Fact Check: KNU နဲ့မဟာမိတ်တပ် အင်အား ၅၀၀၀ ကျော်နဲ့ မြဝတီမြို့သိမ်းတိုက်ပွဲ စတင်တဲ့ သတင်းခေါင်းစဉ်တု

KNU နဲ့မဟာမိတ်တပ် အင်အား ၅၀၀၀ ကျော်နဲ့ မြို့သိမ်းတိုက်ပွဲစတင်တဲ့ သတင်းခေါင်းစဉ်တုပို့စ်တခု ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ဖြန့်ဝေလျှက်ရှိတာဟာ သတင်းတုတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့  ဒီလိုဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “မြဝတီမြို့ သိမ်းတိုက်ပွဲစပြီ။” တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ မြဝတီမြို့မှာ တိုက်ပွဲဖြစ်တဲ့ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ သို့ပေမဲ့ ကော့ကရိတ်မြို့မှာတော့ KNU နဲ့ မဟာမိတ်တွေက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ သတင်းတွေ့ရပြီး မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ ကော့ကရိတ်မြို့တိုက်ပွဲနဲ့ ပတ်သတ်တဲ့ သတင်းဖော်ပြချက် တွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။ ဒီလိုပဲ တိုက်ပွဲတွေကြောင့် ယာယီပိတ်ထားရတဲ့ ကော့ကရိတ်-မြဝတီလမ်းပိုင်း ပုံမှန်အတိုင်း […]

Continue Reading

Fact Check: မှော်ဘီလေတပ်စခန်းတိုက်ခိုက်မှု ရာဂဏန်းသေဆုံးပြီး လေယာဉ် ၅ စီးပျက်စီးခဲ့သလား-အထောက်အထားမရှိပါ

မှော်ဘီလေတပ်စခန်းတိုက်ခိုက်မှု လူ ရာဂဏန်းသေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျု့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တကယ်တော့ အထောက်အထားမရှိတဲ့ ချဲ့ကားရေးသားထားတဲ့ သတင်းတွေ သာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျု့ဗွီဒီယို ပါစာသားကောက်နုတ်ချက်တွေဖြစ်တယ်။ ရေးသားဖြန့်ဝေမှုတွေကို ယူကျူ့ဒီနေရာနဲ့ ဒီနေရာမှာကြည့်ပါ။ “လေယာဉ်ဂိုထောင်မီးလောင် လေတပ်စခန်းPDF(၃၀၀)ဝင်သိမ်း လက်နက်ကြီးမှန်လို့စစ်ခွေး(၄၇)ဦးသေဆုံး” “မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံး(၅)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ တိုက်လေယာဉ်(၅)စီးပျက်၊ လူ(၅၀၀)သေဆုံး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရတာ ဖော်ပြပေမဲ့ အခုလိုမျိုး အများအပြားသေဆုံးမှုသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ သတင်းမီဒီယာတွေရဲ့ သတင်းဖော်ပြချက်တွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ။  အောက်တိုဘာ ၂၂ ရက် ည ၉ နာရီလောက်မှာ လေယာဉ်ဆီ […]

Continue Reading

Fact Check: ပဲခူး ဒေးစွန်ပါသာသနာ့နယ်မြေကို KNU နဲ့ PDF ဖျက်ဆီးမှုသတင်းမှား

ပဲခူးမြို့ ဘုရားကြီး ဒေးစွန်ပါသာသနာ့နယ်မြေက ဗုဒ္ဓရုပ်ပွားတော်တွေနဲ့ အဆောက်အဦတွေကို KNU နဲ့ PDF ကဝင်ရောက်ဖျက်ဆီးသွားတယ်လို့ဆိုပြီး ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ဖြန့်ချိလျက်ရှိ တာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြန့်ချိမှုသာဖြစ်တယ်။ ဖြန့်ဝေနေတဲ့ ပို့စ်တွေမှာ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်တဲ့ KNU နဲ့ PDF  တွေက ဒီလိုဖျက်ဆီးခဲ့တာလို့ လည်းဆိုထားပါတယ်။အောက်ပါစခရင်ရှော့ကို ကြည့်ပါ။ တူညီတဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  â€œâ—ď¸á€Ąá€€á€źá€™á€şá€¸á€–á€€á€şá€™á€žá€Żá€Ąá€Źá€¸á€›á€žá€Żá€á€şá€á€ťá€•á€Ťá€žá€Šá€şâ—ď¸ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်သော KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ က ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ဒေးစွန်ပါသာသနာ့နယ်မြေရှိ ဗုဒ္ဓရုပ်ပွားတော်များနှင့် သာသနာနိက အဆောက်အဦများကို ဝင်ရောက်ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။ #thazinoo_သူရိယနေဝန်း” မူရင်းလင်ခ့် – Fb link | Archive link […]

Continue Reading

Fact Check: ၂၀၂၄ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ကို သတ်ဖြတ်ဖို့ စစ်တပ်က စီစဉ်နေတယ်ဆိုတဲ့ သတင်းခေါင်းစဉ်တု

၂၀၂၄ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ကို သတ်ဖြတ်ဖို့ စစ်တပ်က စီစဉ်နေတဲ့အသံဖိုင်ပေါက်ကြားမှုလို့ဆိုပြီး ယူကျူ့မှာ ဗွီဒီယိုတခု ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ မလေးရှားလွှတ်တော်အမတ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့တောင်းဆိုချက်သတင်းကို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “2024 ကို ဒေါ်စုမတွေ့စေရဘူးဆိုတဲ့ မြန်မာစစ်တပ်ရဲ့ အသံဖိုင်ပေါက်ကြားလာ” ဗွီဒီယိုထဲမှာလည်း “ဒေါ်စု ၂၀၂၄ မတိုင်ခင်သေဖို့ စစ်တပ်ရဲ့စီမံကိန်းပေါက်ကြား”စသည်ဖြင့်ရေးသားထားရာ ဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၁ သိန်း ၄ သောင်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့  Gold Media 1M  အမည်နဲ့ ယူကျု့ချန်နယ်ကိုလေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့ ကဖော်ပြခဲ့တဲ့ သတင်းအကြောင်းအရာတွေကို ခေါင်းစဉ် သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်လွဲတွေ တပ်ပြီး […]

Continue Reading

Fact Check: လက်ရှိပဋိပက္ခအတွင်း အစ္စရေးတိုက်လေယာဉ်တွေကို ပါလက်စတိုင်း တွေက ကားနဲ့ဆွဲယူနေပုံလား- မဟုတ်ပါ

လက်ရှိပဋိပက္ခအတွင်း အစ္စရေးတိုက်လေယာဉ်တွေကို ပါလက်စတိုင်းတွေက ကားနဲ့ဆွဲယူနေပုံလို့ဆိုထားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းနေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။ ဒီဗွီဒီယိဟာ လက်ရှိပဋိပက္ခမတိုင်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့လျက်ရှိတဲ့ ဗွီဒီယိုတခု ဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ဂါဇာအနီးက အစ္စရေးတိုက်လေယာဉ်တွေကို ပါလက်စတိုင်းတွေက ကားနဲ့ဆွဲယူ” တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို Google မှာပုံရှာနည်းနဲ့ အဓိကကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေနည်းနဲ့ ရှာကြည့်ရာမှာ ဒီဓာတ်ပုံဟာ စက်တင်ဘာလကတည်းက သတင်းဖော်ပြချက်တခုမှာတွေ့ရပါတယ်။ စက်တင်ဘာ ၁၅ ရက်က အစ္စရေး တောင်ပိုင်းမှာ F-16 တိုက်လေယာဉ် ၂ စီးကို ကားနဲ့သယ်နေတဲ့ ဗွီဒီယိုဖိုင်ဖြစ်တယ်။ ဒီဗွီဒီယိုဟာ အိက်(စ်)(X)လို့အမည်ပြောင်းထားတဲ့ […]

Continue Reading

Fact Check: ရန်ကုန်မှာရှိတဲ့ အပန်းဖြေစခန်းက ဓာတ်ပုံတွေလား – မဟုတ်ပါ

ရန်ကုန်တိုင်း  သံလျင်မြို့နယ် ဘုရားကုန်းကျေးရွာအထွက် မေတ္တာချောင်းက အပန်းဖြေစခန်းလို့ဆိုထားပြီး ဓာတ်ပုံ ၅ ပုံနဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိတာ နားလည်မှု လွဲစေနိုင်တာ တွေ့ရပါတယ်။ သတင်းမှားသာဖြစ်ပြီး ထိုင်းနိုင်ငံက အပန်းဖြေနေရာတခုရဲ့ ဓာတ်ပုံ တွေဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “နာမည်ကြီးနေသော ရန်ကုန်တိုင်း၊ သံလျင်မြို့နယ် ဘုရားကုန်းကျေးရွာအထွက်က မေတ္တာချောင်း မှာ ဒီလိုမျိုးတွေရှိတာ ဘယ်သူမှသိပ်မသိကြဘူး။ နေလုံး၀မထိုး ရေကူးလို့လည်ရ တောကောင်သားတွေလည်းရ Heinekenဘီယာတစ်လုံးမှ ၂၅၀၀ ကျပ် ဖျော်ရည်မျိုးစုံလည်းရပါတယ် ။ လိပ်စာအတိအကျကတော့ သံလျင်မြို့ မေတ္တာလမ်းအဆုံး သစ္စာလမ်းအလယ်အရောက်မှာ ညာချိုးသွားရင် ဘုရားကုန်းကျေးရွာအထွက်လမ်း အတိုင်း မိနစ်20လောက်ကားမောင်းပြီးရင် ဘုရားကုန်းကျေးရွာနားမရောက်ခင်လေးမှာပါ။ လမ်းညွှန်ဆိုင်းဘုတ်ကနေ မြေနီလမ်းကလေးကို ဖြတ် လမ်းလျှောက်သွားရင်တောင် အလွန်လှပပြီးစျေးသက်သာတဲ့ စမ်းချောင်း Resort ကိုရောက်ပြီး […]

Continue Reading

Fact Check: ကျပ် ၁ သောင်းတန်နဲ့ ၅ ထောင်တန်ကိုဖျက်သိမ်းပြီး ၂ သောင်းတန် ထုတ်တဲ့သတင်းတု

ငွေကျပ် ၁ သောင်းတန်နဲ့ ၅ ထောင်ကျပ်တန်တွေကို ဖျက်သိမ်းပြီး ၂ သောင်းကျပ်တန်တွေနဲ့ အစားထိုးမယ်၊ စစ်ကောင်စီထုတ်တဲ့ ကျပ် ၂၀၀၀၀ တန် ငွေစက္ကူဖျက်သိမ်းခံရကြောင်း သတင်း ဌာနများက အတည်ပြုကြေညာ လိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှု အား ကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ကျပ် ၁ သောင်း နဲ့ ကျပ် ၅ ထောင်တန်ကို ဖျက်သိမ်း၊ ကျပ် ၂ သောင်းတန်နဲ့ အစားထိုးမည်။ မင်းအောင်လှိုင် ကိုယ်တိုင် ကြေညာ”  လို့ ရေးသားထားပြီး “ကျပ် (၁)သောင်းနဲ့ကျပ် (၅)ထောင်တန်ကို ဖျက်သိမ်း/ (၂)သောင်းတန်ကျပ်နဲ့ အစားထိုးမည်” လို့ “News In […]

Continue Reading

Fact Check: မပခတိုင်းမှူးနဲ့ ဇနီးပစ်သတ်ခံရတဲ့ သတင်းတု

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) တိုင်းမှူးနဲ့ ဇနီး ပစ်သတ်ခံရတယ်လို့ဆိုထားတဲ့ ပို့စ်တစ်ခု အွန်လိုင်း အသုံးပြုသူတွေကြား ဖြန့်ဝေလျက်ရှိတာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “မပခ တိုင်းမှူးနဲ့ဇနီး ဗျင်းခံရ / အရေးပေါ်သတင်း” ဇူလိုင် ၂၁ ရက်ကစတင်ဖြန့်ဝေခဲ့တဲ့ ဒီယူကျူ့ ဗွီဒီယိုကို လက်ရှိအချိန်အထိ ၂၁၀၀၀ ‌ကျော်ရှိပါတယ်။ အလားတူ ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာနဲ့ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းမီဒီယာတွေမှာ မပခလို့ အတိုခေါက်အားဖြင့် ခေါ်တဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့အဖွဲ့ကို နေပြည်တော်က လာရောက်ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်းဖော်ပြချက်ရှိပေမဲ့ ဒီလိုမျိုး ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းဖော်ပြချက်မျိုးမရှိပါဘူး။  […]

Continue Reading

Fact Check: ဝက်လက်မှာ ကုန်စိမ်းဈေးသည် ၇ ဦးကို PDF သတ်ဖြတ်တဲ့ သတင်းမှား

ဝက်လက်မှာ ကုန်စိမ်းဈေးသည် ၇ ဦးကို PDF ကသတ်ဖြတ်ခဲ့တယ်လို့ဆိုတဲ့ သတင်းမှားပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေကြားဖြန့်ဝေနေတာတွေ့ရပါတယ်။   အောက်ပါစာသားကတော့ ဖြန့်ဝေနေတဲ့ စခရင်ရှော့ဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိက လုပ်ကိုင်နေတဲ့ လွပ်လတ်တဲ့  မီဒီယာတွေမှာ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်  သမရိုးကျေးရွာကနေ ရွှေပန်းကုန်းကျေးရွာဘက် ဟင်းသီးဟင်းရွက်ရောင်းဖို့ထွက်လာတဲ့ ထော်လာဂျီ ကားပေါ်က ကုန်စိမ်းစျေးသည် ၇ ဦးကို မြန်မာစစ်တပ်က ပစ်သတ်သွားတယ်လို့ ဖော်ပြကြပါတယ်။ ဘီဘီစီ မြန်မာပိုင်း၊ ရန်ကုန်ခေတ်သစ် သတင်းဌာန၊ မဇ္ဈိမသတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်ကို  ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။  အောက်ပါ စခရင်ရှော့ကတော့ ဘီဘီစီ မြန်မာပိုင်းကဖော်ပြခဲ့ […]

Continue Reading

Fact Check: ‌ဒေါ်အောင်ဆန်းစုကြည်ပုံတွေ့ရင် သေဒဏ်လို့ စစ်ကောင်စီအမိန့်ထုတ်တဲ့ နားလည်မှုလွဲစေနိုင်တဲ့သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံတွေ့ရင် သေဒဏ်ပေးမယ်လို့ စစ်ကောင်စီထုတ်ပြန်တယ်ဆိုတဲ့ ပို့စ်တစ်ခု ယူကျူ့ချန်နယ်တစ်ခုက မျှဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားထားတဲ့ သတင်းတစ်ခုဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ချက်ဖြစ်ပါ တယ်။ “‌ဒေါ်စုပုံတွေ့ရင် သေဒဏ်ဟု စစ်ကောင်စီ ပြင်းထန်အမိန့်ထုတ် ပြည်သူအားလုံး သတိပြုရန်”စသည်ဖြင့် ရေးသားထားပြီး MRTV ရုပ်သံကြေညာသူ၊ စစ်ကောင်စီ သတင်းပြန်ကြားရေး ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်း ထွန်းဓာတ်ပုံတို့နဲ့ အတူ မျှဝေထားတာဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ စစ်ကောင်စီ တပ်သားတွေက ဒေသခံ ပြည်သူတွေရဲ့ ဖုန်းထဲ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ဓာတ်ပုံတွေရင် အကြမ်းဖက် ဥပဒေနဲ့ ဖမ်းဆီးတာတွေပြုလုပ်နေတဲ့အကြောင်း […]

Continue Reading