Fact Check: ပုံဟောင်းတွေကို အမြန်လမ်းမှာ လက်ရှိ ရေကြီးနေတဲ့ ဓာတ်ပုံအဖြစ် ဖြန့်ဝေနေ

မိုင်တိုင် ၃၅၄ ကနေ ၃၅၇ အထိ အမြန်လမ်းတလျှောက် ရေကြီးရေလျှံမှုဖြစ်ပြီး ရန်ကုန် – မန္တလေး အမြန်လမ်း လုံးဝ ပိတ်သွားပါပြီလို့ ဆိုထားတဲ့ ပို့စ်စက်တင်ဘာ ၂၇ ရက်မှာ ဖေ့စ်ဘွတ်မှာ ထပ်မံပျံ့နှံ့လျှက်ရှိတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား ဖြစ်တယ်။ စက်တင်ဘာ ၁၃ ရက်က အမြန်လမ်း ရေကျော်မူသတင်းကို ပြန်လည်မျှဝေနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “ရန်ကုန် – မန္တလေး အမြန်လမ်း လုံးဝ ပိတ်သွားပါပြီ၊ မိုင်တိုင် ၃၅၄၊ ၃၅၅၊ ၃၅၆၊ ၃၅၇ လုံးဝ အခြေအနေ မကောင်းပါ။ ရန်ကုန်ဖက်မှ တက်လာမယ့် ကားရော၊ မန္တလေးဖက်မှ ဆင်းလာမယ့် ကားတွေရော လှည့်ပြန်ကြပါ။ လမ်းပြန်ပွင့်မလားဆိုပြီး မစောင့်ကြပါနဲ့။ […]

Continue Reading

Fact Check: လေကြောင်းတိုက်ခိုက်မှုတွေအစား လက်ဝှေ့ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ မြန်မာစစ်တပ်ကို ဘရော်နီကာ စိန်ခေါ်မှုဓာတ်ပုံလား – မဟုတ်ပါ

လေကြောင်းတိုက်ခိုက်မှုတွေအစား လက်ဝှေ့ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ မြန်မာစစ်တပ်ကို ကယန်းလက်ဝှေ့မယ် ဘရော်နီကာ စိန်ခေါ်ထားတယ်ဆိုတဲ့ ဓာတ်ပုံတပုံ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ တာတွေ့ရပါတယ်။ လက်နက်အားကိုးနဲ့ မမိုက်ဘဲ လက်ဝှေ့ကြိုးဝိုင်းမှာ ထိုးသတ်ဖို့ စစ်တပ်ကို စိန်ခေါ်ခဲ့တဲ့ မူလဓာတ်ပုံကို ပြုပြင်ထား ခြင်းဖြစ်တယ်။ “အမည်မသိ ရှေ့စာဆို”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းခဲ့တဲ့  ဖေ့စ်ဘွတ်ပို့စ်ပါ စာသား ကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကို အောက်မှာကြည့်ပါ။ တူညီတဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “အားပေးရကြိုးနပ်တဲ့ Idoi” (မူရင်းအရေးအသား)လို့ ရေးသားပြီး ဓာတ်ပုံထဲမှာတော့ ဘရော်နီကာက “လေယာဉ်နဲ့မတိုက်နဲ့ သွေးရှိရင် ကြိုးဝိုင်းပေါ်တက်ခဲ့”လို့ ရေးသားထားတဲ့ အဖြူရောင်ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် ပဲခူးဝင်းနိမ္မိတာရုံဆရာတော်ကြီး စျာပန လာရောက်ပုံလား-မဟုတ်ပါ 

စစ်တပ်က ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံ‌သရဲ့ စျာပနကို စစ်‌ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်ပုံလို့ ဆိုလိုထားတဲ့ ဓာတ်ပုံတပုံ လူမှုကွန်ယက် စာမျက်နှာတွေက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တကယ်တော့ ၂၀၁၉ ခုနှစ်က နေပြည်တော် လယ်ဝေးက ဆရာတော်တပါးပျံလွန်တော်မူစဉ်က သွားရောက်ခဲ့တဲ့ ဓာတ်ပုံဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ သူတို့စစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့်ပျံလွန်တော်မူခဲ့ရတဲ့ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒါဘိဝံသ မဟန ​(ငြိမ်း) ဆရာတော်ကို PDF တွေက ပစ်ခတ်ပါတယ်ဆိုပြီး အ သူ့လက်အောက်ခံ နိုင်ငံပိုင်သတင်းဌာနတွေကတဆင့် တစ်နိုင်ငံလုံးကို လိမ်လည်ခဲ့ပြီး ပဲခူးဆရာတော်နဲ့အတူ ကားပေါ်မှာ လိုက်ပါလာတဲ့ ကံသုံးဆင့်ဆရာတော်ရဲ့ မိန့်ကြားချက်အရသာ အဖြစ်မှန်ကို သိရှိခဲ့ရကြောင်း၊ ဒီလိုစစ်တပ်ရဲ့ […]

Continue Reading

Fact Check: တိုယိုတာ ကားတစီးပေါ်ကနေ အတွဲလိုက်ပစ် ဒုံးကျည်ပစ်နေတဲ့ ဗွီဒီယိုဟာ မြန်မာနိုင်ငံက မဟုတ်ပါ

တိုယိုတာ အမှတ်တံဆိပ်ကားတစီးပေါ်ကနေ အတွဲလိုက်ပစ် ဒုံးကျည်ပစ်စင်ကနေ ဒုံးကျည်တွေ ပစ်လွှတ်နေတဲ့ ဗွီဒီယိုကို မြန်မာနိုင်ငံက တော်လှန်ရေးတပ်တွေ နေပြည်တော်ကို တိုက်ခိုက်ဖို့အတွက် ပြင်ဆင်နေမှုလို့ ဆိုလို မျှဝေထားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတာတွေ့ရပါတယ်။ တကယ်တော့ ဒီဗွီဒီယို ၂၀၁၆ ခုနှစ်လောက်ကတည်း အခြားသော ဘာသာစကားအသုံးပြုသူတွေပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၁၅ ရက်က စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၆ သန်းဝန်းကျင် ရရှိထားတယ်။ မှတ်ချက်ပေးထားတာတွေကို လေ့လာကြည့်ရာမှာလည်း မြန်မာပြည်က တော်လှန်ရေးအဖွဲ့တွေရဲ့ တကယ်ပဲ စမ်းသပ်ပစ်ခတ်နေတဲ့ ဗွီဒီယိုလာဆိုပြီးတော့ ဝေးဝါးနေသလို နားလည်မှုလွဲစေနိုင်တာတွေ့ရတယ်။ “နေပြည်တော်အတွက်အထူး😘👊👊” မူရင်းလင်ခ့် – Fb link | […]

Continue Reading

Fact Check: နေပြည်တော်မှာ ၃ ရက်အတွင်းသိမ်းပိုက်မယ်လို့ NUG ကြေညာတဲ့ သတင်းခေါင်းစဉ်တု

နေပြည်တော်ကို ၃ ရက်အတွင်း သိမ်းပိုက်မယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) က ကြေညာလိုက် တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ကြည့်ရှူ့မှုများပြားလျှက်ရှိပါတယ်။  တကယ်တော့ စစ်တပ်ကြီးစိုးမှု မကြာခင်အဆုံးသတ်တော့မယ်လို့ NUG တာဝန်ရှိသူတဦးရဲ့ ပြောကြားချက်ကို ခေါင်းစဉ်တုဖြန့်ချိ နေခြင်းဖြစ်တယ်။  အောက်ပါစခရင်ရှော့ကတော့ “Burma Hot News”အမည်နဲ့ ယူကျူ့ချန်နယ်က စက်တင်ဘာ ၂၈ ရက်စွဲနဲ့ ဖြန့်ဝေထားတာ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုထဲမှာ “(၂၈) ရက် NUG D-Day ကြေညာလိုက်ပြီ နေပြည်တော်ကို ၃ ရက်အတွင်း သိမ်းမည်”စသည်ဖြင့် ရေးသားထားရာ ဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၆၃၀၀၀ ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Burma […]

Continue Reading

Fact Check: ကျပ် ၁၀၀၀၀ တန်ဖျက်သိမ်းကြောင်း စစ်အစိုးရကြေညာတဲ့ သတင်းတု

ကျပ် ၁၀၀၀၀ တန်ဖျက်သိမ်းကြောင်း ဩဂုတ် ၁၈ ရက်မှာ စစ်အစိုးရကြေညာလိုက်ပြီလို့ဆိုထားတဲ့ သတင်းခေါင်း စဉ်တု ဗွီဒီယိုပို့စ်တခု ဩဂုတ် ၁၉ ရက်က ယူကျု့မှာ ဖြန့်ဝေထားရာမှာ ကြည့်ရှု့မှုများပြားလျက်ရှိတယ်။  အောက်ပါစခရင်ရှော့ကတော့ ယူကျူ့ဗွီဒီယိုကို ဖေ့စ်ဘွတ်မှာ ပြန်လည်မျှဝေနေတာကို ရယူထားခြင်းဖြစ်တယ်။ မူလယူကျူ့ ဗွီဒီယိုကို ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ ဒီလိုရေးသားထားပေမဲ့ ဗွီဒီယိုထဲမှာလည်း ဒီလို ကျပ် ၁၀၀၀၀ တန် ဖျက်သိမ်းတဲ့ အကြောင်းအရာမပါဝင်ပါဘူး။  တကယ်တော့ ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့ အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဩဂုတ် ၁၈ ရက်မှာ ဖော်ပြခဲ့တဲ့ “စစ်ကောင်စီက နိုင်ငံတစ်ဝန်း ဝန်ထမ်းလစာများတွင် နှစ်သောင်းတန် ငွေစက္ကူ များ […]

Continue Reading

Fact Check: ဆရာဝန် စာရေးဆရာ ဒေါက်တာခင်သစ်နှင်း ဓာတ်ပုံတွေလား-မဟုတ်ပါ

အက်စစ်နဲ့ပက်ပြီးလုပ်ကြံခံခဲ့ရလို့  မျက်နှာ ပျက်စီးသွားခဲ့ရတဲ့ ဆရာဝန် စာရေးဆရာမ ဒေါက်တာခင်သစ်နှင်းရဲ့ အဖြစ်အပျက်အဖြစ် ဓာတ်ပုံအချို့နဲ့အတူ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက် ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ အက်စစ်နဲ့ အပက်ခံရလို့ မျက်နှာပျက်စီးခဲ့တဲ့ အမျိုးသမီးတယောက်ဓာတ်ပုံ၊ ဒီလို ထိခိုက်ခံစားရခြင်းမရှိခင်က ဓာတ်ပုံလို့ ဆိုနိုင်တဲ့ အမျိုးသမီးတယောက် ဓာတ်ပုံ၊ စာရေးဆရာမခင်သစ်နှင်းရဲ့ စာအုပ်မိတ်ဆက် ဓာတ်ပုံတို့လည်း ပါဝင်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ကောင်းလွန်းလို့ပြန်တင်တာပါ ကျနော်တို့မျက်ဝန်းထဲမှာ လှပနေဆဲပါ_ဒေါက်တာ ဒီဘဝနောက်ဆုံးဖြစ်ပါစေ…။ ဘဝ ရည်မှန်းချက်ကြီးမားခဲ့တဲ့ ဒေါက်တာ ခင်သစ်နှင်းဟာ ကလေးအထူးကု ဆရာဝန် ဖြစ်လုလု နှစ်လခန့် အလိုမှာ တခြား ဆရာဝန် မတယောက်က မျက်နှာကို အက်စစ်နဲ့ ပက်တာခံလိုက်ရပြီး အမြင် အာရုံ ကွယ်ပျောက် ရုံမက နဖူးရဲ့ […]

Continue Reading

Fact Check: လူငယ်ဗေဒင်ဆရာ လင်းညို့တာရာအဖမ်းခံရဆိုတဲ့ သတင်းမှား

လူငယ်ဗေဒင်ဆရာ လင်းညို့တာရာ ဒုတိယအကြိမ် အဖမ်းခံရတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြု သူတွေ အကြား ပျံ့နှံ့မှု အားကောင်းလျှက်ရှိတာဟာ သတင်းမှားတခုသာဖြစ်ပြီး စစ်ကောင်စီဘက်က မှားယွင်းဝါဒဖြန့် နေခြင်းသာဖြစ်တယ်လို့ ဗေဒင်ဆရာ လင်းညို့တာရာက အတည်ပြုထားပါတယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေကို ကိုးကားပြီး ဗေဒင်ဆရာ လင်းညို့တာရာ ဒုတိယအကြိမ်အဖမ်းခံရကြောင်း သတင်းမီဒီယာအချို့က ဖော်ပြပါတယ်။စစ်ခေါင်းဆောင်ကို ကြိမ်စာတိုက် အစီအမံတွေလုပ်တယ်ဆိုပြီး အာဏာသိမ်းအပြီးရက်ပိုင်းအတွင်းမှာပဲ တောင်ဥက္ကလာပ၊ ၇ ရပ်ကွက်မှာနေတဲ့ လူငယ်ဗေဒင်ဆရာ လင်းညို့တာရာကို စစ်တပ်ဖမ်းဆီးပြီး ထောင် ၂ နှစ်ချခဲ့ပါတယ်။ သူဟာ မကြာသေးခင်ကမှ ပြန်လွတ်လာတာပါ။  အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “လင်းညို့တာရာကို ထပ်မံဖမ်းဆီးသွားပြီ” တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: စစ်အာဏာသိမ်း ၂ နှစ်ပြည့် ရန်ကုန် အသံတိတ်သပိတ် ဓာတ်ပုံတွေလား-မဟုတ်ပါ

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်အာဏာသိမ်း ၂ နှစ်ပြည့်တိုင်အောင် ဆန့်ကျင်မှုကို ပြသတဲ့အနေနဲ့ မြို့အများအပြားမှာ အသံတိတ် သပိတ်ဆင်နွှဲနေချိန်မှာ ယနေ့ ၁၀ နာရီ ရန်ကုန်က မြင်ကွင်းဆိုပြီးတော့ ဓာတ်ပုံ ၆ ပုံနဲ့ဖေ့စ်ဘွတ်ပို့စ်တစ်ခု အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့ အနည်းဆုံး ဓာတ်ပုံ ၃ ပုံဟာ ၂၀၂၁ ခုနှစ်အတွင်းက ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။ “နံနက် ၁၀နာရီရန်ကုန်မြို့အခြေနေ”လို့ ရေးသားပြီး ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ယခုလိုဖြန့်ဝေထားတဲ့ ဓာတ်ပုံတွေကို Google မှာ ဓာတ်ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံတွေ ၂၀၂၁ […]

Continue Reading

Fact Check: ဒဂုံမြို့သစ် နှစ် ၆၀ မြေဂရမ်များ စာချုပ်ဖျက်သိမ်းဆိုတဲ့ နားလည်မှုလွဲ စေနိုင်တဲ့သတင်း

မြန်မာစစ်တပ်ဟာ အာဏာသိမ်း ၂ နှစ်တာကာလအတွင်း ဉပဒေနဲမညီတဲ့ ကျူးကျော်သူတွေဆိုတဲ့ အကြောင်းပြချက်နဲ့ အထူးသဖြင့် ရန်ကုန်၊မန္တလေးက အိမ်ပေါင်းများစွာ ဖျက်ဆီးပစ်ခဲ့တာတွေရှိနေချိန်မှာ ဒဂုံမြို့သစ်က နှစ် ၆၀ နဲ့ငှားထားတဲ့ မြေဂရမ်တွေကို စာချုပ်ဖျက်သိမ်းလိုက်တယ်တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ရာမှာ နားလည်မှုလွဲ စေနိုင်တာတွေ့ရပါတယ်။ Yangon Petrol ကုမ္ပဏီပိုင်မြေ အချို့ ပြန်လည်သိမ်းဆည်းတဲ့ သတင်းကို မျှဝေနေခြင်းဖြစ်ပါတယ်။  “တစ်နိုင်ငံလုံး ပွက်လောရိုက်သွားတဲ့ စစ်ကောင်စီထုတ်ပြန်ချက် ဒဂုံမြို့သစ် နှစ် ၆၀ ဂရမ်မြေများ စာချုပ်ဖျက် သိမ်းလိုက်ပီဆိုတဲ့ စစ်ကောင်စီရဲ့ ကြေညာချက်”(မူရင်းအရေးအသား)လို့ ရေးသားပြီး ဗွီဒီယိုတစ်ခုကို မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၂၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် NLD […]

Continue Reading