Fact Check: အသံတိတ်သပိတ်မလုပ်ဖို့ NLD က ထုတ်ပြန်တယ်ဆိုတဲ့ ထုတ်ပြန်ချက်အတု
အစ္စလမ်ဘာသာဝင်တွေရဲ့ ဝတ်ပြုဆုတောင်းတဲ့ သောကြာနေ့နဲ့တိုက်ဆိုင်တာကြောင့် မနက်ဖန်(၁၀-၁၂-၂၀၂၁)ရက်မှာ အပြင်မထွက်ကြရေးလှုပ်ရှားမှု မလုပ်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က တိုက်တွန်း စာဆိုပြီးတော့ ဓာတ်ပုံပို့စ်တစ်ခု လူမှုကွန်ယက်မှာပျံ့နှံ့လျက် ရှိပါတယ်။ သို့သော် ဒီစာဟာ အတုဖြစ်တယ်လို့ NLD ကထုတ်ပြန်ဖြေရှင်းထားပါတယ်။ ထုတ်ပြန်ချက်လို့ဆိုတဲ့စာထဲမှာ Online မှာပျံ့နှံ့လျက်ရှိတဲ့ ၁၀-၁၂-၂၀၁၂ ရက်နေ့ကို အသံတိတ်သပိတ်(Silence Strike Day)လုပ်မယ့်နေ့ဟာ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုစုတောင်းတဲ့ သောကြာနေဖြစ်နေပြီး NLD အနေနဲ့လည်း ညွှန်ကြားထားခြင်းမရှိကြောင်း၊ အစ္စလာမ်ဘာသာဝင်တွေ စိတ်အနှောင့်အယှက်ဖြစ်စေတာကြောင့် ပုံမှန်အတိုင်းသွားလာကြဖို့ဆိုပြီးတော့ပါရှိပါတယ်။ ဒီဓာတ်ပုံပို့စ်ကို“Naing Thein Myint”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက “သောကြာနေ့နဲ့ တိုက်ဆိုင်နေလို့ ပုံမှန်အတိုင်းသွားလာကြပါတဲ့။”လို့ရေးသားပြီ’ အောက်ပါ အတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၂၂၅ ကြိမ်ရှိပါတယ်။ အလားတူဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb […]
Continue Reading
