Fact Check: မိုင်းဖုန်းဆရာတော်နဲ့ပတ်သက်တဲ့သတင်းတုများဖြန့်ဝေ

မိုင်းဖုန်းဆရာတော်က ဒေါ်အောင်ဆန်းစုကြည် သေမယ့်နေ့ကို ပြောပြီ၊ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်သေမယ့် နေ့ကိုပြောပြီ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးကိုကယ်မယ်စတဲ့ပို့စ်တွေ ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ် တွေမှာဖြန့်ဝေလျက်ရှိတာတွေ့ရပါတယ်။ သတင်းတုတွေသာဖြစ်ပါတယ်။ ဗွီဒီယိုပါအကြောင်းအရာဟာလည်း သတင်းခေါင်းစဉ်နဲ့သက်ဆိုင်ခြင်းမရှိပါဘူး။  â€œá€™á€­á€Żá€„်းဖုန်း ဆရာတော်ကြီး အမေစုနဲ့သမ္မတကြီးကို ကယ်တင်တော့မယ်။ #မိုင်းဖုန်းဆရာတော်”လို့  စာသားနဲ့ ရေးသားထားပြီး ဗွီဒီယိုရုပ်ကတ်ဓာတ်ပုံထဲမှာလည်း “အထူးသတင်းကောင်းဗျို့ အမေစုနဲ့သမ္မတကြီး ကိုကယ်တင်ဖို့ မိုင်းဖုန်းဆရာတော်ကြီးကြွချီလာပြီး သူတော်ကောင်းကိုစော်ကားတဲ့ အာဏာရူး ကြိုးစက်မှာ ပေးဆပ်ရ လိမ့်မယ်လို့ မိန့်ကြားလိုက်ပြီ”စသည်ဖြင့်ရေးသားပြီး “Akon Thi Entertainment”အမည်နဲ့ ယူကျူ့ချန်နယ်မှာ ဩဂုတ် ၁ ရက်ကမျှဝေထားရာမှာ ဝင်ရောက်ကြည့်ရှု့သူ ၃၀၀၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link   “Third News”၊ “သတင်းစုံ Video”၊ “ផ្កាយ”စတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေမှာလည်း […]

Continue Reading

Fact Check: ဘောလိဝုဒ်မင်းသားကြီး အမီးရ်ခန်းက ဂျုံကြမ်းအလှူပုံပြင်ဟောင်း ထပ်မံ ပျံ့နှံ့လာ

ကိုဗစ်ကာလအတွင်းမှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ရုပ်ရှင်မင်းသားကြီး အမီးရ်ခန်းရဲ့ ဂျုံကြမ်းအလှူပုံပြင်ဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားထပ်မံ ပျံ့နှံ့မှုအားကောင်းလာတာတွေ့ရပါတယ်။  ကိုဗစ်ကပ်ရောဂါကာလမှာ အသွားအလာကန့်သတ်ချက်တွေကြောင့် လူထုရဲ့နေ့စဉ်ဘဝလုပ်ဆောင်တာတွေနဲ့ စီးပွားရေးလုပ်ငန်း ပုံမှန်လည်ပတ်နိုင်ခြင်းမရှိချိန်မှာ နေ့စဉ်လူမှုဘဝဖူလုံရေးအတွက် ရုန်းကန်နေရသူတွေကို အစိုးရတွေအပါအဝင် ငွေကြေးပြည့်စုံသည့်ပုဂ္ဂိုလ်တွေက ပုံစံမျိုးစုံနဲ့ လုမှု့ကောင်းကျိုးအတွက် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ဆောင်ရွက်ခဲ့ကြချိန်မှာ ဒီပို့စ်က ပြန်လည် စတင်ပေါ်လာတာဖြစ်ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ အမီးရ်ခန်းက ကိုဗစ်ကာလမှာ ဂျုံကြမ်းအထုပ်ကလေးတွေဝေတာကို ဒီလောက်ချမ်းသာတာ ဂျုံကြမ်းမှုန့်ပဲပေးတယ်ဆိုပြီး မြို့ခံအများစုက ဝေဖန်ပြစ်တင်ခဲ့ပြီးအများစုက သွားမယူခဲ့ပဲ တကယ် စားရမဲ့ သောက်ရမဲ့ အတိဒုက္ခရောက်နေတဲ့သူတွေက  သွားယူကြရာမှာတော့ အိတ်ကို ဖွင့်လိုက်ချိန်မှာ ဂျုံကြမ်းမှုန့် တွေကြားထဲမှာ ရူပီး ၁၀၀၀၀(နှစ်သိန်းခန့်) သေချာစွာထည့်ထားပေးတာကို ဂျုံအိတ်သွား ယူသူတွေရရှိ သွားကြတယ်ဆိုပြီး ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   […]

Continue Reading

Fact Check: ဒီဓာတ်ပုံတွေက ၂၀၂၁ တရုတ်ရေကြီးမှုသတင်းက ဓာတ်ပုံတွေသာ ဖြစ်တယ်

တရုတ်မှာ ဇူလိုင် ၂၁ ရက်က ရေကြီးရေလျှံမှုဆိုပြီး ဓာတ်ပုံပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ လျက်ရှိပါတယ်။ ၂၀၂၁ ခုနှစ်ဓာတ်ပုံဟောင်းတွေသာဖြစ်ပါတယ်။ “ယနေ့ ချီးနား ဇူလိုင်လ၂၁”လို့ ရေးသားပြီး “Phone Ngal” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် Google မှာအဓိကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေကြည့်မယ်ဆိုရင် တရုတ်နိုင်ငံမှာ ယခုနှစ် ဇူလိုင်လအတွင်း ရေကြီးရေလျံမှုအပါအဝင် ရာသီဉတုဖောက်ပြန်မှုသတင်းတွေ တွေ့ရပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။ သို့သော်လည်း ယခုမျှဝေထားတဲ့ လူမှုကွန်ယက်ပို့စ်ပါဓာတ်ပုံတွေဟာ တရုတ်နိုင်ငံ ဟိုင်နန်(Henan) ပြည်နယ်၊ ကျန့်ကျိုး(Zhengzhou)မြို့ မှာ ၂၀၂၁ ခုနှစ် ဇူလိုင် ၂၀ […]

Continue Reading

Fact Check: မြန်မာလေတပ်တိုက်လေယာဉ်နဲ့ တိုက်မိတဲ့ငှက်လား-မဟုတ်ပါ

​လေယာဉ်ကို ဝင်တိုက်ခဲ့တဲ့ PDF ငှက်ဆိုပြီး လေယာဉ်တောင်ပံအောက်ပိုင်းမှာ ညပ်နေတဲ့ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်စစ်အာဏာသိမ်းမှုအပြီး ပေါ်ပေါက်လာတဲ့ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အဓိကအားဖြင့် PDF လို့ခေါ်ဝေါပါတယ်။  ၂၀၂၂ ခုနှစ် ဇွန် ၂၉ ရက်က ဥကရစ်ထစခန်း အနီးကို ဗုံးကျဲ ပြန်လာသော စစ်တပ်ရဲ့ YAK 130 တိုက်လေယာဉ် ၁ စင်း အင်ဂျင်ထဲ ငှက်ဝင်ပြီး သုံးမရသည် အထိပျက်စီး သွားတဲ့သတင်းထွက်ပေါ်အပြီး ဒီဓာတ်ပုံကို ဖြန့်ဝေလာခြင်းဖြစ်ပါတယ်။ “သူပေါ့ PDF ငှက်လေး”လို့ ရေးသားပြီး “Watan Moe” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါ အတိုင်းမျှဝေ ထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link […]

Continue Reading

Fact Check: ဆေးကုသမရနိုင်တော့တဲ့အဆုံး ကင်ဆာလူနာက ပိုက်ဆံတွေ လွှင့်ပစ်လိုက်တာလား-မဟုတ်ပါ

ပိုက်ဆံချမ်းသာမှုထက် ကျန်းမာရေးက အရေးကြီးပုံအဖြစ် တရုတ်နိုင်ငံက ပိုက်ဆံချမ်းသာသူတစ်ဦးရဲ့ ဝမ်းနည်းဖွယ်ရာနိဂုံးလို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားကြိမ်ဖန်များစွာ ပျံ့နှံ့ခဲ့ တာတွေ့ရပါတယ်။ ကြမ်းပြင်တစ်ခုပေါ်မှာ ပိုက်ဆံတွေပျံ့ကြဲနေတဲ့ ဓာတ်ပုံ ၂ ပုံနှင့်အတူ ကင်ဆာလူနာဟာ သူ့ရောဂါဟာ ကုသမရနိုင်တော့ဘူးလို့ ဆရာဝန် ဆီက သိလိုက်ရပြီးနောက်မှာ ပိုက်ဆံတွေဟာ အလကားပဲဆိုပြီတော့ ဆေးရုံကြမ်းပြင်ပေါ်မှာ လွှင့်ပစ်လိုက်တာလို့လည်း ဒီပို့စ်မှာရေးသားထားပါတယ်။  “ကျန်းမာရေးဂရုစိုက်ကြပါ 👌👌👌👌 တရုတ်နိုင်ငံကလူနာတယောက် နေမကောင်းလို့ ဆေးရုံလာတယ် ဆရာဝန်ကကင်ဆာဖြစ်နေပါတယ်တဲ့ နောက်ပြီး ကုလို့မရနိုင်တဲ့ ကင်ဆာပါလို့ လူနာကိုပြောလိုက်တယ်  လူနာက အခန်းထဲစိတ်တိုဒေါသ ဖြစ်ခြင်းများနဲ့ ထွက်သွားတယ် ပြီးတော့ ဆေးရုံရဲ့အလယ်မှာ ငွေတွေဖြန့်ကျဲပြီး အကျယ်ကြီးအော်ပစ်လိုက်တယ် “ငွေကအရာတိုင်းကို မလုပ်ပေးနိုင်ဘူး  ငါ့ဘဝကိုတောင်မကယ်နိုင်ဘူး ငါ့ကျန်းမာရေးကိုတောင် အထောက်ကူမပြုနိုင်ဘူး ငွေက်ိုဘာလို့ အများကြီးရှိနေစရာလိုလဲ ငွေရှိတော့ကော ပြီးပြည့်စုံနေမှာမှမဟုတ်တာတဲ့ “ […]

Continue Reading

Fact Check: ပက်စ်ပို့သက်တမ်းတိုးဖို့ မြန်မာနိုင်ငံကို ပြန်လာဖို့လိုတယ်ဆိုတာ မဟုတ်ပါ

 á€•ဟည်ပရ္ဏက်မဟန်မဏတွ္ ပက်စ်ပို့သက်တမ်းတိုးမယ်ဆိုရင် ပြည်တွင်းကို ပြန်လာပြီးတော့မှ တိုးလို့ရမယ်ဆိုတဲ့ သတင်းတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ဒီသတင်းဟာ သတင်းမှားသာ ဖြစ်တယ်လို့ စစ်တပ်ကိုသစ္စာခံတဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့က မြန်မာနိုင်ငံသံရုံးက ၂၀၂၂ ခုနှစ် ဇူလိုင် ၇ ရက်မှာ အသိပေးထားပါတယ်။ “#ဒီသတင်းဟာအမှန်အကန်လား သတင်းအမှန်ပါ အမေရိကန် မြန်မာသံရုံးကို အခုပဲ  ဖုန်းဆက်မေးပြီးပါပြီ စစ်ကောင်စီမှ ပြည်ပရောက်မြန်မာများအား Passport သက်တမ်းတိုးပေးခြင်းကို ပိတ်ပင် ————- ပြည်သူများအား မျိုးစုံဖိနှိပ်နေသော စစ်ကောင်စီသည် ပြည်ပရောက်မြန်မာများအား နိုင်ငံကူးလက်မှတ် ပတ်စပို့သက်တမ်းတိုးပေးခြင်းအား ပိတ်ပင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ခြွင်းချက်အနေဖြင့် PD ဟုခေါ်သော Diplomatic Passport နှင့် PO ဟုခေါ်သော Official Passport  နှစ်မျိုးမှ အပ ကျန် နိုင်ငံကူးလက်မှတ်များအားလုံး […]

Continue Reading

Fact Check: မင်းကင်းမှာ PDF ၅၇ ယောက်ဖမ်းမိတဲ့ သတင်းဟောင်းကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေ

လူရွယ်ယောကျ်ားအများအပြား လက်ပြန်ကြိုးတုပ်အဖမ်းဆီးခံထားရတဲ့ ဓာတ်ပုံ ၁ ပုံနဲ့အတူ PDF ၅၇ ယောက် တောင်ဖြူရွာဖမ်းမိတယ်ဆိုတဲ့ ပို့စ် ၁ ပို့စ်ဟာ ဖေ့စ်ဘွတ်အသုံးပြုသူအချို့ကမျှဝေလျှက်ရှိရာမှာ နားလည်မှု လွဲစေနိုင်တာတွေ့ရပါတယ်။ ဒီဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းက ဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်။ “၅၇ ယောက် ဖမ်းမိ / ၁၆ ယောက်သေ ဖမ်မိတာက #တောင်ဖြူရွာ မှာပါ ပန်းဆက်ရွာ နဲ့ တောင်ဖြူရွာ က မီတာ ၆၀၀၀ ထောင် လောက် ဝေးတယ် ၄ မိုင်ခန့် လောက်ပေါ့ PDF ခေါင်းဆောင် ဗိုလ်သော်ဦး လဲအဖမ်းခံလိုက်ရတယ် ရွာခံတွေ ညီညွတ်မှု ရှိတာရယ် တပ်က ထွက်ပေါက်တွေ ပိတ်ပေးထားလေတော့ ထွက်ပေါက်မဲ့ပြီး လက်နက်ချ အကုန် အဖမ်းခံရရော […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်ထောင်ပို့တဲ့နေ့မြင်ကွင်းအဖြစ် ဖော်ပြနေတဲ့ ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ် သင်္ကြန်က ဓာတ်ပုံသာဖြစ်တယ်

ဒေါ်အောင်ဆန်းစုကြည်နေပြည်တော်အချုပ်ထောင်ကို ပို့ဆောင်မှုဓာတ်ပုံလို့ဆိုတဲ့ ဓာတ်ပုံတစ်ပုံဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားမှာပျံ့နှံ့ခဲ့ပါတယ်။ ဇွန် ၂၂ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မူလကထားရှိတဲ့နေရာကနေ နေပြည်တော်က အချုပ်ထောင်တစ်ခုရဲ့ သီးသန့်အဆောင်တစ်ခုကို စစ်တပ်က ပြောင်းရွှေ့ခဲ့အပြီးမှာ ဒီလို လူမှုကွန်ယက်မှာပျံ့နှံ့တာဖြစ်ပါတယ်။ တကယ်တော့ ၂၀၁၉ ခုနှစ်အတွင်း သင်္ကြန်ကာလအတွင်းက မြင်ကွင်းနဲ့တူညီတာတွေ့ရပါတယ်။  â€œá€á€Żá€œá€€á€şá€›á€žá€­ ပုံလို့သိရပါတယ်…😔😔😔 ယနေ့ နေ့လည် (၂)နာရီခန့်က နေပြည်တော် အချုပ်ထောင်ပို့ဆောင်လိုက်ပါပီ”စသည်ဖြင့် ရေးသားပြီး “Min Kaung Pyae”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဖေ့စ်ဘွတ်မှာ အဓိကျတဲ့ စကားလုံးအချို့ဓာတ်ပုံကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ဓာတ်ပုံဟောင်းတစ်ခုဖြစ် တယ်ဆိုပြီးတော့ လူမှုကွန်ယက်အသုံးပြုသူအချို့ကမှတ်ချက်ပြုကြသလို […]

Continue Reading

Fact Check: ဒီဗွီဒီယိုက၂၀၁၉ ခုနှစ်က ဒေါ်အောင်ဆန်စုကြည်မွေးနေ့ဆုတောင်း သာဖြစ်တယ်

ဇူလိုင် ၁၉ ရက်မှာကျရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာသွားရောက်တွေ့ဆုံမှုလို့ဆိုထား ဗွီဒီယိုတစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ၂၀၁၉ ခုနှစ်က ဗွီဒီယိုဟောင်းတစ်ခု သာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဇွန်လ ၁၉ ရက် ကျရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ၇၇ နှစ်မြောက် မွေးနေ့ပွဲကို ဇွန်လ ၂၀ ရက်က နေပြည်တော်အထူးတရားရုံးမှာ သူ့ရဲ့ရှေ့နေတွေနဲ့အတူ ကျင်းပခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေကို ကိုးကားပြီး RFA Burmese သတင်းဌာနကဖော်ပြပါတယ်။ “ခနလေး တွေ့ ခွင့်ရတောင် သူ့ ပြည်သူတွေကို စိတ်ပူနေတာတဲ့ ချစ်လိုက်တာ အမေရယ်”ရေးသားထားပြီး “Cele Myanmar”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၃၁၀၀၀ ရှိပါတယ်။ ဗွီဒီယိုထဲမှာတော့ လူတွေရဲအမြင်ကလည်းအရေးကြီးကြောင်း၊ လစ်လျူရှု့သင့်တာကို လစ်လျူရှုရမှာဖြစ်ပေမဲ့ […]

Continue Reading

Fact Check: ဆရာမတွေ ABCD သီချင်းဆိုနေတဲ့ဒီဗွီဒီယိုက ၂၀၁၇ ခုနှစ်ကဖြစ်တယ်

စစ်တပ်ရဲ့ ပညာရေးအစီအစဉ်ထဲက ကမောက်ကမနိုင်တဲ့လုပ်ရပ်အဖြစ် ဆရာမအများအပြားက အင်္ဂလိပ်စာ သင်ကြားရေးနဲ့ပတ်သက် ကဗျာတစ်ပုဒ်ကို ရွတ်ဆိုနေတဲ့ ဗွီဒီယိုဟာ ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ သို့သော် ဒီဗွီဒီယိုဟာ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုတစ်ခုဖြစ်တာတွေ့ရပါတယ်။ “မဆရာမတွေအလွတ်ကျက်နေရပီ စကစသင်ရိုးမှာ ကလေးငယ်ငယ်လေးတွေကို သင်မယ့် ABCD ကဗျာတဲ့” လို့ရေးသားပြီး “Myanmar Breaking News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ရေးသားမျှဝေထားတာ တွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အလားတူတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက်  Google မှာပုံရှာနည်းအသုံးပြုပြီး ဗွီဒီယိုပါ အကြောင်းအရာကိုရှာကြည့်ရာမှာ ABCD သင်ကြားရေးကဗျာစာသား ဟာ ၂၀၁၇ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။  အဲဒီအချိန်က အွန်လိုင်းက […]

Continue Reading