ကောင်းကင်ကို မော့ကြည့်ပြီး မေမေလို့ခေါ်နေတဲ့ ကလေးရဲ့ မိခင်ဟာ အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ခြင်းမဟုတ်ပါ

ကောင်းကင်ကို မော့ကြည့်ပြီး တစ်စုံတစ်ခုကို လက်ညှိုးပြပြီး မေမေလို့ တစာစာခေါ်နေတဲ့ ကလေးလေးနဲ့ အကိုဖြစ်သူလို့ ထင်ရတဲ့ လူငယ်လေးတစ်ယောက်က မခံစားနိုင်တော့ပဲ ကလေးကို ဖက်ပြီး ဗီဒီယိုဟာကမ္ဘာတစ်လွှားပျံ့နှံ့ခဲ့ပါတယ်။  မြန်မာနိုင်ငံမှာလည်း “အီတလီနိုင်ငံက ဖစ်သွားတဲ့ ကိုဗစ် 19ရောဂါကြောင့် သူ့မိဘနှစ်ရောက်စလုံး ဆုံးသွားပီး ကောင်းကင်ပေါ်မှာ သူ့အမေ သူတွေ့တယ်တဲ့”ဆိုပြီးတော့ “Narr” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link ကလေးငယ်ရဲ့ မိခင်ဟာ အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးခဲ့ရတာလား။ ကလေးတွေကရော အီတလီကလားဆိုတာ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အမှန်မှာ ကလေးငယ်များရဲ့ မိခင်ဟာ သေဆုံးခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ကိုရိုနာဗိုင်းရပ်စ် ကြောင့် မဟုတ်သလို အဖြစ်အပျက်ကလည်း အီတလီက အဖြစ်အပျက် မဟုတ်ပါ။ အချက်အလက်စိစစ်ချက်  ဗွီဒီယိုကို InVID ဆိုတဲ့ ဗွီဒီယိုဆန်းစစ်တဲ့ […]

Continue Reading

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Bhasan Char ကျွန်းက အဆောက်အဉီးပုံတွေကို ရခိုင်မှာဆောက် ထားတဲ့ အိမ်တွေအဖြစ်ဖော်ပြနေကြတဲ့ သတင်းမှား

မြန်မာနိုင်ငံမှာ ပြည်ပက ပြန်လာတဲ့သူတွေ အများအပြားရှိခဲ့တာကြောင့် ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်မှု လုပ်ငန်းစဉ်မှာ စောင့်ကြည့်နေရာအဖြစ်လက်ခံနိုင်ဖို့ အစိုးရအနေနဲ့ ယာယီအားဖြင့် အခက်အခဲ တစ်ချို့ရှိခဲ့ပါတယ်။  ဒီလိုအခြေအနေမှာ “နိုင်ငံခြားကပြန်လာတဲ့ ကိုဗစ်၁၉ သံသယစောင့်ကြည့်လူတွေကို ဘုန်းကြီးကျောင်းမှာနေရာပေးမယ့်အစား လောလောဆယ်ရခိုင်မှာဆောက်ထားတဲ့ အိမ်မှာနေရာပေးလိုက်ရင် ပိုအဆင်ပြေမယ်။” ဆိုပြီးတော့ “Wnow White” အမည်နဲ့အကောင့်က အဆောက်အဉီးပုံအချို့ကို မျှဝေလာပါတယ်။  Fb link Archive link မျှဝေလာတဲ့ အဆောက်အဉီးရဲ့ အပေါ်မှာ ဘင်္ဂလီတွေအတွက် အထူးရှယ်ဆောက်လုပ်ပေးထားတဲ့ အိမ်တွေအဖြစ်လည်း ဖော်ပြကြပါတယ်။ အချက်အလက်စိစစ်ချက် Google မှာ ပုံကိုပြောင်းပြန်ရှာနည်းအသုံးပြုရှာကြည့်တဲ့အခါမှာအောက်ပါအတိုင်းတွေ့ရပါတယ်။  Google မှာ “Bhasan Char”ဆိုတဲ့ စကားလုံးကို ရိုက်ရှာရင်လည်း ဒီပုံတွေကို အောက်ပါအတိုင်းတွေ့ရှိရပါတယ်။ ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေ ဒီပုံကို ဖော်ပြထားတွေ ၂၀၁၇ ခုနှစ်ကတည်းကဖော်ပြထားတာတွေ့ရပါတယ်။ Dhakatribune သတင်းဌာနက […]

Continue Reading

ကောင်းကင်မှပေါ်လာသော ဗုဒ္ဓပုံတော်အဖြစ် မမျှဝေခင်မှာ မြွေနဂါးပုံအဖြစ် မျှဝေခဲ့ဘူး

လူတွေ အလုအယက်ဓာတ်ပုံရိုက်နေကြဟန်နဲ့ ကောင်းကင်မှပေါ်လာတဲ့ ဗုဒ္ဓပုံတော်ဟာ လူမှုကွန်ယက်မှာ ပျံ့နှံမှုအားကောင်းခဲ့ပါတယ်။ “သီတဂူဆရာတော်ကြီးကို ကြည်ညိုကြသူများ”ဆိုတဲ့ ဖေ့စ်ဘွတ်အုပ်စုမှာ “စိုးစိုး”အမည်နဲ့အကောင့်က “KH Shop” ဆိုတဲ့ စာမျက်နှာက ပုံတစ်ပုံကို ပြန်လည်မျှဝေလာတာတွေ့ရပါတယ်။ “KH Shop”  ဆိုတဲ့ စာမျက်နှာ မှာတော့ ထိုင်းဘာသာစကား နဲ့ရေးသားထားတာဖြစ်ပြီး ဖေ့စ်ဘွတ်မှာ အလိုအလျောက် ဘာသာပြန်စနစ် အသုံးပြုပြီး ဘာသာပြန် ဆိုကြည့်မယ်ဆိုရင် “မယုံရင် မစော်ကားနဲ့. မြင်ရင်. 1 ကိုနှိပ်ပြီး. ရောဂါမရှိတဲ့. share ပေးပါ” ဆိုပြီးတော့ အဓိပ္ပာယ်ထွက်တာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link ဒီလို ဗုဒ္ဓပုံတော်တွေ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေကြည့်တဲ့အခါမှာ ဒီဓာတ်ပုံထဲမှာပါတဲ့ […]

Continue Reading

အွန်လိုင်းမှာရောင်းချနေတဲ့ ဗိုင်းရပ်စ်ရှောင်လည်ဆွဲက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်နိုင် ဆိုတဲ့ သတင်းမှား

လည်ပင်းမှာဆွဲထားရုံနဲ့ ကိုရိုနာဗိုင်းရပ်စ်မကူးစက်နိုင်ဘူးဆိုပြီး virus shut out တံဆိပ်နဲ့ လည်ဆွဲကတ်လေး တွေကို အွန်လိုင်းမှာရောင်းချနေတာတွေ့ရပါတယ်။  “ကိုယ်ခန္ဓာမှာ Virus တွေမကပ်နိုင်အောင်အသစ်တီထွင်ထုပ်လုပ်လိုက်တဲ့ Virus Shut Out လေးပါ  အခုရက်ပိုင်းမှအသစ်ထွက်ရှိလာပြီး ဂျပန်အဆင့်မြင့်နည်းပညာဖြင့် ထုတ်လုပ်ထားတဲ့ပစ္စည်းလေးပါ ကလေး လူကြီးမရွေး အခုလိုအချိန်မှာ အသုံးပြုသင့် တဲ့ပစ္စည်းကောင်းလေးတစ်ခုပါ လူစည်ကားရာနေရာရုံး ကျောင်း အလုပ်တို့သွား တဲ့အခါမှာ လည်းပင်းလေးမှာဆွဲပေးထားရုံနဲ့ 3 မီတာ ပတ်လည်မှာရှိတဲ့ virus တွေကပ်မလာ နိုင်အောင် ကာကွယ်ပေးပါတယ် လည်ပင်းမှာဆွဲထားရုံမက စာရေးခုံ ကွန်ပြူတာအစရှိတဲ့ မိမိနဲ့အနီးတဝိုက်မှာ ရှိတဲ့ပစ္စည်းလေးတွေမှာလည်းချိတ်ဆွဲထားလို့ရ ပါတယ် လည်ပင်းမှာဆွဲထားရင်တော့အထိရောက်ဆုံး ကာကွယ်မှု ပေးနိုင်ပါတယ် ယခုလိုကူးစက်ရောဂါတွေဖြစ်ပွားနေချိမ် မနီးပတ်ဝန်းကျင်မှာရှိတဲ့ လူအချို့၏ နှာဆေးချောင်းဆိုး မှု လေထဲတွက်ပျံ့နှံ့လာသော မမြင်ရတဲ့ virus တွေကူးစက်မှုကို ဒီ […]

Continue Reading

တရုတ်နိုင်ငံနဲ့ အီတလီနိုင်ငံက ပုံတွေကို မလေးရှားနဲ့ ထိုင်းနိုင်ငံက ပုံတွေအဖြစ်ဖော်ပြမှု

“နိုင်ငံတကာက ကြောက်လန့်နေကြ ချိန် နောက်ဆုံးပုံက အသက်”ဆိုပြီးေတာ့ Myanmar Breaking News ဖေ့စ်ဘွတ်စာမျက်နှာမှာ ဓာတ်ပုံတွေကိုဖော်ပြလာပါတယ်။ ဓာတ်ပုံတစ်ခုချင်းစီမှာ နိုင်ငံအမည်ကို စာတမ်းထိုးထားတာတွေ့ရပါတယ်။  Fb link Archive link အခြားနိုင်ငံက လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာလည်း အခုလို ပြန်လည်ဖော်ပြထားတာတွေ့ရပါတယ်။ FB link Archive link အချက်အလက်စိစစ်ချက် ၁။ ပထမဆုံးဓာတ်ပုံမှာ Malaysia ဆိုပြီးတော့ ဖော်ပြထားပါတယ်။  Google မှာ ပုံပြောင်းရှာနည်းအသုံးပြုပြီးရှာတဲ့အခါမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ဓာတ်ပုံတွေဟာ တရုတ်နိုင်ငံ ဝူဟန်မြို့က ပုံတွေဖြစ်ပါတယ်။ ၂။ ဒုတိယပုံမှာ Thailand ဆိုပြီးတော့ ရေးထားပါတယ်။  Google မှာ ပုံပြောင်းရှာနည်းအသုံးပြုပြီးရှာတဲ့အခါမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ဓာတ်ပုံထဲမှာပါတဲ့နေရာဟာ အီတလီနိုင်ငံ ဗင်းနစ်မြို့မှာရှိတဲ့ အင်္ဂလိပ်လို့ St Mark’s Square […]

Continue Reading