Fact Check: ဆရာဝန် စာရေးဆရာ ဒေါက်တာခင်သစ်နှင်း ဓာတ်ပုံတွေလား-မဟုတ်ပါ

အက်စစ်နဲ့ပက်ပြီးလုပ်ကြံခံခဲ့ရလို့  မျက်နှာ ပျက်စီးသွားခဲ့ရတဲ့ ဆရာဝန် စာရေးဆရာမ ဒေါက်တာခင်သစ်နှင်းရဲ့ အဖြစ်အပျက်အဖြစ် ဓာတ်ပုံအချို့နဲ့အတူ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက် ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ အက်စစ်နဲ့ အပက်ခံရလို့ မျက်နှာပျက်စီးခဲ့တဲ့ အမျိုးသမီးတယောက်ဓာတ်ပုံ၊ ဒီလို ထိခိုက်ခံစားရခြင်းမရှိခင်က ဓာတ်ပုံလို့ ဆိုနိုင်တဲ့ အမျိုးသမီးတယောက် ဓာတ်ပုံ၊ စာရေးဆရာမခင်သစ်နှင်းရဲ့ စာအုပ်မိတ်ဆက် ဓာတ်ပုံတို့လည်း ပါဝင်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ကောင်းလွန်းလို့ပြန်တင်တာပါ ကျနော်တို့မျက်ဝန်းထဲမှာ လှပနေဆဲပါ_ဒေါက်တာ ဒီဘဝနောက်ဆုံးဖြစ်ပါစေ…။ ဘဝ ရည်မှန်းချက်ကြီးမားခဲ့တဲ့ ဒေါက်တာ ခင်သစ်နှင်းဟာ ကလေးအထူးကု ဆရာဝန် ဖြစ်လုလု နှစ်လခန့် အလိုမှာ တခြား ဆရာဝန် မတယောက်က မျက်နှာကို အက်စစ်နဲ့ ပက်တာခံလိုက်ရပြီး အမြင် အာရုံ ကွယ်ပျောက် ရုံမက နဖူးရဲ့ […]

Continue Reading

Fact Check: လူငယ်ဗေဒင်ဆရာ လင်းညို့တာရာအဖမ်းခံရဆိုတဲ့ သတင်းမှား

လူငယ်ဗေဒင်ဆရာ လင်းညို့တာရာ ဒုတိယအကြိမ် အဖမ်းခံရတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြု သူတွေ အကြား ပျံ့နှံ့မှု အားကောင်းလျှက်ရှိတာဟာ သတင်းမှားတခုသာဖြစ်ပြီး စစ်ကောင်စီဘက်က မှားယွင်းဝါဒဖြန့် နေခြင်းသာဖြစ်တယ်လို့ ဗေဒင်ဆရာ လင်းညို့တာရာက အတည်ပြုထားပါတယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေကို ကိုးကားပြီး ဗေဒင်ဆရာ လင်းညို့တာရာ ဒုတိယအကြိမ်အဖမ်းခံရကြောင်း သတင်းမီဒီယာအချို့က ဖော်ပြပါတယ်။စစ်ခေါင်းဆောင်ကို ကြိမ်စာတိုက် အစီအမံတွေလုပ်တယ်ဆိုပြီး အာဏာသိမ်းအပြီးရက်ပိုင်းအတွင်းမှာပဲ တောင်ဥက္ကလာပ၊ ၇ ရပ်ကွက်မှာနေတဲ့ လူငယ်ဗေဒင်ဆရာ လင်းညို့တာရာကို စစ်တပ်ဖမ်းဆီးပြီး ထောင် ၂ နှစ်ချခဲ့ပါတယ်။ သူဟာ မကြာသေးခင်ကမှ ပြန်လွတ်လာတာပါ။  အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “လင်းညို့တာရာကို ထပ်မံဖမ်းဆီးသွားပြီ” တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: စစ်အာဏာသိမ်း ၂ နှစ်ပြည့် ရန်ကုန် အသံတိတ်သပိတ် ဓာတ်ပုံတွေလား-မဟုတ်ပါ

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်အာဏာသိမ်း ၂ နှစ်ပြည့်တိုင်အောင် ဆန့်ကျင်မှုကို ပြသတဲ့အနေနဲ့ မြို့အများအပြားမှာ အသံတိတ် သပိတ်ဆင်နွှဲနေချိန်မှာ ယနေ့ ၁၀ နာရီ ရန်ကုန်က မြင်ကွင်းဆိုပြီးတော့ ဓာတ်ပုံ ၆ ပုံနဲ့ဖေ့စ်ဘွတ်ပို့စ်တစ်ခု အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့ အနည်းဆုံး ဓာတ်ပုံ ၃ ပုံဟာ ၂၀၂၁ ခုနှစ်အတွင်းက ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။ “နံနက် ၁၀နာရီရန်ကုန်မြို့အခြေနေ”လို့ ရေးသားပြီး ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ယခုလိုဖြန့်ဝေထားတဲ့ ဓာတ်ပုံတွေကို Google မှာ ဓာတ်ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံတွေ ၂၀၂၁ […]

Continue Reading

Fact Check: ဒဂုံမြို့သစ် နှစ် ၆၀ မြေဂရမ်များ စာချုပ်ဖျက်သိမ်းဆိုတဲ့ နားလည်မှုလွဲ စေနိုင်တဲ့သတင်း

မြန်မာစစ်တပ်ဟာ အာဏာသိမ်း ၂ နှစ်တာကာလအတွင်း ဉပဒေနဲမညီတဲ့ ကျူးကျော်သူတွေဆိုတဲ့ အကြောင်းပြချက်နဲ့ အထူးသဖြင့် ရန်ကုန်၊မန္တလေးက အိမ်ပေါင်းများစွာ ဖျက်ဆီးပစ်ခဲ့တာတွေရှိနေချိန်မှာ ဒဂုံမြို့သစ်က နှစ် ၆၀ နဲ့ငှားထားတဲ့ မြေဂရမ်တွေကို စာချုပ်ဖျက်သိမ်းလိုက်တယ်တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ရာမှာ နားလည်မှုလွဲ စေနိုင်တာတွေ့ရပါတယ်။ Yangon Petrol ကုမ္ပဏီပိုင်မြေ အချို့ ပြန်လည်သိမ်းဆည်းတဲ့ သတင်းကို မျှဝေနေခြင်းဖြစ်ပါတယ်။  “တစ်နိုင်ငံလုံး ပွက်လောရိုက်သွားတဲ့ စစ်ကောင်စီထုတ်ပြန်ချက် ဒဂုံမြို့သစ် နှစ် ၆၀ ဂရမ်မြေများ စာချုပ်ဖျက် သိမ်းလိုက်ပီဆိုတဲ့ စစ်ကောင်စီရဲ့ ကြေညာချက်”(မူရင်းအရေးအသား)လို့ ရေးသားပြီး ဗွီဒီယိုတစ်ခုကို မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၂၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် NLD […]

Continue Reading

Fact Check: ကျောင်းသူ မငြိမ်းငြိမ်းစံ စစ်ကောင်စီလက်နက်ကြီးထိမှန် သေဆုံးမှုကို AA မှ ပစ်ခတ်မှုအဖြစ်သတင်းမှားဖြန့် 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ပိန်းတောကျေးရွာအတွင်း ရက္ခိုင့်တပ်တော်(AA)က လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ၁၄ နှစ်အရွယ် ကျောင်းသူ မငြိမ်းငြိမ်းစံ ပွဲချင်းပြီးသေဆုံးဆိုပြီး ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ အောက်တိုဘာ ၁၉ ရက်နေ့က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ကို  လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရပြီး ၁၄ နှစ်အရွယ် ကျောင်းသူ မငြိမ်းငြိမ်းစံ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ပွဲချင်းပြီးသေဆုံးဆိုတဲ့ သတင်းမီဒီယာဖော်ပြချက်တွေ့ရပေမဲ့  ရက္ခိုင့်တပ်တော် AA ကရမ်းသမ်း ပစ်ခတ်မှုကြောင့်လို့ ‌ရေးသားထားတဲ့ သတင်းကိုတော့ မတွေ့ရှိပါဘူး။  â€œá€šá€”á€ąá€ˇá€”á€ąá€ˇá€œá€Šá€ş ၁၁ နာရီခန့်တွင် ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာကို AA အကြမ်းဖက်အဖွဲ့မှ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာအတွင်းမှနေထိုင်သည့်  ၁၄ နှစ်အရွယ် ကျောင်းသူ မငြိမ်းငြိမ်းစံ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်းဒေသခံများထံမှ သိရသည်။”လို့ […]

Continue Reading

Fact Check: ပြည်ပရောက် KBZ PAY အသုံးပြုသူတွေပိတ်ဆို့ခံရဆိုတာမဟုတ်ပါ

ပြည်ပရောက် KBZ PAY အသုံးပြုသူတွေဟာ ဒီငွေကြေးဝန်ဆောင်မှုကို ဆက်လက်အသုံးပြုနိုင်တော့မှာ မဟုတ် ကြောင်း KBZ PAY ကထုတ်ပြန်လိုက်တယ်ဆိုတဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း ခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတစ်ခုဖြစ်ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ KBZ PAY အသုံးပြုသူတွေဟာ ပြည်ပမှာ KBZ PAY ကိုအသုံးပြုနိုင်မှာမဟုတ်ဘဲ ပြည်တွင်း ပြန်လည်ရောက်ရှိချိန်မှသာလျှင် သူတို့ရဲ့ ငွေတွေကို ပြန်လည်အသုံးပြုနိုင်မယ်ဆိုပြီး KBZ PAY ကပေးပို့တယ်ဆို တဲ့ စာသားဓာတ်ပုံတစ်ခုလည်းပါဝင်ပါတယ်။ “MDY news center”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတဲ့ တူညီတဲ့ပြောဆိုချက်တွေပါဝင်တဲ့ ပို့စ်တစ်ခုကို အောက်ပါအတိုင်းတွေ့ရပါတယ်။ “ပြည်ပရောက် KBZ PAY အသုံးပြုသူများ ဆက်လက်အသုံးပြု့နိုင်မည်မဟုတ်ပဲ ပြည်တွင်းသို့ ပြန်လည် ရောက်ရှိချိန်မှသာလျှင် Login ပြန်လည်ဝင်ရောက် အသုံးပြု့နိုင်မှာဖြစ်ကြောင်း KBZ pay မှထုတ်ပြန်လိုက်ကြောင်းသိရှိရ” […]

Continue Reading

Fact Check: ဒီဓာတ်ပုံက KIA ထံမှ မြို့သစ် မိုက်ခရိုဝေ့စခန်းအား စစ်ကောင်စီတပ် ပြန်သိမ်းစဉ်ကပုံသာဖြစ်တယ်

ကရင်ပြည်နယ် သုံးထပ်ကွေ့တိုက်ပွဲအောင်ပွဲမှာ စခန်းသိမ်းခဲ့တဲ့ မြန်မာစစ်သားများဓာတ်ပုံလို့ဆိုထားတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ မြန်မာစစ်တပ်စစ်သားတွေက စခန်းကုန်း တစ်ခုပေါ်မှာ မြန်မာနိုင်ငံအလံကိုကိုင်ထားတဲ့ ဓာတ်ပုံနဲ့အတူ “ကရင်ပြည်နယ်၊ သုံးထပ်ကွေ့အောင်ပွဲ”လို့ ရေးသားထားမျှဝေ ထားပါတယ်။ ဓာတ်ပုံဟာ ပြီးခဲ့တဲ့နှစ်က ကချင်ပြည်နယ်တိုက်ကပွဲတစ်ခုအတွင်းက ဓာတ်ပုံဟောင်းတစ်ခုသာ ဖြစ်ပါတယ်။ “ဗိုလ် အောင် ဒင်”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဩဂုတ် ၂၇ ရက်က မျှဝေထားတဲ့ ပို့စ်ကိုအောက်ပါ အတိုင်းတွေ့ရပါတယ်။ တူညီတဲ့မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link အချက်အလက်စိစစ်ချက် Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ တူညီတဲ့ဓာတ်ပုံကို မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ အင်္ဂလိပ်ဘာသာ ဖော်ပြတဲ့ The Global New Light of Myanmar သတင်းဝက်ဘ်ဆိုဒ်တစ်ခုမှာတွေ့ရပါတယ်။ […]

Continue Reading

Fact Check: ဒီဓာတ်ပုံက AA ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဓာတ်ပုံဖြစ်တယ်

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တစ်နေရာက KIA နဲ့ PDFတို့ဖမ်းဆီးရမိတဲ့ စစ်သားတွေဆိုပြီး  အမျိုးသား ၁၄ ယောက် ဒူးထောက် လျှက်ရှေ့မှာ လက်နက်ခဲယမ်းတွေပြသထားတဲ့ဓာတ်ပုံ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ လျက်ရှိပါတယ်။ ဓာတ်ပုံဟာ ဇူလိုင် ၁၈ ရက်က မောင်တောမြို့နယ်အတွင်း တိုက်ပွဲတစ်ခုမှာ ရက္ခိုင့်တပ်တော်(AA)ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့ခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုကကောက်နုတ်ထားတာဖြစ်ပါတယ်။ “KIA/PDFတို့ရဲ့ လက်စွမ်း….  á€á€˝á€ąá€¸á€™á€ťá€Źá€¸á€…ွဏ အရှင်မိ/လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိ    á€€á€á€ťá€„်ပဟည်တန္ရဏ ၂၁_၈_၂၂/ATM” မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် Google မှာ ဓာတ်ပုံကို ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ တူညီတဲ့ဓာတ်ပုံကို ၂၀၂၂ ခုနှစ် […]

Continue Reading

Fact Check: ဂျိုးဖြူရေပိုက်လိုင်းဖောက်ခွဲခံရတယ်ဆိုပြီး သတင်းဟောင်းကို ပြန်လည် ဖြန့်ဝေ     

ရန်ကုန်တမြို့လုံး မှီခိုနေရတဲ့ ဂျိုးဖြူရေပိုက်လိုင်းဖောက်ခွဲခံတယ်ဆိုပြီး ပိုက်လိုင်းတစ်ခုနံဘေးမှာ ရေလျှံနေတဲ့ ဓာတ်ပုံတစ်ပုံနဲ့ ဖေ့စ်ဘွတ်မှာ မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့နှစ်က ဖြစ်ခဲ့တဲ့ဖြစ်စဉ်ကို အခုလက်ရှိအဖြစ်အပျက်မျှဝေနေခြင်းဖြစ်ပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရေပေးဝေရေးဌာနက ထုတ်ပြန်ချက်မှာ ပိုက်လိုင်းပေါက်တယ်လို့ သာဖော်ပြထားပြီး ဘယ်သူဘယ်ဝါလုပ်ဆောင်တယ်ဆိုတဲ့ ဖော်ပြချက်မျိုး မတွေ့ရပါဘူး။ “ရန်ကုန်တမြို့လုံး မှီခိုနေရတဲ့ ဂျိုးဖြူရေပိုက် လိုင်းကို ဖောက်ခွဲတယ်ဆိုတော့ မင်းတို့ တကယ်အစွန်းရောက် ဂျီဟတ်တွေ မြန်မာ ISIS တွေ ဖြစ်ကုန်ပြီဆိုတာ အလုပ်က သက် သေပြသွားကြပြီ၊ အဲဂျိုးဖြူရေက ရန်ကုန်တမြို့မှာ ရှိတဲ့ စစ် တပ်က လက်ချိုးရေလို့ရတယ်၊ မင်းတို့ပြည်သူထဲက ပြည်သူတွေ ၈ သန်းကျော်လောက် သုံးရေ သောက်ရေ အခက်အခဲနဲ့ကြုံကြရတယ်၊ မင်းတို့ ကျောင်းတွေ ဗုံးခွဲတယ်၊ မင်းတို့ ဘဏ္ဍာ မင်းတို့ဘတ်ဂျက်ထဲကနေ […]

Continue Reading

Fact Check: Express ကားတွေမှာ လူမဲ့တန်ဆာပစ္စည်းပို့တာ လက်မခံတော့ဘူးဆိုတာ မဟုတ်ပါ

အဝေးပြေးကားတွေမှာ လူမဲ့တန်ဆာပစ္စည်းလက်မခံတော့ဘူးဆိုတဲ့ ဖေ့စ်ဘွတ် ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့သတင်းမှားတစ်ခုဖြစ်တာ တွေ့ရပါတယ်။ အောက်ပါစာသားကတော့ “Thet Paing Soe”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်က ကောက်နှုတ်ဖော်ပြချက်ဖြစ်ပါတယ်။  “Express ကားတွေကို ယနေ့မှစ၍ လူမဲ့တန်ဆာလက်မခံတော့ဟု သတင်းထွက်ပေါ်နေ ‼ ရန်ကုန်က နယ်ကျော်မြို့ကျော် Online shop လုပ်ကြတဲ့ ကိုကို မမများ မင်မင်တို့အပါအဝင် အကုန် တိုင်ပတ်ပါပြီလို့ Express ကားတွေကို ယနေ့မှစ၍ လူမဲ့တန်ဆာလက်မခံတော့ဟုသိရတဲ့အတွက် အောင်မင်္ဂလာတို့ အောင်ဆန်းကွင်းတို့ကနေ မြို့ကျော်နယ်ကျော်ပစ္စည်းတွေပို့ဆောင်လို့ရတော့မှာမဟုတ်ပါဘူး။ တရားဝင်ပစ္စည်းသယ်ယူပို့ဆောင်တဲ့ Delivery Service များကိုသာ အားကိုးရတော့မှာဖြစ်ပါတယ်။” (မူလအရေးအသား) မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ […]

Continue Reading