Fact Check: ဒီဗွီဒီယိုက၂၀၁၉ ခုနှစ်က ဒေါ်အောင်ဆန်စုကြည်မွေးနေ့ဆုတောင်း သာဖြစ်တယ်

ဇူလိုင် ၁၉ ရက်မှာကျရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာသွားရောက်တွေ့ဆုံမှုလို့ဆိုထား ဗွီဒီယိုတစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ၂၀၁၉ ခုနှစ်က ဗွီဒီယိုဟောင်းတစ်ခု သာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဇွန်လ ၁၉ ရက် ကျရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ၇၇ နှစ်မြောက် မွေးနေ့ပွဲကို ဇွန်လ ၂၀ ရက်က နေပြည်တော်အထူးတရားရုံးမှာ သူ့ရဲ့ရှေ့နေတွေနဲ့အတူ ကျင်းပခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေကို ကိုးကားပြီး RFA Burmese သတင်းဌာနကဖော်ပြပါတယ်။ “ခနလေး တွေ့ ခွင့်ရတောင် သူ့ ပြည်သူတွေကို စိတ်ပူနေတာတဲ့ ချစ်လိုက်တာ အမေရယ်”ရေးသားထားပြီး “Cele Myanmar”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၃၁၀၀၀ ရှိပါတယ်။ ဗွီဒီယိုထဲမှာတော့ လူတွေရဲအမြင်ကလည်းအရေးကြီးကြောင်း၊ လစ်လျူရှု့သင့်တာကို လစ်လျူရှုရမှာဖြစ်ပေမဲ့ […]

Continue Reading

Fact Check: ဆရာမတွေ ABCD သီချင်းဆိုနေတဲ့ဒီဗွီဒီယိုက ၂၀၁၇ ခုနှစ်ကဖြစ်တယ်

စစ်တပ်ရဲ့ ပညာရေးအစီအစဉ်ထဲက ကမောက်ကမနိုင်တဲ့လုပ်ရပ်အဖြစ် ဆရာမအများအပြားက အင်္ဂလိပ်စာ သင်ကြားရေးနဲ့ပတ်သက် ကဗျာတစ်ပုဒ်ကို ရွတ်ဆိုနေတဲ့ ဗွီဒီယိုဟာ ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ သို့သော် ဒီဗွီဒီယိုဟာ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုတစ်ခုဖြစ်တာတွေ့ရပါတယ်။ “မဆရာမတွေအလွတ်ကျက်နေရပီ စကစသင်ရိုးမှာ ကလေးငယ်ငယ်လေးတွေကို သင်မယ့် ABCD ကဗျာတဲ့” လို့ရေးသားပြီး “Myanmar Breaking News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ရေးသားမျှဝေထားတာ တွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အလားတူတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက်  Google မှာပုံရှာနည်းအသုံးပြုပြီး ဗွီဒီယိုပါ အကြောင်းအရာကိုရှာကြည့်ရာမှာ ABCD သင်ကြားရေးကဗျာစာသား ဟာ ၂၀၁၇ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။  အဲဒီအချိန်က အွန်လိုင်းက […]

Continue Reading

Fact Check: ဒါရိုက်တာကိုပေါက် အမေရိကားကိုသွားပြီဆိုတဲ့သတင်းမှား

ဒါရိုက်တာကိုပေါက်တစ်ယောက် အမေရိကားကိုရောက်သွားပြီဆိုပြီးတော့ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ တကယ်တော့ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ “တာ့တာ…pdf.တို့ရေ… ငပေါက်..US.ကိုထိုင်းမလေးလမ်းကလစ်သွားပြီ မလေးကတဆင့်US.ဖလိုက်နဲ့.go.သွား.. သနားတယ်..စဖိုမှူးငပေါက်..လက်ရာ..နာနတ်သီးပုဇွန်ပေါင်း..ငပွတွေလျှာလည်သွားတာဖြစ်မယ်… Sittway Thitsar @ကရင်ပြည်နယ်”လို့ ရေးသားထားပြီး “Min Thwe”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းရေးသားမျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အလားတူတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ အနုပညာရှင်တွေထဲမှာ ဒါရိုက်တာကိုပေါက်ဟာ ထင်ရှားပါတယ်။ တကယ် တော့ ဒီလိုသတင်းမှားတွေဖြန့်မလာခင်က ၂၀၂၂ ခုနှစ် ဇွန် ၅ ရက်ကတည်းက ဒါရိုက်တာကိုပေါက်က သူ့အနေနဲ့ အမေရိကား ကိုရောက်နေတာမဟုတ်ကြောင်းသူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်ကတစ်ဆင့် ရှင်းလင်းထားပါတယ်။  “အော် လူတွေ လူတွေ မစ္စျရိယစိတ်တွေ ဘယ်လောက်များကြသလဲဆိုတော့ ဟိုတစ်လောက အမေရိကန်ကလုပ်တဲ့ […]

Continue Reading

Fact Check: Zamioculcas Zamiifolia က ကင်ဆာဖြစ်စေတယ်ဆိုပြီး သတင်းမှားပျံ့နှံ့

အိမ်မှာအလှစိုက်တဲ့ အပင်တစ်မျိုးဟာ ကင်ဆာဖြစ်စေနိုင်တဲ့အထောက်အထားတွေ့ရှိထားတာကြောင့် သတိထား ကြဖို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။  “#ကင်ဆာဖြစ်စေသည်အထိအန္တရာယ်ကြီးတဲ့ဒီအိမ်တွင်းအလှစိုက်ပင်ကို အားလုံး သတိထားကြပါ”လို့ ရေးသားပြီး “Thukhita”အမည်နဲ့စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၃၀၀ ကျော်ရှိပါတယ်။ စာထဲမှာ ဓာတ်ပုံထဲမှာပါတဲ့ အိမ်တွေမှာအလှစိုက်တဲ့အပင်ဟာ ကင်ဆာရောဂါကို ဖြစ်စေနိုင်တယ်လို့မလေးရှားနိုင်ငံမှဆရာဝန်တစ်ယောက်က တွေ့ရှိခဲ့တယ်လို့ရေးသားထားပြီး ကလေးတွေလက်လှမ်းမမှီတဲ့နေရာမှာ ထားကြဖို့ တရုတ်သတင်းစာကြီးတစ်စောင်မှလည်းသတိပေး ဖော်ပြခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီပို့စ်မှာပါတဲ့ အပင်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီအပင်ဟာ သိပ္ပံအမည် zamioculcas zamiifolia လို့ခေါ်တဲ့ အပင်ဖြစ်တာတွေ့ရပါတယ်။ အတိုခေါက်အားဖြင့် ZZ plant သို့မဟုတ် Zanzibar Gem […]

Continue Reading

Fact Check: ဖားပြုတ်ကိုက်လို့သေဆုံးဆိုတဲ့သတင်းဟောင်း ပျံ့နှံ့မှုအားကောင်းနေ

၂၀၁၈ ခုနှစ်အတွင်းပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဖားပြုတ်ကိုက်လို့ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်က အမျိုးသမီးတစ်ယောက်အကြောင်းဟာ လက်ရှိအဖြစ်အပျက်သဖွယ်ပြန်လည်ဖြန့်ဝေမှုတွေရှိလာပြီးနောက် ဖေ့စ်ဘွတ်မှာပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ “ထမီအောက်၀င်နေသော ဖားပြုပ် အကိုက်ခံရ၍ အမျိုးသမီးတစ်ဦးtay ဆုံးမှု ဖျာပုံမြို့နယ်၌ ဖြစ်ပွား”လို့ခေါင်းစဉ်တပ်ရေးသားထားပြီး “ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ၊ချောင်းတွင်း ကျေးရွာအုပ်စု၊ ရွာမ(၁)တွင် ဧပြီလ (၁၇)ရက် မွန်လွဲ ၃ နာရီခွဲ အချိန်ခန့်က အသက် (၂၆)နှစ်အရွယ် မစုစုဝင်း ဟာ ထမီအောက်မှာဝင်နေတဲ့ ဖားပြုပ်အကိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ ဒီသတင်းဟာ ၂၀၁၈ ဧပြီ ၁၈ ရက်က […]

Continue Reading

Fact Check: အိုင်ဖုန်းတီထွင်သူ Steve Jobs ရဲ့နောက်ဆုံးစကားများအဖြစ်ဖြန့်ဝေ နေတဲ့ သတင်းမှား

ဉစ္စာဓနနဲ့ရုပ်ဝတ္ထုတွေနောက်လိုက်ကာ အချိန်ကုန်ခဲ့ရင် နောင်တရတတ်တယ်လို့ အိုင်ဖုန်းတီထွင်သူ Steve Jobs က သူ့ရဲ့နောက်ဆုံးစကားတွေအနေနဲ့ပြောခဲ့တယ်ဆိုတဲ့ပို့စ်တစ်ခုကို ဖေ့စ်ဘွတ်မှာ ကြိမ်ဖန်များစွာ မျှဝေ လျှက်ရှိပါတယ်။သို့သော် ဒီစကားတွေဟာ Steve Jobs ပြောခဲ့တယ်ဆိုတဲ့အထောက်အထားမရှိပါဘူး။  အောက်ပါစာပိုဒ်တွေကတော့ ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တဲ့ ပို့စ်ပါ စာသားတွေဖြစ်ပါတယ်။(မူရင်းအရေးအသားအတိုင်း ပြန်လည်ဖော်ပြထားပါတယ်) “အိုင်ဖုန်းတီထွင်သူ Steve Jobs ဆုံးတော့ ဒေါ်လာသန်းပေါင်း ၇၀၀၀ လောက်အမွေကျန်ခဲ့တယ် သူက 56 နှစ်မှာ ပန်ကရိယ ကင်ဆာနဲ့ ဆုံးခဲ့တယ် သူမဆုံးခင်မှာ ပြောခဲ့တဲ့ စကားတချို့က တော်တော်ကောင်းတယ် “အခုချိန်မှာ ဖျားနာလို့ အိပ်ယာထဲလဲနေချိန် ငါ့ဘ၀ကို ပြန်လည်တွေးမိပြီး သဘောပေါက်ခဲ့တဲ့အရာတွေက ငါ့မှာ ရှိတဲ့ အောင်မြင်မှုတွေ ချမ်းသာကြွယ်၀မှုတွေက ငါအသက်မရှိတော့တဲ့အခါ အဓိပ္ပါယ်မဲ့သွားမှာပဲ” “မင်းအတွက် car မောင်းပေးဖို့ car driver […]

Continue Reading

Fact Check: ၂၀၂၀ ခုနှစ်အတွင်းက ဆူဒန်နိုင်ငံလောင်စာပြတ်လပ်မှု မြင်ကွင်း ဓာတ်ပုံဟာ မြန်မာနိုင်ငံကအဖြစ် ပျံ့နှံ့မှုအားကောင်းနေ

ရန်ကုန်က ဓာတ်ဆီဆိုင်တစ်ဆိုင်ရှေ့မှာ ဆီဖြည့်ဖို့ တမျှော်တခေါ် တန်းစီနေကြရတဲ့ကားတန်းကြီးဆိုပြီး ဓာတ်ပုံတစ်ပုံ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ ရန်ကုန်နဲ့ မန္တလေးမှာ ယနေ့(ဧပြီ ၁၉ ရက်)ကစပြီး ဓာတ်ဆီအကြပ်အတည်းဖြစ်ပေါ်နေပြီး အချို့ဆိုင်တွေမှာ ကန့်သတ်ရောင်းချမှုတွေရှိပါတယ်။ (သတင်းတွေကို ဒီနေရာ၊ဒီနေရာမှာတွေ့ရပါတယ်) ဒီလိုအခြေအနေမှာပဲ ဓာတ်ဆီဆိုင်တစ်ဆိုင်လို့ ယူဆရတဲ့ နေရာတစ်ခုရှေ့မှာ ကားတွေ ဘေးပတ်ပတ်လည်က စီတန်းနေတဲ့ ဓာတ်ပုံနဲ့အတူ “The Modern Cook”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက“ရန်ကုန်မြို့ရဲ့ ဓာတ်ဆီ ဆိုင်တစ်ဆိုင်ရှေ့ နွေနေပူပူမှာ ဆီဖြည့်ဖို့ တမျှော်တခေါ် တန်းစီနေကြရတဲ့ ကားတန်းကြီး … Photo – Aung Myo Htay” စသည်ဖြင့် ရေးသားပြီး ဓာတ်ပုံကိုအောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၁၀ ရှိပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: ဒီဓာတ်ပုံတွေက ၂၀၁၇ ခုနစ်ကရန်ကုန်နဲ့ မန္တလေးကသင်္ကြန်ကျခဲ့တဲ့ မြင်ကွင်း ဓာတ်ပုံတွေသာဖြစ်တယ်

ယခုနှစ် မြန်မာနှစ်ကူး သင်္ကြန်ကို စစ်တပ်က စည်စည်ကားကားကျင်းပဖို့ ကြံရွယ်ပြီး အထင်ကရမြို့ကြီးတွေမှာ မဏ္ဍပ်ကြီးတွေဆောက်လုပ်နေပေမဲ့ အများပြည်သူက သပိတ်မှောက်ထားတာကြောင့် လူသူကင်းမဲ့နေပါတယ်။ ဒီလိုအခြေအနေမှာ ရန်ကုန်နဲ့ မန္တလေးက မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်စည်ကားနေပုံဆိုပြီးတော့ ဓာတ်ပုံပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူ တွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ “ဟစ်တိုင် – အွန်လိုင်းသတင်းဌာန”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက“ရန်ကုန် မြို့တော်ဝန်သင်္ကြန် မဏ္ဍပ်ဖွင့်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပ” စသည်ဖြင့် ရေးသားပြီး  ဓာတ်ပုံ ၅ ပုံကို ယနေ့ (ဧပြီ ၁၃ ရက်)က အောက်ပါအတိုင်းမျှဝေ ထားရာမှာ ၈ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှုအကြိမ်အရေအတွက် ၁၉၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  ထို့အတူ ဒီစာမျက်နှာကပဲ“မန္တလေး မြို့တော်ဝန်မဏ္ဍပ်ဖွင့်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပ”လို့ရေးသားပြီး ဓာတ်ပုံ ၁၄ […]

Continue Reading

Fact Check: ဒီဓာတ်ပုံတွေက စစ်ကိုင်းတိုင်း ပုလဲက မီးရှို့ခံရတဲ့ ဓာတ်ပုံဖြစ်တယ်

မီးတောက်များစွဲလောင်နေသည့် မြင်ကွင်းဓာတ်ပုံ  ၂ ပုံကို ကယားဖြစ်စဉ်အဖြစ် ဓာတ်ပုံအဖြစ် ဖေ့စ်ဘွတ် အသုံးပြုအချို့က ပြန်လည် မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဓာတ်ပုံ ၂ ပုံဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်က ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ “ကယားရေ😓💔ရင်နာလိုက်တာ” စသည်ဖြင့် ရေးသားပြီး “Wa Na Kyaw Htain”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါ အတိုင်းမျှဝေထားပြီး လိုက်ခ် ပြုလုပ်ထားသူပေါင်း ၂ ထောင်ကျော်နဲ့ ပြန်လည်ဖြန့်ဝေထားသူ ၂ ရာကျော်ရှိတာ တွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ပထမဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ Eleven […]

Continue Reading

Fact Check: ဒီပုံတွေက ၂၀၁၈ ခုနှစ် ထိုင်ဝမ်ငလျင်က အပျက်အစီး ဓာတ်ပုံတွေဖြစ်တယ်

ထိုင်ဝမ် ၅ မိနစ်အတွင်း အင်အားပြင်းငလျင် ၃ ကြိမ်လှုပ်ခတ်ခဲ့ပြီးနောက် အပျက်အစီးတွေအဖြစ် အထပ်မြင့်တိုက် တွေယိုင်လဲနေတဲ့ဓာတ်ပုံ ၃ ပုံနှင့်အတူ ပို့စ်တစ်ခုကို မျှဝေထားရာမှာ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ဒီပို့စ်ကို ပြန်လည်မျှဝေခဲ့ကြပါတယ်။ ထိုင်ဝမ်မှာ မြန်မာစံတော်ချိန် ၂၀၂၂ ခုနှစ် မတ် ၂၃ ရက်အစောပိုင်းက ငလျင်လှုပ်ခတ်ခဲ့တာမှန်ပေမဲ့  ဓာတ်ပုံတွေ က ၂၀၁၈ ခုနှစ် ငလျင်က ဓာတ်ပုံတွေဖြစ်တာတွေ့ပါတယ်။  “ထိုင်ဝမ် ၅ မိနစ်အတွင်း M6.9 / 6.1/ 5.7 အင်အားပြင်းငလျင် ၃ ကြိမ်လှုပ် ”လို့ရေးသားပြီး “Myanmar Journal”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ၂၄ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှု အကြိမ်အရေအတွက် ၁ ထောင် ၂ ရာဝန်းကျင်ရှိပါတယ်။ […]

Continue Reading