Fact Check: NUG ကို နိုင်ငံ ၄၀ ‌ကျော်က အစိုးရအဖြစ်အသိအမှတ်ပြုပြီး စစ်တပ်ကို အကြမ်းဖက်အဖြစ်ကြေညာတဲ့ သတင်းမှား

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို နိုင်ငံပေါင်း ၄၀ ‌ကျော်က အစိုးရအဖြစ်အသိအမှတ်ပြုပြီး စစ်တပ်ကို အကြမ်းဖက်အဖြစ်ကြေညာတဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်းပါတယ်။ “1 ရက်နေ့ ဒီဇင်ဘာလ (မအလ ပေါက်ကွဲနေ) နိုင်ငံ ၄၀ ကျော် NUG ကို အစိုးရဟု သတ်မှတ် စစ်တပ်ကို အရက်စက်ဆုံး အကြမ်းက်ဟု စတင်ကြေညာ” မူရင်းလင်ခ့် – Yotube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုလို ဗွီဒီယိုကို ဖြန့်ချိနေတဲ့ ယူကျူ့နဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့က သတင်းတွေကို သတင်းခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ […]

Continue Reading

Fact Check: ပဲခူး ဒေးစွန်ပါသာသနာ့နယ်မြေကို KNU နဲ့ PDF ဖျက်ဆီးမှုသတင်းမှား

ပဲခူးမြို့ ဘုရားကြီး ဒေးစွန်ပါသာသနာ့နယ်မြေက ဗုဒ္ဓရုပ်ပွားတော်တွေနဲ့ အဆောက်အဦတွေကို KNU နဲ့ PDF ကဝင်ရောက်ဖျက်ဆီးသွားတယ်လို့ဆိုပြီး ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ဖြန့်ချိလျက်ရှိ တာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြန့်ချိမှုသာဖြစ်တယ်။ ဖြန့်ဝေနေတဲ့ ပို့စ်တွေမှာ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်တဲ့ KNU နဲ့ PDF  တွေက ဒီလိုဖျက်ဆီးခဲ့တာလို့ လည်းဆိုထားပါတယ်။အောက်ပါစခရင်ရှော့ကို ကြည့်ပါ။ တူညီတဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “❗️အကြမ်းဖက်မှုအားရှုတ်ချပါသည်❗️ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်သော KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ က ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ဒေးစွန်ပါသာသနာ့နယ်မြေရှိ ဗုဒ္ဓရုပ်ပွားတော်များနှင့် သာသနာနိက အဆောက်အဦများကို ဝင်ရောက်ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။ #thazinoo_သူရိယနေဝန်း” မူရင်းလင်ခ့် – Fb link | Archive link […]

Continue Reading

Fact Check: တပ်မ ၄၄ ဌာနချုပ် ဗိုလ်နဂါးတပ်ဖွဲ့တက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းတု

တပ်မ ၄၄ ဌာနချုပ်ကို ဗိုလ်နဂါးတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီလို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားဖြန့်ဝေလျှက်ရှိတာဟာ သတင်းတုတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “တပ်မ(၄၄)ဌာနချုပ် ဗိုလ်နဂါးတပ်ဖွဲတက်သိမ်းလိုက်”  မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ ထို့အပြင် တပ်မ ၄၄ ဌာနချုပ်ကို ဗိုလ်နဂါး  ဦးဆောင်တပ်ဖွဲ့က သိမ်းပိုက်လို့ အခုဗွီဒီယိုထဲမှာရေးသားထားပေမဲ့ ဗိုလ်နဂါးအကြောင်း ဖြစ်စေ ဗိုလ်နဂါးနဲ့ မဟာမိတ်အဖွဲ့တွေပါဝင်တဲ့ BNRA တပ်ဖွဲ့အကြောင်းဖြစ်စေမပါဝင်ပါဘူး။ စစ်ကိုင်း၊မကွေးနဲ့ မန္တလေးတိုင်းက တော်လှန်ရေးအင်အားစုအချို့ပေါင်းစည်းထားတဲ့ မကြာသေးခင်က ဖွဲ့စည်းလိုက်တဲ့ BNRA ဟာ စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ အဓိကလုပ်ရှားနေတာတွေ့ရပြီး တပ်မ ၄၄ ဌာနချုပ်ဟာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာတည်ရှိပါတယ်။  တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာတွေဟာ […]

Continue Reading

Fact Check: သမ္မတဟောင်းဦးသိန်းစိန်နဲ့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ အဖမ်းခံရဆိုတဲ့ သတင်းတု

သမ္မတဟောင်းဦးသိန်းစိန်နဲ့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ အဖမ်းခံရဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေခဲ့ရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်း စဉ်လွဲတပ် ဗွီဒီယိုသာဖြစ်တယ်။  အောက်ပါစခရင်ရှော့ကတော့ ဒီလိုဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခုဖြစ်တယ်။  “Khit Thit အတည်ပြုကြေညာလိုက်ပြီ သိန်းစိန်နဲ့သန်းရွှေအဖမ်းခံရ အမြန်ဆုံးဝင်ကြည့်ကြပါ(စစ်အုပ်စု ၂ ခြမ်းကွဲကုန်ပြီ”စသည်ဖြင့် ရေးသားပြီး ယူကျူ့မှာဖြန့်ဝေထားတာဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာတွေဟာ ရန်ကုန်ခတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖတ်ကြားနေခြင်းသာဖြစ်ပြီး သတင်းတွေထဲမှာ သမ္မတဟောင်း ဦးသိန်းစိန်အဖမ်းခံရ တဲ့အကြောင်း သို့မဟုတ် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေအဖမ်းခံရတဲ့အကြောင်း မပါဝင်ပါဘူး။   တကယ်တမ်း ဗွီဒီယိုထဲမှာ “ချင်းတွင်းမြစ်ကမ်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်တပ်၏ ရေယာဥ်အုပ်စုက […]

Continue Reading

Fact Check: စစ်ကောင်စီတိုက်လေယာဉ် KIA ပစ်ချတဲ့ သတင်းတု

စစ်ကောင်စီရဲ့ လေယာဉ်ကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ပစ်ချလိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေယူကျူ့မှာ ဆက်တိုက်ဖြန့်ဝေနေရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။  အောက်ပါစခရင်ရှော့ကတော့ ဒီလိုဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခုဖြစ်တယ်။  “KIA ကတော့ လက်စွမ်းပြလိုက်ပြီ MIG-26 ပစ်ချ”စသည်ဖြင့် ရေးသားပြီး ယူကျူ့မှာဖြန့်ဝေထားတာဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link | Archive link အခြားသောပြောဆိုချက်ကတော့ “ဒေါဖုန်းယမ်ကို ဗုံးကြဲတဲ့လေယာဉ် KIA တပ်တော် ပစ်ချလိုက်ပြီ”ဆိုပြီးတော့ စက်တင်ဘာ ၁၈ ရက်က ဖြန့်ဝေမှုဖြစ်တယ်။ ဒီနေရာမှာကြည့်ပါ။  အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာတွေဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နဲ့ စစ်ကောင်စီတပ် ရှမ်းမြောက်ပိုင်းမှာ တိုက်ပွဲဖြစ်တဲ့သတင်းနဲ့ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်ရှိ လိုင်လွမ့်အောင်ဂျာတဝိုက်မှာ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ စစ်ကောင်စီတပ်တွေ အကြားတိုက်ပွဲအကြောင်းတွေသာပါဝင်တယ်။  ဒီသတင်းတွေဟာလည်း သတင်းမီဒီယာအချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေဖြစ်ပြီး ခေါင်းစဉ်လွဲ သို့မဟုတ် […]

Continue Reading

Fact Check: စစ်ကောင်စီ ရဟတ်ယာဉ်၊လေယာဉ်ပစ်ချမှုဆိုတဲ့ သတင်းတုတွေဖြစ်တယ်

စစ်ကောင်စီရဲ့ ရဟတ်ယာဉ်၊ လေယာဉ်တွေ ပစ်ချခံရတယ်လို့ဆိုထားတဲ့ ပို့စ်တွေ ယူကျူ့မှာ ဆက်တိုက်ဖြန့် ဝေနေရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ စစ်ကောင်စီဟာ လေကြောင်းက တိုက်ခိုက်နိုင်မှုအားသာချက်ကို အသုံးပြုပြီး နိုင်ငံအနှံ့က တော်လှန်တိုက်ခိုက်မှုတွေကို ထိန်းချုပ်နေရတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်‌ဘေးရှောင်တွေ ထိခိုက်သေကြေရမှုဟာ တော်လှန်ရေးအင်အားစုတွေ အတွက်လည်း ခေါင်းခဲစရာကိစ္စရပ် တခုပါ။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခုဖြစ်တယ်။  “(၇)ရက်နေ့ မနက်ခင်းအထူးသတင်း KIA ဝေဟင်ပစ်လက်နက်နဲ့ Mi-35 ရဟတ်ယာဉ် ပစ်ချခံရ လေဘဲဗိုလ်အပါ စစ်ခွေး(၃၀)ဦးသေဆုံး”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အလားတူ TNLA ကရဟတ်ယာဉ်ပစ်ချလိုက်တယ်၊ ရန်ကုန်မှာ ရဟတ်ယာဉ်ပျက်ကျတယ်ဆိုတဲ့ ရေးသားမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရတယ်။ အချက်အလက်စိစစ်ချက် သတင်းမီဒီယာအချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ်လွဲ […]

Continue Reading

Fact Check: ရန်ကုန်၊မန္တလေး၊နေပြည်တော် မြို့ပေါ်တွေမှာ တိုက်ပွဲပြင်းထန်နေ တယ်ဆိုတဲ့ သတင်းမှားများ

ရန်ကုန်၊မန္တလေးနဲ့ နေပြည်တော်မှာ တိုက်ပွဲတွေပြင်းထန်နေပြီလို့ဆိုထားတဲ့ ပို့စ်တွေ ယူကျူ့မှာ ဆက်တိုက်ဖြန့် ဝေနေပြီး ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခုဖြစ်တယ်။  “မနက် ၅ နာရီ မှာ နေပြည်တော် ဝင်စီးခံရ စစ်တပ်ထိပ်ပိုင်း ၆ ဦးပွဲချင်းပြီး”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အလားတူ ရန်ကုန်နဲ့ မန္တလေးမြို့ ကို PDF တွေဝင်စီးနေပြီလို့ ဆိုတဲ့ ရေးသားမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုတွေကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ်လွဲ သို့မဟုတ် ချဲ့ကားထားတဲ့ ခေါင်းစဉ်တွေ တပ်ပြီး ဖြန့်ချိနေခြင်းဖြစ်တာတွေ့ရမှာဖြစ်တယ်။ စက်တင်ဘာ ၆ ရက်နေ့က 7days media အမည်နဲ့ […]

Continue Reading

Fact Check: “ဝ”တပ်ဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ထိုးစစ်ကြေညာတဲ့ သတင်းတု

မြောက်ပိုင်းမဟာမိတ်အင်အားစုတွေအပါအဝင်  တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ထိုးစစ်ကြေညာတဲ့ သတင်းတု ဗွီဒီယို ပို့စ်တစ်ခု အွန်လိုင်းမှာ ဖြန့်ဝေလျှက်ရှိတာဟာ သတင်းတုသာဖြစ်တယ်။ ကချင်၊ကရင်က စစ်ရေးသတင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံမှုသတင်းတွေကို ခေါင်းစဉ်တုတပ်မျှဝေနေ ခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ဗမာ့ရုပ်မြင်သံကြားသတင်းဌာန၏ဇူလိုင်လ ၁၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီအထုးသတင်း” လို့ရေးမျှဝေထားတဲ့ ဒီဗွီယိုထဲမှာ “Breaking News မြောက်ပိုင်း D-day ကြေညာပြီ KIA UWSA MNDAA TNLA AA KNDF CNF မအလ သေဖို့ပြင်ထားတော့ ပွဲစပြီ”စသည်ဖြင့်လည်း ရေးသားထားပါတယ်။ အလားတူ ရေးသားမျှဝေမှုကို ဒီနေရာမှာ လည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive […]

Continue Reading

Fact Check: ‌ဒေါ်အောင်ဆန်းစုကြည်ပုံတွေ့ရင် သေဒဏ်လို့ စစ်ကောင်စီအမိန့်ထုတ်တဲ့ နားလည်မှုလွဲစေနိုင်တဲ့သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံတွေ့ရင် သေဒဏ်ပေးမယ်လို့ စစ်ကောင်စီထုတ်ပြန်တယ်ဆိုတဲ့ ပို့စ်တစ်ခု ယူကျူ့ချန်နယ်တစ်ခုက မျှဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားထားတဲ့ သတင်းတစ်ခုဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ချက်ဖြစ်ပါ တယ်။ “‌ဒေါ်စုပုံတွေ့ရင် သေဒဏ်ဟု စစ်ကောင်စီ ပြင်းထန်အမိန့်ထုတ် ပြည်သူအားလုံး သတိပြုရန်”စသည်ဖြင့် ရေးသားထားပြီး MRTV ရုပ်သံကြေညာသူ၊ စစ်ကောင်စီ သတင်းပြန်ကြားရေး ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်း ထွန်းဓာတ်ပုံတို့နဲ့ အတူ မျှဝေထားတာဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ စစ်ကောင်စီ တပ်သားတွေက ဒေသခံ ပြည်သူတွေရဲ့ ဖုန်းထဲ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ဓာတ်ပုံတွေရင် အကြမ်းဖက် ဥပဒေနဲ့ ဖမ်းဆီးတာတွေပြုလုပ်နေတဲ့အကြောင်း […]

Continue Reading

Fact Check: စစ်တပ်က လူထုကို လက်နက်အပ်မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောတဲ့ သတင်းတု

စစ်တပ်အနေနဲ့ ပြည်သူလူထုကို လက်နက်အပ်မယ်လို့ စစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက  ပြောတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတစ်ခု အွန်လိုင်း အသုံးပြု သူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားဖြန့်ချိနေခြင်းဖြစ်တယ်။   “စစ်တပ်အနေနဲ့ ပြည်သူကို လက်နက်အပ်မည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော အရှုံးပေးဖို့ပြင်နေပြီ” စသည်ဖြင့် ဗွီဒီယိုအစမှာပြသတဲ့ရုပ်ကတ်မှာ ရေးသားထားပါတယ်။ အောက်ပါစရင်ရှော့ခ်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတစ်ခုဖြစ်တယ်။  မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာ ရေးသားထားတာနဲ့ ဗွီဒီယိုထဲမှာပါဝင်တဲ့အကြောင်းအရာ တွေဟာ ဆန့်ကျင်ဘက်ဖြစ်နေတာ တွေ့ရပါတယ်။  ဗွီဒီယိုထဲမှာ တရားမဝင် လက်နက်ခဲယမ်း ကိုင်ဆောင်မှုများ လျော့နည်းပ ပျောက်စေရေး၊ လက်နက်ခဲယမ်းများကို တစ်လွဲအသုံးပြုမှုများ မဖြစ်ပေါ်စေရေးဆိုပြီးတော့ ကိုင်ဆောင်ထားတဲ့ လက်နက်ခဲယမ်း တွေကို လိုင်စင်လျှောက်ထားဖို့ မေလ ၉ ရက်မှာ စစ်ကောင်စီက […]

Continue Reading