Fact Check: နေပြည်တော်ကို အမေရိကန်တပ်ဖွဲ့ ဝင်လာပြီဆိုတဲ့ သတင်းမှား

ငွေကြေးလိမ်လည်မှုတွေကို အရေးယူဖို့အတွက် နေပြည်တော်ကို အမေရိကန်တပ်ဖွဲ့တွေ ဝင်လာပြီဆိုတဲ့  ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှားသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ နိုဝင်ဘာ ၁၄ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၆ သိန်း ဝန်းကျင်ရရှိထားတယ်။ အလားတူတဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။   “အမေရိကန် အထူးတပ် နေပြည်တော်ဝင်လာပြီ ကျားဖြန့်အမှု စစ်ဗိုလ်ချုပ်တွေ ပါဝင်နေကြောင်း  သတင်းထွက်၊ နေပြည်တော်ကို အမှောင်ချလိုက်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့ချန်နယ်ကို တုပထားပြီး သတင်းမီဒီယာတချို့က သတင်းတွေ […]

Continue Reading

Fact Check: စစ်တပ်က ကျင်းကမယ့် ရွေးကောက်ပွဲ NLD ဝင်ပြိုင်မယ်ဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီလည်း ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်ဆိုပြီး ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိမှုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “ဒေါ်အောင်ဆန်းစုကြည် ပြန်လာပြီ NLD ရွေးကောက်ပွဲ ဝင်ဖို့တရုတ် ခွင့်ပြုလိုက်ပြီ NLD အနိုင်ရဖို့ ပြည်သူတွေ ပြန်လည်ဦးမော့လာပြီဟေ့ တရားဝင်မှုရဖို့ NLD ကို မင်းအောင်လှိုင် လက်ခံလိုက်ရပြီ”  Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်း မီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိနေရာတွေ့ရတယ်။ ဒီချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့ချန်နယ်အမည်နာမနဲ့ အမှတ်တံဆိပ်တွေကိုလည်း တုပထားတာတွေ့ရ တယ်။ အခုလည်း […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်နယ်ထရမ့်တွေ့ဆုံမည်ဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်နယ်ထရမ့်တွေ့ဆုံမယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ  ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိမှုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “ဒေါ်နယ်ထရမ့်နဲ့ အမေစု တွေ့ဆုံမည် အာဆီယံ အစည်းအဝေး ဒေါ်စု တက်ရမည်၊ မင်းအောင်လှိုင်ကို  ဖုန်းဆက်ပြီး ဒေါ်နယ်ထရမ့် ဖိအားပေး”  Original link | Archive link အချက်အလက်စိစစ်ချက် “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့ နေရာဖြစ်တာတွေ့ရတယ်။ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ “thumbnail”ဓာတ်ပုံမှာ အာဆီယံအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်မယ်၊ ဒေါ်နယ်ထရမ့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမယ်စသည်ဖြင့် ရေးသားထားပေမဲ့ ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့အကြောင်းအရာဟာ […]

Continue Reading

Fact Check: ရခိုင်ပြည်ကို အမေရိကန် စစ်သင်္ဘောတွေဝင်လာပြီဆိုတဲ့ သတင်းမှား

ရခိုင်ပြည်နယ်ကို အမေရိကန်စစ်သင်္ဘောတွေ ဝင်လာပြီဆိုပြီး ဗွီဒီယိုတွေ ယူကျူ့မှာ  ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “ရခိုင်ပြည် ကို US စစ်တပ်ဝင်လာပြီ ရခိုင်ပြည်ကို အမေရိကန် စစ်သင်္ဘော ဝင်လာပြီး မကြာဘူး တရုတ်သဘာဝဓာတ်ငွေ့လုပ်ငန်း ပေါက်ကွဲလို့ လန့်ကုန်ပြီ”  Original link | Archive link အလားတူတဲ့ ရေးသားမျှဝေမှုတွေကို “Mandalay KhitThit”အမည်နဲ့ ယူကျူ့ချန်နယ်ကလည်း ဖြန့်ဝေထားတာ ဒီနေရာမှာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လုံးဝလုပ်ကြံရေးသားဖြန့်ဝေတာတွေ ပြုလုပ်တဲ့ နေရာဖြစ်တယ်။  ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  […]

Continue Reading

Fact Check: ‌သောကြာဂြိုဟ်ပေါ်က ဓာတ်ပုံတပုံအတွက် ဒေါ်လာ သန်း ၃၀၀ အသုံးပြုခဲ့သလား

ဆိုဗီယက်ယူနီယံရဲ့ သောကြာဂြိုဟ်လေ့လာရေးစီမံကိန်းက‌နေ ဂြိုဟ်ပေါ်ဆင်းသက်ရေးယာဉ်တွေထဲက ဂြိုဟ်ပေါ်ဆင်းသက်နိုင်ကာ ဓာတ်ပုံတွေရိုက်ကူးပြီး ပြန်လည်ပေးပို့နိုင်ခဲ့တာတွေကို  ပေါင်းစည်းထားပြီး မြင်ရတဲ့ မြင်ကွင်းဖြစ်တဲ့ ဓာတ်ပုံတပုံအတွက် အမေရိကန် ဒေါ်လာသန်း ၃၀၀ လောက်ကုန်ကျခဲ့တယ်လို့ ဆိုပြီး ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံမှုအားကောင်းနေတယ်။ အချက်အလက်တချို့ဟာ မှန်ကန်ပေမဲ့ ဓာတ်ပုံဟာ အကြိမ်ကြိမ် ပြင်ဆင် တည်းဖြတ်ထားတဲ့ သရုပ်‌ဖော် ဓာတ်ပုံတပုံဖြစ်တယ်။ ဓာတ်ပုံအတွက် သန်း ၃၀၀ ကုန်ကျခဲ့တယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါ။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “ဒီပုံတစ်ပုံရဖို့ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကုန်ကျတယ်တဲ့။ ဒီပုံက ကမ္ဘာမြေပေါ်ကပုံ မဟုတ်ဘူး။ သောကြာဂြိုဟ်လို့ ခေါ်ကြတဲ့ Venus ဂြိုလ်ပေါ်ကပုံ” Original link […]

Continue Reading

Fact Check: ချောင်းဆိုးခြင်းက နှလုံးရုတ်တရက်ဖောက်ပြန်မှုကို သက်သာစေနိုင်တယ်ဆိုတဲ့ သတင်းမှား

နှလုံးရုတ်တရက်ဖောက်ပြန်တဲ့အချိန် လူနာဟာ သတိလစ် မေ့မျောဖို့ ၁၀  စက္ကန့် လောက်ပဲကြတာကြောင့် ဆေးရုံကို သွားရောက်ဖို့အတွက် အခွင့်အလမ်းမရှိသေးချိန်မှာ အရေးပေါ်အနေနဲ့ ပြင်းပြင်းချောင်းဆိုးခြင်းက နှလုံးဖောက်ပြန်ပြီး သတိလစ်မေ့မြောမှုကို ကာကွယ်နိုင်တယ်လို့ ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်မှာ မကြာခဏပျံ့နှံ့လျက်ရှိပါတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ ပြောဆိုချက်သာဖြစ်ပါတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ တူညီတဲ့ ပြောဆိုရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “လူတော်တော်များများ နှလုံးရောဂါ  ထ ဖောက်တဲ့အချိန် သူ့အနားမှာကူမဲ့သူ တယောက် မှမရှိဘူး ၊ သူ့နှလုံးက ပုံမှန်မခုန်ဘူး ၊ သတိလစ် မေ့မျောတော့မယ်၊   သတိလစ်ဖို့ ၁၀  စက္ကန့် လောက်ပဲလိုတယ်.     ဒါပေမဲ့ အဲ့လိုအချိန်မှာ ကိုယ့်ဖာသာ […]

Continue Reading

Fact Check: ဘေဂျင်းရေကြီးမှုမှာ သရုပ်ဆောင် ဂျက်ကီချမ်း သေဆုံးခဲ့ဆိုတဲ့ သတင်းတု

ဘေဂျင်းရေကြီးမှုမှာ သရုပ်ဆောင် ဂျက်ကီချမ်း သေဆုံးသွားတယ်တဲ့ ဆိုပြီး ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်း နေတာ တွေ့ရပါတယ်။  နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုရေးသားချက်ဖြစ်ပြီး သတင်းတု တခုဖြစ်တာတွေ့ရတယ်။ ပျံ့နှံ့နေတဲ့ ဓာတ်ပုံနဲ့ ပို့စ်စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ မှာလည်းတွေ့ရပါတယ်။ “Beijing ရေကြီးမူ လူ30 ကျော်သေတဲ့ ထဲ ဂျက်ကီချန်း ပါသွားတယ် တဲ့ စိတ်မကောင်းလိုက်တာ” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဂျက်ကီချမ်းသေဆုံးမှု သတင်းကို နိုင်ငံတကာသတင်းတွေနဲ့ တခြားသော သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။ ဒါပေမဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဂျက်ကီချမ်း သေဆုံးမှုကောလဟာလတွေ ဖြစ်ပြီး အခြေအမြစ်မရှိဘူးလို့ မီဒီယာတွေနဲ့ အချက်အလက်စိစစ်သူတွေက  […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ စစ်ခေါင်းဆောင် တရုတ်သမ္မတကို ကတိပေးတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ စစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပေးလိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေထားတာ တွေ့ရပါတယ်။  တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုချက်သာဖြစ်တယ်။ ရုရှားစစ်ရေးပြ အခမ်းအနားတက်ရောက်ချိန် ဘေးပေါက် တွေ့ဆုံမှုအနေနဲ့ မြန်မာစစ်တပ်ခေါင်း‌ဆောင်နဲ့ တရတ်သမ္မတတို့ တွေ့ဆုံဆွေးနွေးမှုမှာ ဒီအကြောင်းအရာတွေ ပါဝင်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ အောက်ပါစခရင်ရှော့ကတော့ မေ ၉ ရက်မှာ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဗွီဒီယိုရဲ့ စခရင်ရှော့ဓာတ်ပုံဖြစ်တယ်။ ဒီဗွီဒီယိုထဲပါ စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။  “စစ်ကောင်းဆောင် ဂတိပေးလိုက်ရပြီ အပစ်ခတ်အားလုံး ရပ်တန့်ရန် တရုတ်သမ္မတ အမိန့်ပေး ဒေါ်စုကို အရေးပေါ် လွှတ်ရန်သဘောတူလိုက်ရပြီ” မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုဖြန့်ဝေထားတဲ့ “မန္တလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ […]

Continue Reading

Fact Check: အသစ်ရွေးချယ်လိုက်တဲ့ ဗာတီကန်ပုပ်ရဟန်းမင်းလား-မဟုတ်ပါ

ကက်သလစ်ဘာသာဝင်တွေအတွက် ပုပ်ရဟန်းမင်းအသစ် ရွေးချယ်လိုက်ပြီဆိုပြီး ပြောဆိုချက်တခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။ ပုပ်ရဟန်းမင်းအသစ် ရွေးကောက်ခြင်းကို မေ ၇ ရက်မှာ ပြုလုပ်မယ်လို့ ဗာတီကန်စီးတီးက ကြေညာထားတယ်။ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ “Thomas Myo Lin”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူရေးသားခဲ့တဲ့ ပို့စ်ပါစာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီလိုပဲ ကာဒီနယ် ၂၃၀ ကျော်ထဲက မဲအများဆုံးရရှိပြီး အသစ်ခန့်အပ်လိုက်တဲ့ ပုပ်ရဟန်းမင်းခန့်အပ်ပွဲဆိုပြီးတော့လည်း ဒီအကောင့်ကပဲ ထပ်မံ မျှဝေခဲ့ပါသေးတယ်။   “ကက်သလစ်ဘာသာဝင်တွေအတွက် ပုပ်ရဟန်းမင်းကြီးအသစ် ကိုဆောင်ကြည်းလာပါပီ”လို့လည်း ရေးသားထားပါတယ် မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ပုပ်ရဟန်းမင်းအသစ် ရွေးကောက်ခြင်း အစည်းအဝေးကို မေ ၇ […]

Continue Reading

Fact Check: မန္တလေး PDF သင်္ကြန်တွင်းမှာ မြို့ထဲကို ဝင်လာတယ်ဆိုတဲ့ သတင်းမှား

မန္တလေး PDF  က ယခုနှစ် သင်္ကြန်တွင်းမှာ မြို့ထဲဝင်လာတဲ့ ဓာတ်ပုံတွေအဖြစ် ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ ပျောက်ကျားဝတ်စုံဝတ်ဆင်ထားပြီး သင်္ကြန်လည်ပတ်ရာမှာ အသုံးပြုလေ့ရှိတဲ့ မာဇဒါဂျစ်ကားပေါ်က သေနတ်လို့ ယူဆရတဲ့ အရာတွေလွယ်ထားတဲ့ လူရွယ်တွေရဲ့ ဓာတ်ပုံတွေနဲ့ အတူ အောက်ပါအတိုင်းရေးသားဖြန့်ဝေထားပါတယ်။ သတင်းမှားတခုဖြစ်တယ်။ ဓာတ်ပုံတွေဟာ ၂၀၁၆ ခုနှစ် သင်္ကြန်ရေကစားတဲ့ ဖက်ရှင်ပုံတခုသာဖြစ်တယ်။  “မန္တလေး လပခ လုံခြုံရေးအားနည်းချက်ကတော့ MDY PDF က သက်ြန်တွင်းကြီး မြို့ထဲဝင်လာတာ မသိလိုက်ဘူးတဲ့လား။ ဟုတ်ဟုတ် မဟုတ်ဟုတ် လက်နက်အတုဖြစ်ဖြစ် အစစ်ဖြစ်ဖြစ် လခရ အားနည်းလို့ သူများကဲ့ရဲ့စရာဖြစ်နေတာ။ လပခ တိုင်းမှူး မလှုပ် မရှုပ် မပြုတ် လုပ်နေတာလား။ #အောင်စစ်သည်စစ်သတင်းနှင့်ဗဟုသုတ” Original link | Archive link […]

Continue Reading