တော် ( AA  )‌တွေ သေဆုံးမှု့များလာခြင်းကြောင့် ပရဟိတကျောင်းဝန်းထဲက အဆောင်တွေကို AA က မီးရှို့ ဆိုပြီး အထုတ်တွေနဲ့ လူတွေထွက်ပြေးနေပြီး မီးခိုးလုံးကြီးများ တလိပ်လိပ်တက်နေပြီး တဲအိမ်တွေ မီးလောင်လျက် ရှိသည့်ဓာတ်ပုံကို အသုံးပြုထားတဲ့ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ တကယ်တော့ ဒီဓာတ်ပုံတွေဟာ ၂၀၁၃ ခုနှစ်က ထိုင်းနိုင်ငံ မဲဟောင်ဆောင်ရှိ မဲစုရင် (Mae Surin) ဒုက္ခသည် စခန်းမှာ မီးလောင်မှုဖြစ်စဉ်က ပုံတွေဖြစ်ပါတယ်။  ” ခမောင်းဆိပ် ဗျူဟာကုန်းလာပစ်တဲ့ AA ‌ွေ တ အသေများလာတော့ ပရဟိတကျောင်းဝန်းထဲက အဆောင်တွေကို မီးရှို့ခဲ့ပါတယ် AA ရဲ့မရိုးလှသော ဗျူဟာအကွက်များ ” […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်နေအိမ်ပြန်ရောက်ပြီဆိုတဲ့ သတင်းတုသတင်းမှား        

​ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျနေရာကနေပြန်လွတ်ပြီး နေပြည်တော်နေအိမ်ပြန်လည်ရောက်ရှိလာပြီ လို့ရေးသားထားတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု သတင်းမှားဖြစ်ပါတယ်။ “အမေစု နေပြည်တော် နေအိမ်ပြန်လည်ရောက်ရှိ ။ပြည်သူတွေ မျက်ရည်ပါကျတယ်”လို့ ရေးသားပြီး “Third News ll” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုထဲမှာလည်း သတင်းတင်ဆက်သူက “မင်္ဂလာပါရှင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ပြန်ရောက်ခဲ့ ပါပြီ။တရားရုံးတော်ကယနေ့ မှာပဲအကျဉ်းချုပ်ကနေအိမ်အကျယ်ချုပ်သို့ပြောင်းလဲသတ်မှတ်လိုက်ပြီဟု အမိန့်ချမှတ်လိုက်ပါတယ်။ အားလုံးပဲဝမ်းသာစရာသတင်းဖြစ်မယ်လို့မျှော်လင့်မိကြပါတယ်။”စသည်ဖြင့် ကြေညာခဲ့လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   ထို့အတူ ဒီဗွီဒီယိုကို တူညီစွာရေးသားပြီး “Today new”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကလည်းမျှဝေထားရာ ဒီဗွီဒီယိုပြန်လည်မျှဝေမှုပေါင်း ၃၀၀၀ ကျော်၊ ဗွီဒီယိုကြည့်ရှူ့မှုပေါင်း ခုနှစ်သိန်းဝန်းကျင်ရှိပါတယ်။ ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် ပွင့်လင်းမြင်သာမှုမရှိတဲ့ စစ်တပ်အလိုကျတည်ထောင်ထားတဲ့ အထူးတရားရုံးကနေ ဒေါ်အောင်ဆန်းစုကြည်ကို စက်တင်ဘာ ၂ ရက်မှာပဲ နောက်ထပ်ထောင်သုံးနှစ် ထပ်မံချမှတ်ခဲ့ပါတယ်။ […]

Continue Reading