Fact Check: စပိန်နိုင်ငံ M-45 လမ်းမကို သန်လျင်-ကျောက်တန်းလမ်းအဖြစ် မျှဝေနေ

၅ နှစ်အတွင်း NLD အစိုးရစွမ်းဆောင်ရည်များအဖြစ် အဝေးပြေးလမ်းမကြီးတွေကို စုစည်းဖော်ပြထားတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာပျံ့နှံ့လျက်ရှိပါတယ်။  á€’á€Žá€œá€­á€Żá€•á€ťá€śá€ˇá€”á€žá€śá€ˇá€œá€ťá€€á€şá€›á€žá€­á€á€˛á€ˇ ဓာတ်ပုံပို့စ်တွေမှာ “US ဒေါ်လာ သန်းကိုးထောင်($9000)million ကျော် ပြည်သူ့ အကျိုးပြုလုပ်ငန်း လုပ်လိုက်လို့ အမေရိကန်အစိုးရ အံ့ဩနေ”စသည်ဖြင့် အစချီရေးသားထားပြီး “၅ နှစ်သက် တမ်းအတွင်း NLD အစိုးရ၏ စွမ်းဆောင်ရည်များ သံလျင်-ကျောက်တန်းလမ်းမများ”လို့ရေးထိုးတာတဲ့ ဓာတ်ပုံတစ်ပုံလည်းပါဝင်ပါတယ်။ သို့သော်လည်း “၅ နှစ်သက်တမ်းအတွင်း NLD အစိုးရ၏ စွမ်းဆောင်ရည်များ သံလျင်-ကျောက်တန်း လမ်းမများ” လို့ ရေးထိုးမျှဝေနေတဲ့ဓာတ်ပုံဟာ မြန်မာနိုင်ငံက သန်လျင်-ကျောက်တန်းလမ်းမဟုတ်ဘဲ စပိန်နိုင်ငံ M-45 လို့ခေါ်တဲ့လမ်းမကြီးရဲ့ အစိတ်အပိုင်းဖြစ်တာ တာတွေ့ရပါတယ်။ ဒီလိုမျှဝေထားတဲ့ဓာတ်ပုံပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူတွေက ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာ တွေမျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading

Fact Check: ဘင်္ဂါလီအိမ်ထောင်စုတွေကို ဆန်တစ်အိတ်၊ဆီတစ်ပုံးနဲ့ပိုက်ဆံ သိန်းချီ ထောက်ပံ့ပေးနေတယ်ဆိုတဲ့ သတင်းမှား

အခြားသူတွေကို တစ်အိမ်ထောင်ငွေကျပ် ၂ သောင်းပဲထောက်ပံ့ပေမဲ့ ဘင်္ဂါလီအိမ်ထောင်စုတွေကို ဆန်တစ်အိတ်၊ ဆီတစ်ပုံးနဲ့ ပိုက်ဆံထောက်ပံ့ကြေးသိန်းချီပေးနေတယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိ တာ တွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ နိုင်ငံတော်က အခြေခံလူတန်းစားတွေအတွက် ငွေနှစ်သောင်းထောက်ပံ့နေချိန်မှာ ဘင်္ဂါလီတွေ အိမ်ထောင်စုတစ်စုကို ဆန်တစ်အိတ်၊ဆီတစ်ပုံး၊ ငွေတစ်သိန်းအပြင် နေ့စဉ်ဟင်းချက်စရာအတွက် တစ်ဦး တစ်ထောင် နှုန်းပေးတယ် ဆိုပြီးတော့ မွတ်ဆလင်တွေကို ဆန်အိတ်တစ်အိတ် ပေးနေတဲ့ ဓာတ်ပုံတစ်ပုံနဲ့အတူ တကွ မျှဝေနေတာ ဖြစ်ပါတယ်။  သို့သော်လည်း အထက်ပါအတိုင်း ပြောဆိုမျှဝေနေမှုဟာ အချက်အလက်မှားဖြစ်တာတွေ့ရပါတယ်။ အဆိုပါ ဓာတ်ပုံဟာ အစိုးရက COVID-19 ကပ်ရောဂါကာလ အခြေခံလူတန်းစားတွေကို ထောက်ပံ့ ကြေးပေးအပ်မှုနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ဓာတ်ပုံဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့ အလားတူ ပြောဆိုရေး သားချက်နဲ့ […]

Continue Reading

Fact Check: နိုင်ငံရေးမှာ တပ်မတော်မပါဝင်ဖို့ ၂၀၁၃ ခုနှစ်က ဒေါ်အောင်ဆန်း စုကြည်ကြားချက်ကို လက်ရှိပြောကြားချက်အဖြစ်မျှဝေနေ

နိုင်ငံရေးမှာ တပ်မတော်မပါဝင်ဖို့ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်တယ်ဆိုတဲ့အကြောင်း ပို့စ်တစ်ခုက ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်အသုံးပြုသူများကြားမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။  ဒီပို့စ်မှာ “နိုင်ငံရေးမှာ တပ်မတော်၀င်မပါဖို့ ဒေါ်အောင်ဆန်းစုကြည် သတိပေးပြီ” ဆိုတဲ့ခေါင်းစဉ်နဲ့ “တပ်မတော် ဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့နဲ့ တိုင်းပြည်ကို ကာကွယ်ဖို့ပဲဖြစ်စေချင်တယ်၊ နိုင်ငံရေးထဲမှာ ပါ၀င်တဲ့တပ်မ တော် မဖြစ်စေချင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောဆိုလိုက်ပါတယ်။…..”စသဖြင့် ရေးသားထားပြီး အောက်မှာတော့ ၁၀-၁၀-၂၀၂၀လို့ နေ့စွဲတပ်ထားတာကိုတွေ့ရပါတယ်။ ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာ တွေမှာပြန်လည်မျှဝေနေကြတာတွေ့ရပါတယ်။  RFA ကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်မှာပြောကြားခဲ့သယောင်ဖော်ပြနေပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီစကားတွေကို ၂၀၁၃ ခုနှစ်က အောက်တိုဘာ ၁ ရက်မှာ ပြောကြားခဲ့တာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB Link  |  Archive Link […]

Continue Reading

Fact Check: Carabao ကဒေါ်လာ တစ်သိန်းလှူဒါန်းတဲ့ဓာတ်ပုံနဲ့ပတ်သက်ပြီး သတင်းမှားဖြန့်

ကျွဲခေါင်းပုံအမှတ်တံဆိပ်နဲ့ အဖြူအစိမ်းလွှမ်းမိုးမှုရှိတဲ့ လှူဒါန်းငွေပေးခြင်းဆိုင်ရာ မှတ်တမ်းဓာတ်ပုံကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အား USDP က ဒေါ်လာ တစ်သိန်းလှူဒါန်းမှုအဖြစ်ရေးသားပြီး လူမှုကွန်ယက်မှာဖြန့်ဝေလျက်ရှိပါတယ်။  â€œCovid တိုက်ဖျတ်ရေး အလှု USDP မှ ဒေါ်လာ 1သိန်း နီပိန်းတွေ အာ့လိုလှုတာမြင်ဖူးလား”လို့ရေးသားပြီး “ပြည်ခိုင်ဖြိုးပါတီ ချစ်သူများ we love usdp”ဖေ့စ်ဘွတ်အုပ်စုမှာ “Aung Zaw”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်တိုဘာ ၇ ရက်မှာ မျှဝေထားပါတယ်။ သို့သော်လည်း မျှဝေလျက်ရှိတဲ့ဓာတ်ပုံမှာ ကျွဲခေါင်းပုံအမှတ်တံဆိပ်အချိုရည်ကုမ္ပဏီ Carabao က လှူဒါန်းမှုအဖြစ်ရေးသားထားပြီး ကျွဲခေါင်းအမှတ်တံဆိပ်ကိုလည်း ထင်ရှားစွာမြင်တွေ့ရပါတယ်။ ဒီလိုမျှဝေထားတဲ့ဓာတ်ပုံပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူတွေက မှတ်ချက်အမျိုးမျိုးနဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီပို့စ်ပါဓာတ်ပုံကို အောက်တိုဘာ ၆ […]

Continue Reading

Fact Check: ကင်ညာနိုင်ငံ NLD ထောက်ခံသူများမဲဆွယ်လှုပ်ရှားမှုကို ဂမ်ဘီယာနိုင်ငံကထောက်ခံမှုအဖြစ်ဖော်ပြနေ

အာဖရိကန်လူမျိုးတစ်ချို့ NLD အင်္ကျီဝတ်ဆင်ပြီး ဓာတ်ပုံရိုက်နေပုံနဲ့ ဗွီဒီယိုကို ဂမ်ဘီယာနိုင်ငံသူတွေက ထောက်ခံမှု အဖြစ်ဖော်ပြလျက်ရှိတဲ့ ပို့စ်ကို လူမှုကွန်ယက်မှာ ဖြန့်ဝေလျက်ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲပြီး ပြည်သူတွေက NLD ဒီကိုထောက်ခံပြနေတာဟာ NLD နဲ့ ပြည်ပနိုင်ငံတွေရဲ့ ကြိုတင်ကြံစည်မှုကိုဖော်ပြနေတယ်ဆိုပြီးတော့ ရေးသားမျှဝေနေကြတာဖြစ်ပါတယ်။ သို့သော်လည်း ဓာတ်ပုံပို့စ်ထဲမှာပါတဲ့ NLD အင်္ကျီဝတ် အာဖရိကန်လူမျိုးတွေဟာ ကင်ညာနိုင်ငံကဖြစ်ပြီး ဂမ်ဘီယာနိုင်ငံက မဟုတ်တာတွေ့ရပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားအမျိုးမျိုးနဲ့ ဓာတ်ပုံပို့စ်ကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာနဲ့ ဒီနေရာတွေမျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံတွေကို အခြားအချက်အလက်စိစစ်တဲ့အဖွဲ့အစည်းတွေဖြစ်တဲ့ Boom၊ AFP စတဲ့အချက်အလက်စိစစ်တဲ့ အဖွဲ့အစည်းတွေကလည်း ဂမ်ဘီယာနဲ့သက်ဆိုင်ခြင်းမရှိကြောင်းစိစစ်ထားပြီးဖြစ်ပါတယ်။ Google မှာပုံရှာနည်း၊ […]

Continue Reading

Fact Check: COVID-19 ကူးစက်ခံပြီး မြေပြင်မှာလဲကျနေပုံတွေလား -မဟုတ်ပါ

ယခုရက်ပိုင်းများအတွင်း နေ့စဉ်နီးပါးအတည်ပြုလူနာ ထောင်ဂဏန်းတွေ့ရှိမှုနဲ့အတူ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအတည်ပြုလူနာ ၂၂၀၀၀ ကျော်နဲ့ ဒီရောဂါနဲ့သေဆုံးသူ ၅၃၅ ဦးထက်မနည်းရှိပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ COVID-19 ကူးစက်ခံလို့လဲကျနေသူတွေအဖြစ် ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ မြေပြင်မှာလဲနေတဲ့သူတွေပုံတွေပါဝင်ပြီး ဓာတ်ပုံထဲက ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ သူအချို့မှာ PPE ဝတ်စုံဝတ်ဆင်ထားတာလည်းတွေ့ရပါတယ်။ သို့သော်လည်း ဓာတ်ပုံထဲက နေရာသီးသီးမှာလဲကျနေတဲ့သူတွေဟာ COVID-19 ကူးစက်ခံရပြီး လဲကျခဲ့တယ်ဆိုတဲ့ အထောက်အထားမျိုးမရှိတာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ နားလည်မှုလွဲစေနိုင်တဲ့ ပို့စ်ကိုအောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံတွေထဲက မီးခိုးရောင်အင်္ကျီ၊ ပုဆိုးဝတ်၊နှာခေါင်းစီးနဲ့လဲကျနေတဲ့ အမျိုးသားဟာ အောက်တိုဘာ ၄ ရက်နေ့က “မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ -Mahar Rescue”ဖေ့စ်ဘွတ်စာမျက်နှာမှာတွေ့ရပြီး “၄.၁၀.၂၀၂၀  […]

Continue Reading

နှစ် (၁၀၀) တိုင်းမှာ တစ်ကြိမ် ကမ္ဘာကြီးမှာ ကမ္ဘာ့ရောဂါကပ်ကြီးတစ်ခုဖြစ်တယ်ဆို တာဟုတ်ပါလား

နှစ် (၁၀၀) တိုင်းမှာ တစ်ကြိမ် ကမ္ဘာကြီးမှာ ကမ္ဘာ့ရောဂါကပ်ကြီးဖြစ်ပြီး လူအသေအပျောက်များတတ်တယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန် ယက်မှာသုံးစွဲသူတွေ အကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။  “အနှစ် (၁၀၀) လျှင် တစ်ကြိမ် ကမ္ဘာကြီးက လူသန့်ရှင်းရေးလုပ်တဲ့ချိန် ရောက်ပြီလား” စသည်ဖြင့်အစချီပြီး ၁၈၂၀ ခုနှစ်၊ ၁၉၂၀ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်ဆိုပြီးတော့ လူတွေအတုန်းအရှုံးသေတဲ့ သမိုင်းမှတ်တမ်းဓာတ်ပုံတစ်ချို့နဲ့ ကမ္ဘာပေါ်မှာ လူဦးရေလျော့ချဖို့အတွက် နှစ် ၁၀၀ တိုင်းမှာကပ်ရောဂါဖြစ်တယ်ဆိုပြီး အောက်ပါအတိုင်းရေးသားထားပါတယ်။ Fb link Archive link လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေခဲ့တဲ့ အလားတူပို့စ်မျိုးကို ဒီနေရာနဲ့ ဒီနေရာတွေမှာ လည်း တွေ့ရပါတယ်။ တကယ်ပဲ နှစ် ၁၀၀ တိုင်းမှာ ဒီလိုကပ်ရောဂါဖြစ်ခဲ့တာလား။ ဒီလိုဖြစ်ပျက်ခဲ့ခြင်းဟုတ် မဟုတ် ဆန်းစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် […]

Continue Reading

ဖောင်ကြီးကုသရေးစင်တာမှာ အောက်ဆီဂျင်မလုံလောက်ပဲ လူနာတွေကို ဘာမှမလုပ်ပေးနိုင်ဘူးဆိုတဲ့ သတင်းအမှား

ကိုဗစ်နိုင်တင်းလူနာတွေကိုကုသပေးနေတဲ့ ဖောင်ကြီးကုသရေးစင်တာမှာ လူနာတွေကို ဆရာဝန်တွေက ဘာမှမလုပ်ပေးနိုင်ပဲ ထိုင်ကြည့်နေရပြီး လူနာတွေအတွက် အောက်ဆီဂျင်လည်း မလုံ‌လောက်တဲ့အကြောင်း ဖောင်ကြီးက ဆရာဝန်တစ်ယောက်ကရေးသားတယ်ဆိုတဲ့ ပို့စ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖေ့စ်ဘွတ်ခ်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “အရမ်းမျှော်လင့်နေကြမှာစိုးလို့တောင်းပန်ပါတယ်။ ကျွန်မတို့ ဘာမှမလုပ်ပေးနိုင်ပါဘူး…ဖောင်ကြီးမှာ ခုတင် ၂၀၀၀ ဆံ့ပါတယ်၊ အဲ့ခုတင်ပေါ်မှာ လူနေလို့ရပါတယ်၊ လူနာနေလို့မရပါဘူး positive ဖြစ်တဲ့လူတွေဟာ နောက်ဆုံး အောက်ဆီဂျင်ကျ၊ ပြင်းထန်အဆုတ်ယောင်ရောဂါနဲ့ သေကြပါတယ်၊ အောက်ဆီဂျင်ရှိတဲ့ အဆောင်က ၂ ဆောင်ပဲရှိပါတယ် အဲ့ ၂ ဆောင်မှာမှ အောက်ဆီဂျင်ပိုက်လိုင်းရှိတဲ့ အခန်းတွေက ၅၀ တောင်မပြည့်ပါဘူး အရမ်းအောက်စီဂျင်ကျပီး အထူးကြပ်မတ်ဆောင်ပို့ရရင်လည်း အဲ့မှာ ၁၇ ခုတင်ပဲရှိတာပါ၊ ဆေးရုံဖွင့်ပြီး ဘယ်လိုကုနေတယ်ထင်ပါသလဲ? ဖျားရင်ပါရာစီတမောပေးပါတယ် ချောင်းဆိုးရင်ချောင်းဆိုးပျောက်ဆေး ပေးပါတယ်၊ ကိုယ်ခံအားလေးများကောင်းလာမလားဆိုပီး vitaminC ပေးပါတယ်၊ […]

Continue Reading

ကိုဗစ်နိုင်တင်း Positiveဖြစ်ရင် အိမ်မှာပဲ ကုသသင့်ပါသလား

ကိုဗစ်နိုင်တင်း Positiveဖြစ်နေပြီး အနံ့ပျောက်တာလောက်ဆိုရင် အိမ်မှာပဲနေပြီး ကုတာက ဆေးရုံသွားကုတာထက် ပိုအဆင်ပြေနိုင်တယ်ဆိုတဲ့ပို့စ်တစ်ခုက လူမှုကွန်ယက်အသုံးပြုသူကြားမှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်စာမျက်နှာမှာ “ဒေါက်တာ‌ဒေါ်မိုးမိုးသီရေးတဲ့ အနံ့ပျောက်ကြလို့ ဘာလုပ်ရမလဲမေးရင် ကိုယ့်ဖာသာ Home Qကြမယ်”ဆိုတဲ့ ခေါင်းစဉ်နဲ့ရေသားထားတဲ့ ပို့စ်မှာ “သူငယ်ချင်းတစ်ယောက် အနံ့ပျောက်နေတယ်ဆိုလို့ ရေးဖြစ်ပါတယ်။ အများစုက ဆေးရုံရောက်ရင် တော်တော်နဲ့ပြန်မဆင်းရမှာရယ်၊ အိမ်ကိုဝတ်ဖြူစင်ကြယ်တွေ လာပိတ်မှာရယ်၊ ပတ်ဝန်းကျင်ရဲ့ အကြည့်တွေမခံချင်တာရယ်တွေနဲ့ မသွားကြဘဲ ကုချင်နေကြပါတယ်။ ဆရာဝန်တွေကိုယ်တိုင်က P သမားကို ဆေးရုံမတင်ဖို့ Home Q ထားဖို့ ဝိုင်းပြောနေချိန်၊ ကိုယ်ကလဲ ထောက်ခံတဲ့ဖက်ကဖြစ်ပါတယ်။ အနံ့ပျောက်မယ် ဖျားမယ် Positive သမားနဲ့ Contact နီးနီးစပ်စပ်ရှိခဲ့မယ် (၅ မိနစ်အထက်)ဆိုရင် ကိုယ်ဟာကိုယ် ၁၄ ရက် Q ပါ။”ဆိုပြီး အိမ်မှာနေသင့်တဲ့ပုံစံတချို့ကို ဆက်လက်ရေးသားထားပါတယ်။ […]

Continue Reading

Civitနဲ့ Vitamin-Cအပါအဝင် နွားနို့၊ ကြက်ဥစတဲ့ဖြည့်စွက်အစာတွေက ကိုဗစ်နိုင်တင်းကို သက်သာစေသလား

Civiteနဲ့ Vitamin-Cအပါtဝင် နွားနို့၊ ကြက်ဥစတဲ့ လူကိုအာဟာရဖြစ်စေတဲ့ ဖြည့်စွက်အစာတွေက ကိုဗစ်နိုင်တင်းကို သက်သာပြီး ပြန်လည်ကောင်းမွန်လာမယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူကြားမှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “ကိုဗစ်လက္ခဏာတွေပြလာရင် မိမိလုပ်ရမှာက ရောဂါအခံ ဆီးချိူ သွေးချိူသွေးတိုးရှိလား အရင်စစ်ရပါမယ် (အိမ်မှာပဲ စက်ဖြင့် စစ်ဆေးပါ လူ အထိတွေ့နည်းနိုင်သလောက် နည်းအောင်ဂရုစိုက်ပါ) ရောဂါအခံရှိလျှင် ဆေးရုံတန်းသွားပါ။ ရောဂါအခံမရှိရင်  *ကြက်ဥ တနေ့2လုံးစားရန်၊* Civit bbi 100 ကို ၂လုံးသောက်ပါ၊*ရေနွေးနဲ့ဆားရည် ပါးလုပ်ကျင်းပါ၊ *ရေနွေးကြမ်း အဖန်ရည်သောက်ပါ ဂျင်းနဲ့ထန်းညက် ပြုတ်ထားတာသောက်ပါ၊ *အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ၊ *နေပူနေရင် မနက်နေကို မိနစ် ၂၀လောက်လှူံပါ၊ *နေခင်းဘက်လည်း ထမင်းစားပါ အသီး၊အရွက်တွေစားပါ ကြက်သားငါးစားပါ၊*ပီးရင် ရေနွေးနဲ့သံပုရာရည် ဖျော်သောက်ပါ သံပုရာသီးကို နှစ်ပီးများများထည့်သောက်ပါ၊ *နေ့ခင်း ၂နာရီလောက်အနည်းဆုံး […]

Continue Reading