Fact Check: အိုင်ဖုန်းတီထွင်သူ Steve Jobs ရဲ့နောက်ဆုံးစကားများအဖြစ်ဖြန့်ဝေ နေတဲ့ သတင်းမှား

Missing Context လူမှုရေး

ဉစ္စာဓနနဲ့ရုပ်ဝတ္ထုတွေနောက်လိုက်ကာ အချိန်ကုန်ခဲ့ရင် နောင်တရတတ်တယ်လို့ အိုင်ဖုန်းတီထွင်သူ Steve Jobs က သူ့ရဲ့နောက်ဆုံးစကားတွေအနေနဲ့ပြောခဲ့တယ်ဆိုတဲ့ပို့စ်တစ်ခုကို ဖေ့စ်ဘွတ်မှာ ကြိမ်ဖန်များစွာ မျှဝေ လျှက်ရှိပါတယ်။သို့သော် ဒီစကားတွေဟာ Steve Jobs ပြောခဲ့တယ်ဆိုတဲ့အထောက်အထားမရှိပါဘူး။ 

အောက်ပါစာပိုဒ်တွေကတော့ ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တဲ့ ပို့စ်ပါ စာသားတွေဖြစ်ပါတယ်။(မူရင်းအရေးအသားအတိုင်း ပြန်လည်ဖော်ပြထားပါတယ်)

“အိုင်ဖုန်းတီထွင်သူ Steve Jobs ဆုံးတော့ ဒေါ်လာသန်းပေါင်း ၇၀၀၀ လောက်အမွေကျန်ခဲ့တယ် သူက 56 နှစ်မှာ ပန်ကရိယ ကင်ဆာနဲ့ ဆုံးခဲ့တယ် သူမဆုံးခင်မှာ ပြောခဲ့တဲ့ စကားတချို့က တော်တော်ကောင်းတယ်

“အခုချိန်မှာ ဖျားနာလို့ အိပ်ယာထဲလဲနေချိန် ငါ့ဘ၀ကို ပြန်လည်တွေးမိပြီး သဘောပေါက်ခဲ့တဲ့အရာတွေက

ငါ့မှာ ရှိတဲ့ အောင်မြင်မှုတွေ ချမ်းသာကြွယ်၀မှုတွေက ငါအသက်မရှိတော့တဲ့အခါ အဓိပ္ပါယ်မဲ့သွားမှာပဲ”

“မင်းအတွက် car မောင်းပေးဖို့ car driver ငှားပေးလို့ရပေမယ့် ရောဂါကျတော့ ဝေဒနာအစားထိုးခံပေးဖို့ လူငှားလို့မရဘူး အရာဝတ္ထု ပစ္စည်းဥစ္စာတွေကပျောက်သွားရင် ပြန်ရှာလို့ ရနိုင်ပေမယ့် အသက်ပျောက်သွားတဲ့ အခါ ဘယ်တော့မှ ရှာမတွေ့တော့ဘူး”

“ဒါကြောင့် ကိုယ့်ကျန်းမာရေး ကိုယ်ကိုတိုင် ကရုစိုက်ပါ မင်းကိုချစ်တဲ့လူတွေကို အလေးထားဆက်ဆံပါ

$30 တန်နာရီပဲဖြစ်ဖြစ် ၊ $300 တန်နာရီပဲဖြစ်ဖြစ် အဲ့နာရီ ၂ ခုလုံးက မင်းသိချင်တဲ့ အချိန်တစ်ခုတည်းကိုပဲ တူညီစွာပြသပေးမှာပါ”

“$150,000 တန်ကားကိုပဲမောင်းမောင်း ၊ $3000တန် ကားကိုပဲမောင်းမောင်း တူညီတဲ့လမ်း တူညီတဲ့ခရီး အကွာအဝေးနဲ့ သင်သွားချင်‌တဲ့နေရာကို အတူတူပဲပို့ပေးမှာပါ”

“$300 တန် wine ပဲသောက်သောက် $10 တန် wine ပဲသောက်‌သောက် မူးတာကတော့ အတူတူပဲဖြစ်နေမှာ”

” $300 တန် ပိုက်ဆံအိတ်ပဲကိုင်ကိုင် $30 တန် ပိုက်ဆံအိတ်ပဲကိုင်ကိုင် အိတ်ထဲက ပိုက်ဆံ amount က ပြောင်းသွားမှာမဟုတ်ဘူး”

“300 sqm ကျယ်တဲ့အိမ်မှာပဲနေနေ 3000 sqm လောက်ကျယ်တဲ့အိမ်မှာပဲနေနေ အထီးကျန်တဲ့လူက အထီးကျန်နေမှာပဲ”

“First class မှာပဲ လေယာဉ်စီးစီး Eco class မှာပဲ လေယာဉ်စီးစီး လေယာဉ်ပျက်ကျရင်တော့ မင်းလည်းသေရမှာပဲ”

“မင်းနားလည်ဖို့ ငါမျှော်လင့်တာက ပျော်ရွှင်မှုအစစ်ဆိုတာကို ကမ္ဘာပေါ်မှာရှိတဲ့ အရာဝတ္ထု ပစ္စည်းဥစ္စာ တွေကနေ ရှာလို့ မရနိုင်ဘူးဆိုတာပဲ ပျော်ရွှင်မှုအစစ်အမှန်ဆိုတာ မင်းချစ်တဲ့ တစ်စုံတစ်ယောက်နဲ့ ဒါမှမဟုတ် ညီအစ်ကို မောင်နှမနဲ့ ဒါမှမဟုတ် သူငယ်ချင်းနဲ့ သီချင်းတွေဆိုမယ် ရယ်မောပျော်ရွှင်ပြီး စကားတွေ ပြောနေရတာကို ဆိုလိုတာပါ”

နောက်ပြောချင်တာက

“ကလေးတွေကို ဘယ်လို ချမ်းသာအောင်လုပ်မလဲလို့ မသင်ပါနဲ့ ဘယ်လို ပျော်ရွှင်အောင်နေထိုင်ရမလဲဆိုတာကို သင်ပါ ဒါဆို သူတို့အရွယ်ရောက်ရင် အရာဝတ္ထု ပစ္စည်းဥစ္စာ‌တွေရဲ့ တန်ဖိုးကို နားလည်လာလိမ့်မယ် တန်ဖိုးထားတတ်လာလိမ့်မယ် တန်ဖိုးဆိုတာ price ဆိုတဲ့ ဈေးနှုန်းကို ဆိုလိုတာမဟုတ်ဘူးနော်”

“အစား‌အသောက်ကို ဆေးလိုစားပါ မဟုတ်ရင်တော့ ဆေးကို အစားအသောက်လို စားနေရလိမ့်မယ်”

လူဖြစ်တာ(human being)နဲ့ လူသားဆန်ဆန်ပြုမှုနေထိုင်တာ(being human) က အများကြီးကွာခြားမှုရှိတယ် အဲ့ဒါကို လူအနည်းငယ်လောက်ပဲနားလည်ကြတယ်

မင်းကို မွေးတုန်းက လူတွေက ချစ်ကြတယ် မင်းသေသွားတဲ့အခါမှာလည်း လူတွေချစ်အောင်လုပ်ရမယ်

အဲ့ 2 ခုကို မသေခင် အကောင်းဆုံး ထိန်းထားနိုင်ရမယ်

“မြန်မြန်သွားချင်ရင် တစ်ယောက်တည်းသွားပါ ဝေးဝေးကို သွားချင်ရင်တော့ ၂ ယောက်အတူတကွသွားပါ”

“ကမ္ဘာပေါ်မှာ အကောင်းဆုံး ဆရာ၀န် ၆ ယောက်ကတော့ ၁၊၊ နေရောင်ခြည် ၂၊၊ အနားယူခြင်း ၃၊၊ ကိုယ်လက် လေ့ကျင့်ခန်းလုပ်ခြင်း ၄၊၊ အစားအသောက်ကို ချင့်ချိန်စားသောက်ခြင်း ၅၊၊ မိမိကိုယ်ကို ယုံကြည်မှု ၆၊၊ အပေါင်းအသင်း မိတ်ဆွေသူငယ်ချင်း အဲ့ဆရာ၀န်တွေကို အသက်ရှိစဉ် ခေါင်းထဲမှာအမြဲထည့်ထားပြီး ကျန်းမာအောင်နေထိုင်ပါ” “အချိန်ကျရင်တော့ ငါတို့ဟာ ကန့်လန့်ကာချပြီး နှုတ်ဆက်ထွက်ခွာရမှာပါ အဲ့ဒါကြောင့် အသက်ရှိနေစဉ် သင့်မိသားစုကို ချစ်ပါ သူငယ်ချင်းတွေကို ချစ်ပါ သင့်ရဲ့ ဘ၀လက်တွဲဖော်ကိုချစ်ပါ သင့်‌အပေါ်ကောင်း ဖူးတဲ့လူတွေကို ချစ်ပါ”

#Credit : Steve Jobs

Translated by Joymaker See less”

ဒီပို့စ်ကို “Shar Htat Paing”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက Steve Jobs ဓာတ်ပုံနဲ့အတူ မျှဝေထားရာမှာ ပြန်လည်မျှဝေမှုပေါင်း ၁၁၄ ကြိမ်ရှိပါတယ်။ အခြားသော ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်တွေကို  ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link  

အချက်အလက်စိစစ်ချက်

Google မှာအဓိကျတဲ့စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်မယ်ဆိုရင် အခုလို အိုင်ဖုန်း တီထွင်ခဲ့တဲ့ Apple ရဲ့ အမှုဆောင်အရာရှိချုပ် Steve Jobs ရဲ့နောက်ဆုံးစကားဆိုပြီးတော့ သူကွယ်လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ Steve Jobs ရဲ့ အသုဘအခမ်းအနားမှာ ညီမဖြစ်သူ Mona Simpson ဖတ်ကြားခဲ့တဲ့ နောက်ဆုံးနှုတ် ဆက်စကားကို ထိုအချိန်က New York Times သတင်းဌာနက ဖော်ပြခဲ့တာတွေ့ရပါတယ်။ ဒီနှုတ်ဆက်စကားပါ Steve Jobs ရဲ့ နောက်ဆုံးစကားတွေကို The GuardianCNN နဲ့ Holywoodreporter  တို့ကလည်းပြန်လည်ဖော်ပြခဲ့တာတွေ့ရပါတယ်။ ဒီစာအရ Steve Jobs  ရဲ့နောက်ဆုံးစကားတွေဟာ “အို ဝိုး အို ဝိုး အို ဝိုး”ဆိုတဲ့ တပါဒစကားလုံးတွေဖြစ်ပါတယ်။ 

အခြားသော အချက်အလက်စိစစ်ရေးအဖွဲ့တွေက အချက်အလက်စိစစ်ထားတာတွေ့ရပြီး ဒီစကားတွေကို Steve Jobs ပြောခဲ့တယ်ဆိုတဲ့အထောက်အထားမျိုးမတွေ့ရပါဘူး။ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ဖတ်ရူနိုင်ပါတယ်။ 

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ အိုင်ဖုန်းတီထွင်သူ Steve Jobs ရဲ့နောက်ဆုံးစကားတွေအဖြစ် မျှဝေနေတဲ့ ဉစ္စာဓနနဲ့ ရုပ်ဝတ္ထုအကြောင်းပြောကြားချက်တွေဟာ Steve Jobs ပြောခဲ့တယ်ဆိုတဲ့ အထောက်အထား ကင်းမဲ့ပြီး အတည်ပြုနိုင်ခြင်းမရှိပါဘူး။

Avatar

Title:Fact Check: အိုင်ဖုန်းတီထွင်သူ Steve Jobs ရဲ့နောက်ဆုံးစကားများအဖြစ်ဖြန့်ဝေ နေတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: Missing Context


Leave a Reply

Your email address will not be published.